မီးသွေးခဲ့ရဲ့ လူသိနည်းတဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိူး

မီးသွေးမှုန့် ဟာ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ ဆေးပညာ၊ ကျန်းမာရေး၊ အလှအပရေးရာတွေမှာ တွင်ကျယ်စွာ အသုံးပြုလာတာ ကြာလှပါပြီနော်။ အလွယ်တကူရနိုင်တဲ့ မီးသွေးမှုန့်ကို နေ့စဉ် ဘဝ မှာ ဘယ်လိုအသုံးပြုရမလဲ၊ ဘယ်လောက်တောင် အသုံးဝင်လဲဆိုတာ ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။ (၁) အသားအရေကို ကြည်လင်စေတယ် -ပျားရည်တစ်ဇွန်းနဲ့ မီးသွေးမှုန့်အနည်းငယ်ကို ရောပြီးလိုအပ်ရင် ရေနွေးအနည်းငယ်ကိုပါ ရောပေးနိုင်ပါတယ်။ ပြီးရင်တော့ ရလာတဲ့ အနှစ်ကို မျက်နှာမှာလိမ်းပြီး (၁၀) မိနစ်အကြာမှာ ရေဆေးပေးလိုက်ပါ။ ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို ရရှိမှာပါ။(၂) အဆိပ်အတောက်တွေ ပြေစေတယ် -မီးသွေးမှုန့်အနည်းငယ်ကို သံပုယိုသီး၊ သကြားအနည်းငယ်နဲ့ ရောပြီး သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံသာမက အဆီကိုလည်း ကျစေပါတယ်။ နောက်ပြီး ကျောက်ကပ်ကိုလည်း အထူးကျန်းမာစေပါတယ်။

(၃) ဆံပင်ကို သန့်ရှင်းစေတယ် -သင့်ခေါင်းမှာ အောက်သိုးသိုးအနံ့မျိုး ဒါမှမဟုတ် အနံ့တစ်ခုခု စွဲသွားခဲ့ရင် ခေါင်းလျှော်ရည်ထဲ မီးသွေးမှုန့်အနည်းငယ် ထည့်ပြီး လျှော်ပေးခြင်းဖြင့် ဆံပင်အနံ့လေးကို ကောင်းမွန်စေပြီး ဦးရေပြားကိုလည်း သန့်ရှင်းစင်ကြယ်စေပါတယ်။(၄) သွားတွေကို ဖြူဖွေးစေတယ် -မီးသွေးမှုန့် အနည်းငယ်ကိုယူပြီး သွားပွတ်တံလေးနဲ့ သွားတိုက်ပေးခြင်းဖြင့် ဖြူဖွေးတဲ့ သွားလေးတွေကို ရရှိမှာပါ။ မီးသွေးမှုန့်ဟာ သွားမှာ စွဲကျန်နေတဲ့ အရောင်တွေကို ချွတ်ပေးနိုင်တာကြောင့်ပါ။(၅) မြေသြဇာဖြစ်တယ် – အပင်စိုက်သူတွေ အနေနဲ့ မြေကြီးထဲကို မီးသွေးမှုန့်ရောပေးခြင်းဖြင့် မြေသြဇာဖြစ်စေလို့ အပင်တွေကို ရှင်သန်ကြီးထွားစေပါတယ်။(၆) အနာတွေကို ပျောက်ကင်းစေတယ် – အကောင်ပလောင်တွေ အကိုက်ခံရတဲ့အခါဖြစ်ဖြစ်၊ ထိမိရှမိတဲ့ နေရာတွေမှာ မီးသွေးမှုန့်ကို အုန်းဆီအနည်းငယ်နဲ့ ရောပြီးလိမ်းပေးခြင်းဖြင့် အနာအကျက် မြန်စေပါတယ်။(၇) အိုးခွက်တွေကို ပြောင်လက်စေတယ် – မီးသွေးမှုန့်ကို စတီးဝူးနဲ့တို့ကာ အိုးတွေ၊ ကြွေပြားတွေကို တိုက်ပေးခြင်းဖြင့် ပြောင်လက်သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။

Credit : aunty may

[zawgyi]

မီးေသြးမႈန႔္ ဟာ အေရွ႕တိုင္းမွာေရာ အေနာက္တိုင္းမွာပါ ေဆးပညာ၊ က်န္းမာေရး၊ အလွအပေရးရာေတြမွာ တြင္က်ယ္စြာ အသုံးျပဳလာတာ ၾကာလွပါၿပီေနာ္။ အလြယ္တကူရႏိုင္တဲ့ မီးေသြးမႈန႔္ကို ေန႔စဥ္ ဘဝ မွာ ဘယ္လိုအသုံးျပဳရမလဲ၊ ဘယ္ေလာက္ေတာင္ အသုံးဝင္လဲဆိုတာ ဗဟုသုတအျဖစ္ေဖာ္ျပေပးလိုက္ပါတယ္။ (၁) အသားအေရကို ၾကည္လင္ေစတယ္ -ပ်ားရည္တစ္ဇြန္းနဲ႔ မီးေသြးမႈန႔္အနည္းငယ္ကို ေရာၿပီးလိုအပ္ရင္ ေရေႏြးအနည္းငယ္ကိုပါ ေရာေပးႏိုင္ပါတယ္။ ၿပီးရင္ေတာ့ ရလာတဲ့ အႏွစ္ကို မ်က္ႏွာမွာလိမ္းၿပီး (၁၀) မိနစ္အၾကာမွာ ေရေဆးေပးလိုက္ပါ။ ၾကည္လင္ဝင္းပတဲ့ အသားအေရေလးကို ရရွိမွာပါ။(၂) အဆိပ္အေတာက္ေတြ ေျပေစတယ္ -မီးေသြးမႈန႔္အနည္းငယ္ကို သံပုယိုသီး၊ သၾကားအနည္းငယ္နဲ႔ ေရာၿပီး ေသာက္သုံးေပးျခင္းျဖင့္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပး႐ုံသာမက အဆီကိုလည္း က်ေစပါတယ္။ ေနာက္ၿပီး ေက်ာက္ကပ္ကိုလည္း အထူးက်န္းမာေစပါတယ္။(၃) ဆံပင္ကို သန႔္ရွင္းေစတယ္ -သင့္ေခါင္းမွာ ေအာက္သိုးသိုးအနံ႔မ်ိဳး ဒါမွမဟုတ္ အနံ႔တစ္ခုခု စြဲသြားခဲ့ရင္ ေခါင္းေလွ်ာ္ရည္ထဲ မီးေသြးမႈန႔္အနည္းငယ္ ထည့္ၿပီး ေလွ်ာ္ေပးျခင္းျဖင့္ ဆံပင္အနံ႔ေလးကို ေကာင္းမြန္ေစၿပီး ဦးေရျပားကိုလည္း သန႔္ရွင္းစင္ၾကယ္ေစပါတယ္။(၄) သြားေတြကို ျဖဴေဖြးေစတယ္ -မီးေသြးမႈန႔္ အနည္းငယ္ကိုယူၿပီး သြားပြတ္တံေလးနဲ႔ သြားတိုက္ေပးျခင္းျဖင့္ ျဖဴေဖြးတဲ့ သြားေလးေတြကို ရရွိမွာပါ။ မီးေသြးမႈန႔္ဟာ သြားမွာ စြဲက်န္ေနတဲ့ အေရာင္ေတြကို ခြၽတ္ေပးႏိုင္တာေၾကာင့္ပါ။(၅) ေျမၾသဇာျဖစ္တယ္ – အပင္စိုက္သူေတြ အေနနဲ႔ ေျမႀကီးထဲကို မီးေသြးမႈန႔္ေရာေပးျခင္းျဖင့္ ေျမၾသဇာျဖစ္ေစလို႔ အပင္ေတြကို ရွင္သန္ႀကီးထြားေစပါတယ္။(၆) အနာေတြကို ေပ်ာက္ကင္းေစတယ္ – အေကာင္ပေလာင္ေတြ အကိုက္ခံရတဲ့အခါျဖစ္ျဖစ္၊ ထိမိရွမိတဲ့ ေနရာေတြမွာ မီးေသြးမႈန႔္ကို အုန္းဆီအနည္းငယ္နဲ႔ ေရာၿပီးလိမ္းေပးျခင္းျဖင့္ အနာအက်က္ ျမန္ေစပါတယ္။(၇) အိုးခြက္ေတြကို ေျပာင္လက္ေစတယ္ – မီးေသြးမႈန႔္ကို စတီးဝူးနဲ႔တို႔ကာ အိုးေတြ၊ ေႂကြျပားေတြကို တိုက္ေပးျခင္းျဖင့္ ေျပာင္လက္သန႔္ရွင္းသြားမွာ ျဖစ္ပါတယ္။