ဆိုင်ကယ်စီးနင်း မောင်းနှင်သူများသိရှိထားသင့်တဲ့ ဥပဒေ၊ ပုဒ်မ နှင့် ပြစ်ဒဏ်များအကြောင်း
ဆိုင်ကယ်စီးနင်း မောင်းနှင်သူများသိရှိစေရန်….. (2020-ဥပဒေသစ်)-(၁)ယာဉ်နံပါတ်မထင်ရှား =ကျူးလွန်သည့်ပုဒ်မ(၈၄-က) ။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေသုံးသိန်း. ထောင် သုံးလ ။(၂)အခြားနံပါတ်တပ် =ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေ သုံးသိန်း.ထောင်သုံးလ။(၃)ယာဉ်နံပါတ်ပြားမတပ်=ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေသုံးသိန်း.ထောင်သုံးလ ။(၄)ဝှီးတက်သက်တမ်းကုန် =ကျူးလွန်သည့်ပုဒ်မ(၈၀)။အရေးယူသည့်ပုဒ်မ-၉၁ =ဒဏ်ငွေတစ်သိန်း.ထောင် တစ်လ။(၅)မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ =ဒဏ်ငွေတစ်သိန်း .ထောင် တစ်လ ။(၆)တခြားသူ၏ယာဉ်မောင်းလိုင်စင်သုံး =ကျူးလွန်သည့်ပုဒ်မ(၈၁-ဂ)။ အရေးယူသည့်ပုဒ်မ-၉၁ ။ဒဏ်ငွေတစ်သိန်း . ထောင် တစ်လ ။(၇)ယာဉ်မဆင်မခြင်မောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-င)၊ အရေးယူသည့်ပုဒ်မ ၉၁ =ဒဏ်ငွေ တစ်သိန်း.ထောင်တစ်လ ။
(၈)မူးယစ်ဆေးဝါးသုံးအရက်မူးလွန်းမောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-ဇ)။အရေးယူသည့်ပုဒ်မ ၉၁ =ဒဏ်ငွေ တစ်သိန်း .ထောင်တစ်လ။(၉)မောင်းလိုင်စင်မပါ = ကျုးလွန်းသည့်ပုဒ်မ(၇၅-က)။ အရေးယူသည့်ပုဒ်မ-၈၆ =ဒဏ်ငွေ သုံးသောင်း ။(၁၀)မောင်းလိုင်စင်သက်တမ်းလွန် =ကျုးလွန်သည့်ပုဒ်မ(၇၅-ဂ)။ အရေးယူသည့်ပုဒ်မ- ၈၆ =ဒဏ်ငွေ သုံးသောင်း ။(၁၁)မီးပိုတပ် = ကျုးလွန်သည့်ပုဒ်မ(၇၅-ဆ)။အရေးယူသည့်ပုဒ်မ-၈၆ =ဒဏ်ငွေသုံးသောင်း ။(၁၂)ယာဉ်မောင်းစဉ်ဖုန်းအသုံးပြု =ကျုးလွန်သည့်ပုဒ်မ(၇၅-ဋ) ။အရေးယူသည့်ပုဒ်-၈၆ =ဒဏ်ငွေ သုံးသောင်း ။(၁၃)ဘက်မှန်မပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။ အရေးယူသည့်ပုဒ်မ ၈၇=ဒဏ်ငွေ သုံးသောင်း ။(၁၄)ရှေ့မီးအနိမ့်နေ့/ညဖွင့်မောင်းရန်ပျက်ကွက် =ကျူးလွန်သည့်ပုဒ်မ(၇၆-ခ)။ အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေသုံးသောင်း ။(၁၅)ပါဝါအိတ်ဇောအသံထိန်းမပါ =ကျူးလွန်သည့်ပုဒ်မ(၇၆-က)။ အရေးယူသည့်ပုဒ်မ ၈၇ =ဒဏ်ငွေ သုံးသောင်း ။(၁၆)ဦးထုပ်မဆောင်း =ကျူးလွန်သည့်ပုဒ်မ(၇၆-ဂ)။ အရေးယုသည့်ပုဒ်မ ၈၇= ဒဏ်ငွေသုံးသောင်း တို့ဖြစ်သည်။ သိထားတော့ဆောင်ရန်ရှောင်ရန်နားလည်ထားတာပေါ့၊ စေတနာဖြင့်အသိပေး မျှဝေတာပါ..။ မိတ်ဆွေတို့ရော ဒီအထဲက ဘယ်အချက်တွေနဲ့ ငြိလို့ အဖမ်းခံခဲ့ရဘူးလဲဆိုတာ ပြောသွားကြပါဦး။
Credit – Zay Ya
[zawgyi]