ဖုန်းအားသွင်းတာနဲ့ ပတ်သက်လို့ လူတိုင်း လုပ်မိတတ်ကြတဲ့ အမှားအယွင်းများ

စာဖတ်သူတွေထဲမှာ နေ့စဉ် ဖုန်းမသုံးတဲ့သူ မရှိဘူးလို့ ထင်ပါတယ်။ နေ့တိုင်း ဖုန်းသုံးကြတဲ့အခါ တစ်နေ့ကို တစ်ကြိမ်မက ဖုန်းအားသွင်း တတ်ကြပါတယ်။ ဖုန်းအားသွင်းတာနဲ့ ပတ်သက်လို့ လူတိုင်းလိုလို လုပ်တတ်ကြတဲ့ အမှားအယွင်းလေးတွေကို သတိထား ဆင်ခြင်နိုင်ဖို့ ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။ ဖုန်းအားသွင်းကြိုးကို ပလပ်ပေါက်မှာ အမြဲတပ်ထားခြင်းက အခန်းတွင်း စိုထိုင်းဆနဲ့ ဓာတ်ပြုပြီး မီးလောင်ခြင်းကို ဖြစ်စေနိုင်လို့ ဖုန်းအားသွင်းပြီးတိုင်း အားသွင်းကြိုးကို ဖြုတ်ထားပါ။ ဖုန်းအားကို ၁၀၀ ပြည့်တဲ့အထိ သွင်းထားတာက အားကုန်ဖို့ ပိုလွယ်စေတာကြောင့် ဖုန်းအားသွင်းတဲ့အခါ ၉၈ လောက်ဖြစ်ရင် ဖြုတ်ထားလိုက်ပါ။ ဖုန်းအားကုန်ပြီး ပိတ်သွားတဲ့အထိ သုံးခြင်း၊ ဖုန်းအား ၁၀ အောက်ရောက်မှ အားသွင်းခြင်းက ဖုန်းဘက္ထရီကို လွယ်လွယ် ပျက်စေပါတယ်။

ဖုန်းအား ၂၀အောက် ရောက်တာနဲ့ အားပြန်သွင်းတာက ဖုန်းဘက္ထရီ သက်တမ်းကို ပိုကြာရှည်စေပါတယ်။ ဖုန်းကို တစ်ညလုံး အားသွင်းထားတာက ဖုန်းဘက္ထရီ မြန်မြန်ပျက်အောင် လုပ်နေသလိုပါပဲ။ဖုန်းအားသွင်းထားတုန်း ဖုန်းသုံးတာက ဘက္ထရီ ပေါက်ကွဲခြင်းကိုတောင် ဖြစ်စေနိုင်လို့ လုံးဝ မလုပ်သင့်ပါဘူး။ ဖုန်းအား ၂၀ အထက် ရှိနေတဲ့အခါ ဖုန်းအားသွင်းတာကလည်း ဖုန်းကို မြန်မြန်ပျက်စေနိုင်ပါတယ်။၂၀ အောက်ရောက်မှ ဖုန်းအားသွင်းတာက အသင့်တော်ဆုံးပါ။ မူလ အားသွင်းကြိုးမဟုတ်ဘဲ တွေ့ကရာ အားသွင်းကြိုးတွေနဲ့ သွင်းတာကလည်း လုံးဝမကောင်းပါဘူး။ဖုန်းကာဗာတပ်ထားလျက် အားသွင်းတာက ဖုန်းကို အပူချိန်မြင့်စေတာကြောင့် အားသွင်းချိန်မှာ ကာဗာကို ဖြုတ်ထားပြီးမှ သွင်းပါ။ လက်(ပ်)တော့ ၊ ကွန်ပျူတာ ကနေတဆင့် ဖုန်းအားသွင်းတာက ဖုန်းကြောင်စေတာကြောင့် အဲ့ဒီလို မသွင်းသင့်ပါဘူး။

မူရင်း ; Credit

[zawgyi]

စာဖတ္သူေတြထဲမွာ ေန႔စဥ္ ဖုန္းမသုံးတဲ့သူ မရွိဘူးလို႔ ထင္ပါတယ္။ ေန႔တိုင္း ဖုန္းသုံးၾကတဲ့အခါ တစ္ေန႔ကို တစ္ႀကိမ္မက ဖုန္းအားသြင္း တတ္ၾကပါတယ္။ ဖုန္းအားသြင္းတာနဲ႔ ပတ္သက္လို႔ လူတိုင္းလိုလို လုပ္တတ္ၾကတဲ့ အမွားအယြင္းေလးေတြကို သတိထား ဆင္ျခင္ႏိုင္ဖို႔ ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးခ်င္ပါတယ္။ ဖုန္းအားသြင္းႀကိဳးကို ပလပ္ေပါက္မွာ အၿမဲတပ္ထားျခင္းက အခန္းတြင္း စိုထိုင္းဆနဲ႔ ဓာတ္ျပဳၿပီး မီးေလာင္ျခင္းကို ျဖစ္ေစႏိုင္လို႔ ဖုန္းအားသြင္းၿပီးတိုင္း အားသြင္းႀကိဳးကို ျဖဳတ္ထားပါ။ ဖုန္းအားကို ၁၀၀ ျပည့္တဲ့အထိ သြင္းထားတာက အားကုန္ဖို႔ ပိုလြယ္ေစတာေၾကာင့္ ဖုန္းအားသြင္းတဲ့အခါ ၉၈ ေလာက္ျဖစ္ရင္ ျဖဳတ္ထားလိုက္ပါ။ ဖုန္းအားကုန္ၿပီး ပိတ္သြားတဲ့အထိ သုံးျခင္း၊ ဖုန္းအား ၁၀ ေအာက္ေရာက္မွ အားသြင္းျခင္းက ဖုန္းဘကၳရီကို လြယ္လြယ္ ပ်က္ေစပါတယ္။ဖုန္းအား ၂၀ေအာက္ ေရာက္တာနဲ႔ အားျပန္သြင္းတာက ဖုန္းဘကၳရီ သက္တမ္းကို ပိုၾကာရွည္ေစပါတယ္။ ဖုန္းကို တစ္ညလုံး အားသြင္းထားတာက ဖုန္းဘကၳရီ ျမန္ျမန္ပ်က္ေအာင္ လုပ္ေနသလိုပါပဲ။ဖုန္းအားသြင္းထားတုန္း ဖုန္းသုံးတာက ဘကၳရီ ေပါက္ကြဲျခင္းကိုေတာင္ ျဖစ္ေစႏိုင္လို႔ လုံးဝ မလုပ္သင့္ပါဘူး။ ဖုန္းအား ၂၀ အထက္ ရွိေနတဲ့အခါ ဖုန္းအားသြင္းတာကလည္း ဖုန္းကို ျမန္ျမန္ပ်က္ေစႏိုင္ပါတယ္။၂၀ ေအာက္ေရာက္မွ ဖုန္းအားသြင္းတာက အသင့္ေတာ္ဆုံးပါ။ မူလ အားသြင္းႀကိဳးမဟုတ္ဘဲ ေတြ႕ကရာ အားသြင္းႀကိဳးေတြနဲ႔ သြင္းတာကလည္း လုံးဝမေကာင္းပါဘူး။ဖုန္းကာဗာတပ္ထားလ်က္ အားသြင္းတာက ဖုန္းကို အပူခ်ိန္ျမင့္ေစတာေၾကာင့္ အားသြင္းခ်ိန္မွာ ကာဗာကို ျဖဳတ္ထားၿပီးမွ သြင္းပါ။ လက္(ပ္)ေတာ့ ၊ ကြန္ပ်ဴတာ ကေနတဆင့္ ဖုန္းအားသြင္းတာက ဖုန္းေၾကာင္ေစတာေၾကာင့္ အဲ့ဒီလို မသြင္းသင့္ပါဘူး။