ဖုန်း ပေါက်ကွဲမှုမဖြစ်အောင် ဘယ်အချက်တွေရှောင်ရှားသင့်လဲ.?

တစ်ခါတုန်းက အမျိုးသမီး တစ်ယောက် ဖုန်း ကို ကားဒတ်ဘုတ်ပေါ်တင်ထားရင်း ရုတ်တရက်ထပေါက်ကွဲတာမျိုးဖြစ်ခဲ့ဖူးပါတယ် ။ ထိခိုက် ဒဏ်ရာ ရတာမျိုးမရှိခဲ့ပေမယ့်လည်း ကားမောင်းသူအမျိုးသမီးအတွက်တော့ အတော်လေးထိတ်လန့်ဖွယ်ရာဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုးဖုန်းပေါက်ကွဲတာတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ။(၁) ဖုန်းဘတ္ထီရီ လဲရင် တရားဝင်အရောင်းဆိုင်တွေမှာပဲ လဲသင့်ပါတယ် – လမ်းဘေးမှာရောင်းနေတဲ့ဖုန်းဘတ္တရီတွေဟာ အရည်အသွေးနိမ့်ပစ္စည်းတွေဖြစ်တာကြောင့် အချိန်မရွေးပေါက်ကွဲနိုင်ပါတယ်။(၂) ပါဝါဘန့်တွေကို ပစ်ပေါက်တာမျိုးမလုပ်ပါနဲ့ – တစ်ခါတုန်းကလေဆိပ်မှာ လုံခြုံရေးက ပါဝါဘန့်ယူဆောင်သွားခွင့်မပေးတဲ့အတွက် ပါဝါဘန့်ကို ကိုင်ပေါက်ခဲ့ရာမှာ မီးခိုးတွေထွက်ပြီး ပါဝါဘန့်တစ်ခုလုံးမီးကျွမ်းသွားခဲ့ဖူးပါတယ်။(၃) ဘတ္တရီကိုမကိုက်ပါနဲ့ – တစ်ခါတုန်းက တရုတ်နိုင်ငံမှာ အိုင်ဖုန်းဝယ်တဲ့သူတစ်ယောက်ဟာ ဘတ္တရီကိုစမ်းသပ်တဲ့အနေနဲ့ ကိုက်ကြည့်လိုက်ပါတယ် ။သူကိုက်လိုက်တဲ့အခါမှာ ဘတ္ထရီထဲက အက်ဆစ်တွေယိုစိမ့်ပြီးတော့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ် ။ကံကောင်းစွာပဲ အလျင်အမြန်အဝေးကို ပစ်လိုက်တဲ့အတွက် ဒဏ်ရာမရှိခဲ့ပါဘူး ။

(၄) ဖုန်းအောက်ကို ပြုတ်ကျတဲ့အခါမှာလည်း ထပေါက်နိုင်ပါသေးတယ် – စက်ဘီးသမားတစ်ဦး ဖုန်းသုံးရင်းအောက်ပြုတ်ကျသွားတဲ့အတွက် လှမ်းကောက်လိုက်တဲ့အချိန်မှာ ဖုန်းထပေါက်ခဲ့တာကြောင့် မျက်နှာမီးလောင်သွားတဲ့ဖြစ်ရပ် ရှိခဲ့ဖူးပါတယ်။(၅) ဖုန်းအားသွင်းကြိုး အပေါစားတွေသုံးရင်လည်း ဖုန်းထပေါက်နိုင်ပါသေးတယ် -ထို့အပြင် 3A မီးအားသွင်းကြိုးတွေနဲ့သွင်းမယ်ဆိုရင် ဖုန်းထပေါက်ဖို့ အလွန်အခွင့်အရေးများပါတယ်။(၆) ဖုန်းအားသွင်းနေတုန်း ဖုန်းပြောရင်လည်းဖုန်းထပေါက်နိုင်ပါတယ် – အသက် ၁၈ နှစ်အရွယ် အိန္ဒိယသူလေးတစ်ဦးဟာ ဖုန်းအားသွင်းရင်းနဲ့ဖုန်းပြောနေစဉ်မှာပေါက်ကွဲခဲ့တဲ့အတွက် သေဆုံးခဲ့ရပါတယ်။အားသွင်းထားတုန်းဖုန်းပြောဖို့လိုတယ်ဆိုရင်တော့ ဖုန်းကို ခပ်ဝေးဝေးမှာထားပြီး စပီကာဖွင့်ပြီးပြောပါ။(၇) နောက်ဆုံးတစ်ခုက ဖုန်းကို အရက်ပြန် သို့မဟုတ် လက်ဆေးရည်တစ်ခုခုနဲ့ အမြဲတစေ သန့်ရှင်းပေးပါ – ဖုန်းမှာ ရှိနေတဲ့ ဘတ်တီးရီးယားတွေဟာ အိမ်သာကမုတ်ထက်ကို ၁၀ ဆလောက်ပိုများကြောင်း အေရီဇီုးနား တက္ကသိုလ်မှထုတ်ပြန်ထားပါတယ်။ ဒီတော့ ဖုန်းကို သန့်ရှင်းရေးမလုပ်ဘူးဆိုရင် ဖုန်းမှရောဂါပိုးတွေ သင့်ကို ကူးစက်နိုင်ပါတယ်။

Credit – မူရင်း

[zawgyi]

တစ္ခါတုန္းက အမ်ိဳးသမီး တစ္ေယာက္ ဖုန္း ကို ကားဒတ္ဘုတ္ေပၚတင္ထားရင္း ႐ုတ္တရက္ထေပါက္ကြဲတာမ်ိဳးျဖစ္ခဲ့ဖူးပါတယ္ ။ ထိခိုက္ ဒဏ္ရာ ရတာမ်ိဳးမရွိခဲ့ေပမယ့္လည္း ကားေမာင္းသူအမ်ိဳးသမီးအတြက္ေတာ့ အေတာ္ေလးထိတ္လန႔္ဖြယ္ရာျဖစ္ခဲ့ပါတယ္။ ဒီလိုမ်ိဳးဖုန္းေပါက္ကြဲတာေတြမျဖစ္ေအာင္ ဘယ္လိုကာကြယ္ရမလဲ ။(၁) ဖုန္းဘတၳီရီ လဲရင္ တရားဝင္အေရာင္းဆိုင္ေတြမွာပဲ လဲသင့္ပါတယ္ – လမ္းေဘးမွာေရာင္းေနတဲ့ဖုန္းဘတၱရီေတြဟာ အရည္အေသြးနိမ့္ပစၥည္းေတြျဖစ္တာေၾကာင့္ အခ်ိန္မေ႐ြးေပါက္ကြဲႏိုင္ပါတယ္။(၂) ပါဝါဘန႔္ေတြကို ပစ္ေပါက္တာမ်ိဳးမလုပ္ပါနဲ႔ – တစ္ခါတုန္းကေလဆိပ္မွာ လုံၿခဳံေရးက ပါဝါဘန႔္ယူေဆာင္သြားခြင့္မေပးတဲ့အတြက္ ပါဝါဘန႔္ကို ကိုင္ေပါက္ခဲ့ရာမွာ မီးခိုးေတြထြက္ၿပီး ပါဝါဘန႔္တစ္ခုလုံးမီးကြၽမ္းသြားခဲ့ဖူးပါတယ္။(၃) ဘတၱရီကိုမကိုက္ပါနဲ႔ – တစ္ခါတုန္းက တ႐ုတ္ႏိုင္ငံမွာ အိုင္ဖုန္းဝယ္တဲ့သူတစ္ေယာက္ဟာ ဘတၱရီကိုစမ္းသပ္တဲ့အေနနဲ႔ ကိုက္ၾကည့္လိုက္ပါတယ္ ။သူကိုက္လိုက္တဲ့အခါမွာ ဘတၳရီထဲက အက္ဆစ္ေတြယိုစိမ့္ၿပီးေတာ့ ေပါက္ကြဲမႈျဖစ္ပြားခဲ့ပါတယ္ ။ကံေကာင္းစြာပဲ အလ်င္အျမန္အေဝးကို ပစ္လိုက္တဲ့အတြက္ ဒဏ္ရာမရွိခဲ့ပါဘူး ။(၄) ဖုန္းေအာက္ကို ျပဳတ္က်တဲ့အခါမွာလည္း ထေပါက္ႏိုင္ပါေသးတယ္ – စက္ဘီးသမားတစ္ဦး ဖုန္းသုံးရင္းေအာက္ျပဳတ္က်သြားတဲ့အတြက္ လွမ္းေကာက္လိုက္တဲ့အခ်ိန္မွာ ဖုန္းထေပါက္ခဲ့တာေၾကာင့္ မ်က္ႏွာမီးေလာင္သြားတဲ့ျဖစ္ရပ္ ရွိခဲ့ဖူးပါတယ္။(၅) ဖုန္းအားသြင္းႀကိဳး အေပါစားေတြသုံးရင္လည္း ဖုန္းထေပါက္ႏိုင္ပါေသးတယ္ -ထို႔အျပင္ 3A မီးအားသြင္းႀကိဳးေတြနဲ႔သြင္းမယ္ဆိုရင္ ဖုန္းထေပါက္ဖို႔ အလြန္အခြင့္အေရးမ်ားပါတယ္။(၆) ဖုန္းအားသြင္းေနတုန္း ဖုန္းေျပာရင္လည္းဖုန္းထေပါက္ႏိုင္ပါတယ္ – အသက္ ၁၈ ႏွစ္အ႐ြယ္ အိႏၵိယသူေလးတစ္ဦးဟာ ဖုန္းအားသြင္းရင္းနဲ႔ဖုန္းေျပာေနစဥ္မွာေပါက္ကြဲခဲ့တဲ့အတြက္ ေသဆုံးခဲ့ရပါတယ္။အားသြင္းထားတုန္းဖုန္းေျပာဖို႔လိုတယ္ဆိုရင္ေတာ့ ဖုန္းကို ခပ္ေဝးေဝးမွာထားၿပီး စပီကာဖြင့္ၿပီးေျပာပါ။(၇) ေနာက္ဆုံးတစ္ခုက ဖုန္းကို အရက္ျပန္ သို႔မဟုတ္ လက္ေဆးရည္တစ္ခုခုနဲ႔ အၿမဲတေစ သန႔္ရွင္းေပးပါ – ဖုန္းမွာ ရွိေနတဲ့ ဘတ္တီးရီးယားေတြဟာ အိမ္သာကမုတ္ထက္ကို ၁၀ ဆေလာက္ပိုမ်ားေၾကာင္း ေအရီဇီုးနား တကၠသိုလ္မွထုတ္ျပန္ထားပါတယ္။ ဒီေတာ့ ဖုန္းကို သန႔္ရွင္းေရးမလုပ္ဘူးဆိုရင္ ဖုန္းမွေရာဂါပိုးေတြ သင့္ကို ကူးစက္ႏိုင္ပါတယ္။