ရှေးလူကြီးတွေ ပြောခဲ့တဲ့ ဆိုရိုးစကားတွေ အတိတ်တဘောင်တွေဟာ ဒီဘတ်ခေတ်မှာတော့ အမှန်တွေ

ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ မှန်ပုံကတော့ဒီနေ့ခေတ်ကို ဘေးကနေ ထိုင်ကြည့်ပြီး ပြောနေသလား မှတ်ရတယ်ဗျာ။ကွက်တိကို မှန်နေတော့တာပဲ။အဲဒါကြောင့် “အတိတ်တဘောင်ဆိုတာ နိမိတ်ဆောင်တယ်”ဆိုတဲ့ စကားပုံ ပေါ်လာတာ ဖြစ်ရမယ်ဗျ။ရှေးလူကြီးတွေရဲ့ အမြင်စူးရှပုံကတော့ ချီးကျူးဖို့ ကောင်းပါတယ်။ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေကိုအောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ် ခင်ဗျာ။ တရားကို တေးဆို ၊ အဖေကိုသားကဆဲ၊ ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်၊ မကောင်းကြံလျှင် သမာဓိ၊ ရွှေရှိမှ လူလိမ္မာ၊ လိမ်နိုင်မှ သစ္စာရှင် ၊ပညာရှင်ကို ပယ်၍ထား၊ အချစ်ဆုံးက သစ္စာပျက် ၊ ရိုးသားသူကို အရူးဆို၊ အပျိုငယ်က လင်နေစော ၊အင်္ကျီပါးနဲ့ ဥပုသ်သည်ဇရပ်အလယ် ကို့ယို့ကားယား ၊

အမျိုးသမီးကောင်းက ပိုက်ဆံရှာ၊ အပျိုမဖြစ်ခင်က ရည်းစားထား ၊ ဆင်းရဲသားက သူဌေးယောင်ဆောင်၊ အဝတ်ပြောင်မှ လူရိုသေ ၊လင်ရှိမယားက အပျိုလုပ်၊ မသာပို့ရင်း အပျိုလှည့် ၊ အလှူပေးရင်း ထမင်းရောင်း၊ ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊ပွဲသဘင်ပါမှ အလှူဖြစ် ၊စာမတတ်သူက တရားပြ၊ ဇာတ်သမားမှ လူခေါ်ချင် ၊ သူတော်စင်ကို ပယ်၍ထား၊ ကြွေးပေးသူက ကျွန်နဲ့တူ ၊ကြွေးယူသူက သခင်ဖြစ်၊ မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊ရွှေကပ်သည့်ဘုရားမှ လူရိုသေ၊ အဖေ အမေက ကျွန်နဲ့တူ သားသမီးက သခင်ဖြစ်၊ ခေတ်ကြီးကိုတော့ အပြစ်ဆို ၊မိမိကိုယ်တော့ အကောင်းပြော၊ ဂုံးတိုက်လျှင် ကျေးဇူးရှင် ဖြောင့်မတ်လျှင် လူမသုံး၊ သီလယူရင်း မျက်စပစ် ၊ သူတော်ကောင်းတို့တရားပျက်ကြလေပြီ ။ရှေးစာဆို အတိတ်တဘောင် ပြန်လည်မျှဝေသည်။

Credit – မူရင်း

[zawgyi]

ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြ မွန္ပုံကေတာ့ဒီေန႔ေခတ္ကို ေဘးကေန ထိုင္ၾကည့္ၿပီး ေျပာေနသလား မွတ္ရတယ္ဗ်ာ။ကြက္တိကို မွန္ေနေတာ့တာပဲ။အဲဒါေၾကာင့္ “အတိတ္တေဘာင္ဆိုတာ နိမိတ္ေဆာင္တယ္”ဆိုတဲ့ စကားပုံ ေပၚလာတာ ျဖစ္ရမယ္ဗ်။ေရွးလူႀကီးေတြရဲ႕ အျမင္စူးရွပုံကေတာ့ ခ်ီးက်ဴးဖို႔ ေကာင္းပါတယ္။ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြကိုေအာက္ပါအတိုင္း ေဖာ္ျပ လိုက္ရပါတယ္ ခင္ဗ်ာ။ တရားကို ေတးဆို ၊ အေဖကိုသားကဆဲ၊ ေဆြမ်ိဳးထဲက ဓါးျပတိုက္ ၊ မိုက္လွ်င္ေသာတာပန္၊ မေကာင္းႀကံလွ်င္ သမာဓိ၊ ေ႐ႊရွိမွ လူလိမၼာ၊ လိမ္ႏိုင္မွ သစၥာရွင္ ၊ပညာရွင္ကို ပယ္၍ထား၊ အခ်စ္ဆုံးက သစၥာပ်က္ ၊ ႐ိုးသားသူကို အ႐ူးဆို၊ အပ်ိဳငယ္က လင္ေနေစာ ၊အက်ႌပါးနဲ႔ ဥပုသ္သည္ဇရပ္အလယ္ ကို႔ယို႔ကားယား ၊အမ်ိဳးသမီးေကာင္းက ပိုက္ဆံရွာ၊ အပ်ိဳမျဖစ္ခင္က ရည္းစားထား ၊ ဆင္းရဲသားက သူေဌးေယာင္ေဆာင္၊ အဝတ္ေျပာင္မွ လူ႐ိုေသ ၊လင္ရွိမယားက အပ်ိဳလုပ္၊ မသာပို႔ရင္း အပ်ိဳလွည့္ ၊ အလႉေပးရင္း ထမင္းေရာင္း၊ ဆယ္ႏွစ္သမီးက အိမ္ေထာင္က် ၊ ဆယ္အိမ္ေခါင္းက စိတ္ႀကီးဝင္၊ပြဲသဘင္ပါမွ အလႉျဖစ္ ၊စာမတတ္သူက တရားျပ၊ ဇာတ္သမားမွ လူေခၚခ်င္ ၊ သူေတာ္စင္ကို ပယ္၍ထား၊ ေႂကြးေပးသူက ကြၽန္နဲ႔တူ ၊ေႂကြးယူသူက သခင္ျဖစ္၊ မုန႔္ေပးလွ်င္ က်မ္းဂန္တတ္ ၊ေ႐ႊကပ္သည့္ဘုရားမွ လူ႐ိုေသ၊ အေဖ အေမက ကြၽန္နဲ႔တူ သားသမီးက သခင္ျဖစ္၊ ေခတ္ႀကီးကိုေတာ့ အျပစ္ဆို ၊မိမိကိုယ္ေတာ့ အေကာင္းေျပာ၊ ဂုံးတိုက္လွ်င္ ေက်းဇူးရွင္ ေျဖာင့္မတ္လွ်င္ လူမသုံး၊ သီလယူရင္း မ်က္စပစ္ ၊ သူေတာ္ေကာင္းတို႔တရားပ်က္ၾကေလၿပီ ။ေရွးစာဆို အတိတ္တေဘာင္ ျပန္လည္မွ်ေဝသည္။