ထမင်းပူကို မစားနဲ့၊ ကြွေသီးကိုသာ စားပါ၊ ရောက်ရာဒေသ ခြေရာချခဲ့ပါ စကား(၃)ခွန်းရဲ့ အဓိပ္ပါယ်

(၁)ထမင်းပူကို မစားနဲ့။(၂)ကြွေသီးကိုသာ စားပါ။(၃)ရောက်ရာဒေသ ခြေရာချခဲ့ပါ စကား(၃)ခွန်းရဲ့ အဓိပ္ပါယ် – (၁) သမီး ဘဝတစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ထမင်းအေးကိုပဲ စားပါ သမီး။ထမင်းပူဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ထမင်းကို ခေါ်တာပါ။သမီးဘယ်တော့မှ မစားမိပါစေနဲ့။အခုအချိန်စားကောင်းချင်ကောင်းမယ်၊ သံသရာမှာ အလွန်ပူလောင်တတ်တယ်သမီးရေ။ထမင်းအေးဆိုတာကတော့ သမီးကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျွေးလာတဲ့ ထမင်းပဲ သမီး။ ငပိရည်နဲ့ပဲ စားရ စားရ သံသရာမှာ အေးမြပါတယ် သမီးရယ်။ စားတတ်အောင် ကြိုးစားပါနော်။(၂) အသီးကို စားမယ်ဆိုရင် ကြွေသီးကိုပဲ စားပါ သမီး။ ဘယ်တော့မှ ခူးမစားပါနဲ့။ကြွေသီးစားပါ ဆိုတာ သမီးကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ ကျွေးလာတဲ့အသီးကို စားပါလို့ဆိုလိုတာပါ။ ဒါပေမယ့် ကြွေသီးတိုင်းလည်း မစားရဘူး သမီး။ ကြွေသီးပေမယ့် မစင်ပုံပေါ်ကျရင် သမီး မစားတော့ဘူး မဟုတ်လား။ ဒီလိုပဲ ကြွေသီးတော့ ကြွေသီး။

သမီးကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ လာပေးတယ်။ ဒါပေမယ့် နောက်ကွယ်မှာ မျှော်လင့်ချက်တွေ ရလိုမှှုတွေ ပါနေရင် မစားရဘူးသမီး။ မစားကောင်းပါဘူး။ခူးမစားပါနဲ့ဆိုတာ သမီးက ကူညီစရာရှိရင် ကူညီ၊ လုပ်စရာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒါကို ကူညီခ၊ လုပ်ပေးခ တောင်းနေရင် ခူးစားတာပဲ သမီး။ သမီး သူတစ်ပါးကို ကူညီပါ။ သူတို့ဆီက ကျေးဇူးတင်စကားတစ်ခွန်းတောင် မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီး ကူညီတာ ခူးစားတာပဲ သမီးရဲ့။ သမီး ဘယ်တော့မှ ခူးမစားပါလေနဲ့။(၃)တတိယစကားကတော့ – ချိုးငှက်လေးတွေ ခါငှက်လေးတွေဟာ မြေမှာနားပြီး ပြန်သွားရင် ခြေရာထားခဲ့တယ် သမီး။ ဒီလိုပါပဲ၊ သမီးလည်း ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် သမီး ပြန်ရင် သမီး ခြေရာကျန်ခဲ့ပါစေ သမီးရယ်။ ဒီလိုပါပဲ လူ့လောကကြီးကို တို့တတွေလာခဲ့ကြ၊ တို့ပြန်ရင် တို့ခြေရာတွေ ကျန်မှ ဖြစ်မယ် သမီး။ဒေါက်တာသန်းမင်းထွဋ်ရဲ့ သမီးကိုလက်ဆင့်ကမ်းမွေးနေ့လက်ဆောင်ပေးခဲ့တဲ့ စကား (၃) ခွန်းကိုပြန်လည်ဝေမျှပါသည်။အားလုံး ချမ်းမြေ့ကြပါစေ..။

မူရင်း – Credit

[zawgyi]

(၁)ထမင္းပူကို မစားနဲ႔။(၂)ေႂကြသီးကိုသာ စားပါ။(၃)ေရာက္ရာေဒသ ေျခရာခ်ခဲ့ပါ စကား(၃)ခြန္းရဲ႕ အဓိပၸါယ္ – (၁) သမီး ဘဝတစ္ေလွ်ာက္လုံးမွာ ထမင္းပူကို မစားပါနဲ႔။ထမင္းေအးကိုပဲ စားပါ သမီး။ထမင္းပူဆိုတာ သူတစ္ပါး မ်က္ရည္ေပါက္ႀကီးငယ္က်မွ စားရတဲ့ထမင္းကို ေခၚတာပါ။သမီးဘယ္ေတာ့မွ မစားမိပါေစနဲ႔။အခုအခ်ိန္စားေကာင္းခ်င္ေကာင္းမယ္၊ သံသရာမွာ အလြန္ပူေလာင္တတ္တယ္သမီးေရ။ထမင္းေအးဆိုတာကေတာ့ သမီးကို ခ်စ္လို႔ ခင္လို႔ တန္ဖိုးထားလို႔ ၾကည္ညိဳလို႔ ေကြၽးလာတဲ့ ထမင္းပဲ သမီး။ ငပိရည္နဲ႔ပဲ စားရ စားရ သံသရာမွာ ေအးျမပါတယ္ သမီးရယ္။ စားတတ္ေအာင္ ႀကိဳးစားပါေနာ္။(၂) အသီးကို စားမယ္ဆိုရင္ ေႂကြသီးကိုပဲ စားပါ သမီး။ ဘယ္ေတာ့မွ ခူးမစားပါနဲ႔။ေႂကြသီးစားပါ ဆိုတာ သမီးကို ခ်စ္လို႔ ခင္လို႔ ၾကည္ညိဳလို႔ ေကြၽးလာတဲ့အသီးကို စားပါလို႔ဆိုလိုတာပါ။ ဒါေပမယ့္ ေႂကြသီးတိုင္းလည္း မစားရဘူး သမီး။ ေႂကြသီးေပမယ့္ မစင္ပုံေပၚက်ရင္ သမီး မစားေတာ့ဘူး မဟုတ္လား။ ဒီလိုပဲ ေႂကြသီးေတာ့ ေႂကြသီး။သမီးကို ခ်စ္လို႔ ခင္လို႔ ၾကည္ညိဳလို႔ လာေပးတယ္။ ဒါေပမယ့္ ေနာက္ကြယ္မွာ ေမွ်ာ္လင့္ခ်က္ေတြ ရလိုမွႈေတြ ပါေနရင္ မစားရဘူးသမီး။ မစားေကာင္းပါဘူး။ခူးမစားပါနဲ႔ဆိုတာ သမီးက ကူညီစရာရွိရင္ ကူညီ၊ လုပ္စရာရွိရင္ လုပ္ေပးလိုက္ပါ။ အဲဒါကို ကူညီခ၊ လုပ္ေပးခ ေတာင္းေနရင္ ခူးစားတာပဲ သမီး။ သမီး သူတစ္ပါးကို ကူညီပါ။ သူတို႔ဆီက ေက်းဇူးတင္စကားတစ္ခြန္းေတာင္ မေမွ်ာ္လင့္ပါနဲ႔။ ေမွ်ာ္လင့္ၿပီး ကူညီတာ ခူးစားတာပဲ သမီးရဲ႕။ သမီး ဘယ္ေတာ့မွ ခူးမစားပါေလနဲ႔။(၃)တတိယစကားကေတာ့ – ခ်ိဳးငွက္ေလးေတြ ခါငွက္ေလးေတြဟာ ေျမမွာနားၿပီး ျပန္သြားရင္ ေျခရာထားခဲ့တယ္ သမီး။ ဒီလိုပါပဲ၊ သမီးလည္း ဘယ္ေနရာ ဘယ္ေဒသ ေရာက္ေရာက္ သမီး ျပန္ရင္ သမီး ေျခရာက်န္ခဲ့ပါေစ သမီးရယ္။ ဒီလိုပါပဲ လူ႔ေလာကႀကီးကို တို႔တေတြလာခဲ့ၾက၊ တို႔ျပန္ရင္ တို႔ေျခရာေတြ က်န္မွ ျဖစ္မယ္ သမီး။ေဒါက္တာသန္းမင္းထြဋ္ရဲ႕ သမီးကိုလက္ဆင့္ကမ္းေမြးေန႔လက္ေဆာင္ေပးခဲ့တဲ့ စကား (၃) ခြန္းကိုျပန္လည္ေဝမွ်ပါသည္။အားလုံး ခ်မ္းေျမ့ၾကပါေစ..။