ခေါင်းဆောင်ဆိုတာ..

ပုံမှာပါတဲ့ ဝံပုလွေအုပ်မှာ အရှေ့ဆုံးမှာ သုံးကောင် အဲဒီသုံးကောင်ကအုပ်စုထဲမှာ အသက်ရွယ်အိုမင်းပြီးတော့နာမကျန်းဖြစ်နေကြတဲ့ အ ကောင်တွေဖြစ်တယ်။သူတို့ကို ရှေ့ဆုံးမှာထားရတဲ့အကြောင်းကအုပ်စု အနောက်မှာ မကျန်ခဲ့ဖို့အတွက်ဖြစ်တယ်။သုံးကောင်အနောက်က ငါးကောင်ကတော့အုပ်စုထဲမှာအသန်မာဆုံးနဲ့ တိုက်ရည်ခိုက်ရည်အကောင်းဆုံးအကောင်တွေပါ..။သူတို့ရဲ့ တာဝန်က တကယ်လို့ အရှေ့ကနေပြီး တော့ တစ်စုံတစ်ခုက အုပ်စုကို တိုက်ခိုက်လာမယ်ဆိုရင် အကာအကွယ်ပေးဖို့ ဖြစ်တယ်..ငါးကောင်ရဲ့အနောက်က ဝံပုလွေအတန်းကတော့ အုပ်စုထဲမှာ ပါတဲ့ အစောင့်ရှောက်ခံအကောင်တွေဖြစ်တယ်။

အတန်းရဲ့နောက်က ငါးကောင်ကတော့ ရှေ့ကငါးကောင်လိုပဲ အသန်မာဆုံးနဲ့ တိုက်ခိုက်ရည်အကောင်းဆုံး ငါးကောင်ဖြစ်တယ်။သူတို့က တော့ အနောက်က တစ်စုံတစ်ခုပြဿနာဖြစ်လာရင် ကာကွယ်ပေးဖို့တာဝန်ရှိတယ်..ဟိုးအဝေးမှာရှိနေတဲ့ တစ်ကောင်တည်းသောဝံပုလွေကတော့ သူတို့ရဲ့ ခေါင်းဆောင်ပါပဲ။နောက်မှာ ဘယ်သူမှမကျန်အောင် သူနောက်ဆုံးကနေ စောင့်ကြည့်တယ်။အုပ်စုတစ်ခုလုံးကို လမ်း ကြောင်း တစ်ခုတည်းမှာပဲ ရှိနေအောင်လို့လည်းထိန်းသိမ်းထားတယ်။သူ့ရဲ့နေရာကနေ အုပ်စုရဲ့ ဘယ်နေရာကိုမဆိုအလျင်အမြန်သွားပြီး အုပ်စုတစ်ခုလုံးကို ကာကွယ်နိုင်တယ်..လူတွေက အမြဲမေးတယ်။ ခေါင်းဆောင်ဆိုတာ ဘာလဲ …တကယ်တော့ အရှေ့ဆုံးမှာ ရှိနေမှ ခေါင်း ဆောင်မဟုတ်ပါဘူး။အဖွဲ့အစည်း တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်နိုင်မှသာ ခေါင်းဆောင်လို့ ခေါ်ဆိုထိုက်ပါတယ်..။

Credit မူရင်း

[zawgyi]
