ကားပေါ်မှာ ရေသန့်ဗူးလေးတွေထားတဲ့အခါ သတိရှိပါ

ကားတွေ ဆီဖြည့်တဲ့အခါ အလကားပေးလေ့ရှိတဲ့ ရေသန့်ဘူးတွေကို အချို့ကားမောင်းတဲ့သူတွေက Cup Holder ထဲမထည့်ဘဲ ကားအထဲတစ်နေရာမှာ အလွယ်တကူ ထားတတ်ကြပါတယ်။ ဒီလိုအလွယ်တကူထားတာဟာ အလွန်ပင်အန္တရာယ်များတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ ဗန်းကပိ ကုန်တိုက်ကြီးမှာရှိတဲ့ ရှစ်ထပ်လောက်မြင့်တဲ့ ကားထားတဲ့နေရာကနေပြီး မနက်စောစောပိုင်း ကားလာထုတ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ကားနောက်ဆုတ်ရင်းနဲ့ အရှိန်မထိန်းနိုင်ဖြစ်ပြီး ၈ ထပ် ကနေအောက်ကို ဇောက်ထိုး ကျသွားခဲ့ရာ ကားမောင်းသူ သေဆုံးသွားခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းအရင်းဇစ်မြစ်ကို စစ်ဆေးလိုက်တဲ့အခါမှာတော့ –

နောက်ဆုတ်တဲ့အချိန် ဘရိတ်နင်းတဲ့နေရာမှာ ရေသန့်ဘူးက ညပ်နေတဲ့အတွက် ရပ်လို့မရတော့ဘဲ အရှိန်နဲ့တိုက်ပေါ်ကနေ ထိုးကျသွားခဲ့တာဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ရေသန့်ဘူး အချိုရည်ဘူး နဲ့ တစ်ရှူးစက္ကူဘူး တွေဟာ ကားရဲ့ ဘယ်နေရာထားပါစေ အရှိန်နဲ့လိမ့်ပြီး ကားမောင်းတဲ့ နေရာကိုရောက်သွားခဲ့ရင် လီဗာ/ဘရိတ်တံ တွေကြားမှာ ရောက်သွားတတ်ပါတယ်။ ဒါကို သတိမထားမိခဲ့ရင် အလွန်အန္တရာယ်များပါတယ်။ဒါကြောင့် ကားမောင်းသူတွေအနေနဲ့ မိမိကားကို မမောင်းခင်မှာ မောင်းခန်းထဲမှာ အောက်ခြေခုံကို အရာဝတ္တုတွေ တစ်ခုခုရှိနေမလားသေချာစွာစစ်ဆေးသင့်ပြီး၊ ရေသန့်ဘူးနဲ့ အခြားပစ္စည်းတွေကိုလည်း ကားပေါ်မှာအလွယ်တကူမတင်ထားသင့်ကြောင်း သတိပေးလိုက်ပါရစေ။

Credit ကားသတင်းစုံ

[zawgyi]

ကားေတြ ဆီျဖည့္တဲ့အခါ အလကားေပးေလ့ရွိတဲ့ ေရသန္႔ဘူးေတြကို အခ်ိဳ႕ကားေမာင္းတဲ့သူေတြက Cup Holder ထဲမထည့္ဘဲ ကားအထဲတစ္ေနရာမွာ အလြယ္တကူ ထားတတ္ၾကပါတယ္။ ဒီလိုအလြယ္တကူထားတာဟာ အလြန္ပင္အႏၲရာယ္မ်ားတဲ့ အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္တုန္းက ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရဲ႕ ဗန္းကပိ ကုန္တိုက္ႀကီးမွာရွိတဲ့ ရွစ္ထပ္ေလာက္ျမင့္တဲ့ ကားထားတဲ့ေနရာကေနၿပီး မနက္ေစာေစာပိုင္း ကားလာထုတ္တဲ့ ဇနီးေမာင္ႏွံႏွစ္ဦးဟာ ကားေနာက္ဆုတ္ရင္းနဲ႔ အရွိန္မထိန္းႏိုင္ျဖစ္ၿပီး ၈ ထပ္ ကေနေအာက္ကို ေဇာက္ထိုး က်သြားခဲ့ရာ ကားေမာင္းသူ ေသဆုံးသြားခဲ့ပါတယ္။ ဒီလိုျဖစ္ရျခင္း အေၾကာင္းအရင္းဇစ္ျမစ္ကို စစ္ေဆးလိုက္တဲ့အခါမွာေတာ့ -ေနာက္ဆုတ္တဲ့အခ်ိန္ ဘရိတ္နင္းတဲ့ေနရာမွာ ေရသန္႔ဘူးက ညပ္ေနတဲ့အတြက္ ရပ္လို႔မရေတာ့ဘဲ အရွိန္နဲ႔တိုက္ေပၚကေန ထိုးက်သြားခဲ့တာျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။ေရသန္႔ဘူး အခ်ိဳရည္ဘူး နဲ႔ တစ္ရႉးစကၠဴဘူး ေတြဟာ ကားရဲ႕ ဘယ္ေနရာထားပါေစ အရွိန္နဲ႔လိမ့္ၿပီး ကားေမာင္းတဲ့ ေနရာကိုေရာက္သြားခဲ့ရင္ လီဗာ/ဘရိတ္တံ ေတြၾကားမွာ ေရာက္သြားတတ္ပါတယ္။ ဒါကို သတိမထားမိခဲ့ရင္ အလြန္အႏၲရာယ္မ်ားပါတယ္။ဒါေၾကာင့္ ကားေမာင္းသူေတြအေနနဲ႔ မိမိကားကို မေမာင္းခင္မွာ ေမာင္းခန္းထဲမွာ ေအာက္ေျခခုံကို အရာဝတၱဳေတြ တစ္ခုခုရွိေနမလားေသခ်ာစြာစစ္ေဆးသင့္ၿပီး၊ ေရသန႔္ဘူးနဲ႔ အျခားပစၥည္းေတြကိုလည္း ကားေပၚမွာအလြယ္တကူမတင္ထားသင့္ေၾကာင္း သတိေပးလိုက္ပါရေစ။