အလှူခံပုဂ္ဂိုလ်ဆိုတာ

ရွှေလက်ကောက်တွေ တစ်တောင်ဆစ်အထိ ဝတ်ထားသည် ။ ပါးစပ်က ကွမ်းတံတွေး တဗျစ်ဗျစ်ဖြင့် ဇလုံကြီးထဲက ငါးများကိုဓါးမဖြင့် ခုတ်နေသောငါးသည်မရှေ့သို့အသက် ၆၀ အရွယ် သီလရှင်ကြီးတစ်ပါး ဆွမ်းဆန်သွားရပ်သည်။ ငါးသည်မက သူ့ရှေ့နားလေးက ငါးဆယ်တန်တစ်ရွက်ကို ယူ၍ခဏခဏလာရပ်ရန်ကော ဟူသောမျက်နှာဘေးဖြင့် စောင့်အောင့်၍ ဆရာကြီး၏ ဆွမ်းဆန်မောင်းထောင်ခွက်ထဲ အား ဖြင့်ထည့်လိုက်ရာ လက်ကအရှိန်မထိန်းနိုင်တော့သဖြင့် မောင်းထောင်ခွက်ကို ပုတ်ချသလို ဖြစ်သွားလေသည် ။ ဆရာကြီးရပ်လာသောဆွမ်းဆန်များနှင့် တစ်ရာတန် ငါးဆယ်တန်လေးတို့သည် ..မြေပေါ်ပြန့်ကြဲသွားခိုက် ခဏခဏလာကြတယ်..။ စျေးကိုကောင်းကောင်း မရောင်းရဘူး ။ အားတိုင်းသင်္ကန်းဝတ် အခုတော့ ဆိုင်ရှေ့လာရှုပ်ဒုက္ခတွေပေးလိုက်တာ.. ငါးသည်မ၏ ဆိုးရွားစွာအော်ဟစ်သံထွက်လာသည်။

ဆရာကြီးကတော့ မျက်နှာတွင် ပကတိ ဖြူစင်လျက် ဤအော်ဟစ်သံတို့ကြားမှ သူ့အားလောင်းလှူလိုက်သော အကြွေလေးများအားကောက် ယူ၍သာဓု သာဓု သာဓု လို့ခေါ်၍လှည့်ထွက်သွားလေတော့သည် ။နောက်သုံးနှစ်လောက်ကြာတော့ အဲဒီငါးသည်မကို ဆေးရုံအရေးပေါ်ဌာနမှာ ပါးစပ်မှသွေးများအန်၍တွန့်လိမ်ကာ လူတစ်ကိုယ်လုံး ဖျတ်ဖျတ်လူး၍ ကယ်ပါ ကယ်ပါအော်ဟစ်၍ ဝေဒနာပြင်းထန်နေသည်ကို အမှတ်မထင်တွေ့ခဲ့ရသည်။ သေတော့မည့် လူနာအဖြစ်ပေါ့။ဆရာကြီးကိုတော့ ရိပ်သာတစ်ခုမှာ ဆုံဖြစ်ခဲ့ပြန်သည်။အဲတုန်းကအဖြစ်ကို ဘယ်လိုစိတ်နဲ့ကျော်ဖြတ်ခဲ့သလဲ မေးမိရာ သားရေ အမေက သတ္တဝါတွေကို အမြဲမေတ္တာပို့တယ် ။အကုသိုလ်နဲ့ အသက်မွေးတဲ့လူများဆို ဆွမ်းဆန်မကြာခဏ သွားရပ်ပေးတယ်။ရလာတဲ့လှူဖွယ်တွေကို သံဃာတွေကို ဆွမ်းပြန်ကပ်လောင်းလှူပေးတယ်သား..။ဘာလို့ အကုသိုလ်အလုပ်နဲ့ အသက်မွေးနေသူတွေကိုမှ သွားဆွမ်းရပ်ရတာလဲ မေးခဲ့လျင် သူတို့ကို ဘုရားသာသနာနှင့်ကြုံတုန်း သီလသမာဓိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို လှူခဲ့ဖူးတဲ့ ကုသိုလ်လေးတော့ သံသရာပါသွားစေချင်လို့ပါသားရယ်တဲ့ ။ဒီစကားတွေကြားတော့ ကျောချမ်းသွားသည်။ ဒါကြောင့်လေ အလှူခံပုဂ္ဂိုလ်ဆိုတာ သူရလိုလို့လား ကိုယ့်ကိုရစေချင်လို့ အလှုလာခံသလား မိမိတို့ စဉ်းစားကြပါကုန်။

မူရင်း- Credit

[zawgyi]

ေ႐ႊလက္ေကာက္ေတြ တစ္ေတာင္ဆစ္အထိ ဝတ္ထားသည္ ။ ပါးစပ္က ကြမ္းတံေတြး တဗ်စ္ဗ်စ္ျဖင့္ ဇလုံႀကီးထဲက ငါးမ်ားကိုဓါးမျဖင့္ ခုတ္ေနေသာငါးသည္မေရွ႕သို႔အသက္ ၆၀ အ႐ြယ္ သီလရွင္ႀကီးတစ္ပါး ဆြမ္းဆန္သြားရပ္သည္။ ငါးသည္မက သူ႔ေရွ႕နားေလးက ငါးဆယ္တန္တစ္႐ြက္ကို ယူ၍ခဏခဏလာရပ္ရန္ေကာ ဟူေသာမ်က္ႏွာေဘးျဖင့္ ေစာင့္ေအာင့္၍ ဆရာႀကီး၏ ဆြမ္းဆန္ေမာင္းေထာင္ခြက္ထဲ အား ျဖင့္ထည့္လိုက္ရာ လက္ကအရွိန္မထိန္းႏိုင္ေတာ့သျဖင့္ ေမာင္းေထာင္ခြက္ကို ပုတ္ခ်သလို ျဖစ္သြားေလသည္ ။ ဆရာႀကီးရပ္လာေသာဆြမ္းဆန္မ်ားႏွင့္ တစ္ရာတန္ ငါးဆယ္တန္ေလးတို႔သည္ ..ေျမေပၚျပန႔္ႀကဲသြားခိုက္ ခဏခဏလာၾကတယ္..။ ေစ်းကိုေကာင္းေကာင္း မေရာင္းရဘူး ။ အားတိုင္းသကၤန္းဝတ္ အခုေတာ့ ဆိုင္ေရွ႕လာရႈပ္ဒုကၡေတြေပးလိုက္တာ.. ငါးသည္မ၏ ဆိုး႐ြားစြာေအာ္ဟစ္သံထြက္လာသည္။ဆရာႀကီးကေတာ့ မ်က္ႏွာတြင္ ပကတိ ျဖဴစင္လ်က္ ဤေအာ္ဟစ္သံတို႔ၾကားမွ သူ႔အားေလာင္းလႉလိုက္ေသာ အေႂကြေလးမ်ားအားေကာက္ ယူ၍သာဓု သာဓု သာဓု လို႔ေခၚ၍လွည့္ထြက္သြားေလေတာ့သည္ ။ေနာက္သုံးႏွစ္ေလာက္ၾကာေတာ့ အဲဒီငါးသည္မကို ေဆး႐ုံအေရးေပၚဌာနမွာ ပါးစပ္မွေသြးမ်ားအန္၍တြန႔္လိမ္ကာ လူတစ္ကိုယ္လုံး ဖ်တ္ဖ်တ္လူး၍ ကယ္ပါ ကယ္ပါေအာ္ဟစ္၍ ေဝဒနာျပင္းထန္ေနသည္ကို အမွတ္မထင္ေတြ႕ခဲ့ရသည္။ ေသေတာ့မည့္ လူနာအျဖစ္ေပါ့။ဆရာႀကီးကိုေတာ့ ရိပ္သာတစ္ခုမွာ ဆုံျဖစ္ခဲ့ျပန္သည္။အဲတုန္းကအျဖစ္ကို ဘယ္လိုစိတ္နဲ႔ေက်ာ္ျဖတ္ခဲ့သလဲ ေမးမိရာ သားေရ အေမက သတၱဝါေတြကို အၿမဲေမတၱာပို႔တယ္ ။အကုသိုလ္နဲ႔ အသက္ေမြးတဲ့လူမ်ားဆို ဆြမ္းဆန္မၾကာခဏ သြားရပ္ေပးတယ္။ရလာတဲ့လႉဖြယ္ေတြကို သံဃာေတြကို ဆြမ္းျပန္ကပ္ေလာင္းလႉေပးတယ္သား..။ဘာလို႔ အကုသိုလ္အလုပ္နဲ႔ အသက္ေမြးေနသူေတြကိုမွ သြားဆြမ္းရပ္ရတာလဲ ေမးခဲ့လ်င္ သူတို႔ကို ဘုရားသာသနာႏွင့္ႀကဳံတုန္း သီလသမာဓိနဲ႔ျပည့္စုံတဲ့ပုဂၢိဳလ္ကို လႉခဲ့ဖူးတဲ့ ကုသိုလ္ေလးေတာ့ သံသရာပါသြားေစခ်င္လို႔ပါသားရယ္တဲ့ ။ဒီစကားေတြၾကားေတာ့ ေက်ာခ်မ္းသြားသည္။ ဒါေၾကာင့္ေလ အလႉခံပုဂၢိဳလ္ဆိုတာ သူရလိုလို႔လား ကိုယ့္ကိုရေစခ်င္လို႔ အလႈလာခံသလား မိမိတို႔ စဥ္းစားၾကပါကုန္။