မိမိတန်ဖိုးကို တခြားသူတွေ ဈေးဖြတ်တာမခံပါနဲ့

လူတစ်ယောက်ဟာ ရောဂါတစ်ခုရပြီး သေခါနီးဖြစ်နေတယ်။ သူက လူပျိုအရွယ် သူ့သားကို အနားခေါ်ပြီး ခုလို ပြောလိုက်တယ်။”မင်းအဖိုး မသေခင်က ငါ့ကို အိတ်ဆောင်ရွှေနာရီတစ်လုံး ပေးခဲ့တယ်။ အဲဒီနာရီဟာ အနှစ် ၂၀၀ လောက်ကြာနေပြီ။ မင်းကို အဲဒီနာရီပေးမယ်။ ဒါပေမဲ့ မင်းကို ငါ မပေးခင်မှာ လက်ဝတ်ရတနာရောင်းတဲ့ဆိုင်ကို သွားပြီး နာရီကို ရောင်းရင် သူတို့ ဘယ်လောက်ပေးမလဲဆိုတာ စုံစမ်းကြည့်ပါ”သားဟာ အဖေခိုင်းတဲ့အတိုင်း ရတနာဆိုင်ကို သွားပြီး နာရီကို ရောင်းမယ်ဆိုပြီး ပြကြည့်တယ်။ ပြီးတော့ အဖေ့ဆီ ပြန်လာပြီး အခုလို ပြန်ပြောတယ်။”အဖေ၊ ရတနာဆိုင်က နာရီဟာ သိပ်ဟောင်းလွန်းနေပြီမို့ ဒေါ်လာ ၁၀၀ ပဲ ပေးမယ်လို့ ပြောပါတယ်”အဖေက ပြောလိုက်ပြန်တယ်။”ဒါဆိုလည်း အပေါင်ဆိုင်တစ်ခုမှာ နာရီကို သွားပေါင်ကြည့်ကွာ။ သူတို့ ဘယ်လောက်ပေးမလဲလို့”သားလည်း အပေါင်ဆိုင်ကို သွားလို့ အဖေ့ဆီပြန်လာပြီး ခုလိုပြန်ပြောတယ်။ “အပေါင်ဆိုင်က ပြောတယ်။ ဒေါ်လာ ၂၀ ပဲ ပေးမယ်တဲ့။ ဘာကြောင့်လဲဆိုတော့ နာရီမှာ ခြစ်ရာလေးတွေရှိလို့တဲ့”အဖေက ပြောပြန်တယ်။ “မြို့ထဲက ပြတိုက်ကို သွားပြီး နာရီကို ပြကြည့်ပြီး ရောင်းရင် ဘယ်လောက်ရမလဲလို့ မေးကြည့်ပါဦး..။”သားဟာ သူ့အဖေရဲ့ အပြုအမူဟာ ထူးဆန်းတယ်လို့ စိတ်ထဲမှာ ခံစားမိပေမယ့် သေခါနီးဖြစ်နေတဲ့ အဖေရဲ့ဆန္ဒကို မဖယ်ရှားချင်တာကြောင့် ပြတိုက်ကို သွားလိုက်တယ်။

မကြာခင်မှာ သူ့အဖေဆီ ပြန်ရောက်လာပြီး ဝမ်းသာအားရနဲ့ ခုလို ပြန်ပြောတယ်။”ပြတိုက်မှူးက ဒေါ်လာ ၃ သိန်း ၇ သောင်း ၅ ထောင်ပေးမယ်လို့ ပြောပါတယ်။ နာရီဟာ အလွန်ရှားပါးတဲ့ ရှေးဟောင်းပစ္စည်းဖြစ်လို့ ဝယ်ပြီးရင် ပြတိုက်မှာ လူအများကြည့်ဖို့ ပြထားပေးမယ်တဲ့”ဒီအခါမှာ အဖေက ခုလို ပြန်ပြောတယ်။”တန်ဖိုးနားလည်တဲ့ နေရာမှာပဲ တန်ဖိုးအမှန်ကို သိလိမ့်မယ်။ တန်ဖိုးနားမလည်တဲ့နေရာမှာ အမှန် အကန် တန်ဖိုးကို မသိနိင်ဘူး။ တစ်ခါတလေ မင်းရဲ့တန်ဖိုးကို နားမလည်တာနဲ့ ကြုံရင် မင်း စိတ်ဆိုးဒေါသထွက်မယ်။ မကျေမနပ်ဖြစ်မယ်။ အဲဒါဆိုရင် မင်းဟာ တန်ဖိုးနားမလည်တဲ့ နေရာမှာရောက်နေသလားဆိုတာကို သတိထားပါ”အဖေက ဆက်ပြောတယ်။”မင်းရဲ့ဘဝတလျှောက် မှာ မင်းရဲ့တန်ဖိုး (အရည်အချင်း) တက်အောင် အမြဲကြိုးစားပါ။ ပြီးရင် တန်ဖိုးနားလည်တဲ့ ပတ်ဝန်းကျင်မှာ နေပါ။ မိမိရဲ့ တန်ဖိုးကို မိမိကိုယ်တိုင် နားမလည်ရင် တန်ဖိုးနားမလည်တဲ့ လူတွေရဲ့ ပြောစကားတွေကြောင့် ဈေးပေါပေါနဲ့ ရောင်းမိနိုင်တယ်။ မိမိရဲ့တန်ဖိုးကို တခြားသူတွေ ဈေးဖြတ်တာကို ဘယ်တော့မှ မခံရစေနဲ့”ဒီစကားကို ပြောပြီး ရက်အနည်းငယ်အကြာမှာ အဖေဟာ ကွယ်လွန်သွားတယ်။ သားက အဖေဆီက အဖိုးတန်တဲ့ အမွေတစ်ခုရလိုက်တယ်လို့ ခံယူလိုက်တယ်။

ဆရာ ဗန်းမော်သိန်းဖေ အား လေးစားစွာဖြင့် Credit ပေးပါတယ်

[zawgyi]

လူတစ္ေယာက္ဟာ ေရာဂါတစ္ခုရၿပီး ေသခါနီးျဖစ္ေနတယ္။ သူက လူပ်ိဳအ႐ြယ္ သူ႔သားကို အနားေခၚၿပီး ခုလို ေျပာလိုက္တယ္။”မင္းအဖိုး မေသခင္က ငါ့ကို အိတ္ေဆာင္ေ႐ႊနာရီတစ္လုံး ေပးခဲ့တယ္။ အဲဒီနာရီဟာ အႏွစ္ ၂၀၀ ေလာက္ၾကာေနၿပီ။ မင္းကို အဲဒီနာရီေပးမယ္။ ဒါေပမဲ့ မင္းကို ငါ မေပးခင္မွာ လက္ဝတ္ရတနာေရာင္းတဲ့ဆိုင္ကို သြားၿပီး နာရီကို ေရာင္းရင္ သူတို႔ ဘယ္ေလာက္ေပးမလဲဆိုတာ စုံစမ္းၾကည့္ပါ”သားဟာ အေဖခိုင္းတဲ့အတိုင္း ရတနာဆိုင္ကို သြားၿပီး နာရီကို ေရာင္းမယ္ဆိုၿပီး ျပၾကည့္တယ္။ ၿပီးေတာ့ အေဖ့ဆီ ျပန္လာၿပီး အခုလို ျပန္ေျပာတယ္။”အေဖ၊ ရတနာဆိုင္က နာရီဟာ သိပ္ေဟာင္းလြန္းေနၿပီမို႔ ေဒၚလာ ၁၀၀ ပဲ ေပးမယ္လို႔ ေျပာပါတယ္”အေဖက ေျပာလိုက္ျပန္တယ္။”ဒါဆိုလည္း အေပါင္ဆိုင္တစ္ခုမွာ နာရီကို သြားေပါင္ၾကည့္ကြာ။ သူတို႔ ဘယ္ေလာက္ေပးမလဲလို႔”သားလည္း အေပါင္ဆိုင္ကို သြားလို႔ အေဖ့ဆီျပန္လာၿပီး ခုလိုျပန္ေျပာတယ္။ “အေပါင္ဆိုင္က ေျပာတယ္။ ေဒၚလာ ၂၀ ပဲ ေပးမယ္တဲ့။ ဘာေၾကာင့္လဲဆိုေတာ့ နာရီမွာ ျခစ္ရာေလးေတြရွိလို႔တဲ့”အေဖက ေျပာျပန္တယ္။ “ၿမိဳ႕ထဲက ျပတိုက္ကို သြားၿပီး နာရီကို ျပၾကည့္ၿပီး ေရာင္းရင္ ဘယ္ေလာက္ရမလဲလို႔ ေမးၾကည့္ပါဦး..။”သားဟာ သူ႔အေဖရဲ႕ အျပဳအမူဟာ ထူးဆန္းတယ္လို႔ စိတ္ထဲမွာ ခံစားမိေပမယ့္ ေသခါနီးျဖစ္ေနတဲ့ အေဖရဲ႕ဆႏၵကို မဖယ္ရွားခ်င္တာေၾကာင့္ ျပတိုက္ကို သြားလိုက္တယ္။မၾကာခင္မွာ သူ႔အေဖဆီ ျပန္ေရာက္လာၿပီး ဝမ္းသာအားရနဲ႔ ခုလို ျပန္ေျပာတယ္။”ျပတိုက္မႉးက ေဒၚလာ ၃ သိန္း ၇ ေသာင္း ၅ ေထာင္ေပးမယ္လို႔ ေျပာပါတယ္။ နာရီဟာ အလြန္ရွားပါးတဲ့ ေရွးေဟာင္းပစၥည္းျဖစ္လို႔ ဝယ္ၿပီးရင္ ျပတိုက္မွာ လူအမ်ားၾကည့္ဖို႔ ျပထားေပးမယ္တဲ့”ဒီအခါမွာ အေဖက ခုလို ျပန္ေျပာတယ္။”တန္ဖိုးနားလည္တဲ့ ေနရာမွာပဲ တန္ဖိုးအမွန္ကို သိလိမ့္မယ္။ တန္ဖိုးနားမလည္တဲ့ေနရာမွာ အမွန္အကန္ တန္ဖိုးကို မသိနိင္ဘူး။ တစ္ခါတေလ မင္းရဲ႕တန္ဖိုးကို နားမလည္တာနဲ႔ ႀကဳံရင္ မင္း စိတ္ဆိုးေဒါသထြက္မယ္။ မေက်မနပ္ျဖစ္မယ္။ အဲဒါဆိုရင္ မင္းဟာ တန္ဖိုးနားမလည္တဲ့ ေနရာမွာ ေရာက္ေနသလားဆိုတာကို သတိထားပါ”အေဖက ဆက္ေျပာတယ္။”မင္းရဲ႕ဘဝတေလွ်ာက္မွာ မင္းရဲ႕တန္ဖိုး (အရည္အခ်င္း) တက္ေအာင္ အၿမဲႀကိဳးစားပါ။ ၿပီးရင္ တန္ဖိုးနားလည္တဲ့ ပတ္ဝန္းက်င္မွာ ေနပါ။ မိမိရဲ႕ တန္ဖိုးကို မိမိကိုယ္တိုင္ နားမလည္ရင္ တန္ဖိုးနားမလည္တဲ့ လူေတြရဲ႕ ေျပာစကားေတြေၾကာင့္ ေဈးေပါေပါနဲ႔ ေရာင္းမိႏိုင္တယ္။ မိမိရဲ႕တန္ဖိုးကို တျခားသူေတြ ေဈးျဖတ္တာကို ဘယ္ေတာ့မွ မခံရေစနဲ႔”ဒီစကားကို ေျပာၿပီး ရက္အနည္းငယ္အၾကာမွာ အေဖဟာ ကြယ္လြန္သြားတယ္။ သားက အေဖဆီက အဖိုးတန္တဲ့ အေမြတစ္ခုရလိုက္တယ္လို႔ ခံယူလိုက္တယ္။