အလျင်စလို ကောက်ချက်မချပါနဲ့…

ပုံထဲကငှက်ကို ရုတ်တရက် ကြည့်လိုက်မယ်ရင်တော့ အပြစ်မဲ့တဲ့ ငှက်တစ်ကောင်ကို မတရားသဖြင့် မျိုဖို့ အားထုတ်နေတယ်လို့ သင်မြင်ရလိမ့်မယ်။ဒါပေမယ့် အမှန်က အဲ့ဒီအမြင်နဲ့ လုံးဝဆန့်ကျင်ဖက်ပဲ။အဖြူရောင်ငှက်ဟာ မိခင်ဖြစ်ပြီး ပါးစပ်အတွင်းက ငှက်ဟာ သူ့ကလေးဖြစ်တယ်။ မိခင်ဖြစ်တဲ့ ငှက်မကြီးဟာ အင်းဆက်ပိုးမွှားတွေနဲ့ သစ်စေ့ ရှာဖွေလာတာကို သူ့ကလေးက ပါးစပ်ထဲဝင်ပြီး အစာကောက်နေခြင်းဖြစ်တယ်။

ကျနော်တို့ရဲ့ နေ့စဉ်ဘဝမှာလဲ..ဒီမြင်ကွင်းမျိုး တွေ့ကြုံရလေ့ရှိတယ်။ကျွန်တော်တို့တွေဟာ ပထမအမြင်ကိုပဲ အတည်ယူကောက်ချက်ချပြီး အဆိုးမြင်နဲ့ သွားတတ်ကြတယ်။ဒီပုံက..ကျွန်တော်တို့ကို သင်ခန်းစာ ပေးနေတာက မြင်နေရတဲ့အရာတွေဆိုတာ အမှန်တရားအဖြစ် ပုံသေ မှတ်ယူလို့ မရဘူး။တခါတခါကြရင် အမှန်တရားကကျွန်တော်တို့ မြင်ကွင်းကနေ ပုန်းကွယ်နေလေ့ရှိတယ် ဆိုတာပေါ့။ဒါကြောင့် သင်ဟာ ဘယ်သောအခါမှ အလျင်စလို ကောက်ချက်မချမိပါစေနဲ့။

Credit – original

[zawgyi]
