ငါးခေါင်းချဉ်ရည် ပြုလုပ်နည်း

စာဖတ်သူတွေအတွက် မိုးအေးအေးလေးနဲ့ ငါးခေါင်းချဉ်စပ်ရည်လေး လုပ်စားလို့ရတဲ့ နည်းလေးမျှဝေပေးမယ်။ငါးခေါင်း ချဉ်ရည် ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်းများ – ငါးခေါင်း ငါးဗိုက်သား နှစ်ကောင်း။ မျှစ်ချဉ် တစ်ဆယ်သား။ငါးဖယ်ခြစ် တစ်ဆယ်သား။ ပဲငပိချဉ်စပ် နှစ်ဇွန်း။ ဂျင်း။ ကြက်သွန်ဖြူ ကြက်သွန်နီ တစ်လုံး။ ခရမ်ချဉ်သီး တစ်လုံး။ ပဲပြား နှစ်တုံး။ ရှမ်းနံနံ တစ်စီး။ ဗမာနံနံ တစ်စီး။ ဆီ အနဲငယ်။
ငရုပ်သီးစိမ်း နှစ်တောင့်။

ပြုလုပ်ရန် – ငါးခေါင်းတေ သန့်စင်ပြီး ဆား ဆနွင်း နယ်ထားပါ ။ မျှစ်ချဉ် ကို ငံပြာရည် နဲနဲထည့် ရေနဲ့ တည်ထားပါ ။ ကြက်သွန်ဖြူ ဂျင်း ထောင်းပြီး ဆီသက်ပါ ကျက်တော့ ပဲငပိ ကြက်သွန်နီ ခရမ်းချဉ်သီး များကို အတုံးလေးတေ လုပ် ထည့်ပါ။ ခဏမွှေပြီး ငါးတွေ ထည့်ပါ ။ ငါးဆီသက်ပြီး မျှစ်ချဉ် အိုးထဲ ထည့် ရောပါ ရေ လိုသလောက် လိုက်ပါ ။ ဆူအောင် တည်ပြီး ပဲပြား ထည့် အချိုငံမြည်း အချဉ် လိုအပ်လျှင် သံပုရာသီး ထည့် ရှမ်းနံနံ ဗမာနံနံ ငရုပ်သီးစိမ်း ခွဲ ထည့် သုံးဆောင် နိုင်ပါသည် ။ အကြာကြီး မတည်ရ ပါ ငါးတေ ကျေ ကုန် ပါမည် ။

Credit – မူရင်း

[zawgyi]

စာဖတ္သူေတြအတြက္ မိုးေအးေအးေလးနဲ႔ ငါးေခါင္းခ်ဥ္စပ္ရည္ေလး လုပ္စားလို႔ရတဲ့ နည္းေလးမွ်ေဝေပးမယ္။ငါးေခါင္း ခ်ဥ္ရည္ ျပဳလုပ္ဖို႔အတြက္ ပါဝင္ပစၥည္းမ်ား – ငါးေခါင္း ငါးဗိုက္သား ႏွစ္ေကာင္း။ မွ်စ္ခ်ဥ္ တစ္ဆယ္သား။ငါးဖယ္ျခစ္ တစ္ဆယ္သား။ ပဲငပိခ်ဥ္စပ္ ႏွစ္ဇြန္း။ ဂ်င္း။ ၾကက္သြန္ျဖဴ ၾကက္သြန္နီ တစ္လုံး။ ခရမ္ခ်ဥ္သီး တစ္လုံး။ ပဲျပား ႏွစ္တုံး။ ရွမ္းနံနံ တစ္စီး။ ဗမာနံနံ တစ္စီး။ ဆီ အနဲငယ္။
င႐ုပ္သီးစိမ္း ႏွစ္ေတာင့္။ျပဳလုပ္ရန္ – ငါးေခါင္းေတ သန႔္စင္ၿပီး ဆား ဆႏြင္း နယ္ထားပါ ။ မွ်စ္ခ်ဥ္ ကို ငံျပာရည္ နဲနဲထည့္ ေရနဲ႔ တည္ထားပါ ။ ၾကက္သြန္ျဖဴ ဂ်င္း ေထာင္းၿပီး ဆီသက္ပါ က်က္ေတာ့ ပဲငပိ ၾကက္သြန္နီ ခရမ္းခ်ဥ္သီး မ်ားကို အတုံးေလးေတ လုပ္ ထည့္ပါ။ ခဏေမႊၿပီး ငါးေတြ ထည့္ပါ ။ ငါးဆီသက္ၿပီး မွ်စ္ခ်ဥ္ အိုးထဲ ထည့္ ေရာပါ ေရ လိုသေလာက္ လိုက္ပါ ။ ဆူေအာင္ တည္ၿပီး ပဲျပား ထည့္ အခ်ိဳငံျမည္း အခ်ဥ္ လိုအပ္လွ်င္ သံပုရာသီး ထည့္ ရွမ္းနံနံ ဗမာနံနံ င႐ုပ္သီးစိမ္း ခြဲ ထည့္ သုးံေဆာင္ ႏိုင္ပါသည္ ။ အၾကာႀကီး မတည္ရ ပါ ငါးေတ ေက် ကုန္ ပါမည္ ။