သာယာတဲ့ မိသားစုဘဝဖြစ်ဖို့ အိမ်ထောင်ရေးမှာ ဒီအချက် (၁၀) ချက်ကိုရှောင်ပါ

သာယာသောမိသားစုဖြစ်ဖို့ အိမ်ထောင်ရေးတွင် ဒီအရာတွေကို ရှောင်ရှားပါ။ ၁။ လူရှေ့သူရှေ့ မရှောင် အိမ်ထောက်ဘက်ကို အပြစ်တင်ခြင်း – လင်နဲ့မယား လျှာနဲ့သွားပါ။အိမ်ထောင်သက် ရလာတာနဲ့ အမျှအထစ်အငှော့လေးတော့ ရှိတတ်ကြပါတယ်။လူရှေ့သူရှေ့ မရှောင်တဘက်သားကိုအပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင်မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထားရောက်သွားတတ်ပြီးခက်ခဲသွားပါတယ်။ဒါကြောင်မို့လို့ လင်မယားမှတ်ထားရ မှာက မည်သူရဲ့ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြင်ပါ။လက်ဝါးတဘက် ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး။၂။ သားသမီး ရှေ့မှာ ရန်ဖြစ်ခြင်း – မိဘဆိုတာ သားသမီး ရဲ့ အားကိုးရာ ဖြစ်သလိုခိုလုံရာ လည်းဖြစ်ပါတယ်။လင်မယားနှစ်ယောက်ပြဿနာ တစ်ခုခု ရှိခဲ့ရင် သားသမီးကို ရှောင်ပါ။လင်မယား ရန်ဖြစ်တယ်ဆိုတာ လူကြီး နှစ်ဦးရဲ့ ကိစ္စပါ။မိဘရန်ဖြစ်တာကို ကလေးတွေ တွေ့သွားရင် ကလေးရဲ့အတွင်းစိတ်ကို ထိခိုက်သွားနိုင်သလိုသူတို့ရဲ့ အနာဂတ်အိမ်ထောင်ရေး အပေါ်ထားရှိတဲ့ စိတ်ထား ကိုပါထိခိုက်နိုင်ပါတယ်။တကယ်လို့ သားသမီးများဟာအိမ်မှာ သာယာ တဲ့အရသာကို မခံစားရဘူးဆိုရင်နောင်မျိုးဆက်တစ်ခုလုံးကို ထိခိုက်သွားစေနိုင်ပါတယ်။၃။ အိမ်ထောင်ဘက် နေမကောင်းတဲ့အခါ ရန်ဖြစ်ခြင်း – အိမ်ထောင်ဘက် တစ်ဦးဦးက နာမကျန်းဖြစ်နေရင်စိတ်ဓါတ်ကျပြီးစိတ်ဆိုးလွယ်တတ်လေ့ရှိပါတယ်။အဲဒီအချိန်မှာ ရန်ဖြစ်မိရင် အိမ်ထောင်ရေးကိုလုံးဝထိခိုက်သွားနိုင်ပါတယ်။၄။ အနာဟောင်း ပြန်ဖော်ခြင်း – ရန်ဖြစ်တိုင်း အနာဟောင်းကို ပြန်ဖော်တာမျိုးလုံးဝရှောင်ကြင်သင့်ပါတယ်။မမှားတဲ့ရှေ့နေ မသေတဲ့ဆေး သမားဆိုသလို လူတိုင်းကိုယ်စီ တစ်ခုခု မှားဖူးတတ်ကြစမြဲပါ။အနာဟောင်းကို လက်ကိုင်တုတ်အဖြစ် ခဏခဏထုတ်သုံးရင်တော့အဲဒီအိမ်ထောင်ရေးပြန်အဆင်ပြေဖို့ ခက်ခဲသွားတတ်ပါတယ်။

၅။ အိမ်ထောင်ဘက် ၏ မိဘနဲ့ အိမ်သားများကိုထိခိုက်စေသော စကားများ – ရန်ဖြစ်တယ်ဆိုတာ တစ်ခုခုအပေါ် မကျေနပ်လို့ သဘောမတူနိုင်လို့ ဖြစ်ပါတယ်။အဲဒီကိစ္စအပေါ်သာ အချေအတင် ငြင်းခုန်သင့်ပါတယ်။အိမ်ထောင်ဘက်ရဲ့ မိဘနဲ့ မိသားစု ကို စောင်းပြောတာမျိုး၊ထိခိုက်စေတဲ့ စကားမျိုး လုံးဝရှောင်ကြင်ရမှာပါ။၆။ ပစ္စည်းလွင့်ပစ်တတ်တဲ့အကျင့် – ရန်ဖြစ်ပြီဆိုမှ နဂိုက တည်းက အသံကကျယ်လှောင်ပြီးသား၊ပစ္စည်းလွင့်ပစ်တဲ့ အသံ၊ ခုန်ထု တဲ့အသံ၊ပစ္စည်းကျကွဲသွားတဲ့အသံ တွေနဲ့ ရောသွားရင် ပွဲအများကြီး ပိုကြမ်းသွားတတ်ပါတယ်။ချစ်လို့ယူထားကြတာပဲ၊ပစ္စည်းလွင့်ပစ်လို့ ကျကွဲတယ်ဆိုတာ နှလုံးသားကျ ကွဲတာနဲ့တူတတ်ပါတယ်။၇။ စိတ်နာစေတဲ့ စကားအသုံးအနူန်းများ – စိတ်ဆိုးအောင်လုပ်လို့ ရတယ်။စိတ်နာအောင်မလုပ်ကြပါနဲ့၊ စိတ်နာစေတဲ့ စကားမျိုး လုံးဝရှောင်ကြင်သင့်ပါတယ်။“ ရှင်ကိုအားကိုးလို့တော့ သူတောင်းစားပဲဖြစ်သွားမှာ၊ သူများယော့င်္ကျားတွေကြည့်ပိုက်ဆံရှာဘယ်လောက်တော်လဲ၊ရှင်နဲ့တစ် စက်ကလေးမှ မတူဘူး ”စတဲ့စကားမျိုး ကို မပြောဆိုရပါ။၈။ သေတာနဲ့ ချိန်းခြောက်ခြင်း – ငါအသက်ရှင်နေတာ ဘာထူးသေးလဲ၊ငါအသက်မရှင်ချင်တော့ဘူး ၊ငါမင်းကို သေပြမယ်စသည်ဖြင့် သေတာနဲ့ ချိန်းခြောက် တာမျိုးလုံးဝရှောင်ကြင်သင့်ပါတယ်။၉။ လက်ပါ ခြင်း – ဘယ်လောက်ပဲ စိတ်ဆိုးစိတ် ဆိုး ကိုယ့်လက် ကိုလုံး၀ ထိန်းထားရပါမယ်။ တစ်ချက်ရိုက်မိသွားရင်ချစ်ခဲ့သမျှ အတိုးရော အရင်းပါ ဆုံးရူံးသွားနိုင်ပါတယ်။ပြင်ပ ဒဏ်ရာ ကုစားရ လွယ်သလောက် စိတ်တွင်းက ဒဏ်ရာကို ဖျောက်ပစ်ဖို့ မလွယ်လှပါ။၁၀။ ကွဲမယ် ဆိုတဲ့စကား အလွယ်တကူသုံးခြင်း – ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ် မျိုး ဝင်တတ်ပါတယ်။ကွဲမယ်ဆိုတဲ့ စကားဟာ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ နိမိတ် ဖြစ်တတ်ပါတယ်။နောက်ဆုံး ပြောချင်တာကတော့ ရန်မဖြစ်တာ အကောင်းဆုံးပါ။အချစ်ဆိုတာဟာ အိမ်ထောင်သက် ကြာလာတာနဲ့အမျှရင်ခုန်တာတွေ ဓါတ်လိုက်တာတွေ တဖြည်းဖြည်းပျောက်ကွယ်သွားပေမဲ့တစ်ဦးအပေါ်တစ်ဦး ဆက်ပြီးတန်ဖိုးထားနေသေးခြင်းကို ဆိုလိုပါကြောင်းတင်ပြလိုက်ရပါတယ်။

Credit- Si Thu Hein

[zawgyi]

သာယာေသာမိသားစုျဖစ္ဖို႔ အိမ္ေထာင္ေရးတြင္ ဒီအရာေတြကို ေရွာင္ရွားပါ။ ၁။ လူေရွ႕သူေရွ႕ မေရွာင္ အိမ္ေထာက္ဘက္ကို အျပစ္တင္ျခင္း – လင္နဲ႔မယား လွ်ာနဲ႔သြားပါ။အိမ္ေထာင္သက္ ရလာတာနဲ႔ အမွ်အထစ္အေငွာ့ေလးေတာ့ ရွိတတ္ၾကပါတယ္။လူေရွ႕သူေရွ႕ မေရွာင္တဘက္သားကိုအျပစ္တင္ ရန္ေထာင္ရင္ေတာ့ ရန္ပြဲ ျဖစ္လာမွာပါ။အဲလိုရန္ျဖစ္တာ ျပႆနာကို ေျပလည္ေအာင္ မေျဖရွင္း ႏိုင္တဲ့ အျပင္မီးလွ်ံထဲကို ဓါတ္ဆီ ေလာင္းလိုက္သလို ျဖစ္သြားတတ္ပါတယ္။ေနာက္ဆုံးက်ရင္ ဘယ္သူမွ အေလွ်ာ့ ေပးလို႔ မရတဲ့ အေနအထားေရာက္သြားတတ္ၿပီးခက္ခဲသြားပါတယ္။ဒါေၾကာင္မို႔လို႔ လင္မယားမွတ္ထားရ မွာက မည္သူရဲ႕ေရွ႕မွာမဆို အိမ္ေထာက္ဘက္ကို အျပစ္တင္မိတာမ်ိဳး လုံးဝေရွာင္ၾကင္ပါ။လက္ဝါးတဘက္ ထဲ ဘယ္ေတာ့မွ လက္ခုတ္တီးလို႔ မရပါဘူး။၂။ သားသမီး ေရွ႕မွာ ရန္ျဖစ္ျခင္း – မိဘဆိုတာ သားသမီး ရဲ႕ အားကိုးရာ ျဖစ္သလိုခိုလုံရာ လည္းျဖစ္ပါတယ္။လင္မယားႏွစ္ေယာက္ျပႆနာ တစ္ခုခု ရွိခဲ့ရင္ သားသမီးကို ေရွာင္ပါ။လင္မယား ရန္ျဖစ္တယ္ဆိုတာ လူႀကီး ႏွစ္ဦးရဲ႕ ကိစၥပါ။မိဘရန္ျဖစ္တာကို ကေလးေတြ ေတြ႕သြားရင္ ကေလးရဲ႕အတြင္းစိတ္ကို ထိခိုက္သြားႏိုင္သလိုသူတို႔ရဲ႕ အနာဂတ္အိမ္ေထာင္ေရး အေပၚထားရွိတဲ့ စိတ္ထား ကိုပါထိခိုက္ႏိုင္ပါတယ္။တကယ္လို႔ သားသမီးမ်ားဟာအိမ္မွာ သာယာတဲ့အရသာကို မခံစားရဘူးဆိုရင္ေနာင္မ်ိဳးဆက္တစ္ခုလုံးကို ထိခိုက္သြားေစႏိုင္ပါတယ္။၃။ အိမ္ေထာင္ဘက္ ေနမေကာင္းတဲ့အခါ ရန္ျဖစ္ျခင္း – အိမ္ေထာင္ဘက္ တစ္ဦးဦးက နာမက်န္းျဖစ္ေနရင္စိတ္ဓါတ္က်ၿပီးစိတ္ဆိုးလြယ္တတ္ေလ့ရွိပါတယ္။အဲဒီအခ်ိန္မွာ ရန္ျဖစ္မိရင္ အိမ္ေထာင္ေရးကိုလုံးဝထိခိုက္သြားႏိုင္ပါတယ္။၄။ အနာေဟာင္း ျပန္ေဖာ္ျခင္း – ရန္ျဖစ္တိုင္း အနာေဟာင္းကို ျပန္ေဖာ္တာမ်ိဳးလုံးဝေရွာင္ၾကင္သင့္ပါတယ္။မမွားတဲ့ေရွ႕ေန မေသတဲ့ေဆးသမားဆိုသလို လူတိုင္းကိုယ္စီ တစ္ခုခု မွားဖူးတတ္ၾကစၿမဲပါ။အနာေဟာင္းကို လက္ကိုင္တုတ္အျဖစ္ ခဏခဏထုတ္သုံးရင္ေတာ့အဲဒီအိမ္ေထာင္ေရးျပန္အဆင္ေျပဖို႔ ခက္ခဲသြားတတ္ပါတယ္။၅။ အိမ္ေထာင္ဘက္ ၏ မိဘနဲ႔ အိမ္သားမ်ားကိုထိခိုက္ေစေသာ စကားမ်ား – ရန္ျဖစ္တယ္ဆိုတာ တစ္ခုခုအေပၚ မေက်နပ္လို႔ သေဘာမတူႏိုင္လို႔ ျဖစ္ပါတယ္။အဲဒီကိစၥအေပၚသာ အေခ်အတင္ ျငင္းခုန္သင့္ပါတယ္။အိမ္ေထာင္ဘက္ရဲ႕ မိဘနဲ႔ မိသားစု ကို ေစာင္းေျပာတာမ်ိဳး၊ထိခိုက္ေစတဲ့ စကားမ်ိဳး လုံးဝေရွာင္ၾကင္ရမွာပါ။၆။ ပစၥည္းလြင့္ပစ္တတ္တဲ့အက်င့္ – ရန္ျဖစ္ၿပီဆိုမွ နဂိုကတည္းက အသံကက်ယ္ေလွာင္ၿပီးသား၊ပစၥည္းလြင့္ပစ္တဲ့ အသံ၊ ခုန္ထု တဲ့အသံ၊ပစၥည္းက်ကြဲသြားတဲ့အသံ ေတြနဲ႔ ေရာသြားရင္ ပြဲအမ်ားႀကီး ပိုၾကမ္းသြားတတ္ပါတယ္။ခ်စ္လို႔ယူထားၾကတာပဲ၊ပစၥည္းလြင့္ပစ္လို႔ က်ကြဲတယ္ဆိုတာ ႏွလုံးသားက် ကြဲတာနဲ႔တူတတ္ပါတယ္။၇။ စိတ္နာေစတဲ့ စကားအသုံးအႏူန္းမ်ား – စိတ္ဆိုးေအာင္လုပ္လို႔ ရတယ္။စိတ္နာေအာင္မလုပ္ၾကပါနဲ႔၊ စိတ္နာေစတဲ့ စကားမ်ိဳး လုံးဝေရွာင္ၾကင္သင့္ပါတယ္။“ ရွင္ကိုအားကိုးလို႔ေတာ့ သူေတာင္းစားပဲျဖစ္သြားမွာ၊ သူမ်ားေယာ့က်ၤားေတြၾကည့္ပိုက္ဆံရွာဘယ္ေလာက္ေတာ္လဲ၊ရွင္နဲ႔တစ္ စက္ကေလးမွ မတူဘူး ”စတဲ့စကားမ်ိဳး ကို မေျပာဆိုရပါ။၈။ ေသတာနဲ႔ ခ်ိန္းေျခာက္ျခင္း – ငါအသက္ရွင္ေနတာ ဘာထူးေသးလဲ၊ငါအသက္မရွင္ခ်င္ေတာ့ဘူး ၊ငါမင္းကို ေသျပမယ္စသည္ျဖင့္ ေသတာနဲ႔ ခ်ိန္းေျခာက္ တာမ်ိဳးလုံးဝေရွာင္ၾကင္သင့္ပါတယ္။၉။ လက္ပါ ျခင္း – ဘယ္ေလာက္ပဲ စိတ္ဆိုးစိတ္ဆိုး ကိုယ့္လက္ ကိုလုံး၀ ထိန္းထားရပါမယ္။ တစ္ခ်က္႐ိုက္မိသြားရင္ခ်စ္ခဲ့သမွ် အတိုးေရာ အရင္းပါ ဆုံး႐ူံးသြားႏိုင္ပါတယ္။ျပင္ပ ဒဏ္ရာ ကုစားရ လြယ္သေလာက္ စိတ္တြင္းက ဒဏ္ရာကို ေဖ်ာက္ပစ္ဖို႔ မလြယ္လွပါ။၁၀။ ကြဲမယ္ ဆိုတဲ့စကား အလြယ္တကူသုံးျခင္း – ဘယ္သူပဲ ျဖစ္ျဖစ္ စိတ္ဆိုးတဲ့ အခါ ျဖစ္ခ်င္ရာျဖစ္ဆိုတဲ့စိတ္ မ်ိဳး ဝင္တတ္ပါတယ္။ကြဲမယ္ဆိုတဲ့ စကားဟာ အင္မတန္မွ ေၾကာက္စရာ ေကာင္းတဲ့ နိမိတ္ ျဖစ္တတ္ပါတယ္။ေနာက္ဆုံး ေျပာခ်င္တာကေတာ့ ရန္မျဖစ္တာ အေကာင္းဆုံးပါ။အခ်စ္ဆိုတာဟာ အိမ္ေထာင္သက္ ၾကာလာတာနဲ႔အမွ်ရင္ခုန္တာေတြ ဓါတ္လိုက္တာေတြ တျဖည္းျဖည္းေပ်ာက္ကြယ္သြားေပမဲ့တစ္ဦးအေပၚတစ္ဦး ဆက္ၿပီးတန္ဖိုးထားေနေသးျခင္းကို ဆိုလိုပါေၾကာင္းတင္ျပလိုက္ရပါတယ္။