အရသာရှိတဲ့ တုံ့ယမ်းဟင်းချိူတစ်ခွက်ပြုလုပ်နည်း

ဒီတစ်ခါဖော်ပြချင်တာလေးကတော့ အရည်သောက်ချဉ်စပ်လေးသောက်ချင်တဲ့ မိတ်ဆွေများအတွက် တုံ့ယမ်းပြုလုပ်နည်းလေးဖြစ်ပါတယ်။တုံ့ယမ်း ပြုလုပ်ရာမှာပါဝင်တဲ့ ပစ္စည်းတွေကတော့ – ပုစွန်၊ ပြည်ကြီးငါး၊ စပါးလင်၊ ပဒဲကောမြစ်၊ ရှောက်ရွက်၊ မန်ကျည်းသီးနှစ်၊ ငါးငံပြာရည်၊ ငရုတ်သီးနှစ်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ကောက်ရိုးမှို၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ အုန်းနို့ တို့ ဖြစ်ပြီး ပြုလုပ်ပုံကတော့ – ပထမဆုံး ပုစွန်ကို ရေဆေးသန့်စင်ပြီးလျှင် ကျောခွဲ အညစ်အကြေးဖယ်ထုတ်ထားပါ။ ပြည်ကြီးငါးများကို ရေဆေးသန့်စင်ပြီးလျှင် သင့်လျော်သလို လှီးဖြတ်ထားပါ။စပါးလင်ကို အဖျားများ လှီး၍ ဓားနှောင့်ဖြင့် ထုပြီးလျှင် လက်နှစ်ဆစ်စာခန့် ပိုင်းဖြတ်ထားပါ။ ပြီးလျှင် ပဒဲကောမြစ်ကိုလည်း ဓားပြားရိုက်ထားပါ။ ကြက်သွန်နီနှင့် ကောက်ရိုးမှိုကို ထက်ခြမ်းစီခွဲထားပါ။အိုးတစ်အိုးထဲတွင် ရေကိုထည့်ပြီး မီးဖိုပေါ်တင်ပြီးလျှင် ရေကို ဆူအောင်တည်ထားပါ။

ပြီးလျှင် စပါးလင်၊ ပဒဲကော၊ ငံပြာရည်နှင့် မန်ကျည်းသီးအနှစ်တို့ကို အိုးထဲသို့ ထည့်၍ တည်ထားပေးပါ။ ပြီးနောက် ပုစွန်နှင့် ပြည်ကြီးငါးများထည့်၍ သုံးမိနစ်ခန့်တည်ပြီး ကြက်သွန်နီနှင့် ကောက်ရိုးမှို ထပ်ထည့်ပါ။အသားများကျက်အောင် ၁၀ မိနစ်ခန့် အဖုံးအုပ်၍ တည်ထားပါ။ထို့နောက် ငရုတ်သီးနှစ်နှင့် ခရမ်းချဉ်သီးထည့်ပြီး ငရုတ်သီးစိမ်း ထည့်ပေးပါ။ အချဉ်ကြိုက်တတ်သူများအတွက် သံပုရာသီးထပ်ညှစ်နိုင်ပါတယ်။အပေါ့အငန်မြည်းကြည့်ပြီးလျှင် ဟင်းအိုးကို မီးပိတ်နိုင်ပါတယ်။ တုံ့ယမ်းဟင်းသုံးဆောင်ဖို့အတွက် ပန်းကန်လုံးထဲထည့် အပေါ်မှ အုန်းနို့ဆမ်းပြီး အနံ့မွှေးအောင် ရှောက်ရွက် ထည့်ပြီး အရသာရှိတဲ့ ထိုင်းတုံ့ယမ်းဟင်းကို သုံးဆောင်နိုင်ပါပြီ။

Credit – Food Industry Guide

[zawgyi]

ဒီတစ္ခါေဖာ္ျပခ်င္တာေလးကေတာ့ အရည္ေသာက္ခ်ဥ္စပ္ေလးေသာက္ခ်င္တဲ့ မိတ္ေဆြမ်ားအတြက္ တုံ႔ယမ္းျပဳလုပ္နည္းေလးျဖစ္ပါတယ္။တုံ႔ယမ္း ျပဳလုပ္ရာမွာပါဝင္တဲ့ ပစၥည္းေတြကေတာ့ – ပုစြန္၊ ျပည္ႀကီးငါး၊ စပါးလင္၊ ပဒဲေကာျမစ္၊ ေရွာက္႐ြက္၊ မန္က်ည္းသီးႏွစ္၊ ငါးငံျပာရည္၊ င႐ုတ္သီးႏွစ္၊ င႐ုတ္သီးစိမ္း၊ ၾကက္သြန္နီ၊ ေကာက္႐ိုးမႈိ၊ ခရမ္းခ်ဥ္သီး၊ သံပုရာသီး၊ အုန္းႏို႔ တို႔ ျဖစ္ၿပီး ျပဳလုပ္ပုံကေတာ့ – ပထမဆုံး ပုစြန္ကို ေရေဆးသန႔္စင္ၿပီးလွ်င္ ေက်ာခြဲ အညစ္အေၾကးဖယ္ထုတ္ထားပါ။ ျပည္ႀကီးငါးမ်ားကို ေရေဆးသန႔္စင္ၿပီးလွ်င္ သင့္ေလ်ာ္သလို လွီးျဖတ္ထားပါ။စပါးလင္ကို အဖ်ားမ်ား လွီး၍ ဓားေႏွာင့္ျဖင့္ ထုၿပီးလွ်င္ လက္ႏွစ္ဆစ္စာခန႔္ ပိုင္းျဖတ္ထားပါ။ ၿပီးလွ်င္ ပဒဲေကာျမစ္ကိုလည္း ဓားျပား႐ိုက္ထားပါ။ ၾကက္သြန္နီႏွင့္ ေကာက္႐ိုးမႈိကို ထက္ျခမ္းစီခြဲထားပါ။အိုးတစ္အိုးထဲတြင္ ေရကိုထည့္ၿပီး မီးဖိုေပၚတင္ၿပီးလွ်င္ ေရကို ဆူေအာင္တည္ထားပါ။ၿပီးလွ်င္ စပါးလင္၊ ပဒဲေကာ၊ ငံျပာရည္ႏွင့္ မန္က်ည္းသီးအႏွစ္တို႔ကို အိုးထဲသို႔ ထည့္၍ တည္ထားေပးပါ။ ၿပီးေနာက္ ပုစြန္ႏွင့္ ျပည္ႀကီးငါးမ်ားထည့္၍ သုံးမိနစ္ခန႔္တည္ၿပီး ၾကက္သြန္နီႏွင့္ ေကာက္႐ိုးမႈိ ထပ္ထည့္ပါ။အသားမ်ားက်က္ေအာင္ ၁၀ မိနစ္ခန႔္ အဖုံးအုပ္၍ တည္ထားပါ။ထို႔ေနာက္ င႐ုတ္သီးႏွစ္ႏွင့္ ခရမ္းခ်ဥ္သီးထည့္ၿပီး င႐ုတ္သီးစိမ္း ထည့္ေပးပါ။ အခ်ဥ္ႀကိဳက္တတ္သူမ်ားအတြက္ သံပုရာသီးထပ္ညႇစ္ႏိုင္ပါတယ္။အေပါ့အငန္ျမည္းၾကည့္ၿပီးလွ်င္ ဟင္းအိုးကို မီးပိတ္ႏိုင္ပါတယ္။ တုံ႔ယမ္းဟင္းသုံးေဆာင္ဖို႔အတြက္ ပန္းကန္လုံးထဲထည့္ အေပၚမွ အုန္းႏို႔ဆမ္းၿပီး အနံ႔ေမႊးေအာင္ ေရွာက္႐ြက္ ထည့္ၿပီး အရသာရွိတဲ့ ထိုင္းတုံ႔ယမ္းဟင္းကို သုံးေဆာင္ႏိုင္ပါၿပီ။