အက်ဒီဆင်ရဲ့ အမေ အက်ဒီဆင်ကို လိမ်ပြောခဲ့တဲ့ အလှပဆုံးမုသားစကား

သောမတ်စ်အယ်ဒီဆင်ဟာ ကျောင်းစနေ လို့ တစ်လအကြာ တစ်ရက်မှာ ကျောင်းက ပြန်လာတော့ ဆရာမပေးလိုက်တဲ့ စာအိတ်တစ်ခုကို သူ့အမေကို ပြလိုက် တယ်။ သူက ငယ်သေးတော့ စာမဖတ်တတ်သေးဘူး။ အမေဟာ စာအိတ်ကို ဖွင့်ဖတ်လိုက်တယ်။ ပြီးတော့ အယ်ဒီဆင်ကြားအောင် စာကို အော်ပြီး ဖတ်ပြ လိုက်တယ်။ “အမရဲ့ သားဟာ အလွန်ဉာဏ်ထက်မြက်ပြီး ပါရမီရှင် တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မ တို့ကျောင်းမှာ သူ့လောက်တော်တဲ့ ဆရာ ဆရာမတွေ မရှိကြလို့ အမပဲ သူ့ကို စာသင်ပေးလိုက်ပါနော်”အဲဒီအချိန်ကစပြီး သူ့ကို အမေက အိမ်မှာပဲ စာသင်ပေးပါတယ်။ နှစ်ပေါင်းများစွာ ကြာတော့ သူ့အမေ ကွယ်လွန်သွား တယ်။ မကြာခင်မှာပဲ အယ်ဒီဆင် ဟာ ကမ္ဘာပေါ်မှာ ထင်ရှားအောင်မြင်တဲ့ တီထွင်သူ သိပ္ပံပညာရှင်ကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာ သူဟာ သူ့အမေရဲ့ ပစ္စည်းတွေ ထည့်ထားတဲ့ သေတ္တာ တစ်လုံးကို ဖွင့်ပြီး ဘာတွေ ရှိသလဲ ဆိုတာ ကြည့်လိုက် တယ်။ အဝတ်အစားဟောင်းတွေနဲ့ ဝါကျင့်ကျင့်ဖြစ်ပြီး ဟောင်း နွမ်းနေတဲ့ စာလေးတစ်စောင်ကို တွေ့လို့ ဖတ်ကြည့်လိုက်တယ်။ စာမှာ ရေးထားတာက

“အမရဲ့ သားဟာ ဉာဏ်ရည်အလွန်နိမ့်ပါးနေပါတယ်။ သူ တစ်သက်လုံး စာတတ် မှာ မဟုတ်ပါဘူး။ ကျွန်မ တို့ကျောင်းမှာ သူ့ကို လက်မခံနိုင်လို့ ဒီနေ့ကစပြီး ကျောင်းထုတ် လိုက်ပါပြီ”အယ်ဒီဆင်ဟာ စာကို ဖတ်ပြီး ဝမ်းနည်းလွန်းလို့ ရှိုက်ကြီးတငင် ငိုလိုက် ပါတယ်။ သူ့ကို တသက် လုံး လိမ်သွားတဲ့ အမေကို စိတ်မနာနိုင်ပါဘူး။ သူ့အမေဟာ သူ့ကို သင်ပြပေးခဲ့လို့ သူဟာ အခုလို ထင်ရှားကျော်ကြားတဲ့ တီထွင်ပညာ ရှင်ကြီး ဖြစ်လာ တယ်ဆိုတာကို သူ ကောင်းကောင်း သိတယ်။အဲဒီညမှာပဲ သူက သူ့ဒိုင်ယာရီ စာအုပ်မှာ ခုလို ရေးမှတ် လိုက်ပါတယ်။ ‘သော မတ်စ်အယ်ဒီဆင်ဟာ ဉာဏ်ရည် အလွန်နိမ့်ပါး သူ တစ်ယောက် ဖြစ်ပါတယ်။ သူ့အမေက သူ့ကို ကမ္ဘာပေါ် မှာ အလွန် ဉာဏ်ထက် မြက်ပြီး တီထွင်တတ်တဲ့ သိပ္ပံပညာရှင် ကြီး တစ်ယောက် ဖြစ်အောင် လုပ်ပေး ခဲ့ပါတယ်’မိဘတွေကို မှာချင် ပါတယ်။ ခင်ဗျားတို့ ကလေးတွေ ကို ကျောင်းက ဆရာ ဆရာမတွေ၊ တခြားလူတွေက ဉာဏ်ထိုင်းတယ်၊ စာသင်လို့ မရဘူးလို့ ပြောရင် လွယ်လွယ် နဲ့ မယုံလိုက် ပါနဲ့။ ကလေးတွေရဲ့ အနာဂတ်ကို မိဘတွေ ပြောင်းလဲပေးလို့ ရတယ်ဆိုတာကို သိထားစေ ချင်ပါတယ်။

Credit: ဗန်းမော်သိန်းဖေ

[zawgyi]

ေသာမတ္စ္အယ္ဒီဆင္ဟာ ေက်ာင္းစေန လို႔ တစ္လအၾကာ တစ္ရက္မွာ ေက်ာင္းက ျပန္လာေတာ့ ဆရာမေပးလိုက္တဲ့ စာအိတ္တစ္ခုကို သူ႔အေမကို ျပလိုက္ တယ္။ သူက ငယ္ေသးေတာ့ စာမဖတ္တတ္ေသးဘူး။ အေမဟာ စာအိတ္ကို ဖြင့္ဖတ္လိုက္တယ္။ ၿပီးေတာ့ အယ္ဒီဆင္ၾကားေအာင္ စာကို ေအာ္ၿပီး ဖတ္ျပ လိုက္တယ္။ “အမရဲ႕ သားဟာ အလြန္ဉာဏ္ထက္ျမက္ၿပီး ပါရမီရွင္ တစ္ေယာက္ ျဖစ္ပါတယ္။ ကြၽန္မ တို႔ေက်ာင္းမွာ သူ႔ေလာက္ေတာ္တဲ့ ဆရာ ဆရာမေတြ မရွိၾကလို႔ အမပဲ သူ႔ကို စာသင္ေပးလိုက္ပါေနာ္”အဲဒီအခ်ိန္ကစၿပီး သူ႔ကို အေမက အိမ္မွာပဲ စာသင္ေပးပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ၾကာေတာ့ သူ႔အေမ ကြယ္လြန္သြား တယ္။ မၾကာခင္မွာပဲ အယ္ဒီဆင္ ဟာ ကမာၻေပၚမွာ ထင္ရွားေအာင္ျမင္တဲ့ တီထြင္သူ သိပၸံပညာရွင္ႀကီးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ တစ္ရက္မွာ သူဟာ သူ႔အေမရဲ႕ ပစၥည္းေတြ ထည့္ထားတဲ့ ေသတၱာ တစ္လုံးကို ဖြင့္ၿပီး ဘာေတြ ရွိသလဲ ဆိုတာ ၾကည့္လိုက္ တယ္။ အဝတ္အစားေဟာင္းေတြနဲ႔ ဝါက်င့္က်င့္ျဖစ္ၿပီး ေဟာင္း ႏြမ္းေနတဲ့ စာေလးတစ္ေစာင္ကို ေတြ႕လို႔ ဖတ္ၾကည့္လိုက္တယ္။ စာမွာ ေရးထားတာက“အမရဲ႕ သားဟာ ဉာဏ္ရည္အလြန္နိမ့္ပါးေနပါတယ္။ သူ တစ္သက္လုံး စာတတ္ မွာ မဟုတ္ပါဘူး။ ကြၽန္မ တို႔ေက်ာင္းမွာ သူ႔ကို လက္မခံႏိုင္လို႔ ဒီေန႔ကစၿပီး ေက်ာင္းထုတ္ လိုက္ပါၿပီ”အယ္ဒီဆင္ဟာ စာကို ဖတ္ၿပီး ဝမ္းနည္းလြန္းလို႔ ရႈိက္ႀကီးတငင္ ငိုလိုက္ ပါတယ္။ သူ႔ကို တသက္ လုံး လိမ္သြားတဲ့ အေမကို စိတ္မနာႏိုင္ပါဘူး။ သူ႔အေမဟာ သူ႔ကို သင္ျပေပးခဲ့လို႔ သူဟာ အခုလို ထင္ရွားေက်ာ္ၾကားတဲ့ တီထြင္ပညာ ရွင္ႀကီး ျဖစ္လာ တယ္ဆိုတာကို သူ ေကာင္းေကာင္း သိတယ္။အဲဒီညမွာပဲ သူက သူ႔ဒိုင္ယာရီ စာအုပ္မွာ ခုလို ေရးမွတ္ လိုက္ပါတယ္။ ‘ေသာ မတ္စ္အယ္ဒီဆင္ဟာ ဉာဏ္ရည္ အလြန္နိမ့္ပါး သူ တစ္ေယာက္ ျဖစ္ပါတယ္။ သူ႔အေမက သူ႔ကို ကမာၻေပၚ မွာ အလြန္ ဉာဏ္ထက္ ျမက္ၿပီး တီထြင္တတ္တဲ့ သိပၸံပညာရွင္ ႀကီး တစ္ေယာက္ ျဖစ္ေအာင္ လုပ္ေပး ခဲ့ပါတယ္’မိဘေတြကို မွာခ်င္ ပါတယ္။ ခင္ဗ်ားတို႔ ကေလးေတြ ကို ေက်ာင္းက ဆရာ ဆရာမေတြ၊ တျခားလူေတြက ဉာဏ္ထိုင္းတယ္၊ စာသင္လို႔ မရဘူးလို႔ ေျပာရင္ လြယ္လြယ္ နဲ႔ မယုံလိုက္ ပါနဲ႔။ ကေလးေတြရဲ႕ အနာဂတ္ကို မိဘေတြ ေျပာင္းလဲေပးလို႔ ရတယ္ဆိုတာကို သိထားေစ ခ်င္ပါတယ္။