ပိုက်ဆံမရှိတဲ့အခါ တစ်ယောက်ထဲနေလိုက်ပါ

ကိုယ့်မှာ ပိုက်ဆံမရှိရင် လက်ဖက်ရည်ဆိုင်ထိုင်ပြီး တခြား သူ တွေ ငါရှင်းလိုက်မယ် ၊သူရှင်းလိုက်မယ် ပြော နေချိန် မျက်နှာငယ်လေး နဲ့ မင်းကြည့် နေရလိမ့်မယ် ။ကိုယ့်မှာ မရှိတဲ့အချိန် မင်းကို စားပါအုံးလို့ ပြောတဲ့လူတွေ ရဲ့ အသံကို ၊ဝတ်ကျေတန်းကျေ အသံလောက်ပဲ ၊မင်းကြားရလိမ့်မယ် ။ကိုယ့်မှာ မရှိတဲ့အချိန် မင်း ကိုတစ်ခုပေး တစ်ခုကျွေး ပြီး၊ပညာသားပါတဲ့ လူတွေ က မင်း ကို ပညာသား ပါပါ တခုခု၊ပြန် ခိုင်းတာခံရတတ်တယ်။ကိုယ့်မှာ မရှိတဲ့ အချိန် မင်းကို ၊ဘယ်သူ မှ ကြိုဆို နေကြမှာ မဟုတ်ဘူး အဲ့လူ တွေကိုလဲ အပြစ် မတင်လိုက်ပါနဲ့၊

မင်းလဲ အပြစ်မရှိပါဘူး။ လောက နိယာမ သဘာဝကိုက၊ ဘယ်သူမှ လွန်ဆန်လို့မရပါဘူး၊ ကိုယ့်မှာ မရှိရင် တစ်ယောက်ထဲ နေခြင်း ဟာ ၊မျက်နှာ မငယ်ရတော့ ပါဘူး ။မျက်နှာငယ်ခံ ပြီး စားရတာထက် ၊အငတ်ခံ လိုက်တာက ပိုပြီး အဆင်ပြေပါတယ် ။ ကိုယ့်ကို မကြိုဆိုမယ့် ဘယ်နေရာ မှ ၊မသွားမိစေနဲ့၊ ကိုယ့်အတွက် ဝန်လေးစေမယ် ထင်ရင်၊ဘယ်သူ မှ မသိအောင် ရှောင်ထွက်လိုက်ပါ ။အတတ်နိုင်ဆုံး တစ်ယောက်ထဲနေ ကြည့်၊ရှေ့ဆက် အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစား ၊ပိုက်ဆံ ရအောင်ရှာ ကိုယ့်မှာ ရှိလာပြီဆိုကိုယ့်လို ၊ခံစားဖူး တဲ့ လူတွေကို ကိုယ်ချင်းစာ၊ဖေးမ ကူညီပေးလိုက်ပါ။

Credit : မူရင်း

[zawgyi]
