သူ့နေရာနဲ့ သူပဲကောင်းတယ်

တစ်ခါက ရွာတစ်ရွာမှာ ခဝါသည်တစ်ယောက်ရှိပါသတဲ့..။ ခဝါသည်ဟာ ခွေးတစ်ကောင်နဲ့ မြည်းတစ်ကောင်ကိုပါ ပိုင်ဆိုင်တယ်။ ခွေးနဲ့မြည်းဟာ ရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ပြီး သခင့်အလိုကျ အလုပ်တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်ကြတယ်။တစ်နေ့မှာတော့ သူခိုးတစ်စုဟာ ခဝါသည်ရဲ့ ခြံစည်းရိုးကို ချိုးဖျက်ပြီးတိတ်တဆိတ်ဝင်ရောက်လာကြပါသတဲ့..။ အဲဒီလို သူခိုးတွေဝင်လာတာကို ခွေးဟာမြင်တွေ့သွားပြီး သူ့စွမ်းအားရှိသလောက် ကျယ်ဟောင်စွာဟောင်ပါသတဲ့။ အဲဒီလို ဟောင်တဲ့အခါ ခဝါသည်နဲ့တကွ အိမ်နီးနားချင်းတွေအကုန်လုံးဟာ နိုးထလာကြပြီး သူခိုးတွေကို ဝိုင်းဝန်းဖမ်းဆီးမိကြသတဲ့..။ အဲဒီလို သူခိုးတွေကို ဖမ်းမိကြတဲ့အခါ ခဝါသည်ရဲ့အိမ်နီးနားချင်းတွေနဲ့ ရွာသူ ရွာ သားတွေဟာ ခဝါသည်ရဲ့ခွေးကို ဝိုင်းဝန်းချီးကျူးကြတယ်။ ခဝါသည်ဟာလည်းပဲ သူ့ရဲ့ခွေးကို ဂုဏ်ယူလို့မဆုံးဖြစ်ခဲ့တယ်။အဲဒီလို ခွေးရဲ့ ချီးကျူးခံရခြင်းကို မြင်တဲ့အခါ မြည်းဟာ အင်မတန်မှ စိတ်ကသိကအောက်ဖြစ်လာတယ်။ အတူတူ တာဝန်ထမ်းဆောင်တာခြင်းတူပါလျက် မိမိဟာ အပယ်ခံဖြစ်တယ်ဆိုတဲ့ ဝမ်းနည်းစိတ်အပြင် ခွေးရဲ့အရာဝင်မှုကိုပါ မနာလိုစိတ်ဖြစ်လာခဲ့ပါသတဲ့..။ “ငါ့အလှည့်ကျရင် ဒင်းထက် သာစေရမယ်” ဆိုပြီးလည်း တေးမှတ်ထားပါသတဲ့..။အဲဒီလိုနဲ့ မြည်းဟာ အခွင့်အရေးကို စောင့်မျှော်ရင်း ရက်ပေါင်းများစွာကုန်လွန်ခဲ့ပါသတဲ့။ တစ်ခုသော လမိုက်ညမှာတော့ ခဝါသည်နေထိုင်တဲ့ ရွာတစ်ခုလုံးဟာ အပ်ကျသံမျှမကြားအောင် တိတ်ဆိတ်ငြိမ်သက်ခါ အိပ် မောကျနေကြပါသတဲ့..။

ခွေးဟာလည်း ခြံတစ်ခုလုံးကို လှည့်လည် သွားလာပြီး စောင့်ရှောက်လျှက်ရှိနေပြန်တယ်။ အဲဒီအချိန်မှာပဲ သူခိုးနှစ်ယောက်ဟာ ခဝါသည်ရဲ့ အိမ်ဝိုင်းအနီးကို ရောက်ရှိလာကြတယ်။အဲဒီအခါ သူခိုးခေါင်းဆောင်က ခြံအတွင်းကို ချောင်းမြောင်းကြည့်ရှုပြီးဒီလိုပြောတယ်..”တပည့်ကြီး ခြံထဲမှာ ခွေးရှိတယ်ဟ၊ မလွယ်ဘူးထင်တယ်။ တခြားနေရာသွားရအောင်”အဲဒီလိုနဲ့ သူခိုး နှစ်ယောက်ဟာ ခြေကို ဖွနင်းပြီး ထွက်ခွာသွားတယ်။ အဲဒီလို သူခိုးတွေလာရောက် ချောင်းမြောင်းနေတာကို မြည်းဟာ ကောင်းစွာတွေ့မြင်လိုက်တယ်။ “ငါ့အကွက်တော့ဆိုက်လာပြီ” လို့ မြည်းက တွေးတောလိုက်တယ်။ အဲဒီနောက်မှာတော့ သူဟာခွေးကို ဟောင်ဖို့ မပြောနေတော့ဘဲ သူကိုယ်တိုင် ကျယ်လောင်စွာ စတင် အော် ဟစ်တော့တယ်။ မြည်းဟာ အကျယ်ဆုံးအော်ဟစ်ပေမယ့်လည်း ခဝါသည်ကတော့ အိပ်မြဲအိပ်နေပြန်တယ်။ အဲဒီအခါမှာတော့ မြည်းဟာ “ခွေးထက်သာစေရမယ်” ဆိုတဲ့အတွေးနဲ့ အချိန်အတော်ကြာအောင် အကျယ်လောင်ဆုံးအသံနဲ့ အော်ဟစ်နေပြန်တယ်.။ ဒီတစ်ကြိမ်မှာတော့ ခဝါသည်ဟာ ကြိမ်လုံးတစ်ချောင်းကိုယူပြီး မြည်းဆီကိုရောက်လာခဲ့တယ်။အဲဒီနောက်မှာတော့”ညကြီးသန်းခေါင် အော်ချင်အုံး၊ မြည်း စုတ်၊ အိပ်ရေးပျက်တယ်” လို့ပြောပြီး မြည်းကို ပြင်းစွာရိုက်နှက်တော့တယ်..။အဲဒီလို ပြင်းထန်လှတဲ့ ကြိမ်လုံးချက်တွေရောက်လာတဲ့အခါမှာတော့ မြည်းဟာ မိမိရဲ့ အမှားကို သိမြင်ပြီး အော်ဟစ်ခြင်းကို ရပ်လိုက်တော့သတဲ့..။

Credit – Orginal

[zawgyi]

တစ္ခါက ႐ြာတစ္႐ြာမွာ ခဝါသည္တစ္ေယာက္ရွိပါသတဲ့..။ ခဝါသည္ဟာ ေခြးတစ္ေကာင္နဲ႔ ျမည္းတစ္ေကာင္ကိုပါ ပိုင္ဆိုင္တယ္။ ေခြးနဲ႔ျမည္းဟာ ရင္းႏွီးၾကတဲ့မိတ္ေဆြေတြျဖစ္ၿပီး သခင့္အလိုက် အလုပ္တာဝန္ကို ေက်ပြန္စြာ လုပ္ေဆာင္ၾကတယ္။တစ္ေန႔မွာေတာ့ သူခိုးတစ္စုဟာ ခဝါသည္ရဲ႕ ၿခံစည္း႐ိုးကို ခ်ိဳးဖ်က္ၿပီးတိတ္တဆိတ္ဝင္ေရာက္လာၾကပါသတဲ့..။ အဲဒီလို သူခိုးေတြဝင္လာတာကို ေခြးဟာျမင္ေတြ႕သြားၿပီး သူ႔စြမ္းအားရွိသေလာက္ က်ယ္ေဟာင္စြာေဟာင္ပါသတဲ့။ အဲဒီလို ေဟာင္တဲ့အခါ ခဝါသည္နဲ႔တကြ အိမ္နီးနားခ်င္းေတြအကုန္လုံးဟာ ႏိုးထလာၾကၿပီး သူခိုးေတြကို ဝိုင္းဝန္းဖမ္းဆီးမိၾကသတဲ့..။ အဲဒီလို သူခိုးေတြကို ဖမ္းမိၾကတဲ့အခါ ခဝါသည္ရဲ႕အိမ္နီးနားခ်င္းေတြနဲ႔ ႐ြာသူ ႐ြာ သားေတြဟာ ခဝါသည္ရဲ႕ေခြးကို ဝိုင္းဝန္းခ်ီးက်ဴးၾကတယ္။ ခဝါသည္ဟာလည္းပဲ သူ႔ရဲ႕ေခြးကို ဂုဏ္ယူလို႔မဆုံးျဖစ္ခဲ့တယ္။အဲဒီလို ေခြးရဲ႕ ခ်ီးက်ဴးခံရျခင္းကို ျမင္တဲ့အခါ ျမည္းဟာ အင္မတန္မွ စိတ္ကသိကေအာက္ျဖစ္လာတယ္။ အတူတူ တာဝန္ထမ္းေဆာင္တာျခင္းတူပါလ်က္ မိမိဟာ အပယ္ခံျဖစ္တယ္ဆိုတဲ့ ဝမ္းနည္းစိတ္အျပင္ ေခြးရဲ႕အရာဝင္မႈကိုပါ မနာလိုစိတ္ျဖစ္လာခဲ့ပါသတဲ့..။ “ငါ့အလွည့္က်ရင္ ဒင္းထက္ သာေစရမယ္” ဆိုၿပီးလည္း ေတးမွတ္ထားပါသတဲ့..။အဲဒီလိုနဲ႔ ျမည္းဟာ အခြင့္အေရးကို ေစာင့္ေမွ်ာ္ရင္း ရက္ေပါင္းမ်ားစြာကုန္လြန္ခဲ့ပါသတဲ့။ တစ္ခုေသာ လမိုက္ညမွာေတာ့ ခဝါသည္ေနထိုင္တဲ့ ႐ြာတစ္ခုလုံးဟာ အပ္က်သံမွ်မၾကားေအာင္ တိတ္ဆိတ္ၿငိမ္သက္ခါ အိပ္ ေမာက်ေနၾကပါသတဲ့..။ေခြးဟာလည္း ၿခံတစ္ခုလုံးကို လွည့္လည္ သြားလာၿပီး ေစာင့္ေရွာက္လွ်က္ရွိေနျပန္တယ္။ အဲဒီအခ်ိန္မွာပဲ သူခိုးႏွစ္ေယာက္ဟာ ခဝါသည္ရဲ႕ အိမ္ဝိုင္းအနီးကို ေရာက္ရွိလာၾကတယ္။အဲဒီအခါ သူခိုးေခါင္းေဆာင္က ၿခံအတြင္းကို ေခ်ာင္းေျမာင္းၾကည့္ရႈၿပီးဒီလိုေျပာတယ္..”တပည့္ႀကီး ၿခံထဲမွာ ေခြးရွိတယ္ဟ၊ မလြယ္ဘူးထင္တယ္။ တျခားေနရာသြားရေအာင္”အဲဒီလိုနဲ႔ သူခိုး ႏွစ္ေယာက္ဟာ ေျခကို ဖြနင္းၿပီး ထြက္ခြာသြားတယ္။ အဲဒီလို သူခိုးေတြလာေရာက္ ေခ်ာင္းေျမာင္းေနတာကို ျမည္းဟာ ေကာင္းစြာေတြ႕ျမင္လိုက္တယ္။ “ငါ့အကြက္ေတာ့ဆိုက္လာၿပီ” လို႔ ျမည္းက ေတြးေတာလိုက္တယ္။ အဲဒီေနာက္မွာေတာ့ သူဟာေခြးကို ေဟာင္ဖို႔ မေျပာေနေတာ့ဘဲ သူကိုယ္တိုင္ က်ယ္ေလာင္စြာ စတင္ ေအာ္ ဟစ္ေတာ့တယ္။ ျမည္းဟာ အက်ယ္ဆုံးေအာ္ဟစ္ေပမယ့္လည္း ခဝါသည္ကေတာ့ အိပ္ၿမဲအိပ္ေနျပန္တယ္။ အဲဒီအခါမွာေတာ့ ျမည္းဟာ “ေခြးထက္သာေစရမယ္” ဆိုတဲ့အေတြးနဲ႔ အခ်ိန္အေတာ္ၾကာေအာင္ အက်ယ္ေလာင္ဆုံးအသံနဲ႔ ေအာ္ဟစ္ေနျပန္တယ္.။ ဒီတစ္ႀကိမ္မွာေတာ့ ခဝါသည္ဟာ ႀကိမ္လုံးတစ္ေခ်ာင္းကိုယူၿပီး ျမည္းဆီကိုေရာက္လာခဲ့တယ္။အဲဒီေနာက္မွာေတာ့”ညႀကီးသန္းေခါင္ ေအာ္ခ်င္အုံး၊ ျမည္း စုတ္၊ အိပ္ေရးပ်က္တယ္” လို႔ေျပာၿပီး ျမည္းကို ျပင္းစြာ႐ိုက္ႏွက္ေတာ့တယ္..။အဲဒီလို ျပင္းထန္လွတဲ့ ႀကိမ္လုံးခ်က္ေတြေရာက္လာတဲ့အခါမွာေတာ့ ျမည္းဟာ မိမိရဲ႕ အမွားကို သိျမင္ၿပီး ေအာ္ဟစ္ျခင္းကို ရပ္လိုက္ေတာ့သတဲ့..။