အကန်းရေတွင်းကျ

ရှေးအခါက ကြီးကန်းတစ်ယောက်ရှိလေသည်။ကြီးကန်းတစ်ယောက်လို့ ဆိုလိုက်တာနဲ့ ငှက်ကျီးကန်းကိုပြောခြင်းမဟုတ်ပါ။ အသက်ကြီးမှ မျက်စိကွယ်တဲ့ မျက်ကန်းတစ်ယောက်ကိုပြောခြင်းသာ ဖြစ်ပါသည်။သူဟာ မျက်စိကန်းနေပေမယ့် မျက်ကန်းတစ်ယောက်လိုမနေပဲ ဟိုစပ်စပ်၊ဒီစပ်စပ်နဲ့နေရာတကာပါရုံတင်မကပဲ သူဘယ်လောက်ပဲမှားမှား အမှားကိုဝန်မခံပဲ စကားကိုကြုံရာကျဘမ်းပြောကာ အလျော့မပေးတတ်သူဖြစ်လေသည်။ဒါကြောင့်လည်းရွာသူရွာသားမျာက သူ့အားစကားပြောရာတွင် ကပ်ကပ်သပ်သပ်ပြောရုံတင်မက အမှားကိုဝန်မခံတတ်သောအကျင့်ကြောင့် သိပ်ပြီးအဖက်မလုပ်ချင်ကြ။တနေ့တွင် သမီးဖြစ်သူက..အဖေ..အဲဒါအဖေ၊ဖိနပ်မဟုတ်ဘူး။ သမီးဖိနပ်လေ၊ကိစ္စရှိလို့သွားစရာရှိရင်လည်း သမီးပြော..လိုက်ပို့ပေးမှာပေါ့။ကိစ္စမရှိရင်လည်း ကိုယ့်အိမ်ထဲမှာကိုအေးအေးဆေးဆေးနေပါလား အဖေရယ်၊နောက်ပြီး မျက်လုံးလည်းကောင်းတာမဟုတ်ပဲနဲ့..အောင်မာ..ငါ့ကိုဆရာလာလုပ်လို့..နင်ဖိနပ်မှန်းငါသိပါတယ်ဟ ငါ့ဖိနပ်ကမကောင်းလို့ နင်ဖိနပ်ယူစီးကြည့်တာ..နင်တို့က ငါ့ကိုမျက်လုံးမကောင်းဘူးဆိုပြီးအထင်သေး၊အမြင်သေးနဲ့..သမီးလုပ်သူလည်းအကြောင်းသိပြီးသားမို့ဘာမှဆက်မပြောတော့..နောက်နေ့တွင်မူအိမ်ပေါ်ကနေအဆင်း လှေကားထစ်အောက်အရောက်တွင်မူဟာ..အဖေ..အဖေကိုခွေးကိုက်မိပြီ၊အဖေကလည်းလေ..ပြောကိုမပြောချင်တော့ဘူး၊ခွေးကို တောင်ဝှေးနဲ့ထောက်မိတော့ခွေးကနာကျင်ပြီး ကြောက်ကိုက်၊ကိုက်လိုက်တာပေါ့..သွားစရာရှိရင် သမီးတို့ကိုပြောပါလို့ အတန်တန်ပြောထားရက်နဲ့..ဟ..ဒီခွေးရှိမှန်း ငါသိသားပဲ..လူတွေသွားလာနေတဲ့ လှေကားထိပ်လာဝပ်နေလို့ အမြင်ကပ်လို့ တောင်ဝှေးနဲ့တမင်ထောက်လိုက်တာ နောက်ဆိုဒီကောင်လာဝပ်ရဲမှာမဟုတ်တော့ဘူး။သမီးလုပ်သူလည်း ခေါင်းသာရမ်းနေလေတော့သည်။

ဒီလိုနဲ့ တနေ့တွင်..မီးဗျို့၊မီး..မီး..ဟုရွာသားတစ်ယောက်ကအော်သောအခါ ရွာသားများလည်း မီးဝိုင်းသတ်ရန်အပြေးအလွှားသွားကြလေသည်။မီးဟုအသံကြားသောအခါ မျက်ကန်း၏သမီးဖြစ်သူလည်း အလုပ်လုပ်နေရာမှဖခင်အတွက် စိုးရိမ်သွားကာအိမ်သို့အပြေးအလွှားပြေးလာတော့သည်။သို့သော်အိမ်ရောက်သောအခါ ဖခင်အားရှာမတွေ့၊မီးသည်ကား ရွာသားများညှိမ်း၍ ငြိမ်းလေပြီ၊သူမကား သူဖခင်အားအခုထိရှာမတွေ့၊ရွာသားများအား အကူအညီတောင်းကာရှာဖွှေရတော့သည်။တော်တော်နှင့်ရှာမတွေ့ညနေဝင်ရီတရော အချိန်လောက်မှ..ရွာသားတစ်ယောက်က..ဟို ရေတွင်းပျက်ကြီးထဲမှာ ခင်ဗျားအဖေကိုတွေ့ခဲ့တယ်ဗျ..ဟ…ဒါဆို အမြန်သွားဆယ်မှဖြစ်မယ်။ဆရာသမားကား ရေတွင်းပျက်ထဲ၌ရှိနေလေသည်၊တော်သေး၏ ရေကားခါးလောက်ပဲရှိ၍ ရေနစ်မသေ။ရွာသားများလည်းထိုမျက်ကန်းအားအပေါ်သို့ဆယ်ယူကြလေသည်။သူ၏အကြောင်းကို သိထားသောရွာသားများကား ဘာမှအထွေအထူးမပြောတော့ပဲ အလျိုလျိုပြန်သွားကြလေသည်။ဒီတော့မှ သမီးလုပ်သူလည်း..အဖေနဲ့တော့ စိတ်ညစ်ပါတယ်၊မျက်လုံးကမြင်တာမဟုတ်ပဲနဲ့..မီးလောင်နေတာကို ကိုယ့်အိမ်ထဲမှာကိုနေမယိမရှိဘူး။သွားစပ်စုတော့ ကံကောင်းလို့၊မီးလောင်လို့မသေပဲရေတွင်းထဲကျပြီး ရေနစ်သေတော့မလို့..ဒီတော့မျက်ကန်းဖြစ်သူက.. အောင်မာ..ရေတွင်းပျက်ကို မမြင်လို့ပြုတ်ကျတယ်များထင်နေလား..မီးလောင်နေမှန်းသိလို့ တမင်ခုန်ဆင်းလိုက်တာ.. ရေတွင်းထဲ ငုံ့နေမှ မီးလောင်ပြီးမသေမှာပေါ့ဟ..လို့ ပြောလိုက်သတဲ့..။ မျက်စိမမြင်လို့ ရေတွင်းထဲကျတာကိုဝန်မခံပဲ မီးလောင်မှာစိုးလို့ တမင်ခုန်ဆင်းလိုက်တာပါလို့ ပြောလိုက်တဲ့ မျက်ကန်းလိုအမှားကိုအမှားလို့ ဝန်မခံပဲ ကျဘမ်းပြောတဲ့လူတွေကို အကန်းရေတွင်းကျ လူစားလို့ပြောကြတော့တာပဲ..။

Credit : Han Tun Aung

[zawgyi]

ေရွးအခါက ႀကီးကန္းတစ္ေယာက္ရွိေလသည္။ႀကီးကန္းတစ္ေယာက္လို႔ ဆိုလိုက္တာနဲ႔ ငွက္က်ီးကန္းကိုေျပာျခင္းမဟုတ္ပါ။ အသက္ႀကီးမွ မ်က္စိကြယ္တဲ့ မ်က္ကန္းတစ္ေယာက္ကိုေျပာျခင္းသာ ျဖစ္ပါသည္။သူဟာ မ်က္စိကန္းေနေပမယ့္ မ်က္ကန္းတစ္ေယာက္လိုမေနပဲ ဟိုစပ္စပ္၊ဒီစပ္စပ္နဲ႔ေနရာတကာပါ႐ုံတင္မကပဲ သူဘယ္ေလာက္ပဲမွားမွား အမွားကိုဝန္မခံပဲ စကားကိုႀကဳံရာက်ဘမ္းေျပာကာ အေလ်ာ့မေပးတတ္သူျဖစ္ေလသည္။ဒါေၾကာင့္လည္း႐ြာသူ႐ြာသားမ်ာက သူ႔အားစကားေျပာရာတြင္ ကပ္ကပ္သပ္သပ္ေျပာ႐ုံတင္မက အမွားကိုဝန္မခံတတ္ေသာအက်င့္ေၾကာင့္ သိပ္ၿပီးအဖက္မလုပ္ခ်င္ၾက။တေန႔တြင္ သမီးျဖစ္သူက..အေဖ..အဲဒါအေဖ၊ဖိနပ္မဟုတ္ဘူး။ သမီးဖိနပ္ေလ၊ကိစၥရွိလို႔သြားစရာရွိရင္လည္း သမီးေျပာ..လိုက္ပို႔ေပးမွာေပါ့။ကိစၥမရွိရင္လည္း ကိုယ့္အိမ္ထဲမွာကိုေအးေအးေဆးေဆးေနပါလား အေဖရယ္၊ေနာက္ၿပီး မ်က္လုံးလည္းေကာင္းတာမဟုတ္ပဲနဲ႔..ေအာင္မာ..ငါ့ကိုဆရာလာလုပ္လို႔..နင္ဖိနပ္မွန္းငါသိပါတယ္ဟ ငါ့ဖိနပ္ကမေကာင္းလို႔ နင္ဖိနပ္ယူစီးၾကည့္တာ..နင္တို႔က ငါ့ကိုမ်က္လုံးမေကာင္းဘူးဆိုၿပီးအထင္ေသး၊အျမင္ေသးနဲ႔..သမီးလုပ္သူလည္းအေၾကာင္းသိၿပီးသားမို႔ဘာမွဆက္မေျပာေတာ့..ေနာက္ေန႔တြင္မူအိမ္ေပၚကေနအဆင္း ေလွကားထစ္ေအာက္အေရာက္တြင္မူဟာ..အေဖ..အေဖကိုေခြးကိုက္မိၿပီ၊အေဖကလည္းေလ..ေျပာကိုမေျပာခ်င္ေတာ့ဘူး၊ေခြးကို ေတာင္ေဝွးနဲ႔ေထာက္မိေတာ့ေခြးကနာက်င္ၿပီး ေၾကာက္ကိုက္၊ကိုက္လိုက္တာေပါ့..သြားစရာရွိရင္ သမီးတို႔ကိုေျပာပါလို႔ အတန္တန္ေျပာထားရက္နဲ႔..ဟ..ဒီေခြးရွိမွန္း ငါသိသားပဲ..လူေတြသြားလာေနတဲ့ ေလွကားထိပ္လာဝပ္ေနလို႔ အျမင္ကပ္လို႔ ေတာင္ေဝွးနဲ႔တမင္ေထာက္လိုက္တာ ေနာက္ဆိုဒီေကာင္လာဝပ္ရဲမွာမဟုတ္ေတာ့ဘူး။သမီးလုပ္သူလည္း ေခါင္းသာရမ္းေနေလေတာ့သည္။ဒီလိုနဲ႔ တေန႔တြင္..မီးဗ်ိဳ႕၊မီး..မီး..ဟု႐ြာသားတစ္ေယာက္ကေအာ္ေသာအခါ ႐ြာသားမ်ားလည္း မီးဝိုင္းသတ္ရန္အေျပးအလႊားသြားၾကေလသည္။မီးဟုအသံၾကားေသာအခါ မ်က္ကန္း၏သမီးျဖစ္သူလည္း အလုပ္လုပ္ေနရာမွဖခင္အတြက္ စိုးရိမ္သြားကာအိမ္သို႔အေျပးအလႊားေျပးလာေတာ့သည္။သို႔ေသာ္အိမ္ေရာက္ေသာအခါ ဖခင္အားရွာမေတြ႕၊မီးသည္ကား ႐ြာသားမ်ားညႇိမ္း၍ ၿငိမ္းေလၿပီ၊သူမကား သူဖခင္အားအခုထိရွာမေတြ႕၊႐ြာသားမ်ားအား အကူအညီေတာင္းကာရွာေဖႊရေတာ့သည္။ေတာ္ေတာ္ႏွင့္ရွာမေတြ႕ညေနဝင္ရီတေရာ အခ်ိန္ေလာက္မွ..႐ြာသားတစ္ေယာက္က..ဟို ေရတြင္းပ်က္ႀကီးထဲမွာ ခင္ဗ်ားအေဖကိုေတြ႕ခဲ့တယ္ဗ်..ဟ…ဒါဆို အျမန္သြားဆယ္မွျဖစ္မယ္။ဆရာသမားကား ေရတြင္းပ်က္ထဲ၌ရွိေနေလသည္၊ေတာ္ေသး၏ ေရကားခါးေလာက္ပဲရွိ၍ ေရနစ္မေသ။႐ြာသားမ်ားလည္းထိုမ်က္ကန္းအားအေပၚသို႔ဆယ္ယူၾကေလသည္။သူ၏အေၾကာင္းကို သိထားေသာ႐ြာသားမ်ားကား ဘာမွအေထြအထူးမေျပာေတာ့ပဲ အလ်ိဳလ်ိဳျပန္သြားၾကေလသည္။ဒီေတာ့မွ သမီးလုပ္သူလည္း..အေဖနဲ႔ေတာ့ စိတ္ညစ္ပါတယ္၊မ်က္လုံးကျမင္တာမဟုတ္ပဲနဲ႔..မီးေလာင္ေနတာကို ကိုယ့္အိမ္ထဲမွာကိုေနမယိမရွိဘူး။သြားစပ္စုေတာ့ ကံေကာင္းလို႔၊မီးေလာင္လို႔မေသပဲေရတြင္းထဲက်ၿပီး ေရနစ္ေသေတာ့မလို႔..ဒီေတာ့မ်က္ကန္းျဖစ္သူက.. ေအာင္မာ..ေရတြင္းပ်က္ကို မျမင္လို႔ျပဳတ္က်တယ္မ်ားထင္ေနလား..မီးေလာင္ေနမွန္းသိလို႔ တမင္ခုန္ဆင္းလိုက္တာ.. ေရတြင္းထဲ ငုံ႔ေနမွ မီးေလာင္ၿပီးမေသမွာေပါ့ဟ..လို႔ ေျပာလိုက္သတဲ့..။ မ်က္စိမျမင္လို႔ ေရတြင္းထဲက်တာကိုဝန္မခံပဲ မီးေလာင္မွာစိုးလို႔ တမင္ခုန္ဆင္းလိုက္တာပါလို႔ ေျပာလိုက္တဲ့ မ်က္ကန္းလိုအမွားကိုအမွားလို႔ ဝန္မခံပဲ က်ဘမ္းေျပာတဲ့လူေတြကို အကန္းေရတြင္းက် လူစားလို႔ေျပာၾကေတာ့တာပဲ..။