သင့် လက်ကိုင်ဖုန်း မထားသင့်သောနေရာ ၁၀ ခု

လက်ကိုင်ဖုန်းတွေဟာ ယနေ့ ခေတ်အခါမှာ လူတိုင်းအတွက် မရှိမဖြစ် ပစ္စည်းတစ်ခုဖြစ်နေပါပြီ။ အိမ်သာ သွား ရင်တောင်မှ လက်ကိုင်ဖုန်းပါမှ လုံလောက် မယ်လို့ ပြောရမယ့် အခြေအနေပါ။သင့်လက်ကိုင်ဖုန်းကို စနစ်တကျ အသုံးပြုရင် ကျန်းမာရေး ကို ထိခိုက်မှု မရှိနိုင်ပေမယ့် ဖုန်းအသုံးပြုပုံ၊ အသုံးပြု နည်း မမှန်ကန်ရင်(ဥပမာ တစ်ချိန်လုံး ဂိမ်းဆော့နေတာ၊ အချိန်ပြည့်ဖေ့စ်ဘွတ်ခ် ကြည့်နေတာ၊ ဖုန်းကို နားနဲ့ကပ်ပြီး အ ချိန်အကြာကြီး စကားပြောနေတာ) ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒါ့အ ပြင် သင့်ဖုန်းကို ထားတဲ့နေရာကြောင့် လည်း သင့်ကျန်း မာရေးကို အနှောင့်အ ယှက်ဖြစ်စေနိုင်ပါတယ်။ အောက်ပါတို့ ဟာ သင့်လက်ကိုင်ဖုန်းမထားသင့်တဲ့ နေရာတွေပါ။၁။ ဘောင်းဘီအ နောက်ဘက်အိတ် – ဒီနေရာက အမျိုးသားတွေအတွက် လက်ကိုင်ဖုန်းထားဖို့ အကြိုက်ဆုံးနေရာ ပါ။ ဘောင်းဘီအနောက်ဘက်အိတ်မှာ ဖုန်းထည့်ထားတာကြောင့် ဖုန်းခလုတ်နဲ့ မတော်တဆထိမိပြီး ဖုန်းခေါ်မိသွားတာ မျိုးတွေ ဖြစ်နိုင်သလို ရုတ်တရက်ထိုင်မိ တာကြောင့် ဖုန်းမျက်နှာပြင်ကွဲတာ၊ ဖုန်း ပြုတ်ကျပြီး ပျောက်ရှတာတွေဖြစ်နိုင်ပါ တယ်။ ဒါ့အပြင် အနောက်ဘက်အိတ်မှာ ဖုန်းထည့်ထားတာကြောင့် ခြေ ထောက် နာကျင်တဲ့ဝေဒနာခံစားရနိုင်ပါတယ်။၂။ ဘောင်းဘီအရှေ့ဘက်အိတ်တွင် ထားခြင်း – ဘောင်းဘီအရှေ့ဘက်အိတ်မှာ ဖုန်းထားဖို့လည်း မသင့်တော်ပါဘူး။ အဲဒီ နေရာမှာ ဖုန်းထည့်ထားတာက ဖုန်းကနေ ထွက်လာတဲ့ သံလိုက်ရောင်ခြည်တွေ ကြောင့် သုက်ပိုးအရေ အတွက်နဲ့ အရည် အသွေးကျဆင်းနိုင်ပါတယ်။၃။ အတွင်းခံအကျႌကြားတွင် ထားခြင်း – အမျိုးသမီးတွေအနေနဲ့ ဆိုင်ကယ် စီးတဲ့အခါမှာ ဖုန်းပြုတ်ကျမှာစိုးလို့ အ တွင်းခံအကျႌကြား အလွယ်ညှပ်လိုက်တာ မျိုး ရှိတတ်ပါတယ်။ ဒီလိုထည့်ထားတာ က ဖုန်းကလာတဲ့ ရောင်ခြည်တွေကြောင့် သားမြတ်ကင်ဆာဖြစ်နိုင်ခြေမြင့်မားနိုင် ပါတယ်။၄။ ပေါင်တံအထိအရှည်ရှိတဲ့ စလင်း ဘက်အိတ်သေးသေးအတွင်းတွင် ထားခြင်း – ဒီလိုမျိုး ဖုန်းသယ်ဆောင်တတ်သူ တွေက တင်ပဆုံနဲ့ ပေါင်တံတစ်ဝိုက်က အရိုးတွေ အားနည်းသွားနိုင်ပါတယ်။ စလင်းဘက်အိတ်သေးသေးအသုံးပြု မယ့်အစား အိတ်ကြီးကြီးအသုံးပြုပြီး သယ်ဆောင်သွားပါ။၅။ အရေပြားနှင့် ထိကပ်စွာ ထားခြင်း – လက်ကိုင်ဖုန်းနဲ့စကားပြောတဲ့အခါ မှာ ဘလူးတုသ်ကို အသုံးမပြုဘဲ ဒါမှ မဟုတ် စပီကာမဖွင့်ဘဲ နားနဲ့ကပ်ပြီး အ သုံးပြုတဲ့နည်းလမ်းကလည်း မှားပါ တယ်။ ဒီလိုအသုံးပြုတာက ဖုန်းမျက်နှာ ပြင်ပေါ်က ဘက်တီးရီးယားတွေက သင့် အရေပြားပေါ် အလွယ်တကူ ရောက်သွား ပြီး အရေပြားပြဿနာတွေ ဖြစ်လာနိုင် ပါတယ်။ ဖုန်းပြောချင်တဲ့အခါမှာ သင့် မျက်နှာနဲ့ အနည်းငယ်ခွာပြီး ပြောပါ။

၆။ တစ်ညတာလုံးဖုန်းအားသွင်း ထားခြင်း – ကျွန်မတို့အများစုဟာ တစ်နေ့တာ လုံး ဖုန်းအသုံးပြုထားတဲ့အတွက် နောက် တစ်နေ့အသုံးပြုတဲ့အခါ ဘက်ထရီအား အပြည့်ဖြစ်နေဖို့ တစ်ညတာလုံး ဖုန်းအား သွင်းလေ့ရှိကြပါတယ်။ ဒီလိုဖုန်းအား သွင်းတာက ဖုန်းဘက်ထရီသက် တမ်း တိုစေပြီး ဖုန်းပျက်စီးလွယ်နိုင်ပါတယ်။၇။ အလွန်အေးသောနေရာတွင် ထားခြင်း – သင့်လက်ကိုင်ဖုန်းထဲမှ ပါဝင် ပစ္စည်းတွေအားလုံးဟာ အပူချိန်အကွာ အခြားအနည်းငယ်အတွင်းမှာသာ ခံနိုင် ရည်ရှိအောင် တည်ဆောက်ထားတာပါ။ သူခံနိုင်ရည်ရှိတဲ့အပူချိန်အကွာအခြား ထက် ကျော်လွန်နေရင် ဖုန်းပျက်စီး လွယ်ပါတယ်။ ဥပမာအားဖြင့် ပြင်ပအပူ ချိန် သုညဒီဂရီရှိတဲ့နေရာမှာ ဖုန်းထားရာ ကနေ Heater ဖွင့်ထားတဲ့အိမ်ထဲကို သယ်ဆောင်လာတဲ့အခါမှာ ဖုန်းပျက်စီး နိုင်ပါတယ်။၈။ အလွန်ပူသောနေရာတွင် ထားခြင်း – အလွန်ပူတဲ့နေရာမှာ ဖုန်းထားတာ ကလည်း ဖုန်းအတွင်းက ဘက်ထရီ အလွယ်တကူ ပျက်စီးနိုင်ပါတယ်။ သင် ရဲ့လက်ကိုင်ဖုန်းကို မီးဖိုလိုမျိုး အပူချိန် မြင့်မားတဲ့နေရာနဲ့ နေရောင်ပြင်းပြင်းနဲ့ တိုက်ရိုက်ထိတွေ့မယ့်နေရာတွေမှာ မထားသင့်ပါဘူး။၉။ သင့်ကလေးငယ်တွန်းလှည်း အတွင်းတွင် ထည့်ထားခြင်း – နို့စို့ကလေးတွေရဲ့ မိခင်တွေအနေနဲ့ သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို ကလေး ငယ်ရဲ့ တွန်းလှည်းအတွင်းက အိတ်တွေ ထဲမှာ ထည့်ထားလေ့ရှိတတ်ကြပါတယ်။ သင်ကိုယ်ဝန်ဆောင်ထားစဉ်မှာ လက် ကိုင်ဖုန်းသုံးတာကြောင့် သန္ဓေသားတွေ က လက်ကိုင်ဖုန်းနဲ့ ထိတွေ့မှုများတာ ဒါ မှမဟုတ် မွေးကင်းစကလေးငယ်တွေ အနေနဲ့ လက်ကိုင်ဖုန်းနဲ့ ထိတွေ့မှုများ တာတွေကြောင့် အာရုံစူးစိုက်မရတဲ့ ပြဿနာနဲ့ အ တက်ကြွလွန်ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။၁၀။ သင့်ခေါင်းအုံးအောက်တွင် ထားခြင်း – ဒီလိုထားတတ်တာကြောင့် ကျန်းမာ ရေးပြ ဿနာမျိုးစုံဖြစ်နိုင်ပါတယ်။ ပထမ ဆုံးအနေနဲ့ ဖုန်းကလာတဲ့ ရောင်ခြည် တွေကြောင့် အိပ်စက်မှုဟော်မုန်းထုတ် လုပ်မှုမှာ အနှောင့် အယှက်ဖြစ်သွားတဲ့အ တွက် အိပ်မပျော်တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ အပြင် ဖုန်းက ထွက်လာတဲ့ရောင်ခြည် တွေကြောင့် ခေါင်းမူးတာနဲ့ ခေါင်းကိုက် တာ စတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဖုန်းအားသွင်းထားတဲ့အချိန်မှာ ခေါင်းအုံး အောက်ထဲ ထည့်ထားတာကြောင့် ဖုန်း ပေါက်ကွဲတာ၊ မီးလောင်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်လက် ကိုင်ဖုန်းထားဖို့ အသင့်တော်ဆုံးက အိမ် ပြင်ထွက်ရင် အိတ်ကြီးကြီးထဲထည့် သယ် ဆောင်တာ ဒါမှမဟုတ် သင့်လက်နဲ့ ကိုင်သွားတာတွေဖြစ်ပြီး အိပ်တဲ့အခါမှာ အိပ်ရာခုတင်ဘေးနားက စားပွဲခုံပေါ်မှာ တင်ထားတာမျိုးတွေပါ။

Credit- ဒေါက်တာခင်မိုးမိုး

[zawgyi]

လက္ကိုင္ဖုန္းေတြဟာ ယေန႔ ေခတ္အခါမွာ လူတိုင္းအတြက္ မရွိမျဖစ္ ပစၥည္းတစ္ခုျဖစ္ေနပါၿပီ။ အိမ္သာ သြား ရင္ေတာင္မွ လက္ကိုင္ဖုန္းပါမွ လုံေလာက္ မယ္လို႔ ေျပာရမယ့္ အေျခအေနပါ။သင့္လက္ကိုင္ဖုန္းကို စနစ္တက် အသုံးျပဳရင္ က်န္းမာေရး ကို ထိခိုက္မႈ မရွိႏိုင္ေပမယ့္ ဖုန္းအသုံးျပဳပုံ၊ အသုံးျပဳ နည္း မမွန္ကန္ရင္(ဥပမာ တစ္ခ်ိန္လုံး ဂိမ္းေဆာ့ေနတာ၊ အခ်ိန္ျပည့္ေဖ့စ္ဘြတ္ခ္ ၾကည့္ေနတာ၊ ဖုန္းကို နားနဲ႔ကပ္ၿပီး အ ခ်ိန္အၾကာႀကီး စကားေျပာေနတာ) က်န္းမာေရးကို ထိခိုက္ႏိုင္ပါတယ္။ ဒါ့အ ျပင္ သင့္ဖုန္းကို ထားတဲ့ေနရာေၾကာင့္ လည္း သင့္က်န္းမာေရးကို အေႏွာင့္အ ယွက္ျဖစ္ေစႏိုင္ပါတယ္။ ေအာက္ပါတို႔ ဟာ သင့္လက္ကိုင္ဖုန္းမထားသင့္တဲ့ ေနရာေတြပါ။၁။ ေဘာင္းဘီအေနာက္ဘက္အိတ္ – ဒီေနရာက အမ်ိဳးသားေတြအတြက္ လက္ကိုင္ဖုန္းထားဖို႔ အႀကိဳက္ဆုံးေနရာ ပါ။ ေဘာင္းဘီအေနာက္ဘက္အိတ္မွာ ဖုန္းထည့္ထားတာေၾကာင့္ ဖုန္းခလုတ္နဲ႔ မေတာ္တဆထိမိၿပီး ဖုန္းေခၚမိသြားတာ မ်ိဳးေတြ ျဖစ္ႏိုင္သလို ႐ုတ္တရက္ထိုင္မိ တာေၾကာင့္ ဖုန္းမ်က္ႏွာျပင္ကြဲတာ၊ ဖုန္း ျပဳတ္က်ၿပီး ေပ်ာက္ရွတာေတြျဖစ္ႏိုင္ပါ တယ္။ ဒါ့အျပင္ အေနာက္ဘက္အိတ္မွာ ဖုန္းထည့္ထားတာေၾကာင့္ ေျခေထာက္ နာက်င္တဲ့ေဝဒနာခံစားရႏိုင္ပါတယ္။၂။ ေဘာင္းဘီအေရွ႕ဘက္အိတ္တြင္ ထားျခင္း – ေဘာင္းဘီအေရွ႕ဘက္အိတ္မွာ ဖုန္းထားဖို႔လည္း မသင့္ေတာ္ပါဘူး။ အဲဒီ ေနရာမွာ ဖုန္းထည့္ထားတာက ဖုန္းကေန ထြက္လာတဲ့ သံလိုက္ေရာင္ျခည္ေတြ ေၾကာင့္ သုက္ပိုးအေရအတြက္နဲ႔ အရည္ အေသြးက်ဆင္းႏိုင္ပါတယ္။၃။ အတြင္းခံအက်ႌၾကားတြင္ ထားျခင္း – အမ်ိဳးသမီးေတြအေနနဲ႔ ဆိုင္ကယ္ စီးတဲ့အခါမွာ ဖုန္းျပဳတ္က်မွာစိုးလို႔ အ တြင္းခံအက်ႌၾကား အလြယ္ညႇပ္လိုက္တာ မ်ိဳး ရွိတတ္ပါတယ္။ ဒီလိုထည့္ထားတာ က ဖုန္းကလာတဲ့ ေရာင္ျခည္ေတြေၾကာင့္ သားျမတ္ကင္ဆာျဖစ္ႏိုင္ေျချမင့္မားႏိုင္ ပါတယ္။၄။ ေပါင္တံအထိအရွည္ရွိတဲ့ စလင္း ဘက္အိတ္ေသးေသးအတြင္းတြင္ ထားျခင္း – ဒီလိုမ်ိဳး ဖုန္းသယ္ေဆာင္တတ္သူ ေတြက တင္ပဆုံနဲ႔ ေပါင္တံတစ္ဝိုက္က အ႐ိုးေတြ အားနည္းသြားႏိုင္ပါတယ္။ စလင္းဘက္အိတ္ေသးေသးအသုံးျပဳ မယ့္အစား အိတ္ႀကီးႀကီးအသုံးျပဳၿပီး သယ္ေဆာင္သြားပါ။၅။ အေရျပားႏွင့္ ထိကပ္စြာ ထားျခင္း – လက္ကိုင္ဖုန္းနဲ႔စကားေျပာတဲ့အခါ မွာ ဘလူးတုသ္ကို အသုံးမျပဳဘဲ ဒါမွ မဟုတ္ စပီကာမဖြင့္ဘဲ နားနဲ႔ကပ္ၿပီး အ သုံးျပဳတဲ့နည္းလမ္းကလည္း မွားပါ တယ္။ ဒီလိုအသုံးျပဳတာက ဖုန္းမ်က္ႏွာ ျပင္ေပၚက ဘက္တီးရီးယားေတြက သင့္ အေရျပားေပၚ အလြယ္တကူ ေရာက္သြား ၿပီး အေရျပားျပႆနာေတြ ျဖစ္လာႏိုင္ ပါတယ္။ ဖုန္းေျပာခ်င္တဲ့အခါမွာ သင့္ မ်က္ႏွာနဲ႔ အနည္းငယ္ခြာၿပီး ေျပာပါ။၆။ တစ္ညတာလုံးဖုန္းအားသြင္း ထားျခင္း – ကြၽန္မတို႔အမ်ားစုဟာ တစ္ေန႔တာ လုံး ဖုန္းအသုံးျပဳထားတဲ့အတြက္ ေနာက္ တစ္ေန႔အသုံးျပဳတဲ့အခါ ဘက္ထရီအား အျပည့္ျဖစ္ေနဖို႔ တစ္ညတာလုံး ဖုန္းအား သြင္းေလ့ရွိၾကပါတယ္။ ဒီလိုဖုန္းအား သြင္းတာက ဖုန္းဘက္ထရီသက္တမ္း တိုေစၿပီး ဖုန္းပ်က္စီးလြယ္ႏိုင္ပါတယ္။၇။ အလြန္ေအးေသာေနရာတြင္ ထားျခင္း – သင့္လက္ကိုင္ဖုန္းထဲမွ ပါဝင္ ပစၥည္းေတြအားလုံးဟာ အပူခ်ိန္အကြာ အျခားအနည္းငယ္အတြင္းမွာသာ ခံႏိုင္ ရည္ရွိေအာင္ တည္ေဆာက္ထားတာပါ။ သူခံႏိုင္ရည္ရွိတဲ့အပူခ်ိန္အကြာအျခား ထက္ ေက်ာ္လြန္ေနရင္ ဖုန္းပ်က္စီး လြယ္ပါတယ္။ ဥပမာအားျဖင့္ ျပင္ပအပူ ခ်ိန္ သုညဒီဂရီရွိတဲ့ေနရာမွာ ဖုန္းထားရာ ကေန Heater ဖြင့္ထားတဲ့အိမ္ထဲကို သယ္ေဆာင္လာတဲ့အခါမွာ ဖုန္းပ်က္စီး ႏိုင္ပါတယ္။၈။ အလြန္ပူေသာေနရာတြင္ ထားျခင္း – အလြန္ပူတဲ့ေနရာမွာ ဖုန္းထားတာ ကလည္း ဖုန္းအတြင္းက ဘက္ထရီ အလြယ္တကူ ပ်က္စီးႏိုင္ပါတယ္။ သင္ ရဲ႕လက္ကိုင္ဖုန္းကို မီးဖိုလိုမ်ိဳး အပူခ်ိန္ ျမင့္မားတဲ့ေနရာနဲ႔ ေနေရာင္ျပင္းျပင္းနဲ႔ တိုက္႐ိုက္ထိေတြ႕မယ့္ေနရာေတြမွာ မထားသင့္ပါဘူး။၉။ သင့္ကေလးငယ္တြန္းလွည္း အတြင္းတြင္ ထည့္ထားျခင္း – ႏို႔စို႔ကေလးေတြရဲ႕ မိခင္ေတြအေနနဲ႔ သူတို႔ရဲ႕ လက္ကိုင္ဖုန္းေတြကို ကေလး ငယ္ရဲ႕ တြန္းလွည္းအတြင္းက အိတ္ေတြ ထဲမွာ ထည့္ထားေလ့ရွိတတ္ၾကပါတယ္။ သင္ကိုယ္ဝန္ေဆာင္ထားစဥ္မွာ လက္ ကိုင္ဖုန္းသုံးတာေၾကာင့္ သေႏၶသားေတြ က လက္ကိုင္ဖုန္းနဲ႔ ထိေတြ႕မႈမ်ားတာ ဒါ မွမဟုတ္ ေမြးကင္းစကေလးငယ္ေတြ အေနနဲ႔ လက္ကိုင္ဖုန္းနဲ႔ ထိေတြ႕မႈမ်ား တာေတြေၾကာင့္ အာ႐ုံစူးစိုက္မရတဲ့ ျပႆနာနဲ႔ အတက္ႂကြလြန္ျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။၁၀။ သင့္ေခါင္းအုံးေအာက္တြင္ ထားျခင္း – ဒီလိုထားတတ္တာေၾကာင့္ က်န္းမာ ေရးျပႆနာမ်ိဳးစုံျဖစ္ႏိုင္ပါတယ္။ ပထမ ဆုံးအေနနဲ႔ ဖုန္းကလာတဲ့ ေရာင္ျခည္ ေတြေၾကာင့္ အိပ္စက္မႈေဟာ္မုန္းထုတ္ လုပ္မႈမွာ အေႏွာင့္အယွက္ျဖစ္သြားတဲ့အ တြက္ အိပ္မေပ်ာ္တာ၊ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မရတာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါ့ အျပင္ ဖုန္းက ထြက္လာတဲ့ေရာင္ျခည္ ေတြေၾကာင့္ ေခါင္းမူးတာနဲ႔ ေခါင္းကိုက္ တာ စတဲ့ ေဝဒနာေတြ ခံစားရႏိုင္ပါတယ္။ ဖုန္းအားသြင္းထားတဲ့အခ်ိန္မွာ ေခါင္းအုံး ေအာက္ထဲ ထည့္ထားတာေၾကာင့္ ဖုန္း ေပါက္ကြဲတာ၊ မီးေလာင္တာေတြလည္း ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္လက္ ကိုင္ဖုန္းထားဖို႔ အသင့္ေတာ္ဆုံးက အိမ္ ျပင္ထြက္ရင္ အိတ္ႀကီးႀကီးထဲထည့္ သယ္ ေဆာင္တာ ဒါမွမဟုတ္ သင့္လက္နဲ႔ ကိုင္သြားတာေတြျဖစ္ၿပီး အိပ္တဲ့အခါမွာ အိပ္ရာခုတင္ေဘးနားက စားပြဲခုံေပၚမွာ တင္ထားတာမ်ိဳးေတြပါ။