ရောင်းမှား ဝယ်မှားမဖြစ်ရလေအောင် မြေအမျိူးအစားအလိုက် စစ်ဆေးရမည့် စာရွက်စာတမ်းများ

အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာ ရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက် စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အ လိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝ မတူညီနိုင်ပါဘူး။ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကို တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ဂရန်မြေ – ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက် “မှန် မမှန်၊ စစ် မစစ်” ကို သက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းက နည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာ ရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။ပါမစ်မြေ – ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေ အမျိုးအစား ဖြစ်ပါတယ်။ ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊ အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။ အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကို ပြန် လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။ အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့် တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာ ဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။ “ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာ ဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ ပွဲပျက် တာတွေတောင် ရှိတယ်”လို့ မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှ အမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီး အင်ထရီလည်း ဝင်ထား မယ်ဆိုရင် အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။ အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။ လယ်မြေ – လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက် အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊ လယ်ယာမြေမှတ်ပုံတင် စာအုပ်၊ ပုံစံ(၇)၊ စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။ စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ “လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း” ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။ လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ် အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ နှင့် ပုံစံ(၇) သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီး အခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင် လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။

လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနက အခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာ မှတ်သားထား လေ့ရှိပါတယ်။တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင် မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနက မှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာ ရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ ပုံစံ တစ်ခု ဖြစ်ပါတယ်။မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရ မြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊ မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေ ရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ ပုံစံ (၇) ကျထားပြီးသောလယ်ယာမြေတွေက ပိုင်ဆိုင်မူခိုင်မာတယ်လို.ဆိုပါတယ်။ အရှုပ်အရှင်းရှိတဲ့ လယ်မြေ၊ လယ်ယာမြေ နဲ. ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့နေရာတွေကလယ်မြေ၊ ယာမြေတွေကို ပုံစံ(၇) မချပေးဘူးလို.သိရပါတယ်။ ဒါကြောင့် လယ်မြေ၊ လယ်ယာမြေဝယ်မည်ဆိုပါက ပုံစံ(၇) ရှိမရှိကို အရင်စုံစမ်းသင့်ပါတယ်။ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်း ဝယ်နေကြပြီး စာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရ မှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။လန ၃၉ မြေ – လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ် ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေ ပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ် ခုခု ပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှ အဆင်ပြေမှာ ဖြစ်ပါ တယ်။တိုက်ခန်းဝယ်မယ်ဆိုရင် – တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာ ဆက်စပ်စာ ချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထား ပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ ဆက်စပ် စာချုပ်၊ BCC (လူနေထိုင်ခွင့်) ၊ မြေ ရှင်လက်မှတ်၊ ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။ အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့ သိရပါတယ်။ဘိုးဘွားပိုင်မြေ – ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့ သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ် မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ်ပါတယ်။

Credit – မူရင်း

[zawgyi]

အိမ္ၿခံေျမေဈး ကြက္အတြင္းမွာ ေျမ၊ တိုက္ခန္းေရာင္းဝယ္မႈေတြမွာ ေရာင္းမွား ဝယ္မွားမျဖစ္ေပၚေစဖို႔ ေျမအမ်ိဳးအစားအလိုက္ စစ္ေဆးရမယ့္ စာ႐ြက္ စာတမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ အိမ္ၿခံေျမ၊တိုက္ခန္း ဝယ္ယူမယ္ဆို ရင္ အိမ္ၿခံေျမ၊ တိုက္ခန္းအမ်ိဳးအစား အ လိုက္ လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြက အျပည့္အဝ မတူညီႏိုင္ပါဘူး။ဒါေၾကာင့္ အိမ္ၿခံေျမ၊ တိုက္ခန္း ဝယ္ယူတဲ့အခါ ပိုင္ဆိုင္မႈအေထာက္အထား စာ႐ြက္စာတမ္း အျပည့္အစုံကို တိုက္ဆိုင္စစ္ေဆးသင့္ပါတယ္။ ဒါေၾကာင့္ အိမ္ၿခံေျမဝယ္ယူသူေတြ အေနနဲ႔ လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြကို သိရွိထားဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။ဂရန္ေျမ – ဂရန္ေျမဝယ္မယ္ဆိုရင္ ဂရန္အမည္ ေပါက္ “မွန္ မမွန္၊ စစ္ မစစ္” ကို သက္ဆိုင္ရာ ႐ုံးမွာ သြားေရာက္ စစ္ေဆးရမွာ ျဖစ္ပါတယ္။ ဂရန္ေျမနဲ႔ ပတ္သက္လို႔ စစ္ေဆးရမယ့္ စာ႐ြက္စာ တမ္းက နည္းပါတယ္။ ဂရန္အမည္ေပါက္ မွန္ မမွန္ကိုသာ ႐ုံးမွာ သြားေရာက္ စစ္ေဆးဖို႔ပဲ လိုအပ္ပါတယ္။ပါမစ္ေျမ – ပါမစ္ေျမဆိုတာကေတာ့ ၿမိဳ႕သစ္ဘက္ေတြမွာ ခ်ထားေပးတဲ့ေျမ အမ်ိဳးအစား ျဖစ္ပါတယ္။ ပါမစ္ေျမကို ဝယ္ယူမယ္ ဆိုရင္ ခ် ထားေပးတဲ့ပါမစ္ မွန္ မမွန္၊ အဆို ပါ ပါမစ္ကို အင္ထရီျပင္ထားဖို႔ လိုအပ္ပါ တယ္။ အင္ထရီဆိုတာက ေျမေနရာ အ ကြက္ ခ် ၿပီး ထုတ္ေပးလိုက္တဲ့ပါမစ္ကို ျပန္ လည္ စစ္ေဆးၿပီး ေနထိုင္ခြင့္ျပဳတဲ့အမွတ္ တံဆိပ္ ျဖစ္ပါတယ္။ အင္ထရီဝင္ၿပီးသား ပါမစ္ဆိုရင္ ေနာက္ေက်ာဘက္မွာ ေလးေထာင့္ တံဆိပ္တုံးေလးနဲ႔ ျပန္လည္စိစစ္ ၿပီးျဖစ္ေၾကာင္း ပါရွိရမွာ ျဖစ္ပါတယ္။အင္ ထရီ မဝင္ရေသးတဲ့ ေျမကြက္ေတြက ေဈး ကြက္အတြင္းမွာ ေဈးႏႈန္းကြဲလြဲမႈရွိတယ္ လို႔ သိရတယ္။ “ေဈးႏႈန္းမကြာဘူးဆိုရင္ေတာင္ ရာ တန္အကြက္ေတြမွာ ေဈး ငါးသိန္း၊ ၁၀ သိန္း ကြာတယ္၊ ေထာင္တန္ အကြက္ေတြမွာဆိုရင္ အင္ထရီမဝင္ရေသးလို႔ ပြဲပ်က္ တာေတြေတာင္ ရွိတယ္”လို႔ ျမန္မာ့ရတနာ ေျမ အိမ္ၿခံေျမအက်ိဳးေဆာင္မွ အမ္ဒီ ကို ဝင္းႏိုင္ဦးက ဆိုပါတယ္။ ပါမစ္ေျမမွာ စာ႐ြက္စာတမ္းလည္း မွန္ကန္မႈရွိၿပီး အင္ထရီလည္း ဝင္ထား မယ္ဆိုရင္ အမည္ေပါက္ပိုင္ရွင္ရဲ႕ မွတ္ပုံ တင္ မိတၱဴ၊ သန္းေခါင္စာရင္းမိတၱဴ ပါရွိရပါမယ္။ အဆိုပါ မိတၱဴေတြကိုလည္း မူရင္းနဲ႔ တိုက္ဆိုင္ စစ္ေဆးသင့္ပါတယ္။ လယ္ေျမ – လယ္ေျမ ဝယ္ယူမယ္ဆိုရင္ေတာ့ လယ္ေျမအတြက္ အစိုးရကို အခြန္ေပးထားတဲ့ စလစ္၊ လယ္ယာေျမမွတ္ပုံတင္ စာအုပ္၊ ပုံစံ(၇)၊ စလစ္ up to date ျဖစ္ မျဖစ္ စစ္ ေဆးရပါမယ္။ စလစ္ up to date ဆိုတာကေတာ့ အစိုးရကို အခြန္ေငြေပးသြင္းထား တဲ့ႏွစ္က အနီးဆုံးႏွစ္ ျဖစ္ရပါမယ္။ လယ္ယာေျမမွာ ပိုင္ဆိုင္မႈ စာ႐ြက္စာ တမ္းဆိုတာ “လယ္ယာေျမ လက္ဝယ္ရွိသူတိုင္း” ရဲ႕လက္ထဲမွာ မရွိႏိုင္ပါဘူး။ လယ္ယာေျမကို စိုက္ပ်ိဳးလုပ္ကိုင္တဲ့အေပၚ အခြန္ စည္းၾကပ္ခံထားရတဲ့ ေျမခြန္ ေျပစာ ႏွင့္ ပုံစံ(၇) သည္သာ ပိုင္ဆိုင္မႈ ျဖစ္ပါတယ္။အမွန္ တကယ္ လယ္ယာေျမကို လုပ္ကိုင္ေနၿပီး အခြန္စည္းၾကပ္မႈကိုလည္း ထမ္းေဆာင္ထားမယ္ဆိုရင္ လယ္ယာေျမ လက္ရွိ ရွိသူအေနနဲ႔ အဂၤါရပ္ညီၫြတ္ၿပီလို႔ ဆိုႏိုင္ပါ တယ္။လယ္ယာေျမလုပ္ကိုင္သူေတြကို ေျမစာရင္းဌာနက အခြန္စည္းၾကပ္မႈ မွတ္ပုံတင္စာရင္းနဲ႔ ေျမပုံမွာ မွတ္သားထား ေလ့ရွိပါတယ္။တခ်ိဳ႕လယ္ယာေျမေတြက အခြန္ေျပစာအျပင္ ေျမစာရင္းပုံစံ ၁၀၅ ကိုလည္း ေရးကူးရယူထားရွိႏိုင္ပါတယ္။ ေျမစာရင္းပုံစံ ၁၀၅ ဆိုတာက ေျမစာရင္းဌာနက မွတ္ ပုံတင္စာရင္း၊ ေျမပုံ စသည္တို႔မွာ မွတ္သား ထားတဲ့အတိုင္း မွတ္တမ္းထိန္းသိမ္းတဲ့ ေျမစာရင္းဌာန က ပုံစံတူေရးကူးေပးတဲ့ ပုံစံ တစ္ခု ျဖစ္ပါတယ္။ေျမစာရင္းပုံစံ ၁၀၅ မွာ ေျမကြက္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို တစုတစည္း သိရွိႏိုင္ပါတယ္။ ပုံစံ ၁၀၅ မွာ ေဖာ္ျပခ်က္အရ ေျမကြက္တည္ရွိ တဲ့ ၿမိဳ႕၊ ရပ္ကြက္၊ ေက်း႐ြာ၊ ကြင္း၊ ဧရိယာ၊ ေျမအမ်ိဳးအစား စတာေတြကို အလြယ္တကူ သိရွိႏိုင္ပါတယ္။ “လယ္ယာေျမကို စလစ္တစ္ခုတည္းနဲ႔ အေရာင္းအဝယ္လုပ္တာေတြ ရွိတယ္၊ အဲ ဒါေတြက ေရရွည္မွာ အဆင္မေျပပါဘူး”လို႔ ကိုဝင္းႏိုင္ဦးက ဆိုပါတယ္။ ပုံစံ(၇) က်ထားၿပီးေသာလယ္ယာေျမေတြက ပိုင္ဆိုင္မူခိုင္မာတယ္လို.ဆိုပါတယ္။ အရႈပ္အရွင္းရွိတဲ့ လယ္ေျမ၊ လယ္ယာေျမ နဲ. ပိုင္ဆိုင္မႈအျငင္းပြားေနတဲ့ေနရာေတြကလယ္ေျမ၊ ယာေျမေတြကို ပုံစံ(၇) မခ်ေပးဘူးလို.သိရပါတယ္။ ဒါေၾကာင့္ လယ္ေျမ၊ လယ္ယာေျမဝယ္မည္ဆိုပါက ပုံစံ(၇) ရွိမရွိကို အရင္စုံစမ္းသင့္ပါတယ္။ယခုအခ်ိန္မွာ လယ္ယာေျမကို အရပ္ သေဘာေရာင္းဝယ္ေနၾကၿပီး စာခ်ဳပ္စာ တမ္းမွတ္ပုံတင္႐ုံးမွာ လယ္ယာေျမဥပေဒ သစ္အရ မွတ္ပုံတင္ၿပီးမွသာ တရားဝင္ ေဆာင္႐ြက္လို႔ရမွာ ျဖစ္တယ္။လန ၃၉ ေျမ – လန ၃၉ ဆိုတာက လယ္ယာေျမမွ တစ္ဆင့္ အျခားေျမအျဖစ္ ေျပာင္းလဲ အ သုံးျပဳခြင့္ ျပဳထားတဲ့ ေျမအမ်ိဳးအစားျဖစ္ပါ တယ္။ လန ၃၉ ေျမ ဝယ္ယူမယ္ဆိုရင္ လယ္ယာေျမကေန အျခားေျမ ေျပာင္းလဲ အသုံးျပဳခြင့္ျပဳထားတဲ့ လန ၃၉ စာ႐ြက္ ရွိ ရပါမယ္။ ဒါမွသာ လယ္ယာေျမကို အိမ္ ယာေျမ၊ စက္မႈထုတ္ကုန္ တစ္ခုခု ေျပာင္း လဲ အသုံးျပဳမယ္ဆိုရင္ လန ၃၉ ခ်ထား ေပးတဲ့ စာ႐ြက္ရွိမွ အဆင္ေျပမွာ ျဖစ္ပါ တယ္။တိုက္ခန္းဝယ္မယ္ဆိုရင္ – တိုက္ခန္း အေရာင္းအဝယ္ ျပဳလုပ္တဲ့ အခါမွာ ဆက္စပ္စာခ်ဳပ္တစ္ခုရွိ႐ုံ နဲ႔ ပိုင္ ဆိုင္မႈ အေထာက္အထား ျပည့္စုံၿပီလို႔ မထင္မွတ္သင့္ပါဘူး။ တိုက္ခန္းအေရာင္း အဝယ္ျပဳလုပ္တဲ့ေနရာ မွာ မရွိမျဖစ္လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြကေတာ့ ဆက္စပ္ စာခ်ဳပ္၊ BCC (လူေနထိုင္ခြင့္) ၊ ေျမ ရွင္လက္မွတ္၊ ေရမီတာ၊ မီးမီတာ စာ႐ြက္စာတမ္းေတြ လို အပ္ပါတယ္။ အဲသည္ စာ႐ြက္စာတမ္းေတြ ပါရွိရင္ေတာ့ ပိုင္ဆိုင္မႈ ေသခ်ာႏိုင္တယ္လို႔ သိရပါတယ္။ဘိုးဘြားပိုင္ေျမ – ဘိုးဘြားပိုင္ေျမ ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ သက္ဆိုင္ရာ ေျမပိုင္ဆိုင္မႈမွတ္တမ္းမွာ ပိုင္ရွင္အျဖစ္ မွတ္တမ္းရွိၿပီး ျဖစ္ရမွာ ျဖစ္ပါတယ္။