မြန်မာ့သမိုင်းထဲက ကသည်းလူမျိုးတို့အကြောင်း

မြန်မာမင်းများလက်ထက်ကတည်းကပင် မဏိပူရပြည်သားများ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ နေထိုင်လာခဲ့ကြသည်။ ထိုမဏိပူရပြည်သားများနှင့် ယင်းတို့မှ ဆင်းသက်ပေါက်ဖွားလာသူတို့ ကိုမြန်မာ ဝေါဟာရ အားဖြင့် ကသည်း ဟုခေါ်သည်။ပြောဆိုသော မူရင်းဘာသာ စကားအရ ထိုကသည်းတို့မှာ ကုကီချင်းအစုဝင် ချင်းလူမျိုးတစ်မျိုးများ ဖြစ်ကြောင်း တွေ့ရသည်၊ ကုကီချင်းအစုကို မေလေးနှင့် ချင်းရိုးရိုးဟု နှစ်စုခွဲထားရာ၊ ကသည်းတို့မှာ ပထမအစုဖြစ်သော မေလေးတို့တွင် အပါအဝင်ဖြစ်သည်၊ မေထေးမှာ မဏိပူရ ပြည်သားတို့ကိုခေါ်သော အမည်တစ်မျိုးပင် ဖြစ်သည်။ အမှန်အားဖြင့် မဏိပူရ ပြည်နှင့် ထိုမေလေးတို့ကို မြန်မာတို့က ကသည်းပြည်နှင့် ကသည်းလူမျိုးဟုပင် ခေါ် ဝေါ်ကြသည်။၁၉၃၁ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ကသည်းလူမျိုး ၆ဝဝဝမျှ ရှိကြောင်း၊ ယင်းတို့အနက် ၄ဝဝဝမျှသာ က သည်း စကားကို ပြောဆိုနိုင်ကြောင်း သိရသည်။ ကသည်းတို့မှာ များသောအားဖြင့် ဟိန္ဒူအယူဝါဒီများ ဖြစ်ကြသည်၊ ၁၅၀၀ ခန့်မျှ သော ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသည်၊ မြန်မာနိုင်ငံအတွင်း သူတို့နေထိုင်ရာ အချက်အခြာဒေသမှာ မန္တလေးခရိုင်ဖြစ် ထိုခရိုင်တွင် က သည်း ဦးရေ ၄၅ဝဝကျော်မျှ တွေ့ရသည်။မြန်မာနိုင်ငံတွင်းသို့ ကသည်းလူမျိုးတို့ ရောက်ရှိလာပုံ သမိုင်း အကျဉ်းမှာ အောက်ပါအတိုင်းဖြစ် ၏၊ ခရစ်နှစ် ၁၈၅၈ခု အလောင်းဘုရားလက်ထက်၊ ၁၇၆၄ ခုနှစ် ကုန်းဘောင်ဆင်ဖြူရှင် မင်းတရားလက်ထက်၊ ၁၈၁၉ ခုနှစ် ဘကြီး တော်လက်ထက်တို့တွင် မြန်မာတို့က မဏိပူရကသည်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ကြပြီး သည့်နောက်၊ မဏိပူရကသည်း ပြည် သူပြည်သားအများကို မြန်မာနိုင်ငံသို့ ခေါ်ဆောင် လာခဲ့ကြသည်။ ခေါ်ဆောင်လာသူ တို့တွင် ပိုး ထည်ရက်လုပ်ရာ၌ ဆန်းကြယ်လှပ ခက်ခဲသော အဆင်များကို ပေါ်အောင် ရက်လုပ်တတ်သည့် ရက်ကန်းပညာသည်များ၊ အာကာသ သျှတ္တရကျမ်း၊ နက္ခတ်ပညာ၊ ဗေဒင်ပညာ၊ သ ဘင်အတတ်တွင် ကျွမ်းကျင် ကြသော မြင်းသည်တော်တို့ပါဝင်ကြသည်။ဤကဲ့သို့ ထက်မြက်လှသော လက်မှုပညာသုခုမပညာတို့ တွင်ထူးချွန်ကြသော ပညာသည်များနှင့် မြင်းစီးပညာစသည်တို့ဖြင့် မင်းမှုထမ်းနိုင်ကြစေရန် ကုန်းဘောင်ခေတ် ဘုရင်တို့သည် ထိုမဏိပူရကသည်းလူမျိုးတို့အား နေပြည်တော် တဝိုက်ဖြစ်သည့် ယခုမန္တလေးခရိုင်တွင် နေရာချထား ခဲ့ခြင်းဖြစ်သည်၊ လောကီကျမ်း၊ နက္ခတ်နှင့် ဗေဒပညာတို့တွင် ထူးချွန်ကြသော ကသည်းပညာသည်တို့မှာ ဘုရင်ဧကရာဇ် တို့၏ အတိုင်ပင်ခံ မင်းဆရာများအဖြစ် အမှုထမ်းရသည့် အဆင့်သို့ပင် တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။မဏိပူရကသည်းလူမျိုးအချို့မှာ အမျိုးမြတ်သော ဗြာဟ္မဏ အနွယ်ဝင်များဖြစ်ကြသည့်အတိုင်း ဟိန္ဒူဘာသာဝင် ဗြာဟ္မဏများကဲ့သို့ အခြားအမျိုးအနွယ် အခြားဇာတ်ဝင်တို့က ပေးလှူပူဇော်ကြ သည်တို့ကို ခံယူစားသောက်ကြသည်။

ဗြဟ္မဏအနွယ်ဝင်မဟုတ်သော ကသည်းလူမျိုးတို့မှာမူ အထက်၌ဆိုခဲ့သော လက်မှုပညာ၊ သုခုမပညာလုပ်ငန်းများအပြင် လယ်ယာလုပ်ကိုင်ခြင်း စသည့်ဖြင့် အသက်မွေးဝမ်းကြောင်း ကြလေသည်။မဏိပူရကသည်းတို့မှာ မြင်းစီးအတတ်တွင် ကောင်းစွာကျွမ်းကျင် ကြသည့်အတိုင်း ကုန်းဘောင်ခေတ်အလျင်မြန်မာနိုင်ငံ ကစဉ့်ကရဲဖြစ်နေချိန်များတွင် မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်ကာ ထိပါးတိုက်ခိုက်နိုင်ခဲ့ကြလေသည်။သို့ထိပါး တိုက်ခိုက်ခဲ့သည်ကို တုံ့ပြန်သောအားဖြင့် ကုန်းဘောင်ခေတ်တွင် အထက်၌ဆိုခဲ့သည့်အတိုင်း မြန်မာတို့က သွား ရောက်တိုက်ခိုက်ခြင်းသာ ဖြစ်ပေသည်။မြင်းသည်ကျော်တို့သာ ကစားနိုင်သော ဂူလီကစားနည်းမှာ မဏိပူရကသည်းပြည်မှ စ၍ပေါ်ပေါက်ခဲ့သည်ဟု အချို့ပညာရှိတို့က ယူဆကြသည်။ အလောင်းမင်းတရားကြီး လက်ထက်မှစ၍ ဖွဲ့စည်းလာခဲ့သော ကသည်းမြင်း တပ်မှာ သီပေါမင်းလက်ထက် ရောက်သည့်တိုင်အောင် တည်ရှိခဲ့လေသည်။ သီပေါမင်းလက်ထက်တွင် ဖွဲ့စည်းထားသော မြန်မာတပ်မတော်ကြီး၏ စုကြီးအမှုထမ်းတွင် ပါဝင်သောမြင်းအမှုထမ်းတို့တွင် ကသည်းမြင်း တပ်အင်အားမှာ ထမ်းကို ၆၂၂ဖြစ်၍ မြင်းတပ်၏ နောက်ထောက်အင်အားမှာ ၆၂၂ဝဖြစ်ကြောင်း သိရသည်။ ထိုမှတပါး မြန်မာဘုရင်လက်ထက်တွင် ပြန်တမ်းရိုးခံရသော ဝန်အဖြစ် ကသည်းဝန် တစ်ဦးကို ကသည်းလူမျိုးထဲမှ ခန့်ထားသည်ကိုတွေ့ရသည်။ဝတ်စားဆင်ယင်ပုံမှာ အိန္ဒိယတိုင်းသားဟိန္ဒူများနှင့် ဆင်သော်လည်း မြန်မာနိုင်ငံတွင် အနေကြာပြီဖြစ်သည့်အတိုင်း ကိုယ်အထက်ပိုင်းတွင် မြန်မာများကဲ့သို့ ဝတ်ဆင်၍ ကိုယ်အောက်ပိုင်းတွင် ဒိုတီကိုခါးတောင်းကျိုက်၍ ဝတ်ကြသည်။ အချို့မှာမူ မြန်မာ တို့ကဲ့သို့ပင် ဝတ်ဆင်ကြသည်။ မိမိတို့၏ မူရင်းဘာသာစကားအပြင် မြန်မာစကားကိုလည်း ပြောဆိုကြသည်။ မြန်မာတို့နှင့်အတူ ဆက်ဆံနေထိုင်ကြသော်လည်း ရပ်ကွက်ကျေးရွာများတွင် မိမိတို့အစုနှင့် မိမိတို့ သီးခြားနေထိုင်ကြလေသည်။ ကိုးကား – မြန်မာ့စွယ်စုံကျမ်း ပထမတွဲ အပိုင်း (က)

Credit – ဦးဘရှင်

[zawgyi]

ျမန္မာမင္းမ်ားလက္ထက္ကတည္းကပင္ မဏိပူရျပည္သားမ်ား ျမန္မာႏိုင္ငံအတြင္းသို႔ ေရာက္ရွိ ေနထိုင္လာခဲ့ၾကသည္။ ထိုမဏိပူရျပည္သားမ်ားႏွင့္ ယင္းတို႔မွ ဆင္းသက္ေပါက္ဖြားလာသူတို႔ ကိုျမန္မာ ေဝါဟာရ အားျဖင့္ ကသည္း ဟုေခၚသည္။ေျပာဆိုေသာ မူရင္းဘာသာစကားအရ ထိုကသည္းတို႔မွာ ကုကီခ်င္းအစုဝင္ ခ်င္းလူမ်ိဳးတစ္မ်ိဳးမ်ား ျဖစ္ေၾကာင္း ေတြ႕ရသည္၊ ကုကီခ်င္းအစုကို ေမေလးႏွင့္ ခ်င္း႐ိုး႐ိုးဟု ႏွစ္စုခြဲထားရာ၊ ကသည္းတို႔မွာ ပထမအစုျဖစ္ေသာ ေမေလးတို႔တြင္ အပါအဝင္ျဖစ္သည္၊ ေမေထးမွာ မဏိပူရ ျပည္သားတို႔ကိုေခၚေသာ အမည္တစ္မ်ိဳးပင္ ျဖစ္သည္။ အမွန္အားျဖင့္ မဏိပူရ ျပည္ႏွင့္ ထိုေမေလးတို႔ကို ျမန္မာတို႔က ကသည္းျပည္ႏွင့္ ကသည္းလူမ်ိဳးဟုပင္ ေခၚေဝၚၾကသည္။၁၉၃၁ခုႏွစ္ သန္းေခါင္စာရင္းအရ ျမန္မာႏိုင္ငံတြင္ ကသည္းလူမ်ိဳး ၆ဝဝဝမွ် ရွိေၾကာင္း၊ ယင္းတို႔အနက္ ၄ဝဝဝမွ်သာ ကသည္းစကားကို ေျပာဆိုႏိုင္ေၾကာင္း သိရသည္။ ကသည္းတို႔မွာ မ်ားေသာအားျဖင့္ ဟိႏၵဴအယူဝါဒီမ်ား ျဖစ္ၾကသည္၊ ၁၅၀၀ ခန႔္မွ် ေသာ ဗုဒၶအယူဝါဒကို သက္ဝင္ယုံၾကည္ၾကသည္၊ ျမန္မာႏိုင္ငံအတြင္း သူတို႔ေနထိုင္ရာ အခ်က္အျခာေဒသမွာ မႏၲေလးခ႐ိုင္ျဖစ္ ထိုခ႐ိုင္တြင္ ကသည္းဦးေရ ၄၅ဝဝေက်ာ္မွ် ေတြ႕ရသည္။ျမန္မာႏိုင္ငံတြင္းသို႔ ကသည္းလူမ်ိဳးတို႔ ေရာက္ရွိလာပုံ သမိုင္း အက်ဥ္းမွာ ေအာက္ပါအတိုင္းျဖစ္၏၊ ခရစ္ႏွစ္ ၁၈၅၈ခု အေလာင္းဘုရားလက္ထက္၊ ၁၇၆၄ ခုႏွစ္ ကုန္းေဘာင္ဆင္ျဖဴရွင္ မင္းတရားလက္ထက္၊ ၁၈၁၉ ခုႏွစ္ ဘႀကီး ေတာ္လက္ထက္တို႔တြင္ ျမန္မာတို႔က မဏိပူရကသည္းျပည္ကို တိုက္ခိုက္သိမ္းပိုက္ၾကၿပီး သည့္ေနာက္၊ မဏိပူရကသည္း ျပည္သူျပည္သားအမ်ားကို ျမန္မာႏိုင္ငံသို႔ ေခၚေဆာင္ လာခဲ့ၾကသည္။ ေခၚေဆာင္လာသူ တို႔တြင္ ပိုး ထည္ရက္လုပ္ရာ၌ ဆန္းၾကယ္လွပ ခက္ခဲေသာ အဆင္မ်ားကို ေပၚေအာင္ ရက္လုပ္တတ္သည့္ ရက္ကန္းပညာသည္မ်ား၊ အာကာသ သွ်တၱရက်မ္း၊ နကၡတ္ပညာ၊ ေဗဒင္ပညာ၊ သဘင္အတတ္တြင္ ကြၽမ္းက်င္ ၾကေသာ ျမင္းသည္ေတာ္တို႔ပါဝင္ၾကသည္။ဤကဲ့သို႔ ထက္ျမက္လွေသာ လက္မႈပညာသုခုမပညာတို႔ တြင္ထူးခြၽန္ၾကေသာ ပညာသည္မ်ားႏွင့္ ျမင္းစီးပညာစသည္တို႔ျဖင့္ မင္းမႈထမ္းႏိုင္ၾကေစရန္ ကုန္းေဘာင္ေခတ္ ဘုရင္တို႔သည္ ထိုမဏိပူရကသည္းလူမ်ိဳးတို႔အား ေနျပည္ေတာ္ တဝိုက္ျဖစ္သည့္ ယခုမႏၲေလးခ႐ိုင္တြင္ ေနရာခ်ထား ခဲ့ျခင္းျဖစ္သည္၊ ေလာကီက်မ္း၊ နကၡတ္ႏွင့္ ေဗဒပညာတို႔တြင္ ထူးခြၽန္ၾကေသာ ကသည္းပညာသည္တို႔မွာ ဘုရင္ဧကရာဇ္ တို႔၏ အတိုင္ပင္ခံ မင္းဆရာမ်ားအျဖစ္ အမႈထမ္းရသည့္ အဆင့္သို႔ပင္ တက္ေရာက္ခဲ့သည္ကိုေတြ႕ရသည္။မဏိပူရကသည္းလူမ်ိဳးအခ်ိဳ႕မွာ အမ်ိဳးျမတ္ေသာ ျဗာဟၼဏ အႏြယ္ဝင္မ်ားျဖစ္ၾကသည့္အတိုင္း ဟိႏၵဴဘာသာဝင္ ျဗာဟၼဏမ်ားကဲ့သို႔ အျခားအမ်ိဳးအႏြယ္ အျခားဇာတ္ဝင္တို႔က ေပးလႉပူေဇာ္ၾက သည္တို႔ကို ခံယူစားေသာက္ၾကသည္။ျဗဟၼဏအႏြယ္ဝင္မဟုတ္ေသာ ကသည္းလူမ်ိဳးတို႔မွာမူ အထက္၌ဆိုခဲ့ေသာ လက္မႈပညာ၊ သုခုမပညာလုပ္ငန္းမ်ားအျပင္ လယ္ယာလုပ္ကိုင္ျခင္း စသည့္ျဖင့္ အသက္ေမြးဝမ္းေၾကာင္း ၾကေလသည္။မဏိပူရကသည္းတို႔မွာ ျမင္းစီးအတတ္တြင္ ေကာင္းစြာကြၽမ္းက်င္ ၾကသည့္အတိုင္း ကုန္းေဘာင္ေခတ္အလ်င္ျမန္မာႏိုင္ငံ ကစဥ့္ကရဲျဖစ္ေနခ်ိန္မ်ားတြင္ ျမန္မာႏိုင္ငံတြင္းသို႔ဝင္ေရာက္ကာ ထိပါးတိုက္ခိုက္ႏိုင္ခဲ့ၾကေလသည္။သို႔ထိပါး တိုက္ခိုက္ခဲ့သည္ကို တုံ႔ျပန္ေသာအားျဖင့္ ကုန္းေဘာင္ေခတ္တြင္ အထက္၌ဆိုခဲ့သည့္အတိုင္း ျမန္မာတို႔က သြားေရာက္တိုက္ခိုက္ျခင္းသာ ျဖစ္ေပသည္။ျမင္းသည္ေက်ာ္တို႔သာ ကစားႏိုင္ေသာ ဂူလီကစားနည္းမွာ မဏိပူရကသည္းျပည္မွ စ၍ေပၚေပါက္ခဲ့သည္ဟု အခ်ိဳ႕ပညာရွိတို႔က ယူဆၾကသည္။ အေလာင္းမင္းတရားႀကီး လက္ထက္မွစ၍ ဖြဲ႕စည္းလာခဲ့ေသာ ကသည္းျမင္း တပ္မွာ သီေပါမင္းလက္ထက္ ေရာက္သည့္တိုင္ေအာင္ တည္ရွိခဲ့ေလသည္။ သီေပါမင္းလက္ထက္တြင္ ဖြဲ႕စည္းထားေသာ ျမန္မာတပ္မေတာ္ႀကီး၏ စုႀကီးအမႈထမ္းတြင္ ပါဝင္ေသာျမင္းအမႈထမ္းတို႔တြင္ ကသည္းျမင္း တပ္အင္အားမွာ ထမ္းကို ၆၂၂ျဖစ္၍ ျမင္းတပ္၏ ေနာက္ေထာက္အင္အားမွာ ၆၂၂ဝျဖစ္ေၾကာင္း သိရသည္။ ထိုမွတပါး ျမန္မာဘုရင္လက္ထက္တြင္ ျပန္တမ္း႐ိုးခံရေသာ ဝန္အျဖစ္ ကသည္းဝန္ တစ္ဦးကို ကသည္းလူမ်ိဳးထဲမွ ခန႔္ထားသည္ကိုေတြ႕ရသည္။ဝတ္စားဆင္ယင္ပုံမွာ အိႏၵိယတိုင္းသားဟိႏၵဴမ်ားႏွင့္ ဆင္ေသာ္လည္း ျမန္မာႏိုင္ငံတြင္ အေနၾကာၿပီျဖစ္သည့္အတိုင္း ကိုယ္အထက္ပိုင္းတြင္ ျမန္မာမ်ားကဲ့သို႔ ဝတ္ဆင္၍ ကိုယ္ေအာက္ပိုင္းတြင္ ဒိုတီကိုခါးေတာင္းက်ိဳက္၍ ဝတ္ၾကသည္။ အခ်ိဳ႕မွာမူ ျမန္မာ တို႔ကဲ့သို႔ပင္ ဝတ္ဆင္ၾကသည္။ မိမိတို႔၏ မူရင္းဘာသာစကားအျပင္ ျမန္မာစကားကိုလည္း ေျပာဆိုၾကသည္။ ျမန္မာတို႔ႏွင့္အတူ ဆက္ဆံေနထိုင္ၾကေသာ္လည္း ရပ္ကြက္ေက်း႐ြာမ်ားတြင္ မိမိတို႔အစုႏွင့္ မိမိတို႔ သီးျခားေနထိုင္ၾကေလသည္။ ကိုးကား – ျမန္မာ့စြယ္စုံက်မ္း ပထမတြဲ အပိုင္း (က)