ကားတစ်စီးအတွက် ကားအလိုင်းမန့်ရဲ့ အရေးပါမှု

ကားအလိုင်းမန့်ဆိုတာ တကယ်တော့ car wheel alignment ပါ။ ပုံမှန် သေချာမစစ်ဆေးဖြစ်ပဲ လှစ်လျှူရှု့ထားခံရတဲ့ အရေးကြီး Check up တစ်ခုလဲဖြစ်ပါတယ်။ များသောဖြင့် ကျွန်တော်တို့တွေက ခရီးဝေး ဒါမှမဟုတ် နယ်ကိုထွက်ဖို့ရှိတယ်ဆိုမှ alignment ကို စစ်ဆေးဖို့လိုအပ်တယ်လို့ထင်နေတက်ကြပါတယ် အဲ့တာဟာမှားပါတယ်။ တကယ်တော့ Alignment ဆိုတာ ကားရဲ့ စတီယာရင် နဲ့ suspension တို့ရဲ့ geometry ကျကျ ဟန်ချက်ညီမှု့ကို ကားဘီး တို့ရဲ့ ဟန်ချက်ညီမှု့ထက်ပိုဦးစားပေးပါတယ်။Alignment လုပ်ရခြင်း ရဲ့ရည်ရွယ်ချက်က – (၁) ကားစတီယာရင် နဲ့ suspension တို့ geometry ကျကျ ရှိနေခြင်းကြောင့် လမ်းပေါ်ကိုတာယာနဲ့အပြည့်အဝထိတွေ့စေပြီး မောင်းနှင်မှုကိုပိုမို့ချောမွေ့စေပါတယ်။ (၂) ကားတာယာတိုက်စားမှု့ကိုညီညာစွာတိုက်စားစေနိုင်တာကြောင့်တာယာရဲ့ သက်တမ်းကို ပိုမို့ကြာရှည်စေနိုင်ပါတယ်။ (၃) ကားမောင်းနှင်ရာ မှာ လမ်းတဖက်တချက်ကိုဆွဲနေတာ မျိုးမဖြစ်စေအောင်ဖြစ်ပါတယ်။ (၄) ကားရဲ့အစိတ်အပိုင်းများကို မောင်း နှင်ရာမှာဖြစ်လာနိုင်တဲ့အလှုပ် အရွှေ့တွေပေါ်မူတည်ပြီးတော့ ချိန်ညှိရတာလဲဖြစ်ပါတယ်။ တကယ်လို့ Alignment ကိုသာ သေချာမချိန်ထားမိခဲ့ရင် – (၁) ကားတာယာ များ အလွန် အကျူး ပွတ်တိုက်စားမှု့ဖြစ်ခြင်း နှင့် ခရီးဝေးသွားနေစဉ်ကားတာယာပွင့်ထွက်မှု့များဖြစ်နိုင်ပါတယ်။(၂) ကားကိုမြို့တွင်းမောင်းနှင်ချိန်တွင်သာမက နယ်ဝေးမောင်းနှင်နေစဉ်မှာ Alignment ချိန်ညှိထားမှု့မရှိပါက စတီယာရင် ကိုင် တွယ်ရခက်ခဲပြီး ယာဉ်တိမ်းမှောက်မှု့ဖြစ်နိုင်ခြင်း(၃) ယာဉ်၏ ဦးတည်ချက် တသတ်မှတ်တည်းမရှိပဲ ဘယ်ညာတိမ်းစောင်းနိုင်ခြင်း(၄) ကားတာယာများ လိုအပ်သည်ထက်ပိုမိုတိုက်စားရသောကြောင့် ကားဆီစားနှုန်းတက်လာခြင်း (၅) ယာဉ်မောင်းနှင်နေစဉ် လုံခြုံမှု့ မရှိတော့ခြင်းတို့ဖြစ်ပါတယ်။ဘယ်လိုအချိန်တွေမှာ Alignment ချိန်ဖို့လိုအပ်နေပြီလဲ ? – (၁) ကားဘီးများကို ယာဉ်နဲ့တစ်တန်းတည်း ရပ်နားထားစဉ်မှာ ကားစတီယာရင် လက်ကိုင်တိမ်းစောင်းမှု့ရှိနေခြင်း။(၂) ကားတာယာများကိုစစ်ဆေးကြည့်ပါက ကားတာယာများ တိုက်စားမှု့မညီခြင်း(၃) ယာဉ်ကိုမကြာခဏ ချိုင့်တွေ ကိုဖြတ်မောင်းခြင်း

(၄) ယာဉ်မောင်းနှင်နေစဉ်မှာ စတီယာရင် ကို လက်လွှတ်လိုက်ပါက ကားမှာ တဖက်ဖက်သို့ ဆွဲချသွားခြင်း (ကားရပ်ကွင်းများတွင်သာစမ်း သပ်ရန် အကြံပြုပါတယ်)(၅) ကားတာယာကိုကြာရှည်ခံစေဖို့သာမက ကားအောက်ပိုင်းပြင်ဆင်မှု့တခုခုလုပ်ပြီးတိုင်းမှာလဲ alignment ကို ပြန်လည်ချိန်ညှိသင့်ပါတယ်။ ကားကို တာယာများအသစ်လဲလှယ်တိုင်းမှာလဲ ပြန်လည်ချိန်ညှိသင့်ပါတယ်။Alignment ရဲ့ အကျိုး ကျေးဇူးများကတော့ – (၁) ဆီစားနှုန်းသက်သာလာခြင်း- အကယ်လို့ကျွန်တော်တို့မောင်းနှင်နေတဲ့ကားတွေဟာ alignment ကိုသေချာစွာပြုလုပ်ထားခြင်းမရှိဘူးဆိုရင် ကားရဲ့ အင်ဂျင်က လိုအပ်တာထက်ပိုတဲ့ တွန်းအားကိုထုတ်ရပါတယ်။ ထိုသို့ထုတ်ရတဲ့အတွက် ဆီစားနှုန်းတက်လာနိုင်ပါတယ်။ (၂) ကုန်ကျစရိတ်ကြီးတဲ့ပြင်ဆင်မှု့တွေကိုရှောင်ရှားနိုင်ပါတယ်။Alignment ပုံမှန်ချိန် ပေးခြင်းအားဖြင့် ကားအောက်ပိုင်းအ စိတ် အပိုင်းများချို့ယွင်းမှု့ကိုစောလျှင်စွာသိနိုင်ပါတယ်။(၃) ယာဉ်ကို ပိုမိုငြိမ့်ညောင်းစွာမောင်းနှင်နိုင်ပါတယ်။ကား alignment မညီညာမှု့က ယာဉ်ကိုမောင်းနှင်စဉ်မှာ ဘယ် သို့မဟုတ် ညာ တဖက်ဖက်ကို ဆွဲဆွဲ သွားတာကြောင့် မကြာခဏပြန်လည်တည့်မတ်နေရတာကြောင့် ကားမောင်းနှင်ရတာ သက်သာငြိမ့်ညောင်းမှု ရှိမှာမဟုတ်တဲ့အပြင် ယာဉ်တိုက်မှုအန္တရယ်တောင်ရှိနိုင်ပါတယ်။(၄) ယာဉ်ကိုမောင်းနှင်ရာမှာပိုမိုလုံခြုံစေပါတယ်။မိမိရဲ့လုံခြုံမှု ကို မိမိ အသိ ကနေစောင့်ရှောက်သလို မိမိမောင်းနှင်နေတဲ့ကားကလဲ စောင့်ရှောက်ပါတယ်။ ကားကိုအင်ဂျင်ပိုင်းဆိုင်ယာချို့ယွင်းချက်ကြောင့်လမ်းဘေးထိုးရပ်ရင် ပြင်ဆင်ပြီးဆက်သွားလို့ရတက်ပေမယ့် အောက်ပိုင်းတခုခု ချို့ယွင်းသွားပြီဆိုရင် ဆက်မောင်းနှင်လို့မရတဲ့အပြင် လမ်းဘေးမှာပဲထိုးရပ်ထားရတက်ပါတယ်။ ယာဉ် alignment ပုံမှန်လုပ်ပေးခြင်းအားဖြင့် ယခုလိုမျိုးဖြစ် ရပ်တွေကိုရှောင်ရှားနိုင်တဲ့အပြင် ယာဉ်မောင်းနှင်ရာမှာလဲပိုမိုလုံခြုံစေပါတယ်။(၅) ကားတာယာရဲ့သက်တမ်းကိုပိုမို ရှည်လာစေနိုင်ပါတယ်။ကားတာယာ အမျိုးအစားပေါ်မူတည်ပြီးဈေးအမျိုးမျိုးရှိပါတယ်။ ပုံမှန် ၄နှစ်လောက်ခံရမယ့် တာယာဟာ Alignment မချိန်ညှိထားမှုကြောင့် ၂နှစ်ကျော်လောက်မှာတင်အသစ်လဲလှယ်ရတက်ပါတယ်။ Alignment ချိန်ညှိထားမှုကြောင့် ကားတာယာများရဲ့သက်တမ်းရှည်လာစေရုံမက တာယာအသစ်အတွက်ကုန်ကျစရိတ်ကိုလဲ သက်သာစေနိုင်ပါတယ်။

Credit – Family Myanmar Car Rental Service

[zawgyi]
