စင်ကာပူနိုင်ငံမှာ မပြုလုပ်ဖို့ ချမှတ်ထားတဲ့ စည်းကမ်းများ

စင်ကာပူနိုင်ငံဟာ လက်ရှိမှာ အရှေ့တောင်အာရှ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတနိုင်ငံပါ။ ဒီလို တိုးတက်လာတာဟာ နိုင်ငံသားတွေရဲ့ စည်းလုံးမှု၊ ကြိုးစားမှုတွေနဲ့ လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာလို့ ဖြစ်ပါတယ်။ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ စင်ကာပူကို သွားရောက်လည်ပတ်မယ်ဆိုရင် အထူးဂရုပြုပြီး လိုက်နာရမယ့် စည်းကမ်းတွေကို ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။(၁) ပီကေဝါးခွင့် မရှိဘူး – မြန်မာနိုင်ငံမှာ “ကွမ်းတံတွေး မထွေးရ” ဆိုတဲ့ စည်းကမ်းတထက် ပိုပါတယ်။ စင်ကာပူဟာ သန့်ရှင်းမှုကို အလေးထားတဲ့ နိုင်ငံဖြစ်လို့ သင် အဲဒီနိုင်ငံမှာ “ပီကေဝါးခွင့်” မရှိပါဘူး။ ပီကေဝါးခွင့် တင်မကဘူး။ “ပီကေရောင်းချခွင့်”၊ “ပီကေသယ်ဆောင်ခွင့်”၊ “တင်ပို့ခွင့်” ကို မရှိတာပါ။ ဒါကတော့ ရိုးရှင်းပါတယ်။ သင့်မှာ မရှိရင် သင်စားဖြစ်တော့မှာ မဟုတ်ဘူးဆိုတဲ့ စကားအတိုင်း ရောင်းချခွင့်တွေနဲ့ ဝယ်ယူခွင့်တွေကို ပိတ်ထားတာပါ။(၂) ရေဆွဲချဖို့ မမေ့ပါနဲ့ – ဒါကလည်း လူသိများတဲ့ စင်ကာပူက စည်းကမ်းတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အများသုံး အိမ်သာတွေမှာ အမြဲကြုံရတဲ့ ပြဿနာက အိမ်သာတက်ပြီး ရေမလောင်းဘဲ ထားခဲ့ကြတာပါ။ ဒီလိုကိစ္စမျိုး စင်ကာပူမှာ သွားလုပ်လို့ မရပါဘူး။ ရေမဆွဲခဲ့တဲ့ ကိစ္စဟာ စင်ကာပူမှာ ကြီးလေးတဲ့ ပြစ်ဒဏ်ပါ။ ပြုလုပ်ခဲ့မိရင် စင်ကာပူဒေါ်လာ ၁၅၀ ခန့် ငွေဒဏ် ကျနိုင်ပါတယ်။ ဒါဟာ မြန်မာကျပ် ငွေနဲ့ဆိုရင် ၁ သိန်း ၆ သောင်းကျော် ရှိပါတယ်။ (၃) ညစ်ညမ်းကားတွေ ကြည့်ခွင့် မရှိဘူး – စင်ကာပူနိုင်ငံမှာ ညစ်ညမ်းကားတွေ ကြည့်ခွင့်မရှိတဲ့ အပြင် ကိုယ်လုံးတီးနဲ့ လမ်းထွက်ခွင့်လည်း မရှိပါဘူး။ ဒီတခုကတော့ တော်တော် ခွကျတဲ့ စည်းကမ်းပါ။ ညစ်ညမ်းကားတွေကို Public မှာ ကြည့်ခွင့် မရှိတာကိုတော့ လက်ခံပေးလို့ရပေမယ့် စင်ကာပူနိုင်ငံမှာတော့ တယောက်တည်း ရှိနေရင်တောင် ကြည့်ခွင့် မရှိတာပါ။အရမ်းကြည့်ချင်တယ်ဆိုရင်တော့ သင်ကြည့်နေတာကို လူလုံးဝ မသိအောင်ကြည့်မှပဲ အဆင်ပြေမှာပါ။

အကယ်လို့ သင်ကြည့်နေတာကို တယောက်ယောက် တွေ့ခဲ့ရင် ငွေဒဏ် စင်ကာပူဒေါ်လာ ၂၀၀၀ ကနေ ထောင်ဒဏ် ၃လအထိ ပြစ်ဒဏ် ချမှတ်မှာ ဖြစ်ပါတယ်။(၄) အမှိုက် မပစ်ရ – အထက်မှာ ဖော်ပြခဲ့တဲ့ ပီကေဝါးခွင့် မရှိသလိုပါပဲ။ ဘယ်အမှိုက်ကိုမှ ပစ်ခွင့် မရှိပါဘူး။ နောက်ထပ် ဂရုစိုက်ရမှာကတော့ စင်ကာပူနိုင်ငံက လမ်းတွေအပေါ်မှာ တံတွေးထွေးခွင့် မရှိတာပါ။ ဒီပြစ်မှု တခုခုကို လုပ်ခဲ့မယ် ဆိုရင်တော့ ငွေဒဏ် စင်ကာပူဒေါ်လာ ၁၀၀၀ ကောက်ခံမှာ ဖြစ်ပါတယ်။(၅) အမုန်းပွားမယ့် စကားများ မပြောရ – နိုင်ငံရေး၊ ဘာသာရေး စတဲ့ စကားတွေကို အပြုသဘော မဟုတ်ဘဲ ပြောခွင့် မရှိပါဘူး။ စင်ကာပူနိုင်ငံမှာ တရုတ်လူမျိုး ၇၉ ရာခိုင်နှုန်း၊ မလေးလူမျိုး ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယလူမျိုး ၆ ရာခိုင်နှုန်းနဲ့ တခြားလူမျိုးတွေလည်း နေထိုင်နေကြတာဖြစ်လို့ သင်ဟာ ဘာသာရေး၊ နိုင်ငံရေးစတဲ့ အကြောင်းအရာတွေကို ပြောမယ်ဆိုရင် လေးစားမှုရှိတဲ့ အနေနဲ့ တည်ငြိမ်စွာ မပြောဆိုနိုင်ရင် မပြောတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။လူအချင်းချင်း လေးစားမှု တခြားသူရဲ့ ကိုးကွယ်ရာကို လေးစားမှုဟာ လူတယောက်မှာ အလိုအပ်ဆုံး အရာအဖြစ် သတ်မှတ်ထားကြပါတယ်။(၆) ဘောက်ဆူး မပေးရ – နိုင်ငံတိုင်းမှာ သူ့စည်းကမ်းနဲ့သူ ရှိပါတယ်။ သင်ဟာ စင်ကာပူနိုင်ငံက စားသောက်ဆိုင်တွေမှာ သွားရောက် စားသောက်မယ် ဆိုရင် ဘောက်ဆူးပေးစရာ မလိုပါဘူး။ သင့်စားပွဲရဲ့ ဝန်ဆောင်မှု အတွက် တခါတည်း ကောက်ခံပြီးသားဖြစ်လို့ သင်အပို ပိုက်ဆံသုံးစရာ မလိုပါဘူး။(၇) လက်ညှိုး မထိုးရ – နိုင်ငံတခုနဲ့ တခု ကွာခြားတဲ့ ယဉ်ကျေးမှုတွေအရ စင်ကာပူမှာ တစုံတယောက်ကို လက်ညှိုး ထိုးတာဟာ ရိုင်းတဲ့ အမူအရာအဖြစ် သတ်မှတ်ထားပါတယ်။(၈) ဆေးလိပ် မသောက်ရ – Public Area တွေမှာ ဆေးလိပ်သောက်ခွင့် မရှိပါဘူး။ ဒီစည်းကမ်းကိုတော့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကျင့်သုံး နေကြပါပြီ။ စင်ကာပူနိုင်ငံမှာတော့ ဆေးလိပ်သောက်ရင် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၀၀ ကောက်ခံမယ်လို့ ထုတ်ပြန်ထားပါတယ်။

Credit – Irrawaddy

[zawgyi]

စင္ကာပူႏိုင္ငံဟာ လက္ရွိမွာ အေရွ႕ေတာင္အာရွ ေဒသအတြင္း ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ ႏိုင္ငံတႏိုင္ငံပါ။ ဒီလို တိုးတက္လာတာဟာ ႏိုင္ငံသားေတြရဲ႕ စည္းလုံးမႈ၊ ႀကိဳးစားမႈေတြနဲ႔ လိုက္နာရမယ့္ စည္းကမ္းေတြကို လိုက္နာလို႔ ျဖစ္ပါတယ္။ဒါေၾကာင့္ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ စင္ကာပူကို သြားေရာက္လည္ပတ္မယ္ဆိုရင္ အထူးဂ႐ုျပဳၿပီး လိုက္နာရမယ့္ စည္းကမ္းေတြကို ဗဟုသုတအျဖစ္ မွ်ေဝေပးခ်င္ပါတယ္။(၁) ပီေကဝါးခြင့္ မရွိဘူး – ျမန္မာႏိုင္ငံမွာ “ကြမ္းတံေတြး မေထြးရ” ဆိုတဲ့ စည္းကမ္းတထက္ ပိုပါတယ္။ စင္ကာပူဟာ သန႔္ရွင္းမႈကို အေလးထားတဲ့ ႏိုင္ငံျဖစ္လို႔ သင္ အဲဒီႏိုင္ငံမွာ “ပီေကဝါးခြင့္” မရွိပါဘူး။ ပီေကဝါးခြင့္ တင္မကဘူး။ “ပီေကေရာင္းခ်ခြင့္”၊ “ပီေကသယ္ေဆာင္ခြင့္”၊ “တင္ပို႔ခြင့္” ကို မရွိတာပါ။ ဒါကေတာ့ ႐ိုးရွင္းပါတယ္။ သင့္မွာ မရွိရင္ သင္စားျဖစ္ေတာ့မွာ မဟုတ္ဘူးဆိုတဲ့ စကားအတိုင္း ေရာင္းခ်ခြင့္ေတြနဲ႔ ဝယ္ယူခြင့္ေတြကို ပိတ္ထားတာပါ။(၂) ေရဆြဲခ်ဖို႔ မေမ့ပါနဲ႔ – ဒါကလည္း လူသိမ်ားတဲ့ စင္ကာပူက စည္းကမ္းတခု ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက အမ်ားသုံး အိမ္သာေတြမွာ အၿမဲႀကဳံရတဲ့ ျပႆနာက အိမ္သာတက္ၿပီး ေရမေလာင္းဘဲ ထားခဲ့ၾကတာပါ။ ဒီလိုကိစၥမ်ိဳး စင္ကာပူမွာ သြားလုပ္လို႔ မရပါဘူး။ ေရမဆြဲခဲ့တဲ့ ကိစၥဟာ စင္ကာပူမွာ ႀကီးေလးတဲ့ ျပစ္ဒဏ္ပါ။ ျပဳလုပ္ခဲ့မိရင္ စင္ကာပူေဒၚလာ ၁၅၀ ခန႔္ ေငြဒဏ္ က်ႏိုင္ပါတယ္။ ဒါဟာ ျမန္မာက်ပ္ ေငြနဲ႔ဆိုရင္ ၁ သိန္း ၆ ေသာင္းေက်ာ္ ရွိပါတယ္။ (၃) ညစ္ညမ္းကားေတြ ၾကည့္ခြင့္ မရွိဘူး – စင္ကာပူႏိုင္ငံမွာ ညစ္ညမ္းကားေတြ ၾကည့္ခြင့္မရွိတဲ့ အျပင္ ကိုယ္လုံးတီးနဲ႔ လမ္းထြက္ခြင့္လည္း မရွိပါဘူး။ ဒီတခုကေတာ့ ေတာ္ေတာ္ ခြက်တဲ့ စည္းကမ္းပါ။ ညစ္ညမ္းကားေတြကို Public မွာ ၾကည့္ခြင့္ မရွိတာကိုေတာ့ လက္ခံေပးလို႔ရေပမယ့္ စင္ကာပူႏိုင္ငံမွာေတာ့ တေယာက္တည္း ရွိေနရင္ေတာင္ ၾကည့္ခြင့္ မရွိတာပါ။အရမ္းၾကည့္ခ်င္တယ္ဆိုရင္ေတာ့ သင္ၾကည့္ေနတာကို လူလုံးဝ မသိေအာင္ၾကည့္မွပဲ အဆင္ေျပမွာပါ။အကယ္လို႔ သင္ၾကည့္ေနတာကို တေယာက္ေယာက္ ေတြ႕ခဲ့ရင္ ေငြဒဏ္ စင္ကာပူေဒၚလာ ၂၀၀၀ ကေန ေထာင္ဒဏ္ ၃လအထိ ျပစ္ဒဏ္ ခ်မွတ္မွာ ျဖစ္ပါတယ္။(၄) အမႈိက္ မပစ္ရ – အထက္မွာ ေဖာ္ျပခဲ့တဲ့ ပီေကဝါးခြင့္ မရွိသလိုပါပဲ။ ဘယ္အမႈိက္ကိုမွ ပစ္ခြင့္ မရွိပါဘူး။ ေနာက္ထပ္ ဂ႐ုစိုက္ရမွာကေတာ့ စင္ကာပူႏိုင္ငံက လမ္းေတြအေပၚမွာ တံေတြးေထြးခြင့္ မရွိတာပါ။ ဒီျပစ္မႈ တခုခုကို လုပ္ခဲ့မယ္ ဆိုရင္ေတာ့ ေငြဒဏ္ စင္ကာပူေဒၚလာ ၁၀၀၀ ေကာက္ခံမွာ ျဖစ္ပါတယ္။(၅) အမုန္းပြားမယ့္ စကားမ်ား မေျပာရ – ႏိုင္ငံေရး၊ ဘာသာေရး စတဲ့ စကားေတြကို အျပဳသေဘာ မဟုတ္ဘဲ ေျပာခြင့္ မရွိပါဘူး။ စင္ကာပူႏိုင္ငံမွာ တ႐ုတ္လူမ်ိဳး ၇၉ ရာခိုင္ႏႈန္း၊ မေလးလူမ်ိဳး ၁၅ ရာခိုင္ႏႈန္း၊ အိႏၵိယလူမ်ိဳး ၆ ရာခိုင္ႏႈန္းနဲ႔ တျခားလူမ်ိဳးေတြလည္း ေနထိုင္ေနၾကတာျဖစ္လို႔ သင္ဟာ ဘာသာေရး၊ ႏိုင္ငံေရးစတဲ့ အေၾကာင္းအရာေတြကို ေျပာမယ္ဆိုရင္ ေလးစားမႈရွိတဲ့ အေနနဲ႔ တည္ၿငိမ္စြာ မေျပာဆိုႏိုင္ရင္ မေျပာတာ အေကာင္းဆုံးပဲ ျဖစ္ပါတယ္။လူအခ်င္းခ်င္း ေလးစားမႈ တျခားသူရဲ႕ ကိုးကြယ္ရာကို ေလးစားမႈဟာ လူတေယာက္မွာ အလိုအပ္ဆုံး အရာအျဖစ္ သတ္မွတ္ထားၾကပါတယ္။(၆) ေဘာက္ဆူး မေပးရ – ႏိုင္ငံတိုင္းမွာ သူ႔စည္းကမ္းနဲ႔သူ ရွိပါတယ္။ သင္ဟာ စင္ကာပူႏိုင္ငံက စားေသာက္ဆိုင္ေတြမွာ သြားေရာက္ စားေသာက္မယ္ ဆိုရင္ ေဘာက္ဆူးေပးစရာ မလိုပါဘူး။ သင့္စားပြဲရဲ႕ ဝန္ေဆာင္မႈ အတြက္ တခါတည္း ေကာက္ခံၿပီးသားျဖစ္လို႔ သင္အပို ပိုက္ဆံသုံးစရာ မလိုပါဘူး။(၇) လက္ညႇိဳး မထိုးရ – ႏိုင္ငံတခုနဲ႔ တခု ကြာျခားတဲ့ ယဥ္ေက်းမႈေတြအရ စင္ကာပူမွာ တစုံတေယာက္ကို လက္ညႇိဳး ထိုးတာဟာ ႐ိုင္းတဲ့ အမူအရာအျဖစ္ သတ္မွတ္ထားပါတယ္။(၈) ေဆးလိပ္ မေသာက္ရ – Public Area ေတြမွာ ေဆးလိပ္ေသာက္ခြင့္ မရွိပါဘူး။ ဒီစည္းကမ္းကိုေတာ့ ကမာၻ႔ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ က်င့္သုံး ေနၾကပါၿပီ။ စင္ကာပူႏိုင္ငံမွာေတာ့ ေဆးလိပ္ေသာက္ရင္ ဒဏ္ေငြ စင္ကာပူေဒၚလာ ၂၀၀ ေကာက္ခံမယ္လို႔ ထုတ္ျပန္ထားပါတယ္။