အိမ်ရှင်မတို့ကို အခက်တွေ့စေတဲ့ ဆန်ပိုးရန်မှ ကာကွယ်နိုင်သည့် နည်းလမ်းများ

အိမ်ရှင်မတွေ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ရှုပ်စရာတစ်ခုကတော့ ဆန်ပိုးတက်တဲ့ ကိစ္စပါပဲ။ ထမင်းတစ်ခါချက်ဖို့အရေး ထမင်းချက်တဲ့နေရာ မရောက်လိုက်ဘဲ ဆန်ပိုးဖယ်နေရတာနဲ့တင် အချိန် ကုန်သွားတတ်တာမျိုးပေါ့။ ဒါကြောင့် ဒီနေ့တော့ဆန်ပိုးနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ် အ ကြောင်းအရာလေးတွေကို အိမ်ရှင်မတွေအတွက် အသုံးဝင်အောင် မျှဝေပေးသွားပါမယ် ။ဆန်ပိုးဘယ်ကစ – ဆန်ရဲ့ သဘာဝအရ ကြာရှည်သိုလှောင်ထားရင် ပိုးတက်လေ့ရှိပါတယ်။ ကြိတ်သားပေါ်မှာလည်း မူတည်ပြီးတော့လည်း စက်ရုံကထွက်လာတဲ့ ကြိတ်သားကောင်းရင်ကောင်းသလို (၃) လအထိ အထားခံတာမျိုးလည်းရှိပါတယ်၊ကြိတ်သား သိပ်မကောင်းတဲ့ဆန်မျိုးကျတော့ (၁) လလောက်အထိပဲ အထားခံတာမျိုးလည်း ရှိတတ်ကြပါတယ်။ဆန်ပိုးတက်ပြီဆိုရင် – ပထမအဆင့်မှာ ဆန်ပိုးအမတွေက ဆန်စေ့တွေကိုဖောက်ပြီး ဥဥပါတယ်။ ဆန်ပိုးတစ်ကောင်ရဲ့ သက်တမ်းက ပျမ်းမျှ ၂၇ ရက်မို့ ဆန်ပိုးအမတစ်ကောင်ဟာ သူ့သက်တမ်းအတွင်း အကြမ်းဖျဉ်းအားဖြင့် ဥပေါင်း ၃၀၀ ကျော် ဥပါတယ်။ ဥကတစ်ဆင့် ဆန်ပိုးတွေ ပေါက်ဖွားလာပါတယ်။ဒုတိယအဆင့်မှာ ဆန်ပိုးအကောင်တွေ ပိုကြီးလာပြီး ပေါက်ပွားနှုန်းလည်း ပိုမြန်လာပါတယ်။ ဒီအဆင့်အထိ ဆန်ပိုးတွေကို ဖယ်ရှားပြီး ဆန်အကောင်းကို ပြန်ရွေးလို့ရနိုင်ပါသေးတယ်။တတိယအဆင့်ရောက်သွားရင်တော့ ဆန်တွေက လက်နဲ့ဖြစ်လိုက်ရင်ကို ကြေမွသွားတာမျိုး၊ ဘယ်လိုမှကို ချက်လို့မရတော့တာမျိုး ဖြစ်သွားပြီး လွှင့်ပစ်လိုက်ရတော့တာပါပဲ။ဒါကြောင့် ဆန်ပိုးမတက်အောင်- ဆန်ကို ဆန်အိတ်ထဲမှာပဲ သိုလှောင်ထားမယ်ဆိုရင် ဆန်ပိုးမတက်ခင် အိတ်သားအရင်တက်လေ့ရှိပါတယ်။ အိတ်သားတက်တယ်ဆိုတာ ဆန်က မဖွေးတော့ဘဲ ညိုညစ်ညစ်ဖြစ်လာတာမျိုးပေါ့။ ဒါကြောင့် ဆန်ကို အိတ်အစား လေလုံတဲ့ ဆန်အိုး၊ ဆန်ပုံးတို့နဲ့သိုလှောင်သင့်ပါတယ်။ ကြက်သွန်နီ၊ ငြုပ်သီးခြောက်၊ မီးသွေးတို့ကို ဆန်အိုးထဲရောထည့်ထားရင်လည်း ဆန်ပိုးတက်ခြင်းကို သက်သာပေးစေနိုင်ပါတယ်။ဆန်ပိုးဖယ်ရှားနည်း – ဆန်ပိုးမတက်အောင် နည်းမျိုးစုံနဲ့ ကာကွယ်နေတဲ့ကြားက ဆန်ပိုးတက်လာပြီဆိုရင်တော့ အောက်ပါ နည်း (၅) နည်းနဲ့လည်း ဖြေရှင်းနိုင်ပါသေးတယ်။ (၁) ဆန်ကိုနေပူပူထဲမှာ ၁၅ မိနစ်လောက် ပြထားလိုက် ပါ။ ပြီးရင် စကောဝိုင်းထဲထည့်ပြီး ဆန်ပြာလိုက်ရင် အလယ်မှာ ဆန်ပိုးလေးတွေ စုလာပါလိမ့်မယ်။(၂) ဆန်ထည့်ထားတဲ့ အိတ်၊ အိုး၊ ပုံးတို့ကို ဖွင့်ပြီးတော့ ဆန်ပေါ်မှာ အဝတ်စအဖြူလေး အုပ်ပေးထားလိုက်ပါ။ ခဏကြာရင် အဝတ်စပေါ်ကို ဆန်ပိုးတွေ တက်လာပါလိ့မ်မယ်။ အဝတ်ကို ရေမစိုအောင်တော့ သတိပြုဖို့လိုပါတယ်။(၃) ဆန်ကို ရေခဲသေတ္တာထဲ သုံးရက်ထည့်ထားလိုက်မယ်ဆိုရင်လည်း ဆန်ပိုးတွေကို နှိမ်နင်းပြီးသား ဖြစ်ပါလိမ့်မယ်။(၄) ဆန်တွေကို အကြာကြီး သိမ်းဆည်းမထားပါနဲ့။ ဆန်တွေကို နှစ်ရှည်လများစွာ သိမ်းဆည်းစားသုံးခြင်းကလည်း ပိုးထိုးတတ်ပါတယ်။

(၅) သစ်သားပုံးတွေထဲမှာ ဆန်များကို ထည့်သွင်း မသိုလှောင်ထားပါနဲ့။ သစ်သားပုံးတွေထဲမှာ ဆန်များ ထည့်သွင်းထားပါက ပိုးထိုးမြန်စေပါတယ်။ တကယ်လို့ ဆန်ထဲက ပိုးကောင်တွေကို ရှင်းထုတ်ချင်ပါက ဆန်ထဲသို့ ငြုပ်သီးအခြောက်တောင့်များ ထည့်သွင်းထားလိုက်ပါက ဆန်ပိုးများ ကင်းရှင်းသွားပါလိမ့်မည်။ တကယ်လို့ ရေရှည်သိမ်းဆည်းပြီးစားသုံးချင်ပါက ကရဝေးရွက်များကို ဆန်အတွင်းသို့ ရောနှော၍ထည့်ထားလိုက်ပါက ပိုးထိုးခြင်းရန်မှ ကင်းဝေးစေပါတယ်။ဆန်ပိုးအကြောင်း – ဆန်ပိုးဆိုတာ…ဆန်တွေမှာတွေ့ရတတ်တဲ့ အမည်းရောင်လိုလို အညိုရောင်လိုလို ပိုးကောင်သေးသေးလေးတွေပါ။ သူတို့တွေရဲ့ သက်တမ်းက ပျမ်းမျှအားဖြင့် ၁လ နီးပါးလောက်အထိအသက်ရှင်နိုင်ကြပါတယ်။ သူ့သက်တမ်းအတွင်းမှာ ပျမ်းမျှအကောင်ရေ ၃၀၀- ၄၀၀ လောက်နီးနီးကို ဥနိုင်တဲ့အကောင်လေးတွေပါ။ ဒီကောင်တွေဟာ ဆန်စေ့ရဲ့ အတွင်းသားတွေကို စားကြပြီးတော့ အဲ့အတွင်းထဲမှာပဲ ဥ ဥချပြီး ပေါက်ဖွားလာတာပါ။ အဲ့တာမလို့ ဆန်ပိုးတက်တာ ကြာလာပြီဆို ဆန်စေ့အလယ်မှာ အပေါက်လေးတွေ ဖြစ်ပြီး နောက်ကျရင် ကြေပြီးအမှုန့်လေးတွေဖြစ်သွားတာပါ။ အဲ့အခြေအနေရောက်ပြီဆို ဘယ်လိုမှစားလို့မရတော့ပါဘူး။ ဆန်စေ့အလယ်မှာအခေါင်း ပေါက်လေးတွေဖြစ်နေပြီဆိုရင် စားရတာ အရသာမရှိတော့ပါဘူး။ဆန်ပိုးဘာလို့တက်တာလဲ -ဆန်တွေရဲ့သဘာဝအရ လရှည်ရက်များ အကြာကြီးထားရင်သူ့အလိုလို ကို ဆန်ပိုးလေးတွေဖြစ်လာတာပါ။ တစ်ခါတစ်လေ ဝယ်ထားတာမကြာသေးပဲနဲ့ ပိုးတက်တာတွေလဲရှိပါတယ်။ အဲ့လိုဖြစ်တာက လက်ကျန်ဆန်ရှိနေတဲ့ပုံးထဲကို အသစ်ဝယ်လာတဲ့ဆန်ကိုရောထည့် လိုက်ရင် ပိုးတက်တာဟာ ပုံမှန်ထက် မြန်သွားတတ်ပါတယ်။ဆန်ပိုးမတက်အောင်ဘယ်လိုကာကွယ်မလဲ – ဆန်ဟာ ကြိတ်ထားတာကြာလေ ဆန်ပိုး တက်နိုင်ချေ များတဲ့အတွက်ကြောင့်လတ်ဆတ်တဲ့ စပါးအဟောင်းကိုကြိတ်ထားတဲ့ ကြိတ်သစ်ဆန်ကို ဝယ်ယူရပါမယ်။သိုလှောင်တဲ့အခါမှာလဲ သန့်ရှင်းပြီး ရေမစိုပဲ လေလုံတဲ့ပုံးတွေနဲ့ သိုလှောင်မှ ၃၊၄ လလောက်ကို ပိုးမတက်ပဲ လှောင်ထားလို့ရမှာပါ။ဂျင်း၊ အောင်မည်းညို၊ လောက်သေရွက်၊ ငရုပ်သီးခြောက်၊ ကြက်သွန်နီ တို့ကို ထည့်ပြီး သိုလှောင်ထားလို့ ရပေမယ့် သိုလှောင်ချိန် အရမ်းကြာရင်တော့လဲ ထိထိရောက်မကာကွယ်နိုင်ပါဘူး။အဲ့တာမလို့ အချိန်အကြာကြီးမသိုလှောင်ဖို့ကိုတော့ အကြုံပေးချင်ပါတယ်။ဆန်ကို အရေအတွက်နည်းနည်းနဲ့ တစ်လ နှစ်လ အတွင်း ကုန်နိုင်သလောက်ပဲ ဝယ်မယ်ဆိုရင်လည်း ဆန်ပိုးတက်တာကို သက်သာစေမှာပါ။ ( ဥပမာ- ဆန်တစ်အိတ်ကို နှစ်လလောက်စားရတယ်ဆို အဲ့အိတ်ကုန်ခါနီးမှ နောက်အိတ်ကိုဝယ်ပါ )

Credit ; food in myanmar

[zawgyi]

အိမ္ရွင္မေတြ ႀကဳံေတြ႕ရေလ့ရွိတဲ့ စိတ္ရႈပ္စရာတစ္ခုကေတာ့ ဆန္ပိုးတက္တဲ့ ကိစၥပါပဲ။ ထမင္းတစ္ခါခ်က္ဖို႔အေရး ထမင္းခ်က္တဲ့ေနရာ မေရာက္လိုက္ဘဲ ဆန္ပိုးဖယ္ေနရတာနဲ႔တင္ အခ်ိန္ကုန္သြားတတ္တာမ်ိဳးေပါ့။ ဒါေၾကာင့္ ဒီေန႔ေတာ့ဆန္ပိုးနဲ႔ပတ္သက္တဲ့ ဗဟုသုတရဖြယ္ အေၾကာင္းအရာေလးေတြကို အိမ္ရွင္မေတြအတြက္ အသုံးဝင္ေအာင္ မွ်ေဝေပးသြားပါမယ္ ။ဆန္ပိုးဘယ္ကစ – ဆန္ရဲ႕ သဘာဝအရ ၾကာရွည္သိုေလွာင္ထားရင္ ပိုးတက္ေလ့ရွိပါတယ္။ ႀကိတ္သားေပၚမွာလည္း မူတည္ၿပီးေတာ့လည္း စက္႐ုံကထြက္လာတဲ့ ႀကိတ္သားေကာင္းရင္ေကာင္းသလို (၃) လအထိ အထားခံတာမ်ိဳးလည္းရွိပါတယ္၊ႀကိတ္သား သိပ္မေကာင္းတဲ့ဆန္မ်ိဳးက်ေတာ့ (၁) လေလာက္အထိပဲ အထားခံတာမ်ိဳးလည္း ရွိတတ္ၾကပါတယ္။ဆန္ပိုးတက္ၿပီဆိုရင္ – ပထမအဆင့္မွာ ဆန္ပိုးအမေတြက ဆန္ေစ့ေတြကိုေဖာက္ၿပီး ဥဥပါတယ္။ ဆန္ပိုးတစ္ေကာင္ရဲ႕ သက္တမ္းက ပ်မ္းမွ် ၂၇ ရက္မို႔ ဆန္ပိုးအမတစ္ေကာင္ဟာ သူ႔သက္တမ္းအတြင္း အၾကမ္းဖ်ဥ္းအားျဖင့္ ဥေပါင္း ၃၀၀ ေက်ာ္ ဥပါတယ္။ ဥကတစ္ဆင့္ ဆန္ပိုးေတြ ေပါက္ဖြားလာပါတယ္။ဒုတိယအဆင့္မွာ ဆန္ပိုးအေကာင္ေတြ ပိုႀကီးလာၿပီး ေပါက္ပြားႏႈန္းလည္း ပိုျမန္လာပါတယ္။ ဒီအဆင့္အထိ ဆန္ပိုးေတြကို ဖယ္ရွားၿပီး ဆန္အေကာင္းကို ျပန္ေ႐ြးလို႔ရႏိုင္ပါေသးတယ္။တတိယအဆင့္ေရာက္သြားရင္ေတာ့ ဆန္ေတြက လက္နဲ႔ျဖစ္လိုက္ရင္ကို ေၾကမြသြားတာမ်ိဳး၊ ဘယ္လိုမွကို ခ်က္လို႔မရေတာ့တာမ်ိဳး ျဖစ္သြားၿပီး လႊင့္ပစ္လိုက္ရေတာ့တာပါပဲ။ဒါေၾကာင့္ ဆန္ပိုးမတက္ေအာင္- ဆန္ကို ဆန္အိတ္ထဲမွာပဲ သိုေလွာင္ထားမယ္ဆိုရင္ ဆန္ပိုးမတက္ခင္ အိတ္သားအရင္တက္ေလ့ရွိပါတယ္။ အိတ္သားတက္တယ္ဆိုတာ ဆန္က မေဖြးေတာ့ဘဲ ညိဳညစ္ညစ္ျဖစ္လာတာမ်ိဳးေပါ့။ ဒါေၾကာင့္ ဆန္ကို အိတ္အစား ေလလုံတဲ့ ဆန္အိုး၊ ဆန္ပုံးတို႔နဲ႔သိုေလွာင္သင့္ပါတယ္။ ၾကက္သြန္နီ၊ ျငဳပ္သီးေျခာက္၊ မီးေသြးတို႔ကို ဆန္အိုးထဲေရာထည့္ထားရင္လည္း ဆန္ပိုးတက္ျခင္းကို သက္သာေပးေစႏိုင္ပါတယ္။ဆန္ပိုးဖယ္ရွားနည္း – ဆန္ပိုးမတက္ေအာင္ နည္းမ်ိဳးစုံနဲ႔ ကာကြယ္ေနတဲ့ၾကားက ဆန္ပိုးတက္လာၿပီဆိုရင္ေတာ့ ေအာက္ပါ နည္း (၅) နည္းနဲ႔လည္း ေျဖရွင္းႏိုင္ပါေသးတယ္။ (၁) ဆန္ကိုေနပူပူထဲမွာ ၁၅ မိနစ္ေလာက္ ျပထားလိုက္ပါ။ ၿပီးရင္ စေကာဝိုင္းထဲထည့္ၿပီး ဆန္ျပာလိုက္ရင္ အလယ္မွာ ဆန္ပိုးေလးေတြ စုလာပါလိမ့္မယ္။(၂) ဆန္ထည့္ထားတဲ့ အိတ္၊ အိုး၊ ပုံးတို႔ကို ဖြင့္ၿပီးေတာ့ ဆန္ေပၚမွာ အဝတ္စအျဖဴေလး အုပ္ေပးထားလိုက္ပါ။ ခဏၾကာရင္ အဝတ္စေပၚကို ဆန္ပိုးေတြ တက္လာပါလိ့မ္မယ္။ အဝတ္ကို ေရမစိုေအာင္ေတာ့ သတိျပဳဖို႔လိုပါတယ္။(၃) ဆန္ကို ေရခဲေသတၱာထဲ သုံးရက္ထည့္ထားလိုက္မယ္ဆိုရင္လည္း ဆန္ပိုးေတြကို ႏွိမ္နင္းၿပီးသား ျဖစ္ပါလိမ့္မယ္။(၄) ဆန္ေတြကို အၾကာႀကီး သိမ္းဆည္းမထားပါနဲ႔။ ဆန္ေတြကို ႏွစ္ရွည္လမ်ားစြာ သိမ္းဆည္းစားသုံးျခင္းကလည္း ပိုးထိုးတတ္ပါတယ္။(၅) သစ္သားပုံးေတြထဲမွာ ဆန္မ်ားကို ထည့္သြင္း မသိုေလွာင္ထားပါနဲ႔။ သစ္သားပုံးေတြထဲမွာ ဆန္မ်ား ထည့္သြင္းထားပါက ပိုးထိုးျမန္ေစပါတယ္။ တကယ္လို႔ ဆန္ထဲက ပိုးေကာင္ေတြကို ရွင္းထုတ္ခ်င္ပါက ဆန္ထဲသို႔ ျငဳပ္သီးအေျခာက္ေတာင့္မ်ား ထည့္သြင္းထားလိုက္ပါက ဆန္ပိုးမ်ား ကင္းရွင္းသြားပါလိမ့္မည္။ တကယ္လို႔ ေရရွည္သိမ္းဆည္းၿပီးစားသုံးခ်င္ပါက ကရေဝး႐ြက္မ်ားကို ဆန္အတြင္းသို႔ ေရာေႏွာ၍ထည့္ထားလိုက္ပါက ပိုးထိုးျခင္းရန္မွ ကင္းေဝးေစပါတယ္။ဆန္ပိုးအေၾကာင္း – ဆန္ပိုးဆိုတာ…ဆန္ေတြမွာေတြ႕ရတတ္တဲ့ အမည္းေရာင္လိုလို အညိဳေရာင္လိုလို ပိုးေကာင္ေသးေသးေလးေတြပါ။ သူတို႔ေတြရဲ႕ သက္တမ္းက ပ်မ္းမွ်အားျဖင့္ ၁လ နီးပါးေလာက္အထိအသက္ရွင္ႏိုင္ၾကပါတယ္။ သူ႔သက္တမ္းအတြင္းမွာ ပ်မ္းမွ်အေကာင္ေရ ၃၀၀-၄၀၀ ေလာက္နီးနီးကို ဥႏိုင္တဲ့အေကာင္ေလးေတြပါ။ ဒီေကာင္ေတြဟာ ဆန္ေစ့ရဲ႕ အတြင္းသားေတြကို စားၾကၿပီးေတာ့ အဲ့အတြင္းထဲမွာပဲ ဥ ဥခ်ၿပီး ေပါက္ဖြားလာတာပါ။ အဲ့တာမလို႔ ဆန္ပိုးတက္တာ ၾကာလာၿပီဆို ဆန္ေစ့အလယ္မွာ အေပါက္ေလးေတြ ျဖစ္ၿပီး ေနာက္က်ရင္ ေၾကၿပီးအမႈန႔္ေလးေတြျဖစ္သြားတာပါ။ အဲ့အေျခအေနေရာက္ၿပီဆို ဘယ္လိုမွစားလို႔မရေတာ့ပါဘူး။ ဆန္ေစ့အလယ္မွာအေခါင္း ေပါက္ေလးေတြျဖစ္ေနၿပီဆိုရင္ စားရတာ အရသာမရွိေတာ့ပါဘူး။ဆန္ပိုးဘာလို႔တက္တာလဲ -ဆန္ေတြရဲ႕သဘာဝအရ လရွည္ရက္မ်ား အၾကာႀကီးထားရင္သူ႔အလိုလို ကို ဆန္ပိုးေလးေတြျဖစ္လာတာပါ။ တစ္ခါတစ္ေလ ဝယ္ထားတာမၾကာေသးပဲနဲ႔ ပိုးတက္တာေတြလဲရွိပါတယ္။ အဲ့လိုျဖစ္တာက လက္က်န္ဆန္ရွိေနတဲ့ပုံးထဲကို အသစ္ဝယ္လာတဲ့ဆန္ကိုေရာထည့္ လိုက္ရင္ ပိုးတက္တာဟာ ပုံမွန္ထက္ ျမန္သြားတတ္ပါတယ္။ဆန္ပိုးမတက္ေအာင္ဘယ္လိုကာကြယ္မလဲ – ဆန္ဟာ ႀကိတ္ထားတာၾကာေလ ဆန္ပိုး တက္ႏိုင္ေခ် မ်ားတဲ့အတြက္ေၾကာင့္လတ္ဆတ္တဲ့ စပါးအေဟာင္းကိုႀကိတ္ထားတဲ့ ႀကိတ္သစ္ဆန္ကို ဝယ္ယူရပါမယ္။သိုေလွာင္တဲ့အခါမွာလဲ သန႔္ရွင္းၿပီး ေရမစိုပဲ ေလလုံတဲ့ပုံးေတြနဲ႔ သိုေလွာင္မွ ၃၊၄ လေလာက္ကို ပိုးမတက္ပဲ ေလွာင္ထားလို႔ရမွာပါ။ဂ်င္း၊ ေအာင္မည္းညိဳ၊ ေလာက္ေသ႐ြက္၊ င႐ုပ္သီးေျခာက္၊ ၾကက္သြန္နီ တို႔ကို ထည့္ၿပီး သိုေလွာင္ထားလို႔ ရေပမယ့္ သိုေလွာင္ခ်ိန္ အရမ္းၾကာရင္ေတာ့လဲ ထိထိေရာက္မကာကြယ္ႏိုင္ပါဘူး။အဲ့တာမလို႔ အခ်ိန္အၾကာႀကီးမသိုေလွာင္ဖို႔ကိုေတာ့ အႀကဳံေပးခ်င္ပါတယ္။ဆန္ကို အေရအတြက္နည္းနည္းနဲ႔ တစ္လ ႏွစ္လ အတြင္း ကုန္ႏိုင္သေလာက္ပဲ ဝယ္မယ္ဆိုရင္လည္း ဆန္ပိုးတက္တာကို သက္သာေစမွာပါ။ ( ဥပမာ- ဆန္တစ္အိတ္ကို ႏွစ္လေလာက္စားရတယ္ဆို အဲ့အိတ္ကုန္ခါနီးမွ ေနာက္အိတ္ကိုဝယ္ပါ )