ကားဘက်ထရီကြိုးနှင့် အဖြစ်များတဲ့ ပြစ်ချက်များ

မော်တော်ကားဘက်ထရီဆိုတာက ကားအင်ဂျင်နှိုးဖို့အတွက် အဓိကလိုအပ်သလို မော်တော်ကားရဲ့ လျှပ်စစ်ပစ္စည်းများအတွက် ပါဝါပေးတဲ့ ရင်းမြစ်တခုလည်းဖြစ်ပါတယ်။ ဘက်ထရီရဲ့ အားကို အသုံးပြုဖို့အတွက် အဓိကဝါယာကြိုး အကြီးနှစ်ချောင်းဖြင့် ချိတ်ဆက်ထားပါတယ်။ တစ်ချောင်းကို တိတ်အနီ (သို့) ကာဗာအနီဖြင့်ဖုံးအုပ်ထားပြီး ဘက်ထရီရဲ့ အပေါင်းငုတ်မှာ တပ်ဆင်ထားကာ နောက်တစ်ချောင်းကို တိတ်အနက် (သို့) ကာဗာအနက်ဖြင့် ဖုံးအုပ်ထားပြီး ဘက်ထရီရဲ့ အမငုတ်မှာ တပ်ဆင်ထားပါတယ်။အဖိုငုတ်ရဲ့ ဘက်ထရီကြိုးကို ဖြူ့ခုံ၊ အော်တာနေတာ၊ စတတ်တာမော်တာ နှင့် ကားကွန်ပျူတာစနစ် (ECU) စသည်တို့နှင့် ချိတ်ဆက်ထားပါတယ်။ အမငုတ်ရဲ့ ဘက်ထရီကြိုးကို ကားဘော်ဒီ၊ ကားအင်ဂျင်၊ ကားဂီယာဘောက်တို့မှာ ဂရောင်းကြိုးအဖြစ် ချိတ်ဆက်ကာ အသုံးပြုပါတယ်။ကားဘက်ထရီအားနည်းတယ်လို့ယူဆပြီး ဘက်ထရီထောက်နှိုးလည်း ကားအင်ဂျင်ကိုလုံးဝနှိုးမရတဲ့အခါ ဘက်ထရီကြိုးနှင့် ဘက်ထရီငုတ်တွေကိုလည်း စစ်ဆေးသင့်ပါတယ်။ ဘက်ထရီကြိုးမကောင်းခြင်း၊ ဘက်ထရီငုတ်များချောင်နေခြင်းတို့ကြောင့်လည်း ဘက်ထရီအားမဝင်တာ၊ အင်ဂျင်နှိုးမရတာတွေဖြစ်တတ်ပါတယ်။

အဖြစ်များတာကတော့ ဘက်ထရီငုတ်တွေချောင်နေမယ်၊ ဘက်ထရီငုတ်တွေမှာ ဆားပေါက်နေမယ်ဆိုရင် ဘက်ထရီအားမဝင်တာဖြစ်တတ်သလို အင်ဂျင်နှိုးမရတာလည်း ဖြစ်နိူင်ပါတယ်။ ဘက်ထရီလဲထားတာ မကြာသေးပေးမယ့် ဘက်ထရီအားမဝင်လို့ ဘက်ထရီဝပ်သွားတဲ့ အဖြစ်တွေလည်း ကြုံရပါတယ်။ တခါတလေ ဘက်ထရီငုတ်ချောင်ပြီး မထိတထိဖြစ်ခြင်းကြောင့် ကားရဲ့ ကွန်ပျူတာဘောက် (ECU) လောင်တဲ့အထိ ဖြစ်နိူင်ပါတယ်။နောက်ထပ်အဖြစ်များတဲ့ ပြစ်ချက်ကတော့ ဘက်ထရီရဲ့ ဂရောင်းကြိုးဘဲဖြစ်ပါတယ်။ ဘက်ထရီဂရောင်းကြိုးကို ကားအင်ဂျင်၊ ဂီယာဘောက်နဲ့ ဖရိန်တွေမှာ အပ်ချထားပါတယ်။ တခါတလေ အပ်ချထားတဲ့ နေရာတွေမှာ သံချေးတတ်နေတာ၊ မထိတထိဖြစ်နေတာတွေကြောင့်လည်း စက်နှိုးမရတာ၊ အင်ဂျင်ချက်မီးလင်းတာ၊ ဒိုင်ခွက်မှာ မီးအစုံလင်းနေတာတွေ ကြုံဖူးပါတယ်။တခါတလေ ကားအင်ဂျင် ဂီယာ အတင်အချပြုလုပ်တဲ့အခါ အင်ဂျင်နဲ့ ဂီယာဘောက်မှာရှိတဲ့ ဂရောင်းကြိုးတွေကို သေချာပြန်တပ်သင့်ပါတယ်။ တပ်ဆင်မဲ့နေရာကို လျှပ်စစ်ကူးအားကောင်းအောင် ကော်ပတ်နှင့်အနည်းငယ် သံချေးချွတ်ပြီးမှတပ်ရင် ပိုကောင်းပါတယ်။ဒါကြောင့် ဘက်ထရီရဲ့ အပ်ကြိုး (ဂရောင်းကြိုး) ကိုလည်း သေချာဂရုစိုက်သင့်ပါတယ်။

Credit _ Khayan Thar Lay

[zawgyi]

ေမာ္ေတာ္ကားဘက္ထရီဆိုတာက ကားအင္ဂ်င္ႏႈိးဖို႔အတြက္ အဓိကလိုအပ္သလို ေမာ္ေတာ္ကားရဲ႕ လွ်ပ္စစ္ပစၥည္းမ်ားအတြက္ ပါဝါေပးတဲ့ ရင္းျမစ္တခုလည္းျဖစ္ပါတယ္။ ဘက္ထရီရဲ႕ အားကို အသုံးျပဳဖို႔အတြက္ အဓိကဝါယာႀကိဳး အႀကီးႏွစ္ေခ်ာင္းျဖင့္ ခ်ိတ္ဆက္ထားပါတယ္။ တစ္ေခ်ာင္းကို တိတ္အနီ (သို႔) ကာဗာအနီျဖင့္ဖုံးအုပ္ထားၿပီး ဘက္ထရီရဲ႕ အေပါင္းငုတ္မွာ တပ္ဆင္ထားကာ ေနာက္တစ္ေခ်ာင္းကို တိတ္အနက္ (သို႔) ကာဗာအနက္ျဖင့္ ဖုံးအုပ္ထားၿပီး ဘက္ထရီရဲ႕ အမငုတ္မွာ တပ္ဆင္ထားပါတယ္။အဖိုငုတ္ရဲ႕ ဘက္ထရီႀကိဳးကို ျဖဴ႕ခုံ၊ ေအာ္တာေနတာ၊ စတတ္တာေမာ္တာ ႏွင့္ ကားကြန္ပ်ဴတာစနစ္ (ECU) စသည္တို႔ႏွင့္ ခ်ိတ္ဆက္ထားပါတယ္။ အမငုတ္ရဲ႕ ဘက္ထရီႀကိဳးကို ကားေဘာ္ဒီ၊ ကားအင္ဂ်င္၊ ကားဂီယာေဘာက္တို႔မွာ ဂေရာင္းႀကိဳးအျဖစ္ ခ်ိတ္ဆက္ကာ အသုံးျပဳပါတယ္။ကားဘက္ထရီအားနည္းတယ္လို႔ယူဆၿပီး ဘက္ထရီေထာက္ႏႈိးလည္း ကားအင္ဂ်င္ကိုလုံးဝႏႈိးမရတဲ့အခါ ဘက္ထရီႀကိဳးႏွင့္ ဘက္ထရီငုတ္ေတြကိုလည္း စစ္ေဆးသင့္ပါတယ္။ ဘက္ထရီႀကိဳးမေကာင္းျခင္း၊ ဘက္ထရီငုတ္မ်ားေခ်ာင္ေနျခင္းတို႔ေၾကာင့္လည္း ဘက္ထရီအားမဝင္တာ၊ အင္ဂ်င္ႏႈိးမရတာေတြျဖစ္တတ္ပါတယ္။အျဖစ္မ်ားတာကေတာ့ ဘက္ထရီငုတ္ေတြေခ်ာင္ေနမယ္၊ ဘက္ထရီငုတ္ေတြမွာ ဆားေပါက္ေနမယ္ဆိုရင္ ဘက္ထရီအားမဝင္တာျဖစ္တတ္သလို အင္ဂ်င္ႏႈိးမရတာလည္း ျဖစ္ႏိူင္ပါတယ္။ ဘက္ထရီလဲထားတာ မၾကာေသးေပးမယ့္ ဘက္ထရီအားမဝင္လို႔ ဘက္ထရီဝပ္သြားတဲ့ အျဖစ္ေတြလည္း ႀကဳံရပါတယ္။ တခါတေလ ဘက္ထရီငုတ္ေခ်ာင္ၿပီး မထိတထိျဖစ္ျခင္းေၾကာင့္ ကားရဲ႕ ကြန္ပ်ဴတာေဘာက္ (ECU) ေလာင္တဲ့အထိ ျဖစ္ႏိူင္ပါတယ္။ေနာက္ထပ္အျဖစ္မ်ားတဲ့ ျပစ္ခ်က္ကေတာ့ ဘက္ထရီရဲ႕ ဂေရာင္းႀကိဳးဘဲျဖစ္ပါတယ္။ ဘက္ထရီဂေရာင္းႀကိဳးကို ကားအင္ဂ်င္၊ ဂီယာေဘာက္နဲ႔ ဖရိန္ေတြမွာ အပ္ခ်ထားပါတယ္။ တခါတေလ အပ္ခ်ထားတဲ့ ေနရာေတြမွာ သံေခ်းတတ္ေနတာ၊ မထိတထိျဖစ္ေနတာေတြေၾကာင့္လည္း စက္ႏႈိးမရတာ၊ အင္ဂ်င္ခ်က္မီးလင္းတာ၊ ဒိုင္ခြက္မွာ မီးအစုံလင္းေနတာေတြ ႀကဳံဖူးပါတယ္။တခါတေလ ကားအင္ဂ်င္ ဂီယာ အတင္အခ်ျပဳလုပ္တဲ့အခါ အင္ဂ်င္နဲ႔ ဂီယာေဘာက္မွာရွိတဲ့ ဂေရာင္းႀကိဳးေတြကို ေသခ်ာျပန္တပ္သင့္ပါတယ္။ တပ္ဆင္မဲ့ေနရာကို လွ်ပ္စစ္ကူးအားေကာင္းေအာင္ ေကာ္ပတ္ႏွင့္အနည္းငယ္ သံေခ်းခြၽတ္ၿပီးမွတပ္ရင္ ပိုေကာင္းပါတယ္။ဒါေၾကာင့္ ဘက္ထရီရဲ႕ အပ္ႀကိဳး (ဂေရာင္းႀကိဳး) ကိုလည္း ေသခ်ာဂ႐ုစိုက္သင့္ပါတယ္။