မနာလိုစိတ် နဲ့ လူ့ကန့်လန့်တွေ

တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဌေးကြီး တစ်ဦးရှိတယ်..သူဌေးကြီးဟာ သူရွာက လူငယ်ရွာသားတွေထဲကဥာဏ်ရည်ထက်မြတ်သူ ဘယ် လောက်ရှိသလဲလို့..စမ်းသပ်ဖို့အတွက် အစီအစဉ် တစ်ခုကိုအကောင်ထည်ဖော်လိုက်တယ်..အစီအစဉ် အရ ရွာလည်က မြေကွက်လပ်ကြီးမှာ ဝါးလုံးတိုင် တစ်တိုင်ထူပြီး ဝါးလုံးဖျားမှာ အဖိုးတန် ပစ္စည်း တွေချိတ်ဆွဲထားလိုက်တယ်..ပြီးတော့ရွာထဲက လူငယ်တွေကို ခေါ်လိုက်ပြီး..ကိုင်း ငါ့လူတို့ ဒီဝါးလုံးတိုင်ပေါ်ကို ဖက်လဲ မတက်ရဘူး..လှဲလဲ မလှဲရဘူး မင်းတို့နည်း မင်းတို့ဟန်နဲ့ ဝါးလုံးဖျားမှာ ချိတ်ထားတဲ့ အဖိုး တန် ပစ္စည်း တွေကိုရအောင်ယူကြပေတော့လို့သူဌေးကြီးက ပြောလိုက်တယ်..ရွာထဲက လူငယ်တွေစုရုံးရောက်ရှိလာကြပြီး ဝါလုံးတိုင်ထိပ်ကပစ္စည်း တွေကို ဘယ်လိုယူကြမလဲ ကြံဆကြတာပေါ့..ဒါပေမယ့်တိုင်ကိုလည်း ဖက်မတက်ရ လှဲလည်းမယူရဆိုတော့အကြံ အိုက်ကုန်ကြတယ်..အဲဒီ အချိန်မှာမောင် ဥာဏ ဆိုတဲ့ လူငယ်တစ်ယောက်ရောက်လာပြီး သူဌးကြီးကို မေးတယ်..ဦးကြီး တိုင်ကို ဖက်လည်းမတက်ရဘူး၊ လှဲလည်း မလှဲဘူး၊ ဒါပေမယ့် တိုင်ကိုတော့ ချွတ်ခွင့်ပြုနိုင်မလားလို့မေးလိုက်ပါတယ်..သူဌေးကြီးဟာ လူငယ်ရဲ့ စကားကြောင့် ခဏတော့ အံဩ မှင်တက်သွားတယ်..ပြီးတော့မှ..ရပါတယ်တိုင်ကိုတော့ ချွတ်ချင်ချွတ်ပါ ဒါပေမယ့် လှဲချယူလို့တော့ မဖြစ်ဖူးနော်. ချွတ်ပြီးရင်လည်းဒီအတိုင်း ထောင်လျှက် အနေအထား ကနေပဲရအောင် ယူရမယ်လို့ ပြောတယ်..မောင်ဥာဏလည်းဝမ်းသာအားရနဲ့. ဝါလုံးတိုင် ကို ချွတ်ယူလိုက်တယ်..ပြီးတော့ ထောင်လျှက်ကပဲ သယ်မထုတ်လိုက်ပြီးမလှမ်းမကမ်း ရှိ ရေတွင်းဆီကို အပြေးအလွှားယူသွားတယ်..ပြီးတော့ဝါးလုံးကို ရေတွင်းထဲ ဖြည်းဖြည်းချင်းချလိုက်ပြီးမှ ဝါးလုံးဖျားကို မှီလောက်တဲ့ အခါမှာဝါးလုံးဖျားမှာ ချိတ်ဆွဲထားတဲ့ ပစ္စည်း တွေကိုတစ်ခုစီ ဖြုတ် ယူလိုက်ပါတယ်..သူဌေးကြီးနဲ့ တစ်ချို့သော လူတွေဟာ မောင်ဥာဏရဲ့ ဥာဏ်ကောင်းပုံကို လက်ခုပ်လက်ဝါးတီးပြီး အသိအမှတ်ပြုကြပေမယ်..။

တစ်ချို့သော လူတွေကဒါ ဘာဆန်းလို့လဲ သူလုပ်ပြတာ အထင်ကြီးစရာ မရှိပါဘူး အစထဲက ဝါးလုံးကို ချွတ်ယူလို့ရတယ်လို့ ပြောရင် ငါတို့လဲ လုပ်လို့ရတာပေါ့ ဆိုပြီးမနာလိုစိတ်နဲ့ အပြစ်တင် ပြောဆိုကြတယ်..။ဒီစကားကိုကြားတဲ့ သူဌေးကြီးဟာလူတစ်စု ဘက်ကိုလှည့်လိုက်ပြီး..ဒီမှာမောင်ရင်တို့ သူများဒါလုပ်လို့ ဖြစ်တယ်ဆိုတော့မှ ငါလည်းလုပ်နိုင်တာပေါ့ ဆိုကတည်းက..မောင်ရင်တို့ဟာ ဦးဆောင်သူ မဟုတ်တော့ဘူး၊ နောက်လိုက်တွေပဲ ဖြစ်တယ်၊ နောက်လိုက်မှ ဖြောင့်ဖြောင့် လိုက်တဲ့သူတွေမဟုတ်ဘူး (ကန့်လန့် တိုက်သူတွေ)ပဲ..ပြီးတော့ အစထဲက သူ့လို မောင်ရင်တို့ အမေးအစမ်း ရှိခဲ့လို့လား သူက ဖြစ်နိုင်တဲ့ နည်းလမ်းကို အရင်ကြံဆကြည့်ပြီးမှ ဝါလုံးကို ချွက်ယူလို့ရလားမေးတယ်..ရတယ်ဆိုတော့မှ သူကြံထားတဲ့ နည်းလမ်းအတိုင်းသတ်မှတ်ထားတဲ့ စည်းကမ်းဘောင်ထဲက ရအောင်ယူသွားတယ်..သူ့လို စိတ်ကူး စိတ်မှန်း မရှိလို့ ကိုယ်မလုပ်နိုင်ခဲ့ရင်လည်း သူလုပ်ပြသွားတာကိုကောင်းမွန်စွာကြည့်ကာ နည်းနာယူကြပြီးနောက်လိုက်ကောင်း ဖြစ်အောင် ကျင့်ကြံကြပါလားကွယ်..သူကို ရှုံ့ချပြီး (ကန့်လန့်တိုက်) စကားပြောတယ်ဆိုတာကတော့ ကိုယ့်ရဲ့ ယုတ်မာစိတ်ကို လူသိအောင်ချပြသလို ဖြစ်နေတော့မှာပေါ့..ရှက်စိတ် ကလေးတော့ ရှိကြပါကွယ်လို့ပြောလိုက်သတဲ့..။မှန်ပါတယ် – ကိုယ်မလုပ်နိုင်တဲ့ အလုပ်တစ်ခုကိုလုပ်နိုင်သူက ဦးဆောင်လုပ်တာကို အားမပေးချင်နေပါ၊ သူတစ်ပါးလုပ်နေတာကို အနှောင့်အယှက် ဖြစ်အောင် (ကန့်လန့်တိုက်)ပြီး အပြစ်ပြောတတ်တဲ့ လူ (ကန့်လန့်)တွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာပေါပါတယ်။ သူကြိုးစားလို့ အောင်မြင် သွားတာကို ထောက်ခံပေးလိုက်ပါ၊ သဘောတူ ပေးလိုက်ပါ ဝမ်းသာ ပေးလိုက်ပါ..ရှေ့က သွားခိုင်းလို့လည်း မရ နောက်က နေခိုင်းလို့လည်း မရ..ဒါကြောင့် နေရာတကာဘေးကနေပြီး (ကန့်လန့် တိုက်)နေတဲ့လူ (ကန့်လန့် )တွေနဲ့ မကြုံကြပါစေနဲ့ ကြုံခဲ့ရင်လည်း အတက်နိုင်ဆုံးရှောင်ထွက်သွားနိုင်ကြပါစေ..။

Credit – ဆရာဖူးကျော်ဇင်

[zawgyi]

တစ္ခါတုန္းက ႐ြာတစ္႐ြာမွာ သူေဌးႀကီး တစ္ဦးရွိတယ္..သူေဌးႀကီးဟာ သူ႐ြာက လူငယ္႐ြာသားေတြထဲကဥာဏ္ရည္ထက္ျမတ္သူ ဘယ္ ေလာက္ရွိသလဲလို႔..စမ္းသပ္ဖို႔အတြက္ အစီအစဥ္ တစ္ခုကိုအေကာင္ထည္ေဖာ္လိုက္တယ္..အစီအစဥ္ အရ ႐ြာလည္က ေျမကြက္လပ္ႀကီးမွာ ဝါးလုံးတိုင္ တစ္တိုင္ထူၿပီး ဝါးလုံးဖ်ားမွာ အဖိုးတန္ ပစၥည္း ေတြခ်ိတ္ဆြဲထားလိုက္တယ္..ၿပီးေတာ့႐ြာထဲက လူငယ္ေတြကို ေခၚလိုက္ၿပီး..ကိုင္း ငါ့လူတို႔ ဒီဝါးလုံးတိုင္ေပၚကို ဖက္လဲ မတက္ရဘူး..လွဲလဲ မလွဲရဘူး မင္းတို႔နည္း မင္းတို႔ဟန္နဲ႔ ဝါးလုံးဖ်ားမွာ ခ်ိတ္ထားတဲ့ အဖိုး တန္ ပစၥည္း ေတြကိုရေအာင္ယူၾကေပေတာ့လို႔သူေဌးႀကီးက ေျပာလိုက္တယ္..႐ြာထဲက လူငယ္ေတြစု႐ုံးေရာက္ရွိလာၾကၿပီး ဝါလုံးတိုင္ထိပ္ကပစၥည္း ေတြကို ဘယ္လိုယူၾကမလဲ ႀကံဆၾကတာေပါ့..ဒါေပမယ့္တိုင္ကိုလည္း ဖက္မတက္ရ လွဲလည္းမယူရဆိုေတာ့အႀကံ အိုက္ကုန္ၾကတယ္..အဲဒီ အခ်ိန္မွာေမာင္ ဥာဏ ဆိုတဲ့ လူငယ္တစ္ေယာက္ေရာက္လာၿပီး သူဌးႀကီးကို ေမးတယ္..ဦးႀကီး တိုင္ကို ဖက္လည္းမတက္ရဘူး၊ လွဲလည္း မလွဲဘူး၊ ဒါေပမယ့္ တိုင္ကိုေတာ့ ခြၽတ္ခြင့္ျပဳႏိုင္မလားလို႔ေမးလိုက္ပါတယ္..သူေဌးႀကီးဟာ လူငယ္ရဲ႕ စကားေၾကာင့္ ခဏေတာ့ အံဩ မွင္တက္သြားတယ္..ၿပီးေတာ့မွ..ရပါတယ္တိုင္ကိုေတာ့ ခြၽတ္ခ်င္ခြၽတ္ပါ ဒါေပမယ့္ လွဲခ်ယူလို႔ေတာ့ မျဖစ္ဖူးေနာ္. ခြၽတ္ၿပီးရင္လည္းဒီအတိုင္း ေထာင္လွ်က္ အေနအထား ကေနပဲရေအာင္ ယူရမယ္လို႔ ေျပာတယ္..ေမာင္ဥာဏလည္းဝမ္းသာအားရနဲ႔. ဝါလုံးတိုင္ ကို ခြၽတ္ယူလိုက္တယ္..ၿပီးေတာ့ ေထာင္လွ်က္ကပဲ သယ္မထုတ္လိုက္ၿပီးမလွမ္းမကမ္း ရွိ ေရတြင္းဆီကို အေျပးအလႊားယူသြားတယ္..ၿပီးေတာ့ဝါးလုံးကို ေရတြင္းထဲ ျဖည္းျဖည္းခ်င္းခ်လိုက္ၿပီးမွ ဝါးလုံးဖ်ားကို မွီေလာက္တဲ့ အခါမွာဝါးလုံးဖ်ားမွာ ခ်ိတ္ဆြဲထားတဲ့ ပစၥည္း ေတြကိုတစ္ခုစီ ျဖဳတ္ ယူလိုက္ပါတယ္..သူေဌးႀကီးနဲ႔ တစ္ခ်ိဳ႕ေသာ လူေတြဟာ ေမာင္ဥာဏရဲ႕ ဥာဏ္ေကာင္းပုံကို လက္ခုပ္လက္ဝါးတီးၿပီး အသိအမွတ္ျပဳၾကေပမယ္..။တစ္ခ်ိဳ႕ေသာ လူေတြကဒါ ဘာဆန္းလို႔လဲ သူလုပ္ျပတာ အထင္ႀကီးစရာ မရွိပါဘူး အစထဲက ဝါးလုံးကို ခြၽတ္ယူလို႔ရတယ္လို႔ ေျပာရင္ ငါတို႔လဲ လုပ္လို႔ရတာေပါ့ ဆိုၿပီးမနာလိုစိတ္နဲ႔ အျပစ္တင္ ေျပာဆိုၾကတယ္..။ဒီစကားကိုၾကားတဲ့ သူေဌးႀကီးဟာလူတစ္စု ဘက္ကိုလွည့္လိုက္ၿပီး..ဒီမွာေမာင္ရင္တို႔ သူမ်ားဒါလုပ္လို႔ ျဖစ္တယ္ဆိုေတာ့မွ ငါလည္းလုပ္ႏိုင္တာေပါ့ ဆိုကတည္းက..ေမာင္ရင္တို႔ဟာ ဦးေဆာင္သူ မဟုတ္ေတာ့ဘူး၊ ေနာက္လိုက္ေတြပဲ ျဖစ္တယ္၊ ေနာက္လိုက္မွ ေျဖာင့္ေျဖာင့္ လိုက္တဲ့သူေတြမဟုတ္ဘူး (ကန္႔လန္႔ တိုက္သူေတြ)ပဲ..ၿပီးေတာ့ အစထဲက သူ႔လို ေမာင္ရင္တို႔ အေမးအစမ္း ရွိခဲ့လို႔လား သူက ျဖစ္ႏိုင္တဲ့ နည္းလမ္းကို အရင္ႀကံဆၾကည့္ၿပီးမွ ဝါလုံးကို ခြၽက္ယူလို႔ရလားေမးတယ္..ရတယ္ဆိုေတာ့မွ သူႀကံထားတဲ့ နည္းလမ္းအတိုင္းသတ္မွတ္ထားတဲ့ စည္းကမ္းေဘာင္ထဲက ရေအာင္ယူသြားတယ္..သူ႔လို စိတ္ကူး စိတ္မွန္း မရွိလို႔ ကိုယ္မလုပ္ႏိုင္ခဲ့ရင္လည္း သူလုပ္ျပသြားတာကိုေကာင္းမြန္စြာၾကည့္ကာ နည္းနာယူၾကၿပီးေနာက္လိုက္ေကာင္း ျဖစ္ေအာင္ က်င့္ႀကံၾကပါလားကြယ္..သူကို ရႈံ႕ခ်ၿပီး (ကန္႔လန္႔တိုက္) စကားေျပာတယ္ဆိုတာကေတာ့ ကိုယ့္ရဲ႕ ယုတ္မာစိတ္ကို လူသိေအာင္ခ်ျပသလို ျဖစ္ေနေတာ့မွာေပါ့..ရွက္စိတ္ ကေလးေတာ့ ရွိၾကပါကြယ္လို႔ေျပာလိုက္သတဲ့..။မွန္ပါတယ္ – ကိုယ္မလုပ္ႏိုင္တဲ့ အလုပ္တစ္ခုကိုလုပ္ႏိုင္သူက ဦးေဆာင္လုပ္တာကို အားမေပးခ်င္ေနပါ၊ သူတစ္ပါးလုပ္ေနတာကို အေႏွာင့္အယွက္ ျဖစ္ေအာင္ (ကန္႔လန္႔တိုက္)ၿပီး အျပစ္ေျပာတတ္တဲ့ လူ (ကန္႔လန္႔)ေတြ ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္မွာေပါပါတယ္။ သူႀကိဳးစားလို႔ ေအာင္ျမင္ သြားတာကို ေထာက္ခံေပးလိုက္ပါ၊ သေဘာတူ ေပးလိုက္ပါ ဝမ္းသာ ေပးလိုက္ပါ..ေရွ႕က သြားခိုင္းလို႔လည္း မရ ေနာက္က ေနခိုင္းလို႔လည္း မရ..ဒါေၾကာင့္ ေနရာတကာေဘးကေနၿပီး (ကန္႔လန္႔ တိုက္)ေနတဲ့လူ (ကန္႔လန္႔ )ေတြနဲ႔ မႀကဳံၾကပါေစနဲ႔ ႀကဳံခဲ့ရင္လည္း အတက္ႏိုင္ဆုံးေရွာင္ထြက္သြားႏိုင္ၾကပါေစ..။