အလောင်းတော်ကဿပ လှိုဏ်ဂူအတွင်းသို့ ဝင်နိုင်ခဲ့သူ

အမရပူရမြို့ သတ္တမမြောက် ကျော်အောင်စံထား ဆရာတော် အရှင် ဝါယမာဘိဝံသ သည် ၁၃၁၆ ခု တပို့တွဲ လဆန်း ၁ ရက်နေ့တွင် အ လောင်းတော် ကဿပ လှိုဏ်ဂူရှိရာသို့ စတင် ခရီးထွက်လာ၏။သက်တော် ၃၁ နှစ်။ကပိုင်မှ တစ်ဆင့် တောကြီး အတွင်းသို့ခြေလျှင် ကြွခဲ့၏။ ချောင်းမကြီးကို ဖြတ်ကျော်ပြီး လူသွားလမ်းလေး အတိုင်းလာခဲ့ရာ သစ်ပင်ကွယ်မှ ခွေးတစ်ကောင် ထွက်လာပြီး ရှေ့တည့်တည့်မှ လမ်းပြသွား၏။နောက်ကျနေလျှင် စောင့်၏။ ကြေးစည်သံ ကြားရ၍ ဘုရား အာရုံရောက်၏။ ရဟန္တာ အရှင်မြတ်ကြီး ပရိနိဗ္ဗာန်ပြုနေပုံ အာရုံတွင် ဖူးရ၏။ထိုနေရာမှ အောက် လှိုဏ်ဂူသို့ ကျောက်တုံးများ နင်းပြီး ဆင်းလာခဲ့၏။ မှောင်နေ၍ စမ်းတစ်ဝါးဝါးဖြင့်သာ။ အောက်သို့ရောက်လျင် လှိုဏ်ဂူဝကို ကျောက်တုံးကြီး တစ်ခုက လျှာထိုးသကဲ့သို့ ပိတ်နေ၏ ။ရေစီးကြောင်း တစ်ခုက ကျောက်တုံးကြီး အောက်ခြေအတွင်း စီးဝင်သွားပြီး တစ်ဖက်မှ ပြန်ထွက် လာ၏။ထိုရေစီးကြောင်းများ ကြားတွင် ရေသနုပ် သင်းပိုင် ကို ခင်းပြီး ရှိခိုး၏။ အမျှဝေ၏။ အလင်းတိုင် ၃ တိုင် မီးပူဇော်၏ ။သစ္စာပြု၍ ပုတီး ၂ ပတ် စိပ်၏ ။ ဂူအပေါက်က လှုပ်နေ၏ ။ဆောင်းတွင်းဖြစ်သော်လည်း ဂူတွင် နွေးနေ၏ ။ခရီးပန်းလာ၍ ခေတ္တ အိပ်လိုက်၏။ နိုးလာ သောအခါ ည ၁၂ နာရီ ရှိနေ၏။၊” သုဂတော ငါးချက် ဂါထာ ကို ယနေ့မှ ၄၅ ရက် အတွင်း ပတ်ရေ ကိုးထောင် ပြည့်အောင် စိပ်ပါမည်ဟု သစ္စာ အဓိဋ္ဌာန်ပြု ၏ ။မှန်ကန်သော သစ္စာ စကားဖြစ်ပါက ၇ ရက် အတွင်း ဂူ ပွင့်၍ အထဲဝင်ပြီး ပုတီး စိပ်နိုင်ပါစေသား ဟု ပဋ္ဌာနပြုလိုက်၏။ ထိုအခါဂူကြီး တစ်ဖြစ်ဖြစ် မြည်သွားလေ၏ ။ဂူအမိုးက ကျောက်စက်ရေများ ကျနေ၏။ လင်းနို့ချေး နံ့ ဆိုးရွား လှ၏။ သန်းခေါ်ကျော်၌ အေးစိမ့်လာ၏ ။နှစ်ထပ် သင်္ခန်းကြီး ခြုံ ထားသဖြင့် ခံနိုင်သေး၏ ။ပုတီး ၆ ပါတ်စိတ်အပြီး ဂူအဝတွင် လမ်းလျှောက်၍ စိပ်၏ ။ဖယောင်းတိုင် ထွန်းထာ၍ မြင်ရ၏ ။ ကျား ဟိန်းသံများ မြွေတွန်သံများ ပီပီသသ ကြားရ၏ ။ခန္ဓာကိုယ်ကို ဘုရားလှူ ထားပြီ ဖြစ်၍သေရုံအပြင် မပိုနိုင်ဟု စိတ်တင်းထားပြီး ပုတီးကိုသာ တွင်တွင်စိတ် ၏ ။ပုတီး ၁၀ ပါတ် ရသောအခါ မေတ္တာပို့ အမျှဝေ လိုက်၏ ။သာဓု ခေါ်သံများ တောတောင် တစ်ခုလုံး ဆူညံစွာ ကြားရ၏ ။ပတ်ဝန်းကျင်မှာ နတ်တွေ ရှိသားပဲဟု အားတက်လာ၏။ နံနက် လေးနာရီတွင်သုဂတော ၅ ချက် ထပ်မံ စိတ်ပြန်၏ ။ နံနက်လင်းသော် မေတ္တာပို့ အမျှဝေ၏။မျက်နှာသစ်ပြီး စားစရာ ရှုာ ရ၏ ။ ဂူအထက် မြောက်ဘက်သို့သွားသော် ငှက်ပျော တောကြီး တွေ့ရ၏ ။ ငှက်ပျောသီးမှည့် ၂ ဖီး ခူးလာ၏ ။ရေဆေးပြီး ဆွမ်းတော်ကပ်၍ ၃ လုံး စားလိုက်၏။ စားပြီးလျှင် ရေချိုးသင်းပိုင်နေလှန်း ဧကသီကို တစ်ပိုင်းဝတ် တစ်ပိုင်းခြုံပြီး နေပူဇာ လှုံရင်း ပုတီးစိတ်၏ ။ည ၁၂ နာရီ ထိုးသောအခါ ပုတီး အပါတ်ရေ ပေါင်း ၃၆ ပါတ်ရ၏ ။ မေတ္တာပို့ အမျှဝေပြီး အိပ်လိုက်၏။ တစ်ချက်ခွဲသော် နိုးလာပြီး ပုတီး ဆက်စိပ်၏ ။၃ ပါတ်လောက် ရောက်သောအခါ နောက် ကျောကို တွန်းလိုက်သလို ခံစားရပြီး ရှေ့စိုက်သွား၏။ နဖူးနှင့် မြေ မထိအောင် ထိန်းထားရ၏။လှည့်ကြည့်ချင်သော်လည်း ဓိဋ္ဌာန် ထားသောကြောင့် သည်းခံလိုက်ရ၏။ ဆက်စိပ်၏။ခင်းထိုင်ထားသော သင်းပိုင်နှင့် အတူ လူပါကြွတက်လာပြီး အထက်မြောက်နေသည်ဟု ထင်ရ၏ ။ပုတီးပါတ်ရေ မပျက်အောင် အတော် သတိထားရ၏ ။တစ်ဖန် ရေသနုပ် သင်းပိုင်က ပူလာ၏ ။ ထိုင်ခွင် ဖျက် ချင် လောက်အောင် ပူလာသော်လည်း ဆက်စိပ်၏ ။၉ ပါတ်ရ၍ အဓိဋ္ဌာန်ချပြီး မေတ္တာပို့ အမျှဝေလိုက်ရာ ယက်ဟက်ပက်ပက် ရယ်သံများ ကြားရ၏ ။၃ နာရီ ထိုးခါနီးပြီ ။ ဆက်ပြီး ၉ ပါတ်စိပ်၏ ။ ၃ ပါတ်လောက် ရောက်သောအခါ ရှေ့တည့်တည့်က ဝင်းကနဲြ ဖစ်သွား၏။ မျက်လုံး ဖွင့်ကြည့်မိ၏။ဝင်းလက်တောက်ပပြီး နွားမျက်လုံးလောက် မျက်လုံးနှစ်လုံး ကိုတွေ့ရ ၏ ။ စူးရှသော အလင်းရောင်ကြောင့် မျက်လုံး ဖွင့်လိုက် ပိတ်လိုက် လုပ်ပြီးစိတ်ရ၏ ။အလင်းရောင်က ရှေ့ တိုးလာလိုက် နောက်ဆုတ်လိုက်ဖြင့် များစွာနှောင့်ယှက်နေ၏။ ဖြစ်ချင်ရာဖြစ် ပုတီးတော့ အပျက်မခံနိုင်ဆိုပြီး အထူးဂရုစိုက် စိပ်နေ၏ ။ပုတီး ၉ ပါတ်ပြည့်သောအခါ ထိုင်ခွင်ဖြုတ်၍ ကျောချ အညောင်း ဆန့်မိ၏ ။ပက်လက် စောင်းလျှက် ဘာမှမဖြစ်။ မှောက်လိုက် သောအခါ ကျောပေါ် ခွစီးထားသလိုဖြစ်ပြီး မထနိုင်တော့ချေ ။ ပုတီးဆက်စိပ်နေ၏ ။ပုတီး ၃ ပါတ်ရသောအခါ တစ်ကိုယ်လုံး ပေါ့ပါး သွား၏။ အာရုံ လာခါနီးတွင် ပုတီး ဆက်စိပ်၏။ မောသလိုဖြစ်လာသော်လည်း ဆက်စိပ်၏ ။၆ ပါတ်ခန် ရနေချိန်တွင် လူဘယ်လိုဖြစ်သွားမှန်း မသိ။ကိုယ်တော် ထ ထ ဟု အသံကြားရ၍ ကြည့်လိုက် သောအခါ ဘုန်းတော်ကြီး တစ်ပါးက ကျွနုပ် ခေါင်း လက် ရင်ဘတ် တို့ကို ဆေးလူး ပေးနေသည်ကို တွေ့ ရ၏ ။ ”ဘာဖြစ်လို့ပါလဲ ဘုရား ဟု မေးလိုက် သောအခါ ”ဒီ အလောင်းတော် ကဿပ တောစိုး နတ် က ကောင်း တာ ကျင့် နေတာကို မကြိုက် ။ အရက်သောက် ၊ ကာမ အကြောင်း ပြောသူတွေမှ သဘောကျတာ။ကိုယ်တော်လေးက မေတ္တာပို့ ။ အမျှဝေ။ နတ်များက မေတ္တာခံယူကြ ဖူးမျော်ကြတော့ သုတို့မနေနိုင်ဘူး ။နတ်များ ရှင်းတဲ့အခိုက် မူးမေ့ ထုံထိုင်းစေတဲ့ အသီးများကို လေ အထက်က အခိုးလွှတ်ပြီး မူးမေ့စေတယ်။တပည့်တော်သိလို့သာပေါ့။ နို့မို့ မလွယ်ဘူး ။ မှတ် လောက်သားလောက်အောင် ဆုံးမရမယ် ဟုပြော၏။ဘယ်ကကြွလာကြောင်း မေးလျောက်ရာမြောက်ဘက် မိုင် ၃၀ လောက်ဝေးတဲ့ တောမှာ သီတင်းသုံးတဲ့ မဟာမြိုင် ဆရာတော် ဖြစ်ကြောင်သိရ၏ ။ပဉ္ဇင်းလေး အဓိဋ္ဌာန်ကြောင့် မနက်ဖြန် အာရုဏ်တက်လောက်မှာ ဂူပေါက်ပွင့် လိမ့်မယ် ။ နမက္ကာရ ထဲက…” တဟိံ တဟိံ ပါရမီ သဉ္စရံ စရံ ၊ သဗ္ဗိသုခ ပဒံ ပဒံ ၊နရာ နရာနံ သုခံ သမ္ဘဝံ ဘဝံ ၊ နမော နမာနံ ဇိန ပုံဂံ ဂဝံ “ဂါထာ ကို ဂူပေါက်မှာ ထိုင်ပြီး ၉ ပါတ် စိပ်ပါ။ ပြီးမှ အဓိဋ္ဌာန် ပုတီး ဆက်စိပ်ရန် မှာ၏ ။ည ၁၁ နာရီ ထိုးခါနီးတွင် ပြန် ကြွသွား၏။ ရှေ့မှာတင် ပျောက် သွား၏ ။အံ့သြနေမိ၏။ငှက်ပျောသီး ၂ လုံးစား၏ ရေသောက်ပြီး ရေချိုးလိုက်၏ ။တောစိုးနတ်ကြီးကို ကျေးဇူးတင်မိ၏ ။ သူ့ကြောင့်သာ မဟာမြိုင် ကိုယ်တော်ကြီးနဲ့တွေ့ရ၏ ။ကျေးဇူးတင်မဆုံး ဖြစ်မိ၏ ။ဂူဝရှေ့ တွင် သုဂတော ၅ ချက် ၁၂ ပါတ်စိပ်၏ ။(တဟိံ တဟိံ) ၉ ပါတ် စိပ်၏ ။ ညနေပိုင်းတွင် ထိုင်လျှက် ထလျှက် ပုတီးစိပ်၏။ ၁၅ ပါတ်ရ၏ ။ ညပိုင်းတွင် ဖယောင်းတိုင် ထွန်း၏ ။

နောက်နေ့ နံနက် ဂူပေါက်မှာ ( တဟိံ တဟိံ) ပုတီး ၉ပါတ် စိပ်၏ ။ပြီးလျှင် သုဂတော ၅ ချက် ဆက်စိပ်၏။အာရုံ ထဲတွင် ဘုရားလေးဆူ ဝန်းရံနေပုံ ဖူးရ၏ ။သုဂတော ၁၈ ပါတ် အပြီး ဂူပေါက်ဝမှ လျှပ်စီး လက်သလို ဝင်းခနဲ ဖြစ်သွား၍ ကျွန်ုပ် နောက်လန်သွား၏ ။ည ပိုင်းတွင် ပုတီး ၉ ပါတ်ရ၏ ။ ဂူထိပ်က မြွေဆင်းလာသကဲ့သို့ တစ်ဝေါဝေါ အသံကြားရ၏။ ၅၅၅ဋ္ဌ ။တောင်ထိပ်က ဇရပ်ပြိုလဲ သကဲ့သို့ကြားရ၏။ နောက်ကလဲ လူလျှေက်နေသကဲ့သို့ ထင်ရ၏ ။ပုတီး ဆက်စိပ်နေ၏ ။ ပုတီးပတ် ၁၅ ပါတ်ပြီ်သောအခါ နံနက် ၄ နာရီ ခန့် ရှိနေ၏။ထိုအခိုက် လေတိုက်လာ၍ ဖယောင်းတိုင် ငြိမ်းသွား၏ “ဂျိန်း ဂျိန်း မည်သံကြား၍ ကြည့်လိုက်သော်အခါ ၁၀ လက်မခန့် တံခါး ပြီးပွင့်နေသည်ကိုတွေ့လိုက်ရ၏ ။ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ဂူ အတွင်းမှ အလင်းရောင် ထွက်နေပြီး လင်းထိန်နေ၏။ဖယောင်းတိုင် ငြိမ်းသွားသော်လည်း ဂူ အတွင်းမှ ထွက်သော အလင်းရောင်ကြောင့် အာလုံးကို မြင်နေရ သည်။လွယ်အိတ်၊ သင်းပိုင်၊ နှစ်ထပ် သင်္ကန်းကို ယူ၍ ဂူပေါက်ထဲသို့ ဘေးစောင်း ဝင်လိုက်၏ ။ချောင်ချောင် ဝင်နိုင်၏။ အပြင်တွင် အေးသလောက် အထဲတွင် နွေးနေ၏။လျောင်းတော်မူနေသော အရှင်ကဿပ ထံ ချဉ်းကပ်လျှက်အားပါးတစ်ရ ဝပ်တွား၍ သက်စေ့ အကြီမ်ပေါင်း ၃၀ ၊ တည်ခြင်း ငါးဖြာဖြင့် ဝပ်ချ၏။ ပရိကံ ယူပြီး ပုတီး ၂၇ ပါတ် စိတ်၏။(၁၃၁၆ ခု တပို့တွဲ လဆန်း ၅ ရက် သောကြာနေ့ နံက့် ၉:၄၅)အလောင်းတော်မှာ ကျောက်ညိုပြားပေါ်၌ ပက်လက်ရှိ နေ၏။ထို ထု ၁ တောင်၊ အလျား ၉ တောင်၊ အနံ ၄ တောင်၂ မိုက်ရှိ ကျောက်ညိုပြားပေါ်တွင် ပတ္တမြား မြ စိန် ပုလဲ စသော ရတနာ အပြည့် ရှိ၏။ရောင်စဉ်များ တစ်ဖြတ်ဖြတ်နှင့် တောက်ပ ဖျာထွက်နေ၏။ဝတ်ရုံထားသော သင်္ကန်းမှာ သစ်ခေါက်အရောင်ဆိုး ဖြစ်၍ ဆွေးမြေ့နေ၏ ။ ဦးခေါင်းတော်တွင် ဆံအုံက ဆန်ကောဝိုင်း ပမာဏရှိ၍ ရှုပ်ထွေးနေ၏။နဖူးပေါ်ကျ နေသော ဆံတော်ကို တိုင်းကြည့်ရာ ၅ တောင်နှင့် လက် ၃ လုံး ရှိ၏။မျက်လုံး မှိတ် နေ၏။ နထင်နရင်းများ မကျပေ။ လူရှင်တစ်ယောက် အိပ်နေသကဲ့သို့ ဖြစ် ၏။နှုတ်ခမ်းမွှေများလည်း ရှည်ထွက်နေကြ၏။ ခြေ ၊လက် များက လူရှင် သကဲ့သို့ကွေး၍ရ၏။အသားအရေ ကလည်း ပျော့ပြောင်း နေ၏။ လက်သည်း ၂ လက်မခန့် ရှည်နေ၏။ ဘုရားထုရန် လက်သည်းများ ညှပ်ယူခဲ့၏။ခြေသည်းများလည်း ရှည်နေသဖြင့်ဖြတ်ပေး၏။အလွန် ပီတိဖြစ်၍ ကြည်ညိုလှသဖြင့် နှစ်ထပ် သင်္ကန်ကြီးကို လွှမ်းလှူလိုက်၏။ အလျားလိုက် လွှမ်းက ဒူးဆစ်အောက် ခန့်သာ ရောက်၏။အနံလိုက် လွှမ်းသောအခါ ခြေသလုံး သုံးချိုးတစ် ချိုး လောက် အထိကျ၏။ အလွန်အံ့သြမိ၏ ။ ကိုယ်တောကြီး အရပ် ၆ တောင် ၁ ထွာနှင့် လက် ၃ လုံး ရှိ၏ ။မြေသပိတ်တော်က၊ သပိတ်ဖုံး၊ သပိတ်ခြေ မရှိ ။အဝမှာ ၂ တောင်ပြည့်ရန် လက် ၁ လုံးလျော့၏ ။ ကိုယ်တော် နှင့် ၃ တောင် အကွာတွင် အမြဲ လင်းနေသော ကျောက်ဖယောင်း တိုင်ကြီး ၃ တိုင်က လူ့တစ်ရပ်ခန့် မြင့် ၏။လုံးပတ် ၂ ထွာနှင့် လက် ၁ အုပ် ရှိ၏။ အောက်ခြေတွင် အင်တုံပက်ကြီးများ ခံထား၏။ခေါင်းရင်း တွင် လှည်းဘီးခန့် ပန်းဆိုင်းကြီး ၂ ခုကို တွဲလွဲ ဆွဲ ထား၏။ လတ်ဆတ်သော ပန်းနံ့များ လိုဏ်ဂူ အတွင်း မွှေး ပျံ့နေ၏။ကြားဖူး ထားသည်မှာ ဂူပေါက်အဝင် ဝ ရေစီးကြောင်းတွင် သစ်သားပြား အပေါ် လှူ ရန် ရတနာပစ္စည်း တင်ပြီးမျှောပါက ပြန်ထွက်လာ သောအခါ ထိုရတနာ ပစ္စည်း ပြန်ပါမလာဟု ကြားဖူး၏ ။ နတ်များက ဆောင်ဟန်တူ၏ ။ဤနည်းဖြင့် လှူ ဒါန်း ထားဟန်ရှိသော ရွှေဆွဲကြိုး လက်ကော်လက်စွပ် ခြေကျင်း နားဋောင်း ရွှေပြား ငွေပြား များမှာ လှည်း ၅ စီးတိုက်ခန့် ရှိမည် ထင်၏ ။ရွှေ ငွေ ပန်းခိုင် တံခွန် ကုက္ကား များက ငါးဆယ် ခန့် ရှိမည်။ကြေးစည် အကြီး အသေး အထပ်က လူ့တစ်ရပ်ခန့် ရှိမည်။ ရွှေခွက် ငွေခွက် များလည်း အများအပြားတွေ့ရ၏ ။မျက်နှာကြက်တွင် ရုပ်သေးရုပ်များ ကျောက်မောင်းများ တွဲလွဲ ကျနေ၏ ။ရှင်သူငယ် အလင်း အပေါက်မှာ ၂ တောင်ခန့် ကျယ်၍ အမြင့် ပေ ၂၀ ခန့်၌ ရှိ၏။ ထိုအပေါက်မှ နေရောင်ဝင်၏ ။ နံရံများ တွင် ရွှေချထားသော ဘုရားပုံတော်များ ကွက်တိ ကွက်ကြား ရှိနေသေး၏ ။ဂူကြီးမှာ အလျား ၄၇ တောင် အနံ ၃၇ တောင် ခန့် ရှိ၏။ရွှေပုံ ကြီး နေရာတွင် ဆက်တိုင်း၍ မရတော့ပါ။ ကြည်ညို စိတ်ဖြင့် တိုင်းထွာချိန် တစ်ရီ နာရီ ကျော်သွား၏ ။ ငှက်ပျောတစ်ဖီး ရေဆေး၍ ဆွမ်းကပ်လှုလိုက်၏ ။ပီတိ ထောမနဿ ဖြင့် အဓိဋ္ဌာန် စခန်းကို ဆက်ရပါတော့မည် ။တစ်သက်မှာ တစ်ခါ ရခဲလှသော အလောင်းတော် ကဿပ ဂူ အတွင်း ဝင်ရာက် ဖူးမျော်ခဲ့ရသော အရှင် ဝါယမာ ဘဝံသ ၏ ကိုယ်တွေ့ မှတ်တမ်းသာဖြစ်ပါ၏ ။ဆရာတော်ကြီးသည် သက်တော် ၁၀၀ တွင် ထွက်လမ်း သို့ မြန်း တော့မည်ဖြစ်သည် ။ယခုအခါ သက်တော် ၉၃ နှစ် ရှိပါပြီ ။ အမရပူရမြို့ ကျော်အောင် စံထားကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်တော်မူလျှက်ရှိ၏ ။ကျွနု်ပ် ရေးခဲ့ပြီးသော အလောင်း တော် ကဿပ လှိုဏ် ဂူဝ မှ ထူးဆန်းသော အလှုတော် ကို ဖတ်ပြီး မယုံနိုင် သေးသူများ အတွက် ဤဖြစ်ရပ်မှန်ကို တင်ဆက်လိုက်ရပါသည်။အလောင်းတော် ကဿပ အလွမ်းစာကျွန်ုပ်သည် အလောင်းတော် ကဿပ လှိုင်ဂူတော် အတွင်း ဝင်ရောက်နိုင်ခဲ့ပြီး၄၅ ရက် အဓိဌာန် ပုတီးအားလုံးပြီး၍ အဓိဌာန် ချပြီး ကုသိုလ်အဘို့ကို ၃၁ ဘုံသား တို့အား စုံစုံလင်လင် အမျှပေးဝေလိုက်သောအခါတစ်တောလုံး တစ်တောင်လုံး ပဲ့တင် ထပ်အောင် သာဓုခေါ်သံများ ကြားရတော့၏။သာဓုသံများသည် ၅ မိနစ်ခန့်ကြာသည် အထိ ကြားနေရ၏။အသံများငြိမ်သွားသောအခါ အလောင်တော် ကဿပ အား လှူဒါန်းထား သော နှစ်ထပ် သင်္ကန်းကြီးကိုခါ၍ သေသပ်စွာ ခြုံပေးပြီး ကိုယ်တော်မြတ်ကြီးရှေ့တွင် ပရိတ်များ၊ဘုရားရှိခိုး ဂါထာ ၁၀၀ ကျော်ဖြင့် အားရအောင် ရှစ်ခိုးပြီး ၅၂၈ သွယ် မေတ္တာပို့ ကောင်းမှု့များကို အမျှဝေပြီး နံနက် ၆ နာရီထိုးပေပြီ။အားရစွာ ကန်တော့ပြီး နောက်လှည့်ကြည့် လိုက်သောအခါ လူတစ်ယောက်ကိုတွေ့ရ၏။ ”အသင်ဘယ်သူလဲ ” ဟုမေးတော့ ” ဤတောင်စောင့်နတ်ပါ ” ဟုပြော၏။ ထိုနတ်က ” တပည့်တော် အရှင်မြတ်ကို ပြစ်မှားမိသမျှ တောင်းပန်ပါတယ် ” ဟုပြောပြီး ငိုတော့၏။“ဘာပြုလိုငိုတာလဲ ” မေးတော့ “အရှင်ဘုရားက ဒီနေ့ပြန်မှာ ဆိုတော့ တပည့်တော်တို့မှာ ဝမ်းနည်းလွန်းလို့ပါ ဘုရား ” ဟုဆိုပြီးငို တော့၏။ကျွန်ုပ်က တရားဟောပြီး နှစ်သိမ့်ရ၏။ ကိုယ်က အလောင်းတော်ကဿ ပ ကိုယ်တော်ကြီး နှင့် ခွဲရမှာမို့စိတ်မကောင်းဖြစ်နေတဲ့အထဲ သူကလာငိုနေပြန်၏။ စိတ်ကိုထိန်းချုပ်ထားရ၏။ စိတ်မကောင်းဖြစ်မိ၏။အားတင်း၍ ကိုယ်တော်မြတ်ကြီးကို ကန်တော့ ဆုတောင်းပြီး အပေါက်ဝဘက် လှည့်လိုက်၏။ထိုအခိုက် ဝင်းခနဲဖြစ်သွား၍ ကိုယ်တော်မြတ်ကြီး ဘက်လှည့်၍ကြည့်လိုက် သောအခါရောင်ခြည်တော်မှာ အလောင်း တော် ကဿပ ဦးခေါင်တော်မှ တစ်ဖြတ်ဖြတ် လက်ကာ ထွက်ပေါ်နေခြင်း ဖြစ်၏။ ကျွနု်ပ်က ပြန်လှည့်လာပြီး လက်အုပ်ချီ၍ ဖူးနေမိ၏။ရောင်ခြည်တော်မှာ ခေါင်းတော်မှ ရင်ဘတ်တော်၊ ရင်ဘတ်တော်မှ ညာလက်တော်၊ညာလက်တော်မှ ဘယ် လက်တော်၊ ဘယ်လက်တော်မှ ဝမ်းတော်၊ ဝမ်းတော်မှ ပေါင်တော် ၊ခြေသလုံးတော်၊ ခြေဖျားတော်များ တိုင်အောင် အစဉ်လျှောက်ပြီး လူးလားခေါက်ပျံ ပြုနေ၏။ကျွနု်ပ်လည်း ဖူး၍ မဝအောင်ဖြစ်နေမိ၏။ အလင်း ရောင်ခြည်တော်သည်အစိမ်းရောင်နှင့် အဖြူရောင်များဖြစ် ၏။ မီးညွှန့် ကဲ့သို့ တစ်ဖြတ်ဖြတ်နှင့် တောက်ပနေ၏။ နောက်ဆုံး ခြေဖျားတော် ရောက်မှ ပျောက်သွားလေ၏။ပေါ်လာလေဦ းမလား ဟု စောင့်ကြည့် နေသေး၏။ နောက်ဆုံး ပေါ်မလာတော့မှ အပေါက်ဘက်ထွက်လာတော့၏။ဂူပေါက်ဝ အပြင်လည်း ရပ်လိုက်ရောအောင်ပြီ အောင်ပြီ အောင်ပြီ ဟူသော အသံကြီး သုံးခွန်း အော်သံ ကြားရ၏။ကျွန်ုပ်မှာ ကြက်သီးများ တစ်ဖြန်းဖြန်း ထနေမိတော့၏။ဤမှတ်စုကို ဖတ်မိသော သူတော်ကောင်း အပေါင်းတို့ကိုလည်း ကျွန်ုပ်က အမျှပေးဝေပါ၏။အမျှရ၍ ကျန်းမာ ချမ်းသာခြင်း သည် ဟောတု ဖြစ်ကြပါစေကုန်သတည်း။ကုသိုလ် အမျှ အမျှ အမျှ ။အရှင်ဝါယာမာဘိဝံသသာဓု သာဓု သာဓု ပါ အရှင်မြတ်ကြီးဘုရား..။

Credit – ထွဋ်ခေါင်ဦး

[zawgyi]

အမရပူရၿမိဳ႕ သတၱမေျမာက္ ေက်ာ္ေအာင္စံထား ဆရာေတာ္ အရွင္ ဝါယမာဘိဝံသ သည္ ၁၃၁၆ ခု တပို႔တြဲ လဆန္း ၁ ရက္ေန႔တြင္ အေလာင္းေတာ္ ကႆပ လႈိဏ္ဂူရွိရာသို႔ စတင္ ခရီးထြက္လာ၏။သက္ေတာ္ ၃၁ ႏွစ္။ကပိုင္မွ တစ္ဆင့္ ေတာႀကီး အတြင္းသို႔ေျခလွ်င္ ႂကြခဲ့၏။ ေခ်ာင္းမႀကီးကို ျဖတ္ေက်ာ္ၿပီး လူသြားလမ္းေလး အတိုင္းလာခဲ့ရာ သစ္ပင္ကြယ္မွ ေခြးတစ္ေကာင္ ထြက္လာၿပီး ေရွ႕တည့္တည့္မွ လမ္းျပသြား၏။ေနာက္က်ေနလွ်င္ ေစာင့္၏။ ေၾကးစည္သံ ၾကားရ၍ ဘုရား အာ႐ုံေရာက္၏။ ရဟႏၲာ အရွင္ျမတ္ႀကီး ပရိနိဗၺာန္ျပဳေနပုံ အာ႐ုံတြင္ ဖူးရ၏။ထိုေနရာမွ ေအာက္ လႈိဏ္ဂူသို႔ ေက်ာက္တုံးမ်ား နင္းၿပီး ဆင္းလာခဲ့၏။ ေမွာင္ေန၍ စမ္းတစ္ဝါးဝါးျဖင့္သာ။ ေအာက္သို႔ေရာက္လ်င္ လႈိဏ္ဂူဝကို ေက်ာက္တုံးႀကီး တစ္ခုက လွ်ာထိုးသကဲ့သို႔ ပိတ္ေန၏ ။ေရစီးေၾကာင္း တစ္ခုက ေက်ာက္တုံးႀကီး ေအာက္ေျခအတြင္း စီးဝင္သြားၿပီး တစ္ဖက္မွ ျပန္ထြက္ လာ၏။ထိုေရစီးေၾကာင္းမ်ား ၾကားတြင္ ေရသႏုပ္ သင္းပိုင္ ကို ခင္းၿပီး ရွိခိုး၏။ အမွ်ေဝ၏။ အလင္းတိုင္ ၃ တိုင္ မီးပူေဇာ္၏ ။သစၥာျပဳ၍ ပုတီး ၂ ပတ္ စိပ္၏ ။ ဂူအေပါက္က လႈပ္ေန၏ ။ေဆာင္းတြင္းျဖစ္ေသာ္လည္း ဂူတြင္ ေႏြးေန၏ ။ခရီးပန္းလာ၍ ေခတၱ အိပ္လိုက္၏။ ႏိုးလာ ေသာအခါ ည ၁၂ နာရီ ရွိေန၏။၊” သုဂေတာ ငါးခ်က္ ဂါထာ ကို ယေန႔မွ ၄၅ ရက္ အတြင္း ပတ္ေရ ကိုးေထာင္ ျပည့္ေအာင္ စိပ္ပါမည္ဟု သစၥာ အဓိ႒ာန္ျပဳ ၏ ။မွန္ကန္ေသာ သစၥာ စကားျဖစ္ပါက ၇ ရက္ အတြင္း ဂူ ပြင့္၍ အထဲဝင္ၿပီး ပုတီး စိပ္ႏိုင္ပါေစသား ဟု ပ႒ာနျပဳလိုက္၏။ ထိုအခါဂူႀကီး တစ္ျဖစ္ျဖစ္ ျမည္သြားေလ၏ ။ဂူအမိုးက ေက်ာက္စက္ေရမ်ား က်ေန၏။ လင္းႏို႔ေခ်း နံ႔ ဆိုး႐ြား လွ၏။ သန္းေခၚေက်ာ္၌ ေအးစိမ့္လာ၏ ။ႏွစ္ထပ္ သခၤန္းႀကီး ၿခဳံ ထားသျဖင့္ ခံႏိုင္ေသး၏ ။ပုတီး ၆ ပါတ္စိတ္အၿပီး ဂူအဝတြင္ လမ္းေလွ်ာက္၍ စိပ္၏ ။ဖေယာင္းတိုင္ ထြန္းထာ၍ ျမင္ရ၏ ။ က်ား ဟိန္းသံမ်ား ေႁမြတြန္သံမ်ား ပီပီသသ ၾကားရ၏ ။ခႏၶာကိုယ္ကို ဘုရားလႉ ထားၿပီ ျဖစ္၍ေသ႐ုံအျပင္ မပိုႏိုင္ဟု စိတ္တင္းထားၿပီး ပုတီးကိုသာ တြင္တြင္စိတ္ ၏ ။ပုတီး ၁၀ ပါတ္ ရေသာအခါ ေမတၱာပို႔ အမွ်ေဝ လိုက္၏ ။သာဓု ေခၚသံမ်ား ေတာေတာင္ တစ္ခုလုံး ဆူညံစြာ ၾကားရ၏ ။ပတ္ဝန္းက်င္မွာ နတ္ေတြ ရွိသားပဲဟု အားတက္လာ၏။ နံနက္ ေလးနာရီတြင္သုဂေတာ ၅ ခ်က္ ထပ္မံ စိတ္ျပန္၏ ။ နံနက္လင္းေသာ္ ေမတၱာပို႔ အမွ်ေဝ၏။မ်က္ႏွာသစ္ၿပီး စားစရာ ရႈာ ရ၏ ။ ဂူအထက္ ေျမာက္ဘက္သို႔သြားေသာ္ ငွက္ေပ်ာ ေတာႀကီး ေတြ႕ရ၏ ။ ငွက္ေပ်ာသီးမွည့္ ၂ ဖီး ခူးလာ၏ ။ေရေဆးၿပီး ဆြမ္းေတာ္ကပ္၍ ၃ လုံး စားလိုက္၏။ စားၿပီးလွ်င္ ေရခ်ိဳးသင္းပိုင္ေနလွန္း ဧကသီကို တစ္ပိုင္းဝတ္ တစ္ပိုင္းၿခဳံၿပီး ေနပူဇာ လႈံရင္း ပုတီးစိတ္၏ ။ည ၁၂ နာရီ ထိုးေသာအခါ ပုတီး အပါတ္ေရ ေပါင္း ၃၆ ပါတ္ရ၏ ။ ေမတၱာပို႔ အမွ်ေဝၿပီး အိပ္လိုက္၏။ တစ္ခ်က္ခြဲေသာ္ ႏိုးလာၿပီး ပုတီး ဆက္စိပ္၏ ။၃ ပါတ္ေလာက္ ေရာက္ေသာအခါ ေနာက္ ေက်ာကို တြန္းလိုက္သလို ခံစားရၿပီး ေရွ႕စိုက္သြား၏။ နဖူးႏွင့္ ေျမ မထိေအာင္ ထိန္းထားရ၏။လွည့္ၾကည့္ခ်င္ေသာ္လည္း ဓိ႒ာန္ ထားေသာေၾကာင့္ သည္းခံလိုက္ရ၏။ ဆက္စိပ္၏။ခင္းထိုင္ထားေသာ သင္းပိုင္ႏွင့္ အတူ လူပါႂကြတက္လာၿပီး အထက္ေျမာက္ေနသည္ဟု ထင္ရ၏ ။ပုတီးပါတ္ေရ မပ်က္ေအာင္ အေတာ္ သတိထားရ၏ ။တစ္ဖန္ ေရသႏုပ္ သင္းပိုင္က ပူလာ၏ ။ ထိုင္ခြင္ ဖ်က္ ခ်င္ ေလာက္ေအာင္ ပူလာေသာ္လည္း ဆက္စိပ္၏ ။၉ ပါတ္ရ၍ အဓိ႒ာန္ခ်ၿပီး ေမတၱာပို႔ အမွ်ေဝလိုက္ရာ ယက္ဟက္ပက္ပက္ ရယ္သံမ်ား ၾကားရ၏ ။၃ နာရီ ထိုးခါနီးၿပီ ။ ဆက္ၿပီး ၉ ပါတ္စိပ္၏ ။ ၃ ပါတ္ေလာက္ ေရာက္ေသာအခါ ေရွ႕တည့္တည့္က ဝင္းကနဲျ ဖစ္သြား၏။ မ်က္လုံး ဖြင့္ၾကည့္မိ၏။ဝင္းလက္ေတာက္ပၿပီး ႏြားမ်က္လုံးေလာက္ မ်က္လုံးႏွစ္လုံး ကိုေတြ႕ရ ၏ ။ စူးရွေသာ အလင္းေရာင္ေၾကာင့္ မ်က္လုံး ဖြင့္လိုက္ ပိတ္လိုက္ လုပ္ၿပီးစိတ္ရ၏ ။အလင္းေရာင္က ေရွ႕ တိုးလာလိုက္ ေနာက္ဆုတ္လိုက္ျဖင့္ မ်ားစြာေႏွာင့္ယွက္ေန၏။ ျဖစ္ခ်င္ရာျဖစ္ ပုတီးေတာ့ အပ်က္မခံႏိုင္ဆိုၿပီး အထူးဂ႐ုစိုက္ စိပ္ေန၏ ။ပုတီး ၉ ပါတ္ျပည့္ေသာအခါ ထိုင္ခြင္ျဖဳတ္၍ ေက်ာခ် အေညာင္း ဆန႔္မိ၏ ။ပက္လက္ ေစာင္းလွ်က္ ဘာမွမျဖစ္။ ေမွာက္လိုက္ ေသာအခါ ေက်ာေပၚ ခြစီးထားသလိုျဖစ္ၿပီး မထႏိုင္ေတာ့ေခ် ။ ပုတီးဆက္စိပ္ေန၏ ။ပုတီး ၃ ပါတ္ရေသာအခါ တစ္ကိုယ္လုံး ေပါ့ပါး သြား၏။ အာ႐ုံ လာခါနီးတြင္ ပုတီး ဆက္စိပ္၏။ ေမာသလိုျဖစ္လာေသာ္လည္း ဆက္စိပ္၏ ။၆ ပါတ္ခန္ ရေနခ်ိန္တြင္ လူဘယ္လိုျဖစ္သြားမွန္း မသိ။ကိုယ္ေတာ္ ထ ထ ဟု အသံၾကားရ၍ ၾကည့္လိုက္ ေသာအခါ ဘုန္းေတာ္ႀကီး တစ္ပါးက ကြၽႏုပ္ ေခါင္း လက္ ရင္ဘတ္ တို႔ကို ေဆးလူး ေပးေနသည္ကို ေတြ႕ ရ၏ ။ ”ဘာျဖစ္လို႔ပါလဲ ဘုရား ဟု ေမးလိုက္ ေသာအခါ ”ဒီ အေလာင္းေတာ္ ကႆပ ေတာစိုး နတ္ က ေကာင္း တာ က်င့္ ေနတာကို မႀကိဳက္ ။ အရက္ေသာက္ ၊ ကာမ အေၾကာင္း ေျပာသူေတြမွ သေဘာက်တာ။ကိုယ္ေတာ္ေလးက ေမတၱာပို႔ ။ အမွ်ေဝ။ နတ္မ်ားက ေမတၱာခံယူၾက ဖူးေမ်ာ္ၾကေတာ့ သုတို႔မေနႏိုင္ဘူး ။နတ္မ်ား ရွင္းတဲ့အခိုက္ မူးေမ့ ထုံထိုင္းေစတဲ့ အသီးမ်ားကို ေလ အထက္က အခိုးလႊတ္ၿပီး မူးေမ့ေစတယ္။တပည့္ေတာ္သိလို႔သာေပါ့။ ႏို႔မို႔ မလြယ္ဘူး ။ မွတ္ ေလာက္သားေလာက္ေအာင္ ဆုံးမရမယ္ ဟုေျပာ၏။ဘယ္ကႂကြလာေၾကာင္း ေမးေလ်ာက္ရာေျမာက္ဘက္ မိုင္ ၃၀ ေလာက္ေဝးတဲ့ ေတာမွာ သီတင္းသုံးတဲ့ မဟာၿမိဳင္ ဆရာေတာ္ ျဖစ္ေၾကာင္သိရ၏ ။ပၪၨင္းေလး အဓိ႒ာန္ေၾကာင့္ မနက္ျဖန္ အာ႐ုဏ္တက္ေလာက္မွာ ဂူေပါက္ပြင့္ လိမ့္မယ္ ။ နမကၠာရ ထဲက…” တဟႎ တဟႎ ပါရမီ သၪၥရံ စရံ ၊ သဗၺိသုခ ပဒံ ပဒံ ၊နရာ နရာနံ သုခံ သမၻဝံ ဘဝံ ၊ နေမာ နမာနံ ဇိန ပုံဂံ ဂဝံ “ဂါထာ ကို ဂူေပါက္မွာ ထိုင္ၿပီး ၉ ပါတ္ စိပ္ပါ။ ၿပီးမွ အဓိ႒ာန္ ပုတီး ဆက္စိပ္ရန္ မွာ၏ ။ည ၁၁ နာရီ ထိုးခါနီးတြင္ ျပန္ ႂကြသြား၏။ ေရွ႕မွာတင္ ေပ်ာက္ သြား၏ ။အံ့ၾသေနမိ၏။ငွက္ေပ်ာသီး ၂ လုံးစား၏ ေရေသာက္ၿပီး ေရခ်ိဳးလိုက္၏ ။ေတာစိုးနတ္ႀကီးကို ေက်းဇူးတင္မိ၏ ။ သူ႔ေၾကာင့္သာ မဟာၿမိဳင္ ကိုယ္ေတာ္ႀကီးနဲ႔ေတြ႕ရ၏ ။ေက်းဇူးတင္မဆုံး ျဖစ္မိ၏ ။ဂူဝေရွ႕ တြင္ သုဂေတာ ၅ ခ်က္ ၁၂ ပါတ္စိပ္၏ ။(တဟႎ တဟႎ) ၉ ပါတ္ စိပ္၏ ။ ညေနပိုင္းတြင္ ထိုင္လွ်က္ ထလွ်က္ ပုတီးစိပ္၏။ ၁၅ ပါတ္ရ၏ ။ ညပိုင္းတြင္ ဖေယာင္းတိုင္ ထြန္း၏ ။ေနာက္ေန႔ နံနက္ ဂူေပါက္မွာ ( တဟႎ တဟႎ) ပုတီး ၉ပါတ္ စိပ္၏ ။ၿပီးလွ်င္ သုဂေတာ ၅ ခ်က္ ဆက္စိပ္၏။အာ႐ုံ ထဲတြင္ ဘုရားေလးဆူ ဝန္းရံေနပုံ ဖူးရ၏ ။သုဂေတာ ၁၈ ပါတ္ အၿပီး ဂူေပါက္ဝမွ လွ်ပ္စီး လက္သလို ဝင္းခနဲ ျဖစ္သြား၍ ကြၽႏ္ုပ္ ေနာက္လန္သြား၏ ။ည ပိုင္းတြင္ ပုတီး ၉ ပါတ္ရ၏ ။ ဂူထိပ္က ေႁမြဆင္းလာသကဲ့သို႔ တစ္ေဝါေဝါ အသံၾကားရ၏။ ၅၅၅႒ ။ေတာင္ထိပ္က ဇရပ္ၿပိဳလဲ သကဲ့သို႔ၾကားရ၏။ ေနာက္ကလဲ လူေလွ်က္ေနသကဲ့သို႔ ထင္ရ၏ ။ပုတီး ဆက္စိပ္ေန၏ ။ ပုတီးပတ္ ၁၅ ပါတ္ၿပီ္ေသာအခါ နံနက္ ၄ နာရီ ခန႔္ ရွိေန၏။ထိုအခိုက္ ေလတိုက္လာ၍ ဖေယာင္းတိုင္ ၿငိမ္းသြား၏ “ဂ်ိန္း ဂ်ိန္း မည္သံၾကား၍ ၾကည့္လိုက္ေသာ္အခါ ၁၀ လက္မခန႔္ တံခါး ၿပီးပြင့္ေနသည္ကိုေတြ႕လိုက္ရ၏ ။ဝမ္းသာလိုက္သည့္ျဖစ္ျခင္း။ဂူ အတြင္းမွ အလင္းေရာင္ ထြက္ေနၿပီး လင္းထိန္ေန၏။ဖေယာင္းတိုင္ ၿငိမ္းသြားေသာ္လည္း ဂူ အတြင္းမွ ထြက္ေသာ အလင္းေရာင္ေၾကာင့္ အာလုံးကို ျမင္ေနရ သည္။လြယ္အိတ္၊ သင္းပိုင္၊ ႏွစ္ထပ္ သကၤန္းကို ယူ၍ ဂူေပါက္ထဲသို႔ ေဘးေစာင္း ဝင္လိုက္၏ ။ေခ်ာင္ေခ်ာင္ ဝင္ႏိုင္၏။ အျပင္တြင္ ေအးသေလာက္ အထဲတြင္ ေႏြးေန၏။ေလ်ာင္းေတာ္မူေနေသာ အရွင္ကႆပ ထံ ခ်ဥ္းကပ္လွ်က္အားပါးတစ္ရ ဝပ္တြား၍ သက္ေစ့ အႀကီမ္ေပါင္း ၃၀ ၊ တည္ျခင္း ငါးျဖာျဖင့္ ဝပ္ခ်၏။ ပရိကံ ယူၿပီး ပုတီး ၂၇ ပါတ္ စိတ္၏။(၁၃၁၆ ခု တပို႔တြဲ လဆန္း ၅ ရက္ ေသာၾကာေန႔ နံက့္ ၉:၄၅)အေလာင္းေတာ္မွာ ေက်ာက္ညိဳျပားေပၚ၌ ပက္လက္ရွိ ေန၏။ထို ထု ၁ ေတာင္၊ အလ်ား ၉ ေတာင္၊ အနံ ၄ ေတာင္၂ မိုက္ရွိ ေက်ာက္ညိဳျပားေပၚတြင္ ပတၱျမား ျမ စိန္ ပုလဲ စေသာ ရတနာ အျပည့္ ရွိ၏။ေရာင္စဥ္မ်ား တစ္ျဖတ္ျဖတ္ႏွင့္ ေတာက္ပ ဖ်ာထြက္ေန၏။ဝတ္႐ုံထားေသာ သကၤန္းမွာ သစ္ေခါက္အေရာင္ဆိုး ျဖစ္၍ ေဆြးေျမ့ေန၏ ။ ဦးေခါင္းေတာ္တြင္ ဆံအုံက ဆန္ေကာဝိုင္း ပမာဏရွိ၍ ရႈပ္ေထြးေန၏။နဖူးေပၚက် ေနေသာ ဆံေတာ္ကို တိုင္းၾကည့္ရာ ၅ ေတာင္ႏွင့္ လက္ ၃ လုံး ရွိ၏။မ်က္လုံး မွိတ္ ေန၏။ နထင္နရင္းမ်ား မက်ေပ။ လူရွင္တစ္ေယာက္ အိပ္ေနသကဲ့သို႔ ျဖစ္ ၏။ႏႈတ္ခမ္းေမႊမ်ားလည္း ရွည္ထြက္ေနၾက၏။ ေျခ ၊လက္ မ်ားက လူရွင္ သကဲ့သို႔ေကြး၍ရ၏။အသားအေရ ကလည္း ေပ်ာ့ေျပာင္း ေန၏။ လက္သည္း ၂ လက္မခန႔္ ရွည္ေန၏။ ဘုရားထုရန္ လက္သည္းမ်ား ညႇပ္ယူခဲ့၏။ေျခသည္းမ်ားလည္း ရွည္ေနသျဖင့္ျဖတ္ေပး၏။အလြန္ ပီတိျဖစ္၍ ၾကည္ညိဳလွသျဖင့္ ႏွစ္ထပ္ သကၤန္ႀကီးကို လႊမ္းလႉလိုက္၏။ အလ်ားလိုက္ လႊမ္းက ဒူးဆစ္ေအာက္ ခန႔္သာ ေရာက္၏။အနံလိုက္ လႊမ္းေသာအခါ ေျခသလုံး သုံးခ်ိဳးတစ္ ခ်ိဳး ေလာက္ အထိက်၏။ အလြန္အံ့ၾသမိ၏ ။ ကိုယ္ေတာႀကီး အရပ္ ၆ ေတာင္ ၁ ထြာႏွင့္ လက္ ၃ လုံး ရွိ၏ ။ေျမသပိတ္ေတာ္က၊ သပိတ္ဖုံး၊ သပိတ္ေျခ မရွိ ။အဝမွာ ၂ ေတာင္ျပည့္ရန္ လက္ ၁ လုံးေလ်ာ့၏ ။ ကိုယ္ေတာ္ ႏွင့္ ၃ ေတာင္ အကြာတြင္ အၿမဲ လင္းေနေသာ ေက်ာက္ဖေယာင္း တိုင္ႀကီး ၃ တိုင္က လူ႔တစ္ရပ္ခန႔္ ျမင့္ ၏။လုံးပတ္ ၂ ထြာႏွင့္ လက္ ၁ အုပ္ ရွိ၏။ ေအာက္ေျခတြင္ အင္တုံပက္ႀကီးမ်ား ခံထား၏။ေခါင္းရင္း တြင္ လွည္းဘီးခန႔္ ပန္းဆိုင္းႀကီး ၂ ခုကို တြဲလြဲ ဆြဲ ထား၏။ လတ္ဆတ္ေသာ ပန္းနံ႔မ်ား လိုဏ္ဂူ အတြင္း ေမႊး ပ်ံ႕ေန၏။ၾကားဖူး ထားသည္မွာ ဂူေပါက္အဝင္ ဝ ေရစီးေၾကာင္းတြင္ သစ္သားျပား အေပၚ လႉ ရန္ ရတနာပစၥည္း တင္ၿပီးေမွ်ာပါက ျပန္ထြက္လာ ေသာအခါ ထိုရတနာ ပစၥည္း ျပန္ပါမလာဟု ၾကားဖူး၏ ။ နတ္မ်ားက ေဆာင္ဟန္တူ၏ ။ဤနည္းျဖင့္ လႉ ဒါန္း ထားဟန္ရွိေသာ ေ႐ႊဆြဲႀကိဳး လက္ေကာ္လက္စြပ္ ေျခက်င္း နားေဋာင္း ေ႐ႊျပား ေငြျပား မ်ားမွာ လွည္း ၅ စီးတိုက္ခန႔္ ရွိမည္ ထင္၏ ။ေ႐ႊ ေငြ ပန္းခိုင္ တံခြန္ ကုကၠား မ်ားက ငါးဆယ္ ခန႔္ ရွိမည္။ေၾကးစည္ အႀကီး အေသး အထပ္က လူ႔တစ္ရပ္ခန႔္ ရွိမည္။ ေ႐ႊခြက္ ေငြခြက္ မ်ားလည္း အမ်ားအျပားေတြ႕ရ၏ ။မ်က္ႏွာၾကက္တြင္ ႐ုပ္ေသး႐ုပ္မ်ား ေက်ာက္ေမာင္းမ်ား တြဲလြဲ က်ေန၏ ။ရွင္သူငယ္ အလင္း အေပါက္မွာ ၂ ေတာင္ခန႔္ က်ယ္၍ အျမင့္ ေပ ၂၀ ခန႔္၌ ရွိ၏။ ထိုအေပါက္မွ ေနေရာင္ဝင္၏ ။ နံရံမ်ား တြင္ ေ႐ႊခ်ထားေသာ ဘုရားပုံေတာ္မ်ား ကြက္တိ ကြက္ၾကား ရွိေနေသး၏ ။ဂူႀကီးမွာ အလ်ား ၄၇ ေတာင္ အနံ ၃၇ ေတာင္ ခန႔္ ရွိ၏။ေ႐ႊပုံ ႀကီး ေနရာတြင္ ဆက္တိုင္း၍ မရေတာ့ပါ။ ၾကည္ညိဳ စိတ္ျဖင့္ တိုင္းထြာခ်ိန္ တစ္ရီ နာရီ ေက်ာ္သြား၏ ။ ငွက္ေပ်ာတစ္ဖီး ေရေဆး၍ ဆြမ္းကပ္လႈလိုက္၏ ။ပီတိ ေထာမနႆ ျဖင့္ အဓိ႒ာန္ စခန္းကို ဆက္ရပါေတာ့မည္ ။တစ္သက္မွာ တစ္ခါ ရခဲလွေသာ အေလာင္းေတာ္ ကႆပ ဂူ အတြင္း ဝင္ရာက္ ဖူးေမ်ာ္ခဲ့ရေသာ အရွင္ ဝါယမာ ဘဝံသ ၏ ကိုယ္ေတြ႕ မွတ္တမ္းသာျဖစ္ပါ၏ ။ဆရာေတာ္ႀကီးသည္ သက္ေတာ္ ၁၀၀ တြင္ ထြက္လမ္း သို႔ ျမန္း ေတာ့မည္ျဖစ္သည္ ။ယခုအခါ သက္ေတာ္ ၉၃ ႏွစ္ ရွိပါၿပီ ။ အမရပူရၿမိဳ႕ ေက်ာ္ေအာင္ စံထားေက်ာင္းတိုက္တြင္ သီတင္းသုံး ေနထိုင္ေတာ္မူလွ်က္ရွိ၏ ။ကြၽႏု္ပ္ ေရးခဲ့ၿပီးေသာ အေလာင္းေတာ္ ကႆပ လႈိဏ္ ဂူဝ မွ ထူးဆန္းေသာ အလႈေတာ္ ကို ဖတ္ၿပီး မယုံႏိုင္ ေသးသူမ်ား အတြက္ ဤျဖစ္ရပ္မွန္ကို တင္ဆက္လိုက္ရပါသည္။အေလာင္းေတာ္ ကႆပ အလြမ္းစာကြၽႏ္ုပ္သည္ အေလာင္းေတာ္ ကႆပ လႈိင္ဂူေတာ္ အတြင္း ဝင္ေရာက္ႏိုင္ခဲ့ၿပီး၄၅ ရက္ အဓိဌာန္ ပုတီးအားလုံးၿပီး၍ အဓိဌာန္ ခ်ၿပီး ကုသိုလ္အဘို႔ကို ၃၁ ဘုံသား တို႔အား စုံစုံလင္လင္ အမွ်ေပးေဝလိုက္ေသာအခါတစ္ေတာလုံး တစ္ေတာင္လုံး ပဲ့တင္ ထပ္ေအာင္ သာဓုေခၚသံမ်ား ၾကားရေတာ့၏။သာဓုသံမ်ားသည္ ၅ မိနစ္ခန႔္ၾကာသည္ အထိ ၾကားေနရ၏။အသံမ်ားၿငိမ္သြားေသာအခါ အေလာင္ေတာ္ ကႆပ အား လႉဒါန္းထား ေသာ ႏွစ္ထပ္ သကၤန္းႀကီးကိုခါ၍ ေသသပ္စြာ ၿခဳံေပးၿပီး ကိုယ္ေတာ္ျမတ္ႀကီးေရွ႕တြင္ ပရိတ္မ်ား၊ဘုရားရွိခိုး ဂါထာ ၁၀၀ ေက်ာ္ျဖင့္ အားရေအာင္ ရွစ္ခိုးၿပီး ၅၂၈ သြယ္ ေမတၱာပို႔ ေကာင္းမႈ႕မ်ားကို အမွ်ေဝၿပီး နံနက္ ၆ နာရီထိုးေပၿပီ။အားရစြာ ကန္ေတာ့ၿပီး ေနာက္လွည့္ၾကည့္ လိုက္ေသာအခါ လူတစ္ေယာက္ကိုေတြ႕ရ၏။ ”အသင္ဘယ္သူလဲ ” ဟုေမးေတာ့ ” ဤေတာင္ေစာင့္နတ္ပါ ” ဟုေျပာ၏။ ထိုနတ္က ” တပည့္ေတာ္ အရွင္ျမတ္ကို ျပစ္မွားမိသမွ် ေတာင္းပန္ပါတယ္ ” ဟုေျပာၿပီး ငိုေတာ့၏။“ဘာျပဳလိုငိုတာလဲ ” ေမးေတာ့ “အရွင္ဘုရားက ဒီေန႔ျပန္မွာ ဆိုေတာ့ တပည့္ေတာ္တို႔မွာ ဝမ္းနည္းလြန္းလို႔ပါ ဘုရား ” ဟုဆိုၿပီးငို ေတာ့၏။ကြၽႏ္ုပ္က တရားေဟာၿပီး ႏွစ္သိမ့္ရ၏။ ကိုယ္က အေလာင္းေတာ္ကႆ ပ ကိုယ္ေတာ္ႀကီး ႏွင့္ ခြဲရမွာမို႔စိတ္မေကာင္းျဖစ္ေနတဲ့အထဲ သူကလာငိုေနျပန္၏။ စိတ္ကိုထိန္းခ်ဳပ္ထားရ၏။ စိတ္မေကာင္းျဖစ္မိ၏။အားတင္း၍ ကိုယ္ေတာ္ျမတ္ႀကီးကို ကန္ေတာ့ ဆုေတာင္းၿပီး အေပါက္ဝဘက္ လွည့္လိုက္၏။ထိုအခိုက္ ဝင္းခနဲျဖစ္သြား၍ ကိုယ္ေတာ္ျမတ္ႀကီး ဘက္လွည့္၍ၾကည့္လိုက္ ေသာအခါေရာင္ျခည္ေတာ္မွာ အေလာင္း ေတာ္ ကႆပ ဦးေခါင္ေတာ္မွ တစ္ျဖတ္ျဖတ္ လက္ကာ ထြက္ေပၚေနျခင္း ျဖစ္၏။ ကြၽႏု္ပ္က ျပန္လွည့္လာၿပီး လက္အုပ္ခ်ီ၍ ဖူးေနမိ၏။ေရာင္ျခည္ေတာ္မွာ ေခါင္းေတာ္မွ ရင္ဘတ္ေတာ္၊ ရင္ဘတ္ေတာ္မွ ညာလက္ေတာ္၊ညာလက္ေတာ္မွ ဘယ္ လက္ေတာ္၊ ဘယ္လက္ေတာ္မွ ဝမ္းေတာ္၊ ဝမ္းေတာ္မွ ေပါင္ေတာ္ ၊ေျခသလုံးေတာ္၊ ေျခဖ်ားေတာ္မ်ား တိုင္ေအာင္ အစဥ္ေလွ်ာက္ၿပီး လူးလားေခါက္ပ်ံ ျပဳေန၏။ကြၽႏု္ပ္လည္း ဖူး၍ မဝေအာင္ျဖစ္ေနမိ၏။ အလင္း ေရာင္ျခည္ေတာ္သည္အစိမ္းေရာင္ႏွင့္ အျဖဴေရာင္မ်ားျဖစ္ ၏။ မီးၫႊန႔္ ကဲ့သို႔ တစ္ျဖတ္ျဖတ္ႏွင့္ ေတာက္ပေန၏။ ေနာက္ဆုံး ေျခဖ်ားေတာ္ ေရာက္မွ ေပ်ာက္သြားေလ၏။ေပၚလာေလဦ းမလား ဟု ေစာင့္ၾကည့္ ေနေသး၏။ ေနာက္ဆုံး ေပၚမလာေတာ့မွ အေပါက္ဘက္ထြက္လာေတာ့၏။ဂူေပါက္ဝ အျပင္လည္း ရပ္လိုက္ေရာေအာင္ၿပီ ေအာင္ၿပီ ေအာင္ၿပီ ဟူေသာ အသံႀကီး သုံးခြန္း ေအာ္သံ ၾကားရ၏။ကြၽႏ္ုပ္မွာ ၾကက္သီးမ်ား တစ္ျဖန္းျဖန္း ထေနမိေတာ့၏။ဤမွတ္စုကို ဖတ္မိေသာ သူေတာ္ေကာင္း အေပါင္းတို႔ကိုလည္း ကြၽႏ္ုပ္က အမွ်ေပးေဝပါ၏။အမွ်ရ၍ က်န္းမာ ခ်မ္းသာျခင္း သည္ ေဟာတု ျဖစ္ၾကပါေစကုန္သတည္း။ကုသိုလ္ အမွ် အမွ် အမွ် ။အရွင္ဝါယာမာဘိဝံသသာဓု သာဓု သာဓု ပါ အရွင္ျမတ္ႀကီးဘုရား..။