ဆား နဲ့ ရေ

တစ်ခါက ဆရာတပည့်နှစ်ယောက်ဟာ ညနေခင်းတစ်ခုမှာ စကားပြောနေကြတယ်။ တပည့်ဖြစ်သူဟာ ဆရာကပြောတဲ့စကားတစ်ခွန်းကြောင့်မကျေမနပ်ဖြစ်နေတယ်။ ဒါကို ပြဿနာတစ်ခုလိုသဘောထားပြီး စိတ်ကောက်နေတယ်။ ဆရာကဒါကိုသိနေတယ်။ ဆရာကတပည့်ကိုအိမ်ထဲခေါ်သွားတယ် မီးဖိုခန်းထဲမှာ ဆားလက်တစ်ဆုပ်နဲ့ ဖန်ခွက်တစ်ခွက်ယူခိုင်းလိုက်တယ်။ ဖန်ခွက်ထဲကိုရေထည့် ပြီးဆားလက်တစ်ဆုပ်ကို ထည့်ခိုင်းတယ်။ ပြီးတော့တပည့်ကို ဖန်ခွက်ထဲက ဆားထည့်ပြီးမွှေထားတဲ့ရေကို နည်းနည်းသောက်ကြည့်ခိုင်းတယ်။ ပြီတော့ဘယ်လိုအရသာရှိလဲမေးတယ်။ တပည့်ကနဲနဲသောက်ကြည့်ပြီး ပြောတယ် “ငန်တူးနေတာပဲဗျာ” ဆရာက တပည့်ကို မီးဖိုချောင်ထဲမှာဆားလက်တစ်ဆုပ်နဲ့ဖန်ခွက် ယူခိုင်းပြီး အိမ်ပြင်ခေါ်သွားပြန်တယ်။

ရေကန်ကြီးတစ်ကန်ကိုရောက်တော့ ဆရာကတပည့်ကို လက်ထဲကဆားတွေကိုရေကန်ထဲချပြီးမွှေလိုက်ဖို့ပြောတယ်။ ပြီတော့ ဖန်ခွက်နဲ့ခပ်ပြီးသောက်ဖို့ပြောတယ်။ တပည့်ကလည်းဆရာခိုင်းတဲ့အတိုင်းလုပ်တယ်။ ဆရာက မေးတယ် အရသာ ဘယ်လိုလဲ။ တပည့်ကပြောတယ် ကောင်းတယ်မငန်ဘူး။ အဲ့ဒီအခါ ဆရာက တပည့်ကို ရှင်းပြတယ်။ ပြဿနာဆိုတာ မင်းလက်ထဲကဆားတစ်ဆုပ်လိုပဲ။ ပမာဏအတူတူပဲ။ နည်းတယ်များတယ် ကြီးတယ်သေးတယ်မရှိဘူး။ ဒါပေမယ့် ခံယူတဲ့ ခွက်နဲ့ရေကန်လိုပဲ သဘောထားသေးသေးနဲ့ စိတ်မထားတတ်ဘူး ဘူးဆိုရင် ဖန်ခွက်သေးသေးထဲထည့် လိုက်သလို ငန်တူးပြီးခါးနေလိမ့်မယ်။ ရေကန်ကြီးကြီးလိုသဘောထားပြီး စိတ်ထားမှန်မှန်နဲ့ခံယူတတ်မယ်ဆိုရင် ငန်တာခါးတာတွေမရှိပဲ သောက်လို့ကောင်းတဲ့ရေချိုပဲဖြစ်နေလိမ့်မယ်။

Credit – မူရင်း

[zawgyi]

တစ္ခါက ဆရာတပည့္ႏွစ္ေယာက္ဟာ ညေနခင္းတစ္ခုမွာ စကားေျပာေနၾကတယ္။ တပည့္ျဖစ္သူဟာ ဆရာကေျပာတဲ့စကားတစ္ခြန္းေၾကာင့္မေက်မနပ္ျဖစ္ေနတယ္။ ဒါကို ျပႆနာတစ္ခုလိုသေဘာထားၿပီး စိတ္ေကာက္ေနတယ္။ ဆရာကဒါကိုသိေနတယ္။ ဆရာကတပည့္ကိုအိမ္ထဲေခၚသြားတယ္ မီးဖိုခန္းထဲမွာ ဆားလက္တစ္ဆုပ္နဲ႔ ဖန္ခြက္တစ္ခြက္ယူခိုင္းလိုက္တယ္။ ဖန္ခြက္ထဲကိုေရထည့္ ၿပီးဆားလက္တစ္ဆုပ္ကို ထည့္ခိုင္းတယ္။ ၿပီးေတာ့တပည့္ကို ဖန္ခြက္ထဲက ဆားထည့္ၿပီးေမႊထားတဲ့ေရကို နည္းနည္းေသာက္ၾကည့္ခိုင္းတယ္။ ၿပီေတာ့ဘယ္လိုအရသာရွိလဲေမးတယ္။ တပည့္ကနဲနဲေသာက္ၾကည့္ၿပီး ေျပာတယ္ “ငန္တူးေနတာပဲဗ်ာ” ဆရာက တပည့္ကို မီးဖိုေခ်ာင္ထဲမွာဆားလက္တစ္ဆုပ္နဲ႔ဖန္ခြက္ ယူခိုင္းၿပီး အိမ္ျပင္ေခၚသြားျပန္တယ္။ေရကန္ႀကီးတစ္ကန္ကိုေရာက္ေတာ့ ဆရာကတပည့္ကို လက္ထဲကဆားေတြကိုေရကန္ထဲခ်ၿပီးေမႊလိုက္ဖို႔ေျပာတယ္။ ၿပီေတာ့ ဖန္ခြက္နဲ႔ခပ္ၿပီးေသာက္ဖို႔ေျပာတယ္။ တပည့္ကလည္းဆရာခိုင္းတဲ့အတိုင္းလုပ္တယ္။ ဆရာက ေမးတယ္ အရသာ ဘယ္လိုလဲ။ တပည့္ကေျပာတယ္ ေကာင္းတယ္မငန္ဘူး။ အဲ့ဒီအခါ ဆရာက တပည့္ကို ရွင္းျပတယ္။ ျပႆနာဆိုတာ မင္းလက္ထဲကဆားတစ္ဆုပ္လိုပဲ။ ပမာဏအတူတူပဲ။ နည္းတယ္မ်ားတယ္ ႀကီးတယ္ေသးတယ္မရွိဘူး။ ဒါေပမယ့္ ခံယူတဲ့ ခြက္နဲ႔ေရကန္လိုပဲ သေဘာထားေသးေသးနဲ႔ စိတ္မထားတတ္ဘူး ဘူးဆိုရင္ ဖန္ခြက္ေသးေသးထဲထည့္ လိုက္သလို ငန္တူးၿပီးခါးေနလိမ့္မယ္။ ေရကန္ႀကီးႀကီးလိုသေဘာထားၿပီး စိတ္ထားမွန္မွန္နဲ႔ခံယူတတ္မယ္ဆိုရင္ ငန္တာခါးတာေတြမရွိပဲ ေသာက္လို႔ေကာင္းတဲ့ေရခ်ိဳပဲျဖစ္ေနလိမ့္မယ္။