ရှမ်းပြည်နယ်တောင်ပိုင်းက ပင်းတယလှိုဏ်ဂူတော်၏ စိတ်ဝင်စားဖွယ်ကောင်းသော ထူးခြားမှုများ

မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး (၁၀)နေရာထဲက တစ်ခု အပါဝင် ဖြစ်သည့် ပင်းတယဂူ၊ ကမ္ဘာ့ခရီးသွား စာမျက်နှာများပေါ်တွင် ထင်ရှားဖော်ပြခဲ့သည့်ပင်းတယ ဂူသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့တွင် တည်ရှိသည်။ပင်းတယဂူသည် ထုံးကျောက်တောင်တွင် သဘာဝ အတိုင်း ဖြစ်ပေါ်နေသောကြောင့် ဘူမိဗေဒသက်တမ်းနှင့် ဆိုလျင်လွန်ခဲ့သော နှစ် သန်း ၂၀၀ တည်းကရှိခဲ့သည်ဟု ဆိုသည်။မြင့်မားတဲ့ တောင်စောင်းကနေ တောင်မြောက် ဖြစ်ပေါ်နေတဲ့ ဂူ သုံး ဂူ ရှိတယ်လို့ ဆိုပေမဲ့ တောင်ဘက် အကျဆုံး ဂူတစ်ခုသာ ဝင်ရောက်နိုင် တယ်လို့ ဆိုသည်။ဂူဟာ ပေ ၄၉၀ ထိ ဝင်ရောက်နိုင်ပြီး ကုန်ဘောင်ခေတ် အစောပိုင်း ကနေ၊ယနေ့ ခေတ် အထိ ခေတ်အသီးသီး ထုလုပ် ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်ပေါင်း (၈၀၀၀) ကျော်လောက်ရှိပြီး၊ဒီလောက်များပြားပြီး ပုံသဏ္ဌာန် စုံလင်တဲ့ ဗုဒ္ဓဆင်းတုတော် တွေကို မြန်မာနိုင်ငံက ဘယ်နေရာမှ တစ်နေရာတည်း မတွေ့နိုင် ဘူးလို့ ဆိုပါ တယ်။ဂူရဲ့ အဝင်၀ မှာ ဉာဏ်တော် ၁၅ မီတာ (၄၉) ပေ ရှိတဲ့ စေတီတော်တစ်ဆူကို ဖူးတွေ့ရပြီးအဲဒီ စေတီတော်ဟာ မူလက အသောက မင်းကြီးရဲ့ ကောင်းမှုတော် ဖြစ်တယ်။(၁၂) ရာစုမှာ ပုဂံဘုရင် အလောင်းစည်သူမင်းက ထပ်မံ ပြုပြင် ထားတယ် လို့ ပြောကြပေမဲ့ သမိုင်း အထောက်အထား မတွေ့ကြရဘူးလို့ ဆိုပါတယ်။သမိုင်းပါမောက္ခဒေါက်တာ သန်းထွန်း အဆိုအရတော့ ဂူအတွင်းက ဆင်းတုတော်တွေမှာ ရေးထိုးထားတဲ့ ခုနှစ် သက္ကရာဇ် အရအစောဆုံး ဆင်းတုတော်တွေဟာ ကုန်းဘောင် ခေတ် အစောပိုင်း ၁၇၇၃ ရက်စွဲ တပ်ထားတယ် လို့ ဆိုတယ်။ရုပ်ပွားတော်တွေ ရဲ့ ထုလုပ်မှုဟန်အရ အစောဆုံး ၁၇၅၀ ထိ ဖြစ်နိုင်ပြီး ဒီထက် မစောနိုင်ဘူး လို့ ဆိုပါတယ်။အဲဒီ နောက်ပိုင်း ဘုရားဖူး ခရီးသည် တွေ၊ အလှူ ရှင်တွေဟာယနေ့ခေတ် အထိ ဂူအတွင်းမှာ ဘုရားဆင်းတု တော်တွေ ထားရှိ ပူဇော်ရာကနေ ခု အခြေနေထိ များပြားလာခြင်း ဖြစ်တယ် လို့ဆိုတယ်။တောင်ဘက် အပေါက်နားမှာတော့ ပိဿာ ချိန် (၄၀၀) ရှိတဲ့ ကြေးခေါင်းလောင်းတော် တစ်ခု ရှိပြီး သက္ကရာဇ် (၁၈၂၄) က လှူဒါန်းမှု ဖြစ်ကြောင်း ရေးထိုးထားတယ်။ပင်းတယ ဂူရဲ့ ထူးခြားမှု တစ်ခုကတော့ “ဘေသဇ္ဇဂုရု” လို့ ခေါ်တဲ့ ဗုဒ္ဓ ရုပ်ပွားတော် ပုံဟန် ဆင်းတုတော်ပေါင်း ခုနှစ်ဆယ် လောက် တွေ့ ရှိရခြင်းဖြစ် သတဲ့။ဒီ လို ဆင်းတုတော် မျိုးကို ပင်းတယ ဂူမှာသာ တွေ့နိုင်ပြီး မြန်မာပြည်က ဘယ်နေရာမှ မတွေ့ရဘူးလို့ ဆိုပါ တယ်။

ဒီဆင်းတုတော်ရဲ့ ဆံတော်ပုံစံ၊ မျက်လုံးတော်၊ နားတော်၊ သင်္ကန်းရုံပုံ ဟာ အခြား ဗုဒ္ဓရုပ်ပွားတော် တွေနဲ့ ကွဲပြားခြားနားပြီး လှန်ထားတဲ့ ညာဘက် လက်တော်ဟာ ဆေးသစ်စေ့ တစ်စေ့ကိုလည်း ကိုင်ထားတော်မူတယ်။ဒီ ဆင်းတုတော် မျိုးကို မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်လေ့ ရှိတယ် လို့ ဆိုပါတယ်။ ဒါကြောင့်မို့ လို့ ပင်းတယဂူ ဟာ(၁၈) ရာစု နှောင်းပိုင်းလောက်မှာ မဟာယာန ဗုဒ္ဓဘာသာဝင် တို့ရဲ့ ပူဇော်ရာနေရာ တစ်ခု ဖြစ်မယ် လို့ မှန်းဆပါတယ်။၁၉၂၅ တုန်းက ဂူပေါက်ကို ဒိုင်းနမိုက်တွေနဲ့ ချဲ့ထွင်တဲ့ အခါ ဘုရားဆင်းတော် အချို့နဲ့ မှတ်တမ်း ကျောက်စာ အချို့ ပျက်စီးခဲ့ရ ပြီးအရေးပါတဲ့ ဗုဒ္ဓရုပ်ပွားတော် အချို့ကို အနီးနား ဘုန်ကြီးကျောင်း များသို့ ရွှေ့ပြောင်း ထားရှိခဲ့တယ်။သို့သော်လည်း အဲဒီ ဆင်းတုတော်တွေဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတယ် လို့ သိရပါတယ်။ပင်းတယ ရွှေဥမင် လိုဏ်ဂူ အတွင်းရှိ ယခင်က ကျောက်စည်၊ ကျောက်မောင်းများပေ ၄၉ဝ အရှည်ရှိသော ပင်းတယ လိုဏ်ဂူ အတွင်း ရှိ ရှေးဟောင်းစေတီ၊ရုပ်ပွားတော် ၈ဝ၉၄ ဆူ ရေရှည် ထိန်းသိမ်းရန် အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကြံပြုချက် တို့ဖြင့်လိုဏ်ဂူ အတွင်းရှိ ကျောက်စည်၊ ကျောက်မောင်း (ပုံ) တို့ကို တီးခွင့်၊ ထိုးခွင့် မပြုတော့ခဲ့ကြောင်း သိရသည်။ပင်းတယ ဘုရားလိုဏ်ကို နေ့စဉ် ပြည်တွင်းရော ပြည်ပ ခရီးသွားတွေ လေ့လာသူ၊ ဘုရားဖူးသူ တွေဟာ လိုဏ်ဂူထဲမှာ ရှိတဲ့ ဘုရား၊ စေတီတွေရဲ့ ထူးခြားဆန်းပြား ဟန်တွေကို ဖူးကြ၊လေ့လာ ကြတဲ့ အပြင် တီးလို့ ခတ်လို့ ရတဲ့ ကျောက်စည်၊ ကျောက်မောင်း တွေကို ထိုးလို့ တီးလို့ ရအောင် အရင်က ဝါးလုံးကြီးတွေ၊အသားတွေနဲ့ စီစဉ်ပေးထား ပေမယ့် နောက်ပိုင်း မှာ ပြည်ပ ပညာရှင်တွေ၊ ပြည်တွင်း ပညာရှင်တွေ ဆွေးနွေး တိုင်ပင်ပြီး ကျောက်စည် ကျောက်မောင်း မတီး ကြဖို့ အထိ သတိပေး လာပါတယ်။ဒါနဲ့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် ရယူပြီး ကျောက်စည်၊ ကျောက်မောင်း တီးခတ်ခွင့်ကို မပြုတော့ခဲ့သည်ဟု … ” ဟု သိရှိ ရသည်။ယခင် ကျောက်ခေတ် ဟောင်းတွင် အဆိုပါ ဂူများအတွင်း လူနေထိုင်မှု ရှိ၊ မရှိကို ရှေးဟောင်း သုတေသန၏ တူးဖော် ခွင့်ရလျှင် သိနိုင်မည် ဖြစ်ကြောင်းသမိုင်း ပါမောက္ခ ဒေါက်တာ သန်းထွန်း ပြုစု ထားသော ပင်းတယမြို့ ရွှေဥမင် စေတီ နှင့် ဂူသမိုင်း မှ သိရသည်။

Credit – မူရင်း

[zawgyi]

ျမန္မာႏိုင္ငံ၏ အေက်ာ္ၾကားဆုံး (၁၀)ေနရာထဲက တစ္ခု အပါဝင္ ျဖစ္သည့္ ပင္းတယဂူ၊ ကမာၻ႔ခရီးသြား စာမ်က္ႏွာမ်ားေပၚတြင္ ထင္ရွားေဖာ္ျပခဲ့သည့္ပင္းတယ ဂူသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပင္းတယၿမိဳ႕တြင္ တည္ရွိသည္။ပင္းတယဂူသည္ ထုံးေက်ာက္ေတာင္တြင္ သဘာဝ အတိုင္း ျဖစ္ေပၚေနေသာေၾကာင့္ ဘူမိေဗဒသက္တမ္းႏွင့္ ဆိုလ်င္လြန္ခဲ့ေသာ ႏွစ္ သန္း ၂၀၀ တည္းကရွိခဲ့သည္ဟု ဆိုသည္။ျမင့္မားတဲ့ ေတာင္ေစာင္းကေန ေတာင္ေျမာက္ ျဖစ္ေပၚေနတဲ့ ဂူ သုံး ဂူ ရွိတယ္လို႔ ဆိုေပမဲ့ ေတာင္ဘက္ အက်ဆုံး ဂူတစ္ခုသာ ဝင္ေရာက္ႏိုင္ တယ္လို႔ ဆိုသည္။ဂူဟာ ေပ ၄၉၀ ထိ ဝင္ေရာက္ႏိုင္ၿပီး ကုန္ေဘာင္ေခတ္ အေစာပိုင္း ကေန၊ယေန႔ ေခတ္ အထိ ေခတ္အသီးသီး ထုလုပ္ ကိုးကြယ္ခဲ့တဲ့ ဗုဒၶဆင္းတုေတာ္ေပါင္း (၈၀၀၀) ေက်ာ္ေလာက္ရွိၿပီး၊ဒီေလာက္မ်ားျပားၿပီး ပုံသဏၭာန္ စုံလင္တဲ့ ဗုဒၶဆင္းတုေတာ္ ေတြကို ျမန္မာႏိုင္ငံက ဘယ္ေနရာမွ တစ္ေနရာတည္း မေတြ႕ႏိုင္ ဘူးလို႔ ဆိုပါ တယ္။ဂူရဲ႕ အဝင္၀ မွာ ဉာဏ္ေတာ္ ၁၅ မီတာ (၄၉) ေပ ရွိတဲ့ ေစတီေတာ္တစ္ဆူကို ဖူးေတြ႕ရၿပီးအဲဒီ ေစတီေတာ္ဟာ မူလက အေသာက မင္းႀကီးရဲ႕ ေကာင္းမႈေတာ္ ျဖစ္တယ္။(၁၂) ရာစုမွာ ပုဂံဘုရင္ အေလာင္းစည္သူမင္းက ထပ္မံ ျပဳျပင္ ထားတယ္ လို႔ ေျပာၾကေပမဲ့ သမိုင္း အေထာက္အထား မေတြ႕ၾကရဘူးလို႔ ဆိုပါတယ္။သမိုင္းပါေမာကၡေဒါက္တာ သန္းထြန္း အဆိုအရေတာ့ ဂူအတြင္းက ဆင္းတုေတာ္ေတြမွာ ေရးထိုးထားတဲ့ ခုႏွစ္ သကၠရာဇ္ အရအေစာဆုံး ဆင္းတုေတာ္ေတြဟာ ကုန္းေဘာင္ေခတ္ အေစာပိုင္း ၁၇၇၃ ရက္စြဲ တပ္ထားတယ္ လို႔ ဆိုတယ္။႐ုပ္ပြားေတာ္ေတြ ရဲ႕ ထုလုပ္မႈဟန္အရ အေစာဆုံး ၁၇၅၀ ထိ ျဖစ္ႏိုင္ၿပီး ဒီထက္ မေစာႏိုင္ဘူး လို႔ ဆိုပါတယ္။အဲဒီ ေနာက္ပိုင္း ဘုရားဖူး ခရီးသည္ ေတြ၊ အလႉ ရွင္ေတြဟာယေန႔ေခတ္ အထိ ဂူအတြင္းမွာ ဘုရားဆင္းတုေတာ္ေတြ ထားရွိ ပူေဇာ္ရာကေန ခု အေျခေနထိ မ်ားျပားလာျခင္း ျဖစ္တယ္ လို႔ဆိုတယ္။ေတာင္ဘက္ အေပါက္နားမွာေတာ့ ပိႆာ ခ်ိန္ (၄၀၀) ရွိတဲ့ ေၾကးေခါင္းေလာင္းေတာ္ တစ္ခု ရွိၿပီး သကၠရာဇ္ (၁၈၂၄) က လႉဒါန္းမႈ ျဖစ္ေၾကာင္း ေရးထိုးထားတယ္။ပင္းတယ ဂူရဲ႕ ထူးျခားမႈ တစ္ခုကေတာ့ “ေဘသဇၨဂု႐ု” လို႔ ေခၚတဲ့ ဗုဒၶ ႐ုပ္ပြားေတာ္ ပုံဟန္ ဆင္းတုေတာ္ေပါင္း ခုႏွစ္ဆယ္ ေလာက္ ေတြ႕ ရွိရျခင္းျဖစ္ သတဲ့။ဒီ လို ဆင္းတုေတာ္ မ်ိဳးကို ပင္းတယ ဂူမွာသာ ေတြ႕ႏိုင္ၿပီး ျမန္မာျပည္က ဘယ္ေနရာမွ မေတြ႕ရဘူးလို႔ ဆိုပါ တယ္။ဒီဆင္းတုေတာ္ရဲ႕ ဆံေတာ္ပုံစံ၊ မ်က္လုံးေတာ္၊ နားေတာ္၊ သကၤန္း႐ုံပုံ ဟာ အျခား ဗုဒၶ႐ုပ္ပြားေတာ္ ေတြနဲ႔ ကြဲျပားျခားနားၿပီး လွန္ထားတဲ့ ညာဘက္ လက္ေတာ္ဟာ ေဆးသစ္ေစ့ တစ္ေစ့ကိုလည္း ကိုင္ထားေတာ္မူတယ္။ဒီ ဆင္းတုေတာ္ မ်ိဳးကို မဟာယာန ဗုဒၶဘာသာဝင္ေတြ ကိုးကြယ္ေလ့ ရွိတယ္ လို႔ ဆိုပါတယ္။ ဒါေၾကာင့္မို႔ လို႔ ပင္းတယဂူ ဟာ(၁၈) ရာစု ေႏွာင္းပိုင္းေလာက္မွာ မဟာယာန ဗုဒၶဘာသာဝင္ တို႔ရဲ႕ ပူေဇာ္ရာေနရာ တစ္ခု ျဖစ္မယ္ လို႔ မွန္းဆပါတယ္။၁၉၂၅ တုန္းက ဂူေပါက္ကို ဒိုင္းနမိုက္ေတြနဲ႔ ခ်ဲ႕ထြင္တဲ့ အခါ ဘုရားဆင္းေတာ္ အခ်ိဳ႕နဲ႔ မွတ္တမ္း ေက်ာက္စာ အခ်ိဳ႕ ပ်က္စီးခဲ့ရ ၿပီးအေရးပါတဲ့ ဗုဒၶ႐ုပ္ပြားေတာ္ အခ်ိဳ႕ကို အနီးနား ဘုန္ႀကီးေက်ာင္း မ်ားသို႔ ေ႐ႊ႕ေျပာင္း ထားရွိခဲ့တယ္။သို႔ေသာ္လည္း အဲဒီ ဆင္းတုေတာ္ေတြဟာ ဒုတိယ ကမာၻစစ္အတြင္းမွာ ဗုံးဒဏ္ေၾကာင့္ ပ်က္စီးခဲ့ရတယ္ လို႔ သိရပါတယ္။ပင္းတယ ေ႐ႊဥမင္ လိုဏ္ဂူ အတြင္းရွိ ယခင္က ေက်ာက္စည္၊ ေက်ာက္ေမာင္းမ်ားေပ ၄၉ဝ အရွည္ရွိေသာ ပင္းတယ လိုဏ္ဂူ အတြင္း ရွိ ေရွးေဟာင္းေစတီ၊႐ုပ္ပြားေတာ္ ၈ဝ၉၄ ဆူ ေရရွည္ ထိန္းသိမ္းရန္ အတြက္ ျပည္တြင္း၊ ျပည္ပ ပညာရွင္မ်ား၏ အႀကံျပဳခ်က္ တို႔ျဖင့္လိုဏ္ဂူ အတြင္းရွိ ေက်ာက္စည္၊ ေက်ာက္ေမာင္း (ပုံ) တို႔ကို တီးခြင့္၊ ထိုးခြင့္ မျပဳေတာ့ခဲ့ေၾကာင္း သိရသည္။ပင္းတယ ဘုရားလိုဏ္ကို ေန႔စဥ္ ျပည္တြင္းေရာ ျပည္ပ ခရီးသြားေတြ ေလ့လာသူ၊ ဘုရားဖူးသူ ေတြဟာ လိုဏ္ဂူထဲမွာ ရွိတဲ့ ဘုရား၊ ေစတီေတြရဲ႕ ထူးျခားဆန္းျပား ဟန္ေတြကို ဖူးၾက၊ေလ့လာ ၾကတဲ့ အျပင္ တီးလို႔ ခတ္လို႔ ရတဲ့ ေက်ာက္စည္၊ ေက်ာက္ေမာင္း ေတြကို ထိုးလို႔ တီးလို႔ ရေအာင္ အရင္က ဝါးလုံးႀကီးေတြ၊အသားေတြနဲ႔ စီစဥ္ေပးထား ေပမယ့္ ေနာက္ပိုင္း မွာ ျပည္ပ ပညာရွင္ေတြ၊ ျပည္တြင္း ပညာရွင္ေတြ ေဆြးေႏြး တိုင္ပင္ၿပီး ေက်ာက္စည္ ေက်ာက္ေမာင္း မတီး ၾကဖို႔ အထိ သတိေပး လာပါတယ္။ဒါနဲ႔ သက္ဆိုင္ရာရဲ႕ ခြင့္ျပဳခ်က္ ရယူၿပီး ေက်ာက္စည္၊ ေက်ာက္ေမာင္း တီးခတ္ခြင့္ကို မျပဳေတာ့ခဲ့သည္ဟု … ” ဟု သိရွိ ရသည္။ယခင္ ေက်ာက္ေခတ္ ေဟာင္းတြင္ အဆိုပါ ဂူမ်ားအတြင္း လူေနထိုင္မႈ ရွိ၊ မရွိကို ေရွးေဟာင္း သုေတသန၏ တူးေဖာ္ ခြင့္ရလွ်င္ သိႏိုင္မည္ ျဖစ္ေၾကာင္းသမိုင္း ပါေမာကၡ ေဒါက္တာ သန္းထြန္း ျပဳစု ထားေသာ ပင္းတယၿမိဳ႕ ေ႐ႊဥမင္ ေစတီ ႏွင့္ ဂူသမိုင္း မွ သိရသည္။