ဓမ္မ၊သောက၊အင်း၀၊ရာဇာ အိမ်ထောင်ဖက်မပြုရာ-သိကောင်းစရာ

ဓမ္မ သောက ထက်ဆိုးတဲ့ နေ့နံတွဲတစ်တွဲရှိတယ်။ ဆရာသိမည်မထင်ဘူးလို့သူကဆိုပါတယ်…တစ်နေ့တ၌ ကျွန်ုပ်သည်ရန်ပယ်ချောင်း‌၏ တစ်ဖက်ကမ်းမှ ရွာ‌လေးတစ်ရွှာတွင်ဖြစ်သည်။ဆရာဆိုတော့ မေးရဦးမည်ဗျာ…ဓမ္မ သောကထက်ဆိုးတဲ့ နေ့နံတွဲတစ်တွဲရှိတယ် ဆရာသိမည်မထင်ဘူးလို့သူကဆိုပါတယ်။နောက်တစ်ဦးကတော့ ကျွန်တော်ကဘာနေ့ပါ အမျိုးသမီးက‌တော့ဘာနေ့ပါဆရာရယ်…အိမ်ထောင်ရေးလေး စစ်ဆေးကြည့်ပေးပါဟု‌မေးလို့ ဟောခဲ့ဖူးလေ၏။တကယ်တော့ သူ၏ခေါက်ရိုးကျိုးနေတောအတွေးသည် ဓမ္မ‌ သောက၊ အင်းဝ ရာဇာ၊ ကြောင့်ပင်ဖြစ်သည်။အိမ်ထောင်‌ရေး ဘာရေးညာရေးအတွက် အရာအားလုံးတို့သည် ဒီဓမ္မသောကနှင့် အင်းဝရာဇာမှာပင်ဂိတ်ဆုံးမြဲဖြစ်၏။သူ၏ကိစ္စအဝဝ အရာအားလုံးတို့သည် နောက်ဆုံး၌ ဤဘူတာတွင်ဆုံးသည်ဟုဆိုနိုင်ပါသည်။ကိုယ့်လူရယ် ဒါကဒီလိုရှိပါတယ်..ရှေ့အခါတုန်းက ဆရာသမားများက ဗေဒင်ဆရာများ ဗေဒင်ကိန်းဂဏန်းများတွင် အသုံးပြုရန်အတွက်မှတ်ရလွယ်ကူစိမ့်သောငှာ ဓမ္မာသောက အင်း၀ ရာဇာ အိမ်ထောင်ဘက် အသက်မရှည်ရာ စသည်ဖြင့်လင်္ကာများ စပ်၍သင်ပေးထားခဲ့ကြပါတယ်..။ထိုလင်္ကာများကို ဗေဒင်ပညာနှင့် မနီးစပ်သူများကယူ၍စနေနှင့် ကြာသပတေး ၊ သောကြာနှင့် တနင်္လာ ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး ၊ ရာဟုနှင့် အင်္ဂါ လက်မထပ်ကောင်း၊ လက် ထပ်ပါကအိမ်ထောင်သက် မရှည် စသည်ဖြင့် ကောက်ယူကြ၏။မည်သို့ ဖြစ်သည်မသိ ထိုအယူအဆသည် လူတော်တော်များများ အထူးသတိထားကြသော အယူအဆတစ်ခုသို့ ရောက်သွား၏။ထို့ကြောင့် မကြာခနဆိုသလိုပင် ဓမ္မာသောကအင်းဝရာဇာ အိမ်ထောင်ပြုထားကြသော သူများကအိမ် ထောင် မမြဲ၊ ကွဲမည်ကို စိုးရိမ်သောကြောင့် ဗေဒင်လာမေးကြလေရာ လူတိုင်းကို နားလည်အောင် ရှင်းပြရသည်မှာလည်းတော်တော်များများ ရှိခဲ့ပြီဖြစ်လေသည်။ စသည်အားဖြင့်… ကိုယ်လက်လှမ်းမိတလောက် ပြောခဲ့ပြခဲ့‌ဟောခဲ့ဘူး၏။လူတစ်ယောက် အသက်ရှင်သန် ‌နေနိုင်ဘို့ ဆိုရင် မီး မြေ လေ ရေ တည်းဟူသောဓါတ်ကြီးလေးပါနှင့် ကံစိတ်ဥတုအဟာရတို့အချိုးစားညီ မျှသဖို့လိုအပ်သည်ပင်ဖြစ်သည်။ထိုနည်းအသူပင် ကာလံဒေသလိုက်၍ အသုံးပြုပါဟူ၍ စသည်အားဖြင့် စကားလေးလက်ဆောင်ပါးလိုက်ပါရစေ…

လူမှုရေး စီးပွားရေး ကျမ္မာရေး ပညာရေး ဘာရေးညာရေးတို့တွင်လဲ ထိုနည်းအတူပင်ဆိုရပါမည်။ကျွန်ုပ်ပြောခြင်သည် လိုရင်းမှာ မရဏဖွားတိုင်း မရဏဆိုတာနဲ့သေကြရမှာလား…ပုတိဖွားတိုင်း မွဲ‌နေရမှာလား…အဓိပတိဖွားတိုင်းချမ်းသာတဲ့သူပဲဖြစ်ရမှာလားဆိုသာပါပဲ…။အဲသည်တော့ဗျာ…ယခုမျှဝေခြင်တာကတနင်္ဂနွေသားသမီးသည် အင်္ဂါသားသမီးနှင့် ထိမ်းမြားလက်ထပ်ခဲ့သော ချမ်းသာသုခနှင့်ပြည့်စုံအံ့။တနင်္လာသားသမီးသည် သောကြာသားသမီးနှင့် ထိမ်းမြားလက်ထပ်ခဲ့သော် စီးပွားဥစ္စာကြွယ်ဝတိုးတက်အံ့။အင်္ဂါသားသမီးသည် ဗုဒ္ဓဟူး ကြာသပတေး စနေသားသမီးတို့နှင့် ထိမ်းမြားလက်ထပ်ခဲ့သော် အပြစ်မရှိ ကြွယ်ဝချမ်းသာအံ့။ဗုဒ္ဓဟူးသားသမီးသည် ဗုဒ္ဓဟူးသားသမီးတို့နှင့် ထိမ်းမြားလက်ထပ်ခဲ့သော် စီးစိမ်ဥစ္စာကြွယ်ဝ၍ မင်းမှုထမ်းဆို ရာထူးဂုဏ်ထူး တိုးတက်အံ့။ရာဟုသားသမီးသည် တနင်္ဂနွေ အင်္ဂါသားသမီးတိုနှင့်ထိမ်းမြားလက်ထပ်ခဲ့သော် ဂုဏ်သတင်းကျော်စောလျှက် စီးစိမ်ရှင်ဖြစ်အံ့။ကြာသပတေးသားသမီးသည် တနင်္လာသားသမီးတို့နှင့် လက်ထပ်ထိမ်းမြားခဲ့သော် ကျော်စောထင်ရှား ဂုဏ်သတင်းကြီးအံ့။စနေသားသမီးသည် ကြသပတေးသားသမီးတို့နှင့်ထိမ်းမြားလက် ထပ်ခဲ့သော် မင်းမှုထမ်းဆို ရာထူးကြီး၍ ကြွယ်ဝချမ်းသာအံ့။သောကြာသားသမီးသည် ကြသပတေး စနေသားသမီးတို့နှင့် ထိမ်းမြားလက် ထပ်ခဲ့သော် လေက၌ကျော်စောထင်ရှား၍ ကြွယ်ဝချမ်းသာအံ့။စနေသားသမီးသည် ကြသပတေးသားသမီးတို့နှင့်ထိမ်းမြားလက်ထပ်ခဲ့သော် မင်းမှုထမ်းဆို ရာထူးကြီး၍ကြွယ်ဝချမ်းသာအံ့။

Credit – ကျမ်းကိုးသူ သူရဇ္ဇ မင်းအိနောင်

[zawgyi]

ဓမၼ ေသာက ထက္ဆိုးတဲ့ ေန႔နံတြဲတစ္တြဲရွိတယ္။ ဆရာသိမည္မထင္ဘူးလို႔သူကဆိုပါတယ္…တစ္ေန႔တ၌ ကြၽႏ္ုပ္သည္ရန္ပယ္ေခ်ာင္း‌၏ တစ္ဖက္ကမ္းမွ ႐ြာ‌ေလးတစ္႐ႊာတြင္ျဖစ္သည္။ဆရာဆိုေတာ့ ေမးရဦးမည္ဗ်ာ…ဓမၼ ေသာကထက္ဆိုးတဲ့ ေန႔နံတြဲတစ္တြဲရွိတယ္ ဆရာသိမည္မထင္ဘူးလို႔သူကဆိုပါတယ္။ေနာက္တစ္ဦးကေတာ့ ကြၽန္ေတာ္ကဘာေန႔ပါ အမ်ိဳးသမီးက‌ေတာ့ဘာေန႔ပါဆရာရယ္…အိမ္ေထာင္ေရးေလး စစ္ေဆးၾကည့္ေပးပါဟု‌ေမးလို႔ ေဟာခဲ့ဖူးေလ၏။တကယ္ေတာ့ သူ၏ေခါက္႐ိုးက်ိဳးေနေတာအေတြးသည္ ဓမၼ‌ ေသာက၊ အင္းဝ ရာဇာ၊ ေၾကာင့္ပင္ျဖစ္သည္။အိမ္ေထာင္‌ေရး ဘာေရးညာေရးအတြက္ အရာအားလုံးတို႔သည္ ဒီဓမၼေသာကႏွင့္ အင္းဝရာဇာမွာပင္ဂိတ္ဆုံးၿမဲျဖစ္၏။သူ၏ကိစၥအဝဝ အရာအားလုံးတို႔သည္ ေနာက္ဆုံး၌ ဤဘူတာတြင္ဆုံးသည္ဟုဆိုႏိုင္ပါသည္။ကိုယ့္လူရယ္ ဒါကဒီလိုရွိပါတယ္..ေရွ႕အခါတုန္းက ဆရာသမားမ်ားက ေဗဒင္ဆရာမ်ား ေဗဒင္ကိန္းဂဏန္းမ်ားတြင္ အသုံးျပဳရန္အတြက္မွတ္ရလြယ္ကူစိမ့္ေသာငွာ ဓမၼာေသာက အင္း၀ ရာဇာ အိမ္ေထာင္ဘက္ အသက္မရွည္ရာ စသည္ျဖင့္လကၤာမ်ား စပ္၍သင္ေပးထားခဲ့ၾကပါတယ္..။ထိုလကၤာမ်ားကို ေဗဒင္ပညာႏွင့္ မနီးစပ္သူမ်ားကယူ၍စေနႏွင့္ ၾကာသပေတး ၊ ေသာၾကာႏွင့္ တနလၤာ ၊ တနဂၤေႏြႏွင့္ ဗုဒၶဟူး ၊ ရာဟုႏွင့္ အဂၤါ လက္မထပ္ေကာင္း၊ လက္ထပ္ပါကအိမ္ေထာင္သက္ မရွည္ စသည္ျဖင့္ ေကာက္ယူၾက၏။မည္သို႔ ျဖစ္သည္မသိ ထိုအယူအဆသည္ လူေတာ္ေတာ္မ်ားမ်ား အထူးသတိထားၾကေသာ အယူအဆတစ္ခုသို႔ ေရာက္သြား၏။ထို႔ေၾကာင့္ မၾကာခနဆိုသလိုပင္ ဓမၼာေသာကအင္းဝရာဇာ အိမ္ေထာင္ျပဳထားၾကေသာ သူမ်ားကအိမ္ ေထာင္ မၿမဲ၊ ကြဲမည္ကို စိုးရိမ္ေသာေၾကာင့္ ေဗဒင္လာေမးၾကေလရာ လူတိုင္းကို နားလည္ေအာင္ ရွင္းျပရသည္မွာလည္းေတာ္ေတာ္မ်ားမ်ား ရွိခဲ့ၿပီျဖစ္ေလသည္။ စသည္အားျဖင့္… ကိုယ္လက္လွမ္းမိတေလာက္ ေျပာခဲ့ျပခဲ့‌ေဟာခဲ့ဘူး၏။လူတစ္ေယာက္ အသက္ရွင္သန္ ‌ေနႏိုင္ဘို႔ ဆိုရင္ မီး ေျမ ေလ ေရ တည္းဟူေသာဓါတ္ႀကီးေလးပါႏွင့္ ကံစိတ္ဥတုအဟာရတို႔အခ်ိဳးစားညီ မွ်သဖို႔လိုအပ္သည္ပင္ျဖစ္သည္။ထိုနည္းအသူပင္ ကာလံေဒသလိုက္၍ အသုံးျပဳပါဟူ၍ စသည္အားျဖင့္ စကားေလးလက္ေဆာင္ပါးလိုက္ပါရေစ…လူမႈေရး စီးပြားေရး က်မၼာေရး ပညာေရး ဘာေရးညာေရးတို႔တြင္လဲ ထိုနည္းအတူပင္ဆိုရပါမည္။ကြၽႏ္ုပ္ေျပာျခင္သည္ လိုရင္းမွာ မရဏဖြားတိုင္း မရဏဆိုတာနဲ႔ေသၾကရမွာလား…ပုတိဖြားတိုင္း မြဲ‌ေနရမွာလား…အဓိပတိဖြားတိုင္းခ်မ္းသာတဲ့သူပဲျဖစ္ရမွာလားဆိုသာပါပဲ…။အဲသည္ေတာ့ဗ်ာ…ယခုမွ်ေဝျခင္တာကတနဂၤေႏြသားသမီးသည္ အဂၤါသားသမီးႏွင့္ ထိမ္းျမားလက္ထပ္ခဲ့ေသာ ခ်မ္းသာသုခႏွင့္ျပည့္စုံအံ့။တနလၤာသားသမီးသည္ ေသာၾကာသားသမီးႏွင့္ ထိမ္းျမားလက္ထပ္ခဲ့ေသာ္ စီးပြားဥစၥာႂကြယ္ဝတိုးတက္အံ့။အဂၤါသားသမီးသည္ ဗုဒၶဟူး ၾကာသပေတး စေနသားသမီးတို႔ႏွင့္ ထိမ္းျမားလက္ထပ္ခဲ့ေသာ္ အျပစ္မရွိ ႂကြယ္ဝခ်မ္းသာအံ့။ဗုဒၶဟူးသားသမီးသည္ ဗုဒၶဟူးသားသမီးတို႔ႏွင့္ ထိမ္းျမားလက္ထပ္ခဲ့ေသာ္ စီးစိမ္ဥစၥာႂကြယ္ဝ၍ မင္းမႈထမ္းဆို ရာထူးဂုဏ္ထူး တိုးတက္အံ့။ရာဟုသားသမီးသည္ တနဂၤေႏြ အဂၤါသားသမီးတိုႏွင့္ထိမ္းျမားလက္ထပ္ခဲ့ေသာ္ ဂုဏ္သတင္းေက်ာ္ေစာလွ်က္ စီးစိမ္ရွင္ျဖစ္အံ့။ၾကာသပေတးသားသမီးသည္ တနလၤာသားသမီးတို႔ႏွင့္ လက္ထပ္ထိမ္းျမားခဲ့ေသာ္ ေက်ာ္ေစာထင္ရွား ဂုဏ္သတင္းႀကီးအံ့။စေနသားသမီးသည္ ၾကသပေတးသားသမီးတို႔ႏွင့္ထိမ္းျမားလက္ထပ္ခဲ့ေသာ္ မင္းမႈထမ္းဆို ရာထူးႀကီး၍ ႂကြယ္ဝခ်မ္းသာအံ့။ေသာၾကာသားသမီးသည္ ၾကသပေတး စေနသားသမီးတို႔ႏွင့္ ထိမ္းျမားလက္ထပ္ခဲ့ေသာ္ ေလက၌ေက်ာ္ေစာထင္ရွား၍ ႂကြယ္ဝခ်မ္းသာအံ့။စေနသားသမီးသည္ ၾကသပေတးသားသမီးတို႔ႏွင့္ထိမ္းျမားလက္ထပ္ခဲ့ေသာ္ မင္းမႈထမ္းဆို ရာထူးႀကီး၍ႂကြယ္ဝခ်မ္းသာအံ့။