အပြန်အလှန် လေးစားမှု

တစ်ခါက လှပတဲ့ မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ရေးမှာ ငြီးငွေ့လာပြီး သူမရဲ့အိမ်ထောင်ဖက်ကို သတ်ပစ်ချင်ခဲ့တယ်။ တစ်မနက်မှာ သူ့အမေဆီ ပြေးလာပြီး “အမေရယ်၊ သမီးခင်ပွန်းကို သမီး ငြီးငွေ့နေပြီ၊ ဒီအရူးရဲ့ တာဝန်တွေလည်း ဘာမှ မလုပ်ပေးချင်တော့ဘူး.. သ မီး သူ့ကို သတ်ချင်ပေမယ့် အဖမ်းခံရမှာလည်း ကြောက်လို့ ဘယ်လို လုပ်ရမယ်ဆိုတာ ကျေးဇူးပြုပြီး အကြံပေးနိုင်မလား..”လို့ အကူအညီတောင်းတယ်။ အမေကဖြေတယ် ” မေမေ သမီကို ကူညီပေးနိုင်ပါတယ် ဒါပေမယ့် မေမေပြောသလိုတော့ လုပ်မှဖြစ်မယ်..” သမီးက “ဘာလုပ်ပေးရမလဲအမေ၊ ဘာပဲ လုပ်ရလုပ်ရ လုပ်ပါ့မယ် ” ” ဟုတ်ပြီ ” အမေကပြောတယ်၊သမီး သူနဲ့အဆင်ပြေအောင်နေ ဒါမှသူသေသွားရင် ဘယ်သူမှ သမီးကို သံသရ မရှိမှာသမီး ဒီနေ့ကစပြီး ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်မှုရှိတဲ့ပုံပေါက်ဖို့အတွက် သမီကိုသမီး လှလှပပ နေရမယ်.. သမီး သူ့ကို ကောင်းကောင်း ဂရုစိုက်ပြီး ချစ်ခင်မြတ်နိူးတဲ့ပုံစံနဲ့နေရမယ်.. သမီးသူ့ကိုစိတ်ရှည်ရမယ်၊ သူ့စကား နားထောင်တဲ့ပုံပေါက်ရမယ်၊ သူကိုရိုသေပုံပေါ်ရမယ်၊ သူလိုအပ်မယ်ထင်တာအတွက် သမီးပိုက်ဆံသုံးပြီး သူက သမီးကို ပိုက်ဆံမပေးရင်တောင် စိတ်မဆိုးတဲ့ပုံနဲ့နေရမယ်.. သမီး သူကိုဆန့်ကျင်ပြီး အော်တာ ဟစ်တာမလုပ်နဲ့ ၊ သူက မကြာခင် သေခြာပေါက် သေတော့မှာပဲလေ လို့တွေးပြီး သူ့ကို မေတ္တာစိတ်နဲ့ အေးအေး ဆေးဆေး ဆက်ဆံရမယ်။

အဲဒါတွေအားလုံးကို သမီးလုပ်နိုင်ပါ့လား..? အမေက မေးတယ်။” ရတယ် သမီးလုပ်နိုင်တယ်..” လို့ သူမက ပြန်ဖြေတယ်။” ကောင်းပြီ ”လို့ အမေကပြောပြီး နောက်ဘေးသို့ ဝင်သွားတယ်။ခဏအကြာမှာ အထုပ်လေး တစ်ထုပ်နဲ့ ပြန်ထွက်လာပြီး” ဒီအမှုန့်ကို သူ့စားတဲ့ အစာထဲမှာ နေ့တိုင်း နည်းနည်း ခပ်ထည့်လိုက်ရင် သမီးယောက်ျား ဖြည်းဖြည်းချင်း သေသွားလိမ့်မယ်။ ” ရက်ပေါင်း 30 လောက်အကြာမှာတော့ သမီးဖြစ်သူက ပျာရိပျာယာနဲ့ သူ့အမေဆီ ပြန်ရောက်လာတယ်။” မေမေ၊ သမီးကို ကယ်ပါဦး သမီးသူ့ကို သတ်ဖို့ ရည်ရွယ်ချက်မရှိတော့ဘူး။ အခုချိန်မှာတော့ သူလုံးဝပြောင်းလဲသွားတဲ့အတွက် သူ့ကိုသမီးချစ်နေပြီ အခုတော့ သူက သမီးစိတ်ကူးထားတဲ့ ခင်ပွန်းကောင်း တယောက်ဖြစ်နေပြီ။”” သူ့ကို အဆိပ်နဲ့မသေဘို့ သမီးဘာလုပ်ရမလဲ..” လို့ မျက်ရည်တွေနဲ့မေးတယ်။” ကျေးဇူးပြုပြီး ကူညီပေးပါဦး အမေရယ်..” ဆိုပြီး ငိုလေသည်။ အမေက ပြုံးပြီး ပြန်ပြောသည်။” စိတ်မပူပါနဲ့ သမီးရယ်။ အမေ ပေးခဲ့တာက ရိုးရိုး ဟင်းခေတ်အမှုန့်တွေပါ။ သမီးယောက်ကျားမသေပါဘူး..” တဲ့။ တကယ်တော့ သင်ကိုယ်တိုင်ကသာ သင့်ခင်ပွန်းကို ဖြည်းဖြည်းချင်း သေစေနိုင်တဲ့ အဆိပ်ပါပဲ။ သူ့ကို ချစ်ဖို့၊ ရိုသေပြီး မြတ်နိုးလာဘို့ကြိုးစားချိန်ကစပြီး သူ့ဟာ ချစ်စရာကောင်းတဲ့ ခင်ပွန်းအဖြစ် သင့်အမြင်မှာ ပြောင်းလဲသွားတာပါ။သင်တို့ရဲ့ ဆက်ဆံပုံကြောင်း ၎င်းတို့၏ တုံ့ပြန်မှုနှင့် ခံစားချက်များလည်း သင်တို့အပေါ် ပြောင်းလဲစေနိူင်ပါတယ်။ အမျိုးသမီးတွေကသာ ခင်ပွန်းအပေါ် လေး စားမှု၊ ချစ်ခင်မှု၊ ဂရုစိုက်မှုတွေကိုသာ ပြသနိုင်မယ်ဆိုရင် သူက သင့်အတွက် 100% ရှိနေမှာပါ။

Credit – Saya U Khin Zaw ( ဘာသာပြန် )

[zawgyi]

တစ္ခါက လွပတဲ့ မိန္းကေလးတစ္ေယာက္ဟာ အိမ္ေထာင္ေရးမွာ ၿငီးေငြ႕လာၿပီး သူမရဲ႕အိမ္ေထာင္ဖက္ကို သတ္ပစ္ခ်င္ခဲ့တယ္။ တစ္မနက္မွာ သူ႔အေမဆီ ေျပးလာၿပီး “အေမရယ္၊ သမီးခင္ပြန္းကို သမီး ၿငီးေငြ႕ေနၿပီ၊ ဒီအ႐ူးရဲ႕ တာဝန္ေတြလည္း ဘာမွ မလုပ္ေပးခ်င္ေတာ့ဘူး.. သ မီး သူ႔ကို သတ္ခ်င္ေပမယ့္ အဖမ္းခံရမွာလည္း ေၾကာက္လို႔ ဘယ္လို လုပ္ရမယ္ဆိုတာ ေက်းဇူးျပဳၿပီး အႀကံေပးႏိုင္မလား..”လို႔ အကူအညီေတာင္းတယ္။ အေမကေျဖတယ္ ” ေမေမ သမီကို ကူညီေပးႏိုင္ပါတယ္ ဒါေပမယ့္ ေမေမေျပာသလိုေတာ့ လုပ္မွျဖစ္မယ္..” သမီးက “ဘာလုပ္ေပးရမလဲအေမ၊ ဘာပဲ လုပ္ရလုပ္ရ လုပ္ပါ့မယ္ ” ” ဟုတ္ၿပီ ” အေမကေျပာတယ္၊သမီး သူနဲ႔အဆင္ေျပေအာင္ေန ဒါမွသူေသသြားရင္ ဘယ္သူမွ သမီးကို သံသရ မရွိမွာသမီး ဒီေန႔ကစၿပီး ငယ္႐ြယ္ႏုပ်ိဳၿပီး ဆြဲေဆာင္မႈရွိတဲ့ပုံေပါက္ဖို႔အတြက္ သမီကိုသမီး လွလွပပ ေနရမယ္.. သမီး သူ႔ကို ေကာင္းေကာင္း ဂ႐ုစိုက္ၿပီး ခ်စ္ခင္ျမတ္ႏိူးတဲ့ပုံစံနဲ႔ေနရမယ္.. သမီးသူ႔ကိုစိတ္ရွည္ရမယ္၊ သူ႔စကား နားေထာင္တဲ့ပုံေပါက္ရမယ္၊ သူကို႐ိုေသပုံေပၚရမယ္၊ သူလိုအပ္မယ္ထင္တာအတြက္ သမီးပိုက္ဆံသုံးၿပီး သူက သမီးကို ပိုက္ဆံမေပးရင္ေတာင္ စိတ္မဆိုးတဲ့ပုံနဲ႔ေနရမယ္.. သမီး သူကိုဆန႔္က်င္ၿပီး ေအာ္တာ ဟစ္တာမလုပ္နဲ႔ ၊ သူက မၾကာခင္ ေသျခာေပါက္ ေသေတာ့မွာပဲေလ လို႔ေတြးၿပီး သူ႔ကို ေမတၱာစိတ္နဲ႔ ေအးေအး ေဆးေဆး ဆက္ဆံရမယ္။အဲဒါေတြအားလုံးကို သမီးလုပ္ႏိုင္ပါ့လား..? အေမက ေမးတယ္။” ရတယ္ သမီးလုပ္ႏိုင္တယ္..” လို႔ သူမက ျပန္ေျဖတယ္။” ေကာင္းၿပီ ”လို႔ အေမကေျပာၿပီး ေနာက္ေဘးသို႔ ဝင္သြားတယ္။ခဏအၾကာမွာ အထုပ္ေလး တစ္ထုပ္နဲ႔ ျပန္ထြက္လာၿပီး” ဒီအမႈန႔္ကို သူ႔စားတဲ့ အစာထဲမွာ ေန႔တိုင္း နည္းနည္း ခပ္ထည့္လိုက္ရင္ သမီးေယာက္်ား ျဖည္းျဖည္းခ်င္း ေသသြားလိမ့္မယ္။ ” ရက္ေပါင္း 30 ေလာက္အၾကာမွာေတာ့ သမီးျဖစ္သူက ပ်ာရိပ်ာယာနဲ႔ သူ႔အေမဆီ ျပန္ေရာက္လာတယ္။” ေမေမ၊ သမီးကို ကယ္ပါဦး သမီးသူ႔ကို သတ္ဖို႔ ရည္႐ြယ္ခ်က္မရွိေတာ့ဘူး။ အခုခ်ိန္မွာေတာ့ သူလုံးဝေျပာင္းလဲသြားတဲ့အတြက္ သူ႔ကိုသမီးခ်စ္ေနၿပီ အခုေတာ့ သူက သမီးစိတ္ကူးထားတဲ့ ခင္ပြန္းေကာင္း တေယာက္ျဖစ္ေနၿပီ။”” သူ႔ကို အဆိပ္နဲ႔မေသဘို႔ သမီးဘာလုပ္ရမလဲ..” လို႔ မ်က္ရည္ေတြနဲ႔ေမးတယ္။” ေက်းဇူးျပဳၿပီး ကူညီေပးပါဦး အေမရယ္..” ဆိုၿပီး ငိုေလသည္။ အေမက ၿပဳံးၿပီး ျပန္ေျပာသည္။” စိတ္မပူပါနဲ႔ သမီးရယ္။ အေမ ေပးခဲ့တာက ႐ိုး႐ိုး ဟင္းေခတ္အမႈန႔္ေတြပါ။ သမီးေယာက္က်ားမေသပါဘူး..” တဲ့။ တကယ္ေတာ့ သင္ကိုယ္တိုင္ကသာ သင့္ခင္ပြန္းကို ျဖည္းျဖည္းခ်င္း ေသေစႏိုင္တဲ့ အဆိပ္ပါပဲ။ သူ႔ကို ခ်စ္ဖို႔၊ ႐ိုေသၿပီး ျမတ္ႏိုးလာဘို႔ႀကိဳးစားခ်ိန္ကစၿပီး သူ႔ဟာ ခ်စ္စရာေကာင္းတဲ့ ခင္ပြန္းအျဖစ္ သင့္အျမင္မွာ ေျပာင္းလဲသြားတာပါ။သင္တို႔ရဲ႕ ဆက္ဆံပုံေၾကာင္း ၎တို႔၏ တုံ႔ျပန္မႈႏွင့္ ခံစားခ်က္မ်ားလည္း သင္တို႔အေပၚ ေျပာင္းလဲေစႏိူင္ပါတယ္။ အမ်ိဳးသမီးေတြကသာ ခင္ပြန္းအေပၚ ေလး စားမႈ၊ ခ်စ္ခင္မႈ၊ ဂ႐ုစိုက္မႈေတြကိုသာ ျပသႏိုင္မယ္ဆိုရင္ သူက သင့္အတြက္ 100% ရွိေနမွာပါ။