လက်သမားကြီးရဲ့ နောင်တ

လူတစ်ယောက်ဟာ ငယ်စဉ်လူလတ်ပိုင်းအရွယ်ကတည်းကနေ အသက်အရွယ်ရလာတဲ့အထိ လက်သမားအတတ်ပညာတစ်ခုတည်းနဲ့သာ အသက် မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အသက်အရွယ်ကြောင့် လှုပ်ရှားမှုတွေ နှေးကွေးလာတဲ့အခါ သူရဲ့အသက်မွေးကျောင်းဖြစ်တဲ့ လက်သမားအလုပ်ကနေပြီးတော့ အနားယူဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။အလုပ်ကအနားယူတော့မယ့်အကြောင်းကို နှစ်အတော်အကြာ လက်တွဲပြီးလုပ်ခဲ့တဲ့ သူရဲ့အလုပ်ရှင်ကို ပြောပြလိုက်ပါတယ်။ အဲဒီအကြောင်းကို အလုပ်ရှင်ဖြစ်သူက ကြားသိလိုက်တဲ့အခါ ဝမ်းနည်းသွားခဲ့ပြီး နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးကို ဆောက်လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်ကို လက်သမားဖြစ်သူကလည်း လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်ငန်းစတင်လုပ်ကိုင်တဲ့အခါမှာတော့ သူဟာ အရင်လို တက်တက်ကြွကြွလုပ် ကိုင်ခြင်းမရှိတော့ဘဲ ကတိတစ်ခုကြောင့် ဆောက်လုပ်ပေးတဲ့သဘောမျိုးနဲ့သာ ဆောက်လုပ်ခဲ့ပါတယ်။ အိမ်ဆောက်ရာမှာလည်း ဈေးသက် သာတဲ့ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ သာမန်အလုပ်သမားတွေကိုသာ ရွေးချယ်ပြီး အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်လိုက်ပါတယ်။တ ဖြည်းဖြည်းနဲ့ ဆောက်လုပ်လာခဲ့ရာ အိမ်တစ်အိမ်လုံး ဆောက်လုပ်ပြီးစီးတဲ့ နေ့ကို ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီအခါ လက်သမားဆ ရာကြီးက သူရဲ့အလုပ်ရှင်ကို ခေါ်ပြီးပြပါတယ်။ ဒီအခါမှာတော့ အလုပ်ရှင်ဖြစ်သူက မမျှော်လင့်ထားတဲ့ အပြုအမူတစ်ခုကို ပြုလုပ်လိုက် ပါတယ်။ ဘာလဲဆိုတော့ စက္ကူစာအိတ်တစ်အိတ်ကို ယူလာခဲ့ပြီး လက်သမားဆရာကြီးကို ပေးပြီးဖွင့်စေပါတယ်။

စာအိတ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ ဆောက်လုပ်ပြီးစီးသွားတဲ့ အဆောက်အဦးနဲ့ ပတ်သက်ပြီးအရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဖြစ်လို့နေပြီး ဒီထက် အံဩစရာကောင်းတာတစ်ခုကတော့ စာရွက်စာတမ်းအားလုံးက လက်သမားဆရာကြီးရဲ့ နာမည်နဲ့ ပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။ အဲဒီအခါမှာတော့ ပိုင်ရှင်ဖြစ်သူက ” ဆရာကြီး…ခင်ဗျား ကျွန်တော်နဲ့ ရေရှည်လက်တွဲပြီးအလုပ်လုပ်လာခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ အလုပ်ကိုလည်းကြိုးစားသလို ကျွန်တော့်အပေါ်ကိုလည်း သစ္စာရှိခဲ့တယ်။ ဒါကြောင့် ဒီအဆောက်အဦကို ဆရာကြီးအတွက် ကျွန်တော်လက်ဆောင်ပေးတာပါ။ လက်ခံပေးပါ” လို့ ဆိုလိုက်ပါတယ်။ ဒီအခါမှာတော့ လက်သမားဆရာကြီးက ဘာပြန်ပြောရမှန်းမသိအောင်ဘဲ ငြိမ်သက်သွားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရှက်စိတ်နဲ့အတူ နောင်တလည်း ကောင်းစွာရမိသွားပါတယ်။ဒီအကြောင်းအရာလေးနဲ့ ပတ်သတ်ပြီးတော့ မိတ်ဆွေတို့ရော ဘယ်လိုတွေးမိပါသလဲ။ ကျွန်တော်တို့အားလုံး တစ်ခါတလေ စိတ်မပါဘဲ ပြောရဆိုရ လုပ်ရကိုင်ရတဲ့အရာတွေ ရှိပါတယ်။ စိတ်မပါဘဲ လုပ်တဲ့ ဘယ်အရာမဆို အကောင်းဆုံးပုံစံနဲ့ မရရှိနိင်ပါဘူး။ အဲဒီတော့ စိတ်မပါတော့ပေမဲ့ လုပ်ရမယ့်အတူတူ အကောင်းဆုံးသာလုပ်ပါ။ ပြောရမယ့်အတူတူ အချိုသာဆုံးသာ ပြောပါ။ ကိုယ်ပြုတဲ့ အပြုအမူအတိုင်းနဲ့ တူညီတဲ့ တန်ပြန်သက်ရောက်မှုကို မလွဲမသွေ ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။

Credit – မူရင်း

[zawgyi]

လူတစ္ေယာက္ဟာ ငယ္စဥ္လူလတ္ပိုင္းအ႐ြယ္ကတည္းကေန အသက္အ႐ြယ္ရလာတဲ့အထိ လက္သမားအတတ္ပညာတစ္ခုတည္းနဲ႔သာ အသက္ ေမြးဝမ္းေက်ာင္းျပဳခဲ့ပါတယ္။ တျဖည္းျဖည္းနဲ႔ အသက္အ႐ြယ္ေၾကာင့္ လႈပ္ရွားမႈေတြ ေႏွးေကြးလာတဲ့အခါ သူရဲ႕အသက္ေမြးေက်ာင္းျဖစ္တဲ့ လက္သမားအလုပ္ကေနၿပီးေတာ့ အနားယူဖို႔ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။အလုပ္ကအနားယူေတာ့မယ့္အေၾကာင္းကို ႏွစ္အေတာ္အၾကာ လက္တြဲၿပီးလုပ္ခဲ့တဲ့ သူရဲ႕အလုပ္ရွင္ကို ေျပာျပလိုက္ပါတယ္။ အဲဒီအေၾကာင္းကို အလုပ္ရွင္ျဖစ္သူက ၾကားသိလိုက္တဲ့အခါ ဝမ္းနည္းသြားခဲ့ၿပီး ေနာက္ဆုံးအေနနဲ႔ အိမ္တစ္လုံးကို ေဆာက္လုပ္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။ ဒီေတာင္းဆိုခ်က္ကို လက္သမားျဖစ္သူကလည္း လက္ခံခဲ့ပါတယ္။ ဒါေပမဲ့ တကယ္တမ္း လုပ္ငန္းစတင္လုပ္ကိုင္တဲ့အခါမွာေတာ့ သူဟာ အရင္လို တက္တက္ႂကြႂကြလုပ္ ကိုင္ျခင္းမရွိေတာ့ဘဲ ကတိတစ္ခုေၾကာင့္ ေဆာက္လုပ္ေပးတဲ့သေဘာမ်ိဳးနဲ႔သာ ေဆာက္လုပ္ခဲ့ပါတယ္။ အိမ္ေဆာက္ရာမွာလည္း ေဈးသက္ သာတဲ့ေဆာက္လုပ္ေရးပစၥည္းေတြနဲ႔ သာမန္အလုပ္သမားေတြကိုသာ ေ႐ြးခ်ယ္ၿပီး အျမန္ဆုံးၿပီးစီးေအာင္ ေဆာက္လုပ္လိုက္ပါတယ္။တ ျဖည္းျဖည္းနဲ႔ ေဆာက္လုပ္လာခဲ့ရာ အိမ္တစ္အိမ္လုံး ေဆာက္လုပ္ၿပီးစီးတဲ့ ေန႔ကို ေရာက္ရွိလာခဲ့ပါေတာ့တယ္။ အဲဒီအခါ လက္သမားဆ ရာႀကီးက သူရဲ႕အလုပ္ရွင္ကို ေခၚၿပီးျပပါတယ္။ ဒီအခါမွာေတာ့ အလုပ္ရွင္ျဖစ္သူက မေမွ်ာ္လင့္ထားတဲ့ အျပဳအမူတစ္ခုကို ျပဳလုပ္လိုက္ ပါတယ္။ ဘာလဲဆိုေတာ့ စကၠဴစာအိတ္တစ္အိတ္ကို ယူလာခဲ့ၿပီး လက္သမားဆရာႀကီးကို ေပးၿပီးဖြင့္ေစပါတယ္။စာအိတ္ကို ဖြင့္လိုက္တဲ့အခါမွာေတာ့ ေဆာက္လုပ္ၿပီးစီးသြားတဲ့ အေဆာက္အဦးနဲ႔ ပတ္သက္ၿပီးအေရးႀကီးတဲ့ စာ႐ြက္စာတမ္းေတြ ျဖစ္လို႔ေနၿပီး ဒီထက္ အံဩစရာေကာင္းတာတစ္ခုကေတာ့ စာ႐ြက္စာတမ္းအားလုံးက လက္သမားဆရာႀကီးရဲ႕ နာမည္နဲ႔ ျပဳလုပ္ထားျခင္းပဲျဖစ္ပါတယ္။ အဲဒီအခါမွာေတာ့ ပိုင္ရွင္ျဖစ္သူက ” ဆရာႀကီး…ခင္ဗ်ား ကြၽန္ေတာ္နဲ႔ ေရရွည္လက္တြဲၿပီးအလုပ္လုပ္လာခဲ့တာ ႏွစ္ေပါင္းအေတာ္ၾကာခဲ့ၿပီ။ အလုပ္ကိုလည္းႀကိဳးစားသလို ကြၽန္ေတာ့္အေပၚကိုလည္း သစၥာရွိခဲ့တယ္။ ဒါေၾကာင့္ ဒီအေဆာက္အဦကို ဆရာႀကီးအတြက္ ကြၽန္ေတာ္လက္ေဆာင္ေပးတာပါ။ လက္ခံေပးပါ” လို႔ ဆိုလိုက္ပါတယ္။ ဒီအခါမွာေတာ့ လက္သမားဆရာႀကီးက ဘာျပန္ေျပာရမွန္းမသိေအာင္ဘဲ ၿငိမ္သက္သြားပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ရွက္စိတ္နဲ႔အတူ ေနာင္တလည္း ေကာင္းစြာရမိသြားပါတယ္။ဒီအေၾကာင္းအရာေလးနဲ႔ ပတ္သတ္ၿပီးေတာ့ မိတ္ေဆြတို႔ေရာ ဘယ္လိုေတြးမိပါသလဲ။ ကြၽန္ေတာ္တို႔အားလုံး တစ္ခါတေလ စိတ္မပါဘဲ ေျပာရဆိုရ လုပ္ရကိုင္ရတဲ့အရာေတြ ရွိပါတယ္။ စိတ္မပါဘဲ လုပ္တဲ့ ဘယ္အရာမဆို အေကာင္းဆုံးပုံစံနဲ႔ မရရွိနိင္ပါဘူး။ အဲဒီေတာ့ စိတ္မပါေတာ့ေပမဲ့ လုပ္ရမယ့္အတူတူ အေကာင္းဆုံးသာလုပ္ပါ။ ေျပာရမယ့္အတူတူ အခ်ိဳသာဆုံးသာ ေျပာပါ။ ကိုယ္ျပဳတဲ့ အျပဳအမူအတိုင္းနဲ႔ တူညီတဲ့ တန္ျပန္သက္ေရာက္မႈကို မလြဲမေသြ ျပန္လည္ရရွိလာမွာျဖစ္ပါတယ္။