အင်ဂျင် Slow မငြိမ်ရင် ဘာတွေပြုပြင်သင့်လဲ..?

ကားအင်ဂျင် Slow မငြိမ်ရင် ပုံမှန်အားဖြင့် Car Plug, Oil Tank Filter, Carbon cleaning, Engine Mounting, etc စတဲ့ အချက်တွေ စစ်ဆေးပြုပြင်ကြပါတယ်။စစ်ဆေးပြုပြင်တဲ့အခါမှာလည်း အထက်ပါ အချက်တွေစစ်ဆေးပြီး အဆင်ပြေသွားတဲ့ကားများရှိသလို အဆင်မပြေတဲ့ကားတွေလည်းရှိပါတယ်။ ကားအားလုံးလုပ်ရမည်မဆိုလိုပါ။ ဖြုတ်စစ်ပြီး လိုအပ်သောကားများအတွက်သာဖြစ်ပါတယ်။အ့ဒါကတော့ MAF Sensor, Throttle Body Cleaning ဖြစ်ပါတယ်။ ဒါကတော့ ကားအင်ဂျင်ပေါက်ကွဲရင် ဆီ နဲ့ လေအချိုးကျ ပေါက်ကွဲဖို့ လေတံခါးအတွက် လေစုပ်ယူဖို့ အာရုံခံပေးတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းက ကားအင်ဂျင်ခန်းအတွင် လေပိုက်အကြီးဆုံး လေစစ်နဲ့တွဲထားတဲ့ ပိုင်းလိုက်ကြီးပါ။ ဒီအပိုင်းကို ဖြုတ်ပြီရင် လေတံခါးအပေါက်တွေကို တွေ့ရပါလိမ့်မယ်။

ထိုလေတံခါးအပေါက်ထဲကို လက်နဲ့မထိုးမိဖို့ သတိပြုရပါမယ်။ ဆေးရမယ့်အရာတွေကတော့ Mass Air Flow နဲ့ Throttle Body (လေတံခါး)ကိုဆေးရပါမယ်။ ထိုလေတံခါးအပေါက်ထဲမှာရှိတဲ့ မဲမဲတူးတူးဂျီးတွေတွေ့ရင် သေချာပါပြီ။ ဒီဂျီတွေကို ဆေးဖို့အတွက် ဆေးရည်အမျိုးအစား Brand ပေါ်မူတည်ပြီး Design အမျိုးမျိုးနဲ့လာပါတယ်။ဆေးရမယ့်ပုံစံကတော့ Throttle Body (လေတံခါး) ကို ဆေးဘူးတွေမှာပါ ကော်ပိုက်သေးသေးနဲ့ Spray အသုံးပြုပြီ ဆေးကြော်ရမှာဖြစ်ပါတယ်။ လက်နိုက်သန့်စင် ၊ လက်ထည့်သန့်စင်တာမျိုးမပြုလုပ်ရပါ။ Spray ဖြန်းပြီးရင် Throttle Body မှာ ကပ်ရှိနေတဲ့ ဂျီတွေက သူအလိုလိုကျဆင်းလာပါလိမ့်မယ်။Cleaning Spray ဝယ်မရတဲ့ပြဿနာမျိုးကြုံတွေ့ပါ ဓာတ်ဆီကို အဝတ်စပါးပါးတွင် စွတ်ပြီး ပြုလုပ်နိုင်ပါတယ်။ (သတိထားရန်။ ။ မကျွမ်းကျင်လျှင်အင်ဂျင် Check မီးလင်းတတ်ပါတယ်။) ဆေးကြောပြီးနောက် သေချာစွာပြန်တပ်ပြီး စက်နှိုးကြည့်ပါ သိသိသာသာ Slow ငြိမ်သွားပါလိမ့်မယ်။

Credit – ကားသတင်းစုံ

[zawgyi]

ကားအင္ဂ်င္ Slow မၿငိမ္ရင္ ပုံမွန္အားျဖင့္ Car Plug, Oil Tank Filter, Carbon cleaning, Engine Mounting, etc စတဲ့ အခ်က္ေတြ စစ္ေဆးျပဳျပင္ၾကပါတယ္။စစ္ေဆးျပဳျပင္တဲ့အခါမွာလည္း အထက္ပါ အခ်က္ေတြစစ္ေဆးၿပီး အဆင္ေျပသြားတဲ့ကားမ်ားရွိသလို အဆင္မေျပတဲ့ကားေတြလည္းရွိပါတယ္။ ကားအားလုံးလုပ္ရမည္မဆိုလိုပါ။ ျဖဳတ္စစ္ၿပီး လိုအပ္ေသာကားမ်ားအတြက္သာျဖစ္ပါတယ္။အ့ဒါကေတာ့ MAF Sensor, Throttle Body Cleaning ျဖစ္ပါတယ္။ ဒါကေတာ့ ကားအင္ဂ်င္ေပါက္ကြဲရင္ ဆီ နဲ႔ ေလအခ်ိဳးက် ေပါက္ကြဲဖို႔ ေလတံခါးအတြက္ ေလစုပ္ယူဖို႔ အာ႐ုံခံေပးတဲ့အပိုင္းျဖစ္ပါတယ္။ ဒီအပိုင္းက ကားအင္ဂ်င္ခန္းအတြင္ ေလပိုက္အႀကီးဆုံး ေလစစ္နဲ႔တြဲထားတဲ့ ပိုင္းလိုက္ႀကီးပါ။ ဒီအပိုင္းကို ျဖဳတ္ၿပီရင္ ေလတံခါးအေပါက္ေတြကို ေတြ႕ရပါလိမ့္မယ္။ထိုေလတံခါးအေပါက္ထဲကို လက္နဲ႔မထိုးမိဖို႔ သတိျပဳရပါမယ္။ ေဆးရမယ့္အရာေတြကေတာ့ Mass Air Flow နဲ႔ Throttle Body (ေလတံခါး)ကိုေဆးရပါမယ္။ ထိုေလတံခါးအေပါက္ထဲမွာရွိတဲ့ မဲမဲတူးတူးဂ်ီးေတြေတြ႕ရင္ ေသခ်ာပါၿပီ။ ဒီဂ်ီေတြကို ေဆးဖို႔အတြက္ ေဆးရည္အမ်ိဳးအစား Brand ေပၚမူတည္ၿပီး Design အမ်ိဳးမ်ိဳးနဲ႔လာပါတယ္။ေဆးရမယ့္ပုံစံကေတာ့ Throttle Body (ေလတံခါး) ကို ေဆးဘူးေတြမွာပါ ေကာ္ပိုက္ေသးေသးနဲ႔ Spray အသုံးျပဳၿပီ ေဆးေၾကာ္ရမွာျဖစ္ပါတယ္။ လက္ႏိုက္သန႔္စင္ ၊ လက္ထည့္သန႔္စင္တာမ်ိဳးမျပဳလုပ္ရပါ။ Spray ျဖန္းၿပီးရင္ Throttle Body မွာ ကပ္ရွိေနတဲ့ ဂ်ီေတြက သူအလိုလိုက်ဆင္းလာပါလိမ့္မယ္။Cleaning Spray ဝယ္မရတဲ့ျပႆနာမ်ိဳးႀကဳံေတြ႕ပါ ဓာတ္ဆီကို အဝတ္စပါးပါးတြင္ စြတ္ၿပီး ျပဳလုပ္ႏိုင္ပါတယ္။ (သတိထားရန္။ ။ မကြၽမ္းက်င္လွ်င္အင္ဂ်င္ Check မီးလင္းတတ္ပါတယ္။) ေဆးေၾကာၿပီးေနာက္ ေသခ်ာစြာျပန္တပ္ၿပီး စက္ႏႈိးၾကည့္ပါ သိသိသာသာ Slow ၿငိမ္သြားပါလိမ့္မယ္။