ကြက်ဥ လတ်မလတ် အလွယ်သိနိုင်တဲ့ နည်းလမ်း (၄) မျိူး

ဈေးဝယ်ထွက်တဲ့အခါ ကိုယ်ဝယ်မယ့် ကြက်ဥတွေ လတ်မလတ်နဲ့ ချက်ပြုတ်စားသောက်မယ့် ကြက်ဥတွေ လတ်မလတ် သိနိုင်ဖို့ရန်အ တွက် စမ်းသပ်နိုင်မယ့် အလွယ်နည်းလမ်း ၄ မျိုးကို မျှဝေပေးချင်ပါတယ်။၁။ ကြက်ဥကို နား အနားမှာကပ်ပြီး လှုပ်ကြည့်ပါ – ကြက်ဥတစ်လုံးကို ယူပြီး နားအနားမှာ အသာ ဖြေးဖြေးလှုပ်ကြည့်ပါ။လတ်ဆတ်တဲ့ ကြက်ဥမှန်ရင် ဘာအသံမှ မထွက်ပါဘူး။ အဲလိုမဟုတ်ဘဲ ကြက်ဥထဲကနေ အသံထွက်နေပြီ ဆိုရင်တော့ အဲဒီကြက်ဥဟာ လတ်ဆတ်မှု မရှိတော့ပါဘူး။၂။ ရေထဲသို့ထည့်ကြည့်ပါ – ခွက်တစ်ခု ဒါမှမဟုတ် ဇလုံတစ်လုံးထဲကို ကြက်ဥ မြုပ်ပြီး ၁ လက်မခန့်လောက် ရေအေးထည့်ထားပါ။ထိုဇလုံထဲသို့ ကြက်ဥများကို ဖြေးညှင်းစွာထည့်ကြည့်ပါ။လတ်ဆတ်သော ကြက်ဥများသည် ရေအောက်သို့ နစ်မြုပ်သွားပြီး သိပ်မလတ်သော ကြက်ဥများသည် ရေထဲသို့ အနည်းငယ် နစ်သွားမည် ဖြစ်သည်။လုံးဝမလတ်သော ကြက်ဥများသည် ရေပေါ်သို့ ပေါ်လာပါလိမ့်မည်။

၃။ ကြက်ဥ အနစ်ကို ကြည့်ပါ – ကြက်ဥကို ခွဲပြီး အကာနှင့် အနှစ်ကို ကြည့်နိုင်ပါတယ်။ လတ်ဆတ်တဲ့ ကြက်ဥအနှစ်အရောင်က အဝါရောင် ကြည်တောက်နေပြီး အနှစ်ပုံစံကလည်း လုံးဝန်းနေပါသေးတယ်။မလတ်ဆတ်တော့တဲ့ ကြက်ဥအနှစ်အရောင်ကတော့ အရောင်ဖျော့နေပြီးတော့ အနှစ်ပုံစံကလည်း ပြားနေပါလိမ့်မယ်။၄။ ကြက်ဥ အကာကို ကြည့်ပါ – ကြက်ဥတစ်လုံးကို ခွဲပြီး ပန်းကန်ပြားတစ်ချပ် ထဲသို့ ထည့်ကြည့်ပါ။လတ်ဆတ်တဲ့ ကြက်ဥဆိုရင်တော့ အနှစ်က အကာထက် နည်းနည်းလေး မြင့်နေပြီးတော့ အနှစ်တဝိုက်မှာ အကာကရှိနေတာ တွေ့ရပါလိမ့်မယ်။အဲလိုမှ မဟုတ်ဘဲ အကာက အနည်းငယ် ကြည်နေတယ် ဒါပေမယ့် အနှစ်နဲ့တော့ ကပ်နေသေးတယ် ဆိုရင် ဒီကြက်ဥ သိပ်မလတ်တော့ဘူးလို့ ပြောလို့ရပါတယ်။လုံးဝမလတ်တော့တဲ့ ကြက်ဥဆိုရင်တော့ အကာက ရေလိုဖြစ်နေပြီး ကြက်ဥအနှစ်နဲ့ သိပ်မကပ်တော့ပါဘူး။

မူရင်း Credit

[zawgyi]

ေဈးဝယ္ထြက္တဲ့အခါ ကိုယ္ဝယ္မယ့္ ၾကက္ဥေတြ လတ္မလတ္နဲ႔ ခ်က္ျပဳတ္စားေသာက္မယ့္ ၾကက္ဥေတြ လတ္မလတ္ သိႏိုင္ဖို႔ရန္အတြက္ စမ္းသပ္ႏိုင္မယ့္ အလြယ္နည္းလမ္း ၄ မ်ိဳးကို မွ်ေဝေပးခ်င္ပါတယ္။၁။ ၾကက္ဥကို နား အနားမွာကပ္ၿပီး လႈပ္ၾကည့္ပါ – ၾကက္ဥတစ္လုံးကို ယူၿပီး နားအနားမွာ အသာ ေျဖးေျဖးလႈပ္ၾကည့္ပါ။လတ္ဆတ္တဲ့ ၾကက္ဥမွန္ရင္ ဘာအသံမွ မထြက္ပါဘူး။ အဲလိုမဟုတ္ဘဲ ၾကက္ဥထဲကေန အသံထြက္ေနၿပီ ဆိုရင္ေတာ့ အဲဒီၾကက္ဥဟာ လတ္ဆတ္မႈ မရွိေတာ့ပါဘူး။၂။ ေရထဲသို႔ထည့္ၾကည့္ပါ – ခြက္တစ္ခု ဒါမွမဟုတ္ ဇလုံတစ္လုံးထဲကို ၾကက္ဥ ျမဳပ္ၿပီး ၁ လက္မခန႔္ေလာက္ ေရေအးထည့္ထားပါ။ထိုဇလုံထဲသို႔ ၾကက္ဥမ်ားကို ေျဖးညႇင္းစြာထည့္ၾကည့္ပါ။လတ္ဆတ္ေသာ ၾကက္ဥမ်ားသည္ ေရေအာက္သို႔ နစ္ျမဳပ္သြားၿပီး သိပ္မလတ္ေသာ ၾကက္ဥမ်ားသည္ ေရထဲသို႔ အနည္းငယ္ နစ္သြားမည္ ျဖစ္သည္။လုံးဝမလတ္ေသာ ၾကက္ဥမ်ားသည္ ေရေပၚသို႔ ေပၚလာပါလိမ့္မည္။၃။ ၾကက္ဥ အနစ္ကို ၾကည့္ပါ – ၾကက္ဥကို ခြဲၿပီး အကာႏွင့္ အႏွစ္ကို ၾကည့္ႏိုင္ပါတယ္။ လတ္ဆတ္တဲ့ ၾကက္ဥအႏွစ္အေရာင္က အဝါေရာင္ ၾကည္ေတာက္ေနၿပီး အႏွစ္ပုံစံကလည္း လုံးဝန္းေနပါေသးတယ္။မလတ္ဆတ္ေတာ့တဲ့ ၾကက္ဥအႏွစ္အေရာင္ကေတာ့ အေရာင္ေဖ်ာ့ေနၿပီးေတာ့ အႏွစ္ပုံစံကလည္း ျပားေနပါလိမ့္မယ္။၄။ ၾကက္ဥ အကာကို ၾကည့္ပါ – ၾကက္ဥတစ္လုံးကို ခြဲၿပီး ပန္းကန္ျပားတစ္ခ်ပ္ ထဲသို႔ ထည့္ၾကည့္ပါ။လတ္ဆတ္တဲ့ ၾကက္ဥဆိုရင္ေတာ့ အႏွစ္က အကာထက္ နည္းနည္းေလး ျမင့္ေနၿပီးေတာ့ အႏွစ္တဝိုက္မွာ အကာကရွိေနတာ ေတြ႕ရပါလိမ့္မယ္။အဲလိုမွ မဟုတ္ဘဲ အကာက အနည္းငယ္ ၾကည္ေနတယ္ ဒါေပမယ့္ အႏွစ္နဲ႔ေတာ့ ကပ္ေနေသးတယ္ ဆိုရင္ ဒီၾကက္ဥ သိပ္မလတ္ေတာ့ဘူးလို႔ ေျပာလို႔ရပါတယ္။လုံးဝမလတ္ေတာ့တဲ့ ၾကက္ဥဆိုရင္ေတာ့ အကာက ေရလိုျဖစ္ေနၿပီး ၾကက္ဥအႏွစ္နဲ႔ သိပ္မကပ္ေတာ့ပါဘူး။