ကားတွေမှာပါတဲ့ အသက်ကယ်လေအိတ်စနစ်အကြောင်း သိကောင်းစရာ

လူသားသမိုင်းတိုးတက်လာမှုနှင့်အတူ လူသားတို့၏ စက်တပ်ယာဉ် အသုံးပြုမှုများသည်လည်း အံ့မခန်း မြန်ဆန် တိုးတက်လာခဲ့ကြရာတွင် တိုးတက်မှုနှင့်အတူ ရှောင်လွဲမရသော မော်တော်ယာဉ် မတော်တဆမှုများလည်း တိုးပွားလာခဲ့ပါတယ်။ထို့ကြောင့် မော်တော်ယာဉ်ကုမ္ပဏီကြီးများနှင့် ဆက်စပ်ကုမ္ပဏီများမှ ယာဉ်မတော်တဆ ဖြစ်ပွားမှုများတွင် လူသားတို့အသက်အန္တရာယ် လျော့ချပေးနိုင်မည့် နည်းလမ်းများကို တီထွင်ကြံဆရာမှ အသက်ကယ်လေအိတ်စနစ် SRS(Supplemental Restraint System) အား ၁၉၈၉ ခုနှစ်တွင် ယာဉ်မောင်းလေအိတ် (Driver Airbag) အား စတင်ကာတပ်ဆင် အသုံးပြုခဲ့ကြပြီး ၁၉၉၂ ခုနှစ်တွင် ဘေးမှထိုင်စီးသူ အတွက်လေအိတ် (Passanger Airbag) များကိုပါတပ်ဆင်နိုင်ခဲ့ကြပြီး ယခုအခါတွင်တော့ ဘေးကာလေအိတ် (Side Airbag) ဘေးတံခါးပြတင်းပေါက်လေအိတ် (Curtain Airbag) ခြေထောက်ပိုင်းလေအိတ် (Knee Airbag) စသည်တို့ကို အဆင့်ဆင့်တိုးတက်ကာ ကားအမျိုးအစားပေါ်မူတည်ကာ တပ်ဆင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ယခုခေတ်ကားများတွင်တော့ နိုင်ငံတကာအစိုးရ တော်တော်များများတွင် ယာဉ်မောင်းလေအိတ်ကိုတော့ မဖြစ်မနေ ထည့် သွင်းတပ်ဆင်ပေးရန် သတ်မှတ်ပြဌာန်းထားပါတယ်။ လေအိတ်တပ်ဆင်ထားသော ကားတစ်စီး ယာဉ်မတော်တဆမှုဖြစ်ရာတွင် အသက်ကယ်လေအိတ် ပွင့်ရန်အတွက် အရေးကြီးဆုံး အချက်မှာ SRS လေအိတ်စနစ်ပိုင်း ပုံမှန်ရှိနေရန်လိုအပ်ပါတယ်။ လေအိတ်စနစ်ပိုင်း ပုံမှန်ရှိရန်အတွက်ကားစက်နိုးပြီးချိန်တွင် လေအိတ်ပုံမီးအနီလေး မလင်းနေရန် လိုအပ်ပါတယ်။ လေအိတ်ပုံမီးအနီလေး လင်းနေပါက လေအိတ်စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေသဖြင့် ယာဉ်မတော်တဆဖြစ်ပွားပါကအသက်ကယ်လေအိတ် အလုပ်လုပ်မည်မဟုတ်သဖြင့် လေအိတ်မပွင့်နိုင်ပါ။လေအိတ်ပုံမီးလေး မလင်းနေမှသာ SRS အသက်ကယ်လေအိတ်စနစ် အလုပ်လုပ်မည်ဖြစ်ပြီး လေအိတ်ပွင့်နိုင်မည်ဖြစ်ပါတယ်။ မော်တော်ယာဉ်မတော်တဆဖြစ်ချိန်တွင် အသက်ကယ်လေအိတ် ပွင့်ထွက်ကာ အလုပ် လုပ်စေရန် ထိန်းချုပ်ပေးသော အဓိက အရာများမှာ – အင်ဂျင်ကွန်ထရိုးဘောက် ECU (Engine Control Module)၊ အရှိန်တိုင်းကိရိယာ (Accelerometer)၊ ယာဉ်တိုက်မှု့အရှိန်အကျိုးသက် ရောက်မှု ဆင်ဆာ (Impact Sensor)၊ ဘေးဘက်ထိခိုက်မှုအာရုံခံဆင်ဆာ (Side door Pressure Sensor)၊ ဘီးအရှိန်နှုန်းတိုင်းဆင်ဆာ (Wheel Speed Sensor)၊ ယာဉ်တည်ငြိမ်မှုအာရုံခံဆင်ဆာ (Gyroscopes Sensor)၊ ဘရိတ်အာရုံခံဆင်ဆာ (Brake Pressure Sensor)၊ ထိုင်ခုံအာရုံခံဆင်ဆာ (Seat Occupancy Sensor) စသော ဆင်ဆာများပေါ်မှထိန်းချုပ်ကာလေအိတ်အလုပ်လုပ်စေခြင်း ဖြစ်ပါတယ်။အင်ဂျင်ကွန်ထရိုးဘောက်နှင့် အရှိန်နှုန်းတိုင်း ကိရိယာတို့မှ ကားအမှန်တကယ် မောင်းနှင်နေသည်ဟုတ် မဟုတ်ကို ဘီးများမှပေးပို့သော အရှိန်နှုန်းတိုင်းကိရိယာများ ထံမှရယူကာ အတည်ပြုပြီး ယာဉ်တိုက်မှုဖြစ်ချိန်တွင် Impact Sensor မှပေးပို့သော သက်ရောက်မှု့အရှိန်နှင့် G Sensor မှပေးပို့သော ယာဉ်တုန်ခါမှုနှင့် မတည်ငြိမ်မှုဘရိတ်ဆင်ဆာမှ ရုတ်တရက်နင်းလိုက်သော အရှိန်နှုန်း တို့ပေါ်မူတည်ကာ ထိုင်ခုံအာရုံ ခံဆင်ဆာမှ မည့်သည့်ထိုင်ခုံတွင် လူစီးနင်းလိုက်ပါသည်ကို အချက်ပေးကာ လူရှိသောထိုင်ခုံတွင် လေအိတ်များကို ယာဉ်တိုက်မှုအခြေ အနေကိုလိုက်ကာ ပွင့်အောင်လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။နောက်ဆုံး လေအိတ်ပွင့်ပေးရန်ဆုံးဖြတ်ချက်ကို အထက်ပါ အချက်အလက်များမှ ရယူကာ SRS Control စနစ်မှ ဆုံးဖြတ်ပေးပါတယ်။

အချို့ကားများတွင် လုံခြုံရေးခါးပတ်(Safe Belt) ပတ်ထားမှသာ လေအိတ်ပွင့်ပေးသော်လည်း အချို့ကားမော်ဒယ်များတွင်တော့ ထိုင်ခုံခါးပတ် မပတ်ထားသည့်တိုင် လေအိတ် ပွင့်ပေးသော်လည်း ထိုင်ခုံခါးပတ်မှာ ကားပေါ်စီးနင်းလိုက်ပါသူတိုင်း မောင်းနှင်သူတိုင်းသည် ထိုင်ခုံခါးပတ်ကို မဖြစ်မနေပတ်ထားရန် လိုအပ်ပါတယ်။အဘယ်ကြောင့်ဆိုသော် ထိုင်ခုံခါးပတ်သည် ယာဉ်မတော်တဆဖြစ်ချိန်တွင် စီးနင်းလိုက်ပါလာသူအား လွင့်မထွက်သွားစေရန် ရှေ့ရှိအရာဝတ္ထုများနှင့် ခေါင်းမျက်နှာတို့နှင့် မတိုက်မိစေရန် ကာကွယ်ပေးသည့်အပြင် လေအိတ်ပွင့်ထွက် လာချိန်တွင်လည်း ခါးပတ်ပတ်မထားပါက လေအိတ်ပွင့်ထွက်သောအရှိန်နှင့် လူမှလည်းရှေ့သို့ထွက်သွားသောအရှိန်တို့ပေါင်းဆုံကာ နှလုံးထိခိုက်ကာ အသက်ဆုံးရှုံးကြရသည်အထိ ဖြစ်ပွားနိုင်ပါတယ်။SRS ထိန်းချုပ်စနစ်မှ လေအိတ်ပွင့်စေရန် နောက်ဆုံး ဆုံးဖြတ်ချက်ပေးရခြင်းမှာ သတ်မှတ်ထားသော အရှိန်မဟုတ်ဘဲ လေအိတ်မပွင့်စေရန်နှင့် လေအိတ်၏ အာရုံခံဆင်ဆာတစ်ခုဖြစ်သော Impact Sensor အားထုမိ ရိုက်မိပါက လေအိတ်မပွင့်စေရန် အတွက်နှင့်အမှန်တကယ် ယာဉ်မတော်တဆမှုဖြစ်သောအချိန်နှင့် သတ်မှတ်အရှိန်နှုန်းရောက်မှသာ လေအိတ်ပွင့်စေရန် အတွက်ဖြစ်ပါတယ်။မော်တော်ယာဉ်များသည် အမျိုးအစားကိုလိုက်ကာ ကီလို ၂၀ မှ ၃၀ အောက် ယာဉ်တိုက်မှုများတွင် လေအိတ်မပွင့်ပေးကြသည်လည်း ရှိပါတယ်။ မိမိကားသည် ကီလို ၂၀ မှ ၃၀ အတွင်းသာ မောင်းနှင်လာသော်လည်း အခြားတစ်ဘက်မှ ဝင်ရောက်တိုက်မိသော ကားအရှိန်သည် အလွန်ပြင်းထန်ပါက Impact Sensor ၏ ထိခိုက်မှုအရှိန်အကျိုးသက်ရောက်မှုနှင့် G sensor ၏တုန်ခါမှုတို့ကိုလိုက်ကာ SRS ကွန်ထရိုးစနစ်မှ လေအိတ်ပွင့်စေကာ ကာကွယ်ပေးပါတယ်။လေအိတ်ပွင့်စေရန်အတွက် Gas Generator သဘောပုံစံမျိုးဖြင့် ဓာတ်ငွေ့ကို အသုံးပြုစေကာ လေအိတ်ကို အမြန်ဆုံး ပွင့်စေခြင်းဖြစ်ပြီး အသုံးပြုထားသော ဓာတ်ငွေ့များမှာ ထုတ်လုပ်သောခုနှစ်နှင့် ကားအမျိုးအစားကိုလိုက်ကာ ကွဲပြားခြားနားမှု ရှိကြပါတယ်။ မော်တော်ယာဉ်တစ်စီး မတော်တဆမှုှုဖြစ်ချိန်တွင် လေအိတ်ပွင့်ရန်ကြာမြင့်ချိန်မှာ တစ်စက္ကန့်၏ ဆယ်ပုံ တစ်ပုံမှ သုံးပုံအထိ (0.1 to 0.3 Sec) သာကြာမြင့်၍ လေအိတ်ထွက်လာသော အရှိန်နှုန်းမှာ မော်တော်ယာဉ် အမျိုးအစားကိုလိုက်ကာ တစ်နာရီ ကီလို ၁၀၀ မှ ၃၀၀ အထိ (100 to 300km/hr) အရှိန်အထိပြင်းထန်ပါတယ်။လေအိတ်ပွင့်ချိန်သည် အလွန်မြန်ဆန်ကာ အရှိန်လည်းများပါတယ်။ ထို့ကြောင့် မော်တော်ယာဉ်မောင်းနှင်ချိန်များတွင် ထိုင်ခုံခါးပတ်ကို မဖြစ်မနေပတ်ထားရန် လိုအပ်ပါတယ်။ ထိုင်ခုံခါးပတ် အမြဲပတ်ထားမှသာ အထက်တွင် ဖော်ပြသကဲ့သို့ ထိခိုက်မှုများ အပြင် လေအိတ်ကြောင့် ထိခိုက် အသက်ဆုံးရှုံးခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မော်တော်ကားမောင်းနှင်သူများ အနေဖြင့် မိမိအသက်အန္တရာယ်ကို အနည်းနှင့်အများ ကာကွယ်ပေးနိုင်သော လေအိတ်စနစ် မီးလင်းနေပါက နီးစပ်ရာ ကျွမ်းကျင်သော ကားဆားဗစ်များတွင် သွားရောက်ပြသပြုပြင်ရန်လိုအပ်သလို ကားတစ်စီးတွင် မောင်းနှင်သူရော လိုက်ပါစီးနင်းသူများပါ ထိုင်ခုံခါးပတ် မဖြစ်မနေပတ်ရန် လိုအပ်ပါတယ်။

မူရင်း Credit

[zawgyi]

လူသားသမိုင္းတိုးတက္လာမႈႏွင့္အတူ လူသားတို႔၏ စက္တပ္ယာဥ္ အသုံးျပဳမႈမ်ားသည္လည္း အံ့မခန္း ျမန္ဆန္ တိုးတက္လာခဲ့ၾကရာတြင္ တိုးတက္မႈႏွင့္အတူ ေရွာင္လြဲမရေသာ ေမာ္ေတာ္ယာဥ္ မေတာ္တဆမႈမ်ားလည္း တိုးပြားလာခဲ့ပါတယ္။ထို႔ေၾကာင့္ ေမာ္ေတာ္ယာဥ္ကုမၸဏီႀကီးမ်ားႏွင့္ ဆက္စပ္ကုမၸဏီမ်ားမွ ယာဥ္မေတာ္တဆ ျဖစ္ပြားမႈမ်ားတြင္ လူသားတို႔အသက္အႏၲရာယ္ ေလ်ာ့ခ်ေပးႏိုင္မည့္ နည္းလမ္းမ်ားကို တီထြင္ႀကံဆရာမွ အသက္ကယ္ေလအိတ္စနစ္ SRS(Supplemental Restraint System) အား ၁၉၈၉ ခုႏွစ္တြင္ ယာဥ္ေမာင္းေလအိတ္ (Driver Airbag) အား စတင္ကာတပ္ဆင္ အသုံးျပဳခဲ့ၾကၿပီး ၁၉၉၂ ခုႏွစ္တြင္ ေဘးမွထိုင္စီးသူ အတြက္ေလအိတ္ (Passanger Airbag) မ်ားကိုပါတပ္ဆင္ႏိုင္ခဲ့ၾကၿပီး ယခုအခါတြင္ေတာ့ ေဘးကာေလအိတ္ (Side Airbag) ေဘးတံခါးျပတင္းေပါက္ေလအိတ္ (Curtain Airbag) ေျခေထာက္ပိုင္းေလအိတ္ (Knee Airbag) စသည္တို႔ကို အဆင့္ဆင့္တိုးတက္ကာ ကားအမ်ိဳးအစားေပၚမူတည္ကာ တပ္ဆင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ယခုေခတ္ကားမ်ားတြင္ေတာ့ ႏိုင္ငံတကာအစိုးရ ေတာ္ေတာ္မ်ားမ်ားတြင္ ယာဥ္ေမာင္းေလအိတ္ကိုေတာ့ မျဖစ္မေန ထည့္သြင္းတပ္ဆင္ေပးရန္ သတ္မွတ္ျပဌာန္းထားပါတယ္။ ေလအိတ္တပ္ဆင္ထားေသာ ကားတစ္စီး ယာဥ္မေတာ္တဆမႈျဖစ္ရာတြင္ အသက္ကယ္ေလအိတ္ ပြင့္ရန္အတြက္ အေရးႀကီးဆုံး အခ်က္မွာ SRS ေလအိတ္စနစ္ပိုင္း ပုံမွန္ရွိေနရန္လိုအပ္ပါတယ္။ ေလအိတ္စနစ္ပိုင္း ပုံမွန္ရွိရန္အတြက္ကားစက္ႏိုးၿပီးခ်ိန္တြင္ ေလအိတ္ပုံမီးအနီေလး မလင္းေနရန္ လိုအပ္ပါတယ္။ ေလအိတ္ပုံမီးအနီေလး လင္းေနပါက ေလအိတ္စနစ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္ရွိေနသျဖင့္ ယာဥ္မေတာ္တဆျဖစ္ပြားပါကအသက္ကယ္ေလအိတ္ အလုပ္လုပ္မည္မဟုတ္သျဖင့္ ေလအိတ္မပြင့္ႏိုင္ပါ။ေလအိတ္ပုံမီးေလး မလင္းေနမွသာ SRS အသက္ကယ္ေလအိတ္စနစ္ အလုပ္လုပ္မည္ျဖစ္ၿပီး ေလအိတ္ပြင့္ႏိုင္မည္ျဖစ္ပါတယ္။ ေမာ္ေတာ္ယာဥ္မေတာ္တဆျဖစ္ခ်ိန္တြင္ အသက္ကယ္ေလအိတ္ ပြင့္ထြက္ကာ အလုပ္ လုပ္ေစရန္ ထိန္းခ်ဳပ္ေပးေသာ အဓိက အရာမ်ားမွာ – အင္ဂ်င္ကြန္ထ႐ိုးေဘာက္ ECU (Engine Control Module)၊ အရွိန္တိုင္းကိရိယာ (Accelerometer)၊ ယာဥ္တိုက္မႈ႕အရွိန္အက်ိဳးသက္ေရာက္မႈ ဆင္ဆာ (Impact Sensor)၊ ေဘးဘက္ထိခိုက္မႈအာ႐ုံခံဆင္ဆာ (Side door Pressure Sensor)၊ ဘီးအရွိန္ႏႈန္းတိုင္းဆင္ဆာ (Wheel Speed Sensor)၊ ယာဥ္တည္ၿငိမ္မႈအာ႐ုံခံဆင္ဆာ (Gyroscopes Sensor)၊ ဘရိတ္အာ႐ုံခံဆင္ဆာ (Brake Pressure Sensor)၊ ထိုင္ခုံအာ႐ုံခံဆင္ဆာ (Seat Occupancy Sensor) စေသာ ဆင္ဆာမ်ားေပၚမွထိန္းခ်ဳပ္ကာေလအိတ္အလုပ္လုပ္ေစျခင္း ျဖစ္ပါတယ္။အင္ဂ်င္ကြန္ထ႐ိုးေဘာက္ႏွင့္ အရွိန္ႏႈန္းတိုင္း ကိရိယာတို႔မွ ကားအမွန္တကယ္ ေမာင္းႏွင္ေနသည္ဟုတ္ မဟုတ္ကို ဘီးမ်ားမွေပးပို႔ေသာ အရွိန္ႏႈန္းတိုင္းကိရိယာမ်ား ထံမွရယူကာ အတည္ျပဳၿပီး ယာဥ္တိုက္မႈျဖစ္ခ်ိန္တြင္ Impact Sensor မွေပးပို႔ေသာ သက္ေရာက္မႈ႕အရွိန္ႏွင့္ G Sensor မွေပးပို႔ေသာ ယာဥ္တုန္ခါမႈႏွင့္ မတည္ၿငိမ္မႈဘရိတ္ဆင္ဆာမွ ႐ုတ္တရက္နင္းလိုက္ေသာ အရွိန္ႏႈန္း တို႔ေပၚမူတည္ကာ ထိုင္ခုံအာ႐ုံခံဆင္ဆာမွ မည့္သည့္ထိုင္ခုံတြင္ လူစီးနင္းလိုက္ပါသည္ကို အခ်က္ေပးကာ လူရွိေသာထိုင္ခုံတြင္ ေလအိတ္မ်ားကို ယာဥ္တိုက္မႈအေျခအေနကိုလိုက္ကာ ပြင့္ေအာင္လုပ္ေဆာင္ေပးျခင္း ျဖစ္ပါတယ္။ေနာက္ဆုံး ေလအိတ္ပြင့္ေပးရန္ဆုံးျဖတ္ခ်က္ကို အထက္ပါ အခ်က္အလက္မ်ားမွ ရယူကာ SRS Control စနစ္မွ ဆုံးျဖတ္ေပးပါတယ္။အခ်ိဳ႕ကားမ်ားတြင္ လုံၿခဳံေရးခါးပတ္(Safe Belt) ပတ္ထားမွသာ ေလအိတ္ပြင့္ေပးေသာ္လည္း အခ်ိဳ႕ကားေမာ္ဒယ္မ်ားတြင္ေတာ့ ထိုင္ခုံခါးပတ္ မပတ္ထားသည့္တိုင္ ေလအိတ္ ပြင့္ေပးေသာ္လည္း ထိုင္ခုံခါးပတ္မွာ ကားေပၚစီးနင္းလိုက္ပါသူတိုင္း ေမာင္းႏွင္သူတိုင္းသည္ ထိုင္ခုံခါးပတ္ကို မျဖစ္မေနပတ္ထားရန္ လိုအပ္ပါတယ္။အဘယ္ေၾကာင့္ဆိုေသာ္ ထိုင္ခုံခါးပတ္သည္ ယာဥ္မေတာ္တဆျဖစ္ခ်ိန္တြင္ စီးနင္းလိုက္ပါလာသူအား လြင့္မထြက္သြားေစရန္ ေရွ႕ရွိအရာဝတၳဳမ်ားႏွင့္ ေခါင္းမ်က္ႏွာတို႔ႏွင့္ မတိုက္မိေစရန္ ကာကြယ္ေပးသည့္အျပင္ ေလအိတ္ပြင့္ထြက္ လာခ်ိန္တြင္လည္း ခါးပတ္ပတ္မထားပါက ေလအိတ္ပြင့္ထြက္ေသာအရွိန္ႏွင့္ လူမွလည္းေရွ႕သို႔ထြက္သြားေသာအရွိန္တို႔ေပါင္းဆုံကာ ႏွလုံးထိခိုက္ကာ အသက္ဆုံးရႈံးၾကရသည္အထိ ျဖစ္ပြားႏိုင္ပါတယ္။SRS ထိန္းခ်ဳပ္စနစ္မွ ေလအိတ္ပြင့္ေစရန္ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ေပးရျခင္းမွာ သတ္မွတ္ထားေသာ အရွိန္မဟုတ္ဘဲ ေလအိတ္မပြင့္ေစရန္ႏွင့္ ေလအိတ္၏ အာ႐ုံခံဆင္ဆာတစ္ခုျဖစ္ေသာ Impact Sensor အားထုမိ ႐ိုက္မိပါက ေလအိတ္မပြင့္ေစရန္ အတြက္ႏွင့္အမွန္တကယ္ ယာဥ္မေတာ္တဆမႈျဖစ္ေသာအခ်ိန္ႏွင့္ သတ္မွတ္အရွိန္ႏႈန္းေရာက္မွသာ ေလအိတ္ပြင့္ေစရန္ အတြက္ျဖစ္ပါတယ္။ေမာ္ေတာ္ယာဥ္မ်ားသည္ အမ်ိဳးအစားကိုလိုက္ကာ ကီလို ၂၀ မွ ၃၀ ေအာက္ယာဥ္တိုက္မႈမ်ားတြင္ ေလအိတ္မပြင့္ေပးၾကသည္လည္း ရွိပါတယ္။ မိမိကားသည္ ကီလို ၂၀ မွ ၃၀ အတြင္းသာ ေမာင္းႏွင္လာေသာ္လည္း အျခားတစ္ဘက္မွ ဝင္ေရာက္တိုက္မိေသာ ကားအရွိန္သည္ အလြန္ျပင္းထန္ပါက Impact Sensor ၏ ထိခိုက္မႈအရွိန္အက်ိဳးသက္ေရာက္မႈႏွင့္ G sensor ၏တုန္ခါမႈတို႔ကိုလိုက္ကာ SRS ကြန္ထ႐ိုးစနစ္မွ ေလအိတ္ပြင့္ေစကာ ကာကြယ္ေပးပါတယ္။ေလအိတ္ပြင့္ေစရန္အတြက္ Gas Generator သေဘာပုံစံမ်ိဳးျဖင့္ ဓာတ္ေငြ႕ကို အသုံးျပဳေစကာ ေလအိတ္ကို အျမန္ဆုံး ပြင့္ေစျခင္းျဖစ္ၿပီး အသုံးျပဳထားေသာ ဓာတ္ေငြ႕မ်ားမွာ ထုတ္လုပ္ေသာခုႏွစ္ႏွင့္ ကားအမ်ိဳးအစားကိုလိုက္ကာ ကြဲျပားျခားနားမႈ ရွိၾကပါတယ္။ ေမာ္ေတာ္ယာဥ္တစ္စီး မေတာ္တဆမႈွုျဖစ္ခ်ိန္တြင္ ေလအိတ္ပြင့္ရန္ၾကာျမင့္ခ်ိန္မွာ တစ္စကၠန႔္၏ ဆယ္ပုံ တစ္ပုံမွ သုံးပုံအထိ (0.1 to 0.3 Sec) သာၾကာျမင့္၍ ေလအိတ္ထြက္လာေသာ အရွိန္ႏႈန္းမွာ ေမာ္ေတာ္ယာဥ္ အမ်ိဳးအစားကိုလိုက္ကာ တစ္နာရီ ကီလို ၁၀၀ မွ ၃၀၀ အထိ (100 to 300km/hr) အရွိန္အထိျပင္းထန္ပါတယ္။ေလအိတ္ပြင့္ခ်ိန္သည္ အလြန္ျမန္ဆန္ကာ အရွိန္လည္းမ်ားပါတယ္။ ထို႔ေၾကာင့္ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္ခ်ိန္မ်ားတြင္ ထိုင္ခုံခါးပတ္ကို မျဖစ္မေနပတ္ထားရန္ လိုအပ္ပါတယ္။ ထိုင္ခုံခါးပတ္ အၿမဲပတ္ထားမွသာ အထက္တြင္ ေဖာ္ျပသကဲ့သို႔ ထိခိုက္မႈမ်ားအျပင္ ေလအိတ္ေၾကာင့္ ထိခိုက္ အသက္ဆုံးရႈံးျခင္းကိုလည္း ကာကြယ္ေပးႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေမာ္ေတာ္ကားေမာင္းႏွင္သူမ်ား အေနျဖင့္ မိမိအသက္အႏၲရာယ္ကို အနည္းႏွင့္အမ်ား ကာကြယ္ေပးႏိုင္ေသာ ေလအိတ္စနစ္ မီးလင္းေနပါက နီးစပ္ရာ ကြၽမ္းက်င္ေသာ ကားဆားဗစ္မ်ားတြင္ သြားေရာက္ျပသျပဳျပင္ရန္လိုအပ္သလို ကားတစ္စီးတြင္ ေမာင္းႏွင္သူေရာ လိုက္ပါစီးနင္းသူမ်ားပါ ထိုင္ခုံခါးပတ္ မျဖစ္မေနပတ္ရန္ လိုအပ္ပါတယ္။