ခံယူတက်မှ ရမယ်

တစ်ခါက နန္ဒနဲ့ သူရိယဆိုသော သူငယ်ချင်းနှစ်ယောက်ဟာ တက္ကသိုလ်ပညာတွေ သင်ကြားဖို့ ဒိသာ ပါမောက္ခကြီးဆီကို ပညာသင်ယူဖို့သွားကြတယ်။ဆရာကြီးက သူ့ရဲ့ တပည့်နှစ်ယောက်ကိုဆရာစားမချန် အိပ်သွင်ဖာမှောက် အကုန်သင်ကြားပေးခဲ့တယ်။ပညာသင်ကြားပီး ၃နှစ်ကြာတော့ ဆရာကြီးက တပည့်နှစ်ဦးကိုခေါ်ပြီးအလုပ်နှစ်ခုခိုင်းတယ်။ ပထမအလုပ်က ရေတွင်းတူးတဲ့အလုပ်။ဒုတိယအလုပ်က မနက်ခင်း မှာ နှင်းရည် တစ်အိုးရအောင်လုပ်ရမဲ့ အလုပ်ဖြစ်တယ်။သူငယ်ချင်းနှစ်ယောက်ဟာ ပထမအလုပ်ဖြစ်တဲ့ ရေတွင်းတူးတဲ့ အလုပ်ကိုစလုပ်ကြတယ်။သူရိယ ရေတွင်းတူးတာ တွင်းအနက် လက်တစ်တောင်ဆစ်လောက်ပဲရှိသေးတာ ရေကထွက်နေပြီ..။ဒုတိယ အလုပ်ကို နောက် တစ်နေ့မနက်မှာ နှစ်ဦးသား လုပ်ဆောင်ကြတယ်။ နန္ဒက နေထွက်တဲ့အထိနှင်းရည်ခံတာ အိုးတစ်ဝက်ပဲ ရတယ်။သူရိယက နေမထွက်ခင်မှာပဲ နှင်းရည်အိုးအပြည့်ရနေပြီ..။

“ဆရာကြီးက သူရိယကိုခေါ်ပြီး”ရေတွန်းတူးတဲ့ နေရာမှာ ရေကြောရှိမှန်း ဘယ်လိုသိလဲဟု မေးလိုက်တော့ “မြက်ပေါများတဲ့ မြေကြီးအောက်မှာရေ ကြောရှိမှန်း သိနိုင်တယ်ဆရာ”ဟု သူရိယကပြောလိုက်တယ်။ “ဒါဆို နှင်းရည်အိုး တစ်အိုးရအောင် ဘယ်လို စွမ်းဆောင်ခဲ့တာလည်း လို့မေးတော့..ကျယ်ပြန့်တဲ့ အဝတ်စနှစ်ခုကို နှင်းရည်ဆိုနေတဲ့ အပင်လေးတွေအပေါ်အုပ်မိုးပြီးနှင်းရည် ရွှဲလာတဲ့အခါ အိုးထဲကို ညစ်၍ယူခဲ့ပါတယ်ဆရာ” ဟု ဖြေ လိုက်သည်..ဆရာကြီး ပညာသင်ပေးခဲ့တုန်းက သူရိယ တစ်ဦးထဲသင်ပေးခဲ့ချင်းမဟုတ်ပါ..နှစ်ဦးလုံးကို သဘောတူညီစွာ သင်ပေးခဲ့ပါတယ်။သို့သော် သူရိယက ဆရာသင်ပေးတဲ့ ပညာကိုလက်တွေ့ဘဝမှာ မသုံးချနိုင်ခဲ့ ပေမဲ့နန္ဒက အသုံးမချနိုင်ခဲ့ဘူး။ ဆရာက ပညာမိုးတွေ ဘယ်လောက်ပဲ ရွာချနေပါစေတပည့်ဖြစ်သူက ပညာမိုးရေကို ခံယူတက်မှ ပညာရမှာပဲ ဖြစ်ပါတယ်။

Credit – သော်တာမင်း

[zawgyi]

တစ္ခါက နႏၵနဲ႔ သူရိယဆိုေသာ သူငယ္ခ်င္းႏွစ္ေယာက္ဟာ တကၠသိုလ္ပညာေတြ သင္ၾကားဖို႔ ဒိသာ ပါေမာကၡႀကီးဆီကို ပညာသင္ယူဖို႔သြားၾကတယ္။ဆရာႀကီးက သူ႔ရဲ႕ တပည့္ႏွစ္ေယာက္ကိုဆရာစားမခ်န္ အိပ္သြင္ဖာေမွာက္ အကုန္သင္ၾကားေပးခဲ့တယ္။ပညာသင္ၾကားပီး ၃ႏွစ္ၾကာေတာ့ ဆရာႀကီးက တပည့္ႏွစ္ဦးကိုေခၚၿပီးအလုပ္ႏွစ္ခုခိုင္းတယ္။ ပထမအလုပ္က ေရတြင္းတူးတဲ့အလုပ္။ဒုတိယအလုပ္က မနက္ခင္း မွာ ႏွင္းရည္ တစ္အိုးရေအာင္လုပ္ရမဲ့ အလုပ္ျဖစ္တယ္။သူငယ္ခ်င္းႏွစ္ေယာက္ဟာ ပထမအလုပ္ျဖစ္တဲ့ ေရတြင္းတူးတဲ့ အလုပ္ကိုစလုပ္ၾကတယ္။သူရိယ ေရတြင္းတူးတာ တြင္းအနက္ လက္တစ္ေတာင္ဆစ္ေလာက္ပဲရွိေသးတာ ေရကထြက္ေနၿပီ..။ဒုတိယ အလုပ္ကို ေနာက္ တစ္ေန႔မနက္မွာ ႏွစ္ဦးသား လုပ္ေဆာင္ၾကတယ္။ နႏၵက ေနထြက္တဲ့အထိႏွင္းရည္ခံတာ အိုးတစ္ဝက္ပဲ ရတယ္။သူရိယက ေနမထြက္ခင္မွာပဲ ႏွင္းရည္အိုးအျပည့္ရေနၿပီ..။“ဆရာႀကီးက သူရိယကိုေခၚၿပီး”ေရတြန္းတူးတဲ့ ေနရာမွာ ေရေၾကာရွိမွန္း ဘယ္လိုသိလဲဟု ေမးလိုက္ေတာ့ “ျမက္ေပါမ်ားတဲ့ ေျမႀကီးေအာက္မွာေရ ေၾကာရွိမွန္း သိႏိုင္တယ္ဆရာ”ဟု သူရိယကေျပာလိုက္တယ္။ “ဒါဆို ႏွင္းရည္အိုး တစ္အိုးရေအာင္ ဘယ္လို စြမ္းေဆာင္ခဲ့တာလည္း လို႔ေမးေတာ့..က်ယ္ျပန္႔တဲ့ အဝတ္စႏွစ္ခုကို ႏွင္းရည္ဆိုေနတဲ့ အပင္ေလးေတြအေပၚအုပ္မိုးၿပီးႏွင္းရည္ ႐ႊဲလာတဲ့အခါ အိုးထဲကို ညစ္၍ယူခဲ့ပါတယ္ဆရာ” ဟု ေျဖ လိုက္သည္..ဆရာႀကီး ပညာသင္ေပးခဲ့တုန္းက သူရိယ တစ္ဦးထဲသင္ေပးခဲ့ခ်င္းမဟုတ္ပါ..ႏွစ္ဦးလုံးကို သေဘာတူညီစြာ သင္ေပးခဲ့ပါတယ္။သို႔ေသာ္ သူရိယက ဆရာသင္ေပးတဲ့ ပညာကိုလက္ေတြ႕ဘဝမွာ မသုံးခ်ႏိုင္ခဲ့ ေပမဲ့နႏၵက အသုံးမခ်ႏိုင္ခဲ့ဘူး။ ဆရာက ပညာမိုးေတြ ဘယ္ေလာက္ပဲ ႐ြာခ်ေနပါေစတပည့္ျဖစ္သူက ပညာမိုးေရကို ခံယူတက္မွ ပညာရမွာပဲ ျဖစ္ပါတယ္။