ကောင်းဖို့အတွက် ဖြစ်လာတာပါ…

တစ်ခါတုန်းကတိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်မင်းလုပ်နေသတဲ့။ အဲဒီဘုရင်ကြီးဆီမှာ အင်မတန်မှပညာရှိတဲ့ ပညာရှိအ မတ်ကြီးတစ်ပါးလည်း အမှုထမ်းလျက်ရှိတာပေါ့။ဒါပေမယ့် အဲဒီပညာရှိအမတ်ကြီးကိုဘုရင်ကြီးက အမြင်သိပ်မကြည်ဘူးတဲ့။ဘာလို့လဲဆိုတော့ ဘုရင်ကြီးက အိပ်မက်တွေမကောင်းလို့ “ညကအိပ်မက်တွေမကောင်းဘူးအမတ်ကြီး ငါကိုယ်တော် ကံတွေဆိုးနေတယ်ထင်တယ် ဘာများဖြစ်နိုင်မလဲ” လို့မေးလိုက်တိုင်းအမတ်ကြီးက “ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား”လို့ပြန်လျှောက်တယ်။ အဲဒီလိုပဲ ဘုရင်ကြီးကအဆင်မပြေတာနဲ့ကြုံလို့မေးတဲ့အခါတိုင်း အမတ်ကြီးက “ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား”လို့ဘုရင်ကြီးကိုပြန်ပြန်လျှောက်သ တဲ့။အဲဒီစကားကိုပဲအမြဲတမ်းလျှောက်နေတော့ ဘုရင်ကြီးက အမတ်ကြီးကို အမြင်မကြည်ဘူးဖြစ်လာတာပေါ့။ဒီလိုနဲ့ တစ်နေ့တော့ဘုရင်ကြီးဟာ ပညာရှိအမတ်ကြီးနဲ့ နှစ်ယောက်တည်းတောကစားထွက်လာတယ်တဲ့။ ဘုရင်ကြီးဟာ တောလိုက်ရင်းနဲ့ အမှတ်မထင် သူ့လက်မတစ်ချောင်းပြတ်သွားခဲ့တယ်။အဲဒီအခါမှာ ဘုရင်ကြီးက “အမတ်ကြီးရေ ကျုပ်လက်မတော့ပြတ်သွားပြီ။ နိမိတ်မကောင်းဘူးထင်တယ်” လို့ပြောသတဲ့။အဲ့လိုပြောတဲ့အခါမှာလဲ အမတ်ကြီးက “မပူပါနဲ့ဘုရား ကောင်းဖို့အတွက်ဖြစ်လာတာပါ”ဆိုပြီး ထုံးစံအတိုင်းပြန်လျှောက်တာပေါ့။ဒါနဲ့ ဘုရင်ကြီးလည်း “တယ်..ဒီလောက်လက်မတစ်ချောင်းပြတ်သွားတာတောင် ကောင်းဖို့အတွက် ပြတ်တယ်ဖြစ်ရသေး.. ကဲကွာ..” ဆိုပြီး အမတ်ကြီးကိုမြင်းပေါ်ကနေ ကန်ချခဲ့တာ အမတ်ကြီးခမျာ ချောက်ထဲပြုတ်ကျကျန်ရစ်ခဲ့သတဲ့။ ဒီလိုနဲ့ ဘုရင်ကြီးဟာ တောဆက်ထွက်လာရင်း လူရိုင်းတစ်စုရဲ့ဖမ်းဆီးမှုကိုခံလိုက်ရတယ်။အဲ့လူရိုင်းတွေက ဘုရင်ကြီးကို ယာဇ်ပူဇော်ဖို့စီစဉ်ကြသတဲ့။

ဒါပေမယ့် ယာဇ်ပူဇော်ခါနီးမှာ လူရိုင်းတွေက ဘုရင်ကြီးကို သေချာကြည့်ပြီး ပြန်လွှတ်ပေးလိုက်တယ်။ဘာလို့လဲဆိုတော့ ဘုရင်ကြီးက လက်မတစ်ချောင်းပြတ်ပြီး အင်္ဂါမစုံလို့ ယာဇ်ပူဇော်လို့မရဘူးတဲ့။ ဒါကြောင့်လူရိုင်းတွေက ပြန်လွှတ်ပေးလိုက်တာ။ ဘုရင်ကြီးခမျာ ဝမ်း သာအားရ ပြန်လာတာပေါ့။ဘုရင်ကြီးလည်း အသက်ဘေးကလွတ်တော့မှ “သြော် ငါ့လက်မပြတ်တုန်းက ပညာရှိအမတ်ကြီးက ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရားလို့လျှောက်တင်တာ တယ်မှန်ပါလား”ဆိုပြီး တွေးမိတယ်တဲ့။ဒါနဲ့ဘုရင်ကြီးလည်း ပညာရှိအမတ်ကြီးကို ကန်ချခဲ့တာကို နောင်တတွေရပြီး ရဲမက်တွေကို ပြန်ရှာခိုင်းလိုက်တယ်။အမတ်ကြီးလည်း ကံကောင်းထောက်မပြီး ချောက်ထဲကျတာမသေဘဲ ဘုရင်ကြီးဆီ ပြန်လိုက်လာတယ်တဲ့။အမတ်ကြီးကိုတွေ့တော့ ဘုရင်ကြီးက “အမတ်ကြီးကို ကျုပ်တောင်းပန်ပါတယ်။”ဆိုပြီးသူကြုံခဲ့ရတာတွေကို ရှင်းပြတာပေါ့။အဲဒီအခါ အမတ်ကြီးကလည်း “ဘုရင်ကြီး ကန်ချခဲ့တာကို တောင်းပန်စရာ မလိုပါဘူး။ “ကောင်းဖို့အတွက် ဖြစ်လာတာပါဘုရား ” ဆိုပြီး ပြန်လျှောက်သတဲ့။ဘုရင်ကြီးက “လုပ်ပြန်ပြီအမတ်ကြီးငါကိုယ် တော် သင့်ကို ကန်ချခဲ့တာ ဘာကောင်းတာတုန်း”လို့ မေးတာပေါ့။အမတ်ကြီးကလည်း “ဘုရင်ကြီးသာ ကန်မချခဲ့ဘဲ ဘုရင်ကြီးနဲ့တူတူ တောကစားဆက်ထွက်ရင် လူရိုင်းတွေဖမ်းမိပြီး လက်မ မပြတ်ဘဲအင်္ဂါစုံလို့ ယာဇ်ပူဇော်ခံရမှာ ကျွန်တော်မျိုးပါဘုရား” လို့ ပြန်လျှောက်တင်လိုက်တယ်တဲ့။ဒါကြောင့်တစ်ခုခုမကောင်းတာနဲ့ကြုံတိုင်း ငါကံများဆိုးနေသလားဆိုပြီး စိုးရိမ်ထိတ်လန့်ဝမ်းနည်းမနေပါနဲ့..။

Credit – စနေဖြိုး

[zawgyi]

တစ္ခါတုန္းကတိုင္းျပည္တစ္ျပည္မွာ ဘုရင္ႀကီးတစ္ပါးအုပ္ခ်ဳပ္မင္းလုပ္ေနသတဲ့။ အဲဒီဘုရင္ႀကီးဆီမွာ အင္မတန္မွပညာရွိတဲ့ ပညာရွိအ မတ္ႀကီးတစ္ပါးလည္း အမႈထမ္းလ်က္ရွိတာေပါ့။ဒါေပမယ့္ အဲဒီပညာရွိအမတ္ႀကီးကိုဘုရင္ႀကီးက အျမင္သိပ္မၾကည္ဘူးတဲ့။ဘာလို႔လဲဆိုေတာ့ ဘုရင္ႀကီးက အိပ္မက္ေတြမေကာင္းလို႔ “ညကအိပ္မက္ေတြမေကာင္းဘူးအမတ္ႀကီး ငါကိုယ္ေတာ္ ကံေတြဆိုးေနတယ္ထင္တယ္ ဘာမ်ားျဖစ္ႏိုင္မလဲ” လို႔ေမးလိုက္တိုင္းအမတ္ႀကီးက “ေကာင္းဖို႔အတြက္ျဖစ္လာတာပါဘုရား”လို႔ျပန္ေလွ်ာက္တယ္။ အဲဒီလိုပဲ ဘုရင္ႀကီးကအဆင္မေျပတာနဲ႔ႀကဳံလို႔ေမးတဲ့အခါတိုင္း အမတ္ႀကီးက “ေကာင္းဖို႔အတြက္ျဖစ္လာတာပါဘုရား”လို႔ဘုရင္ႀကီးကိုျပန္ျပန္ေလွ်ာက္သ တဲ့။အဲဒီစကားကိုပဲအၿမဲတမ္းေလွ်ာက္ေနေတာ့ ဘုရင္ႀကီးက အမတ္ႀကီးကို အျမင္မၾကည္ဘူးျဖစ္လာတာေပါ့။ဒီလိုနဲ႔ တစ္ေန႔ေတာ့ဘုရင္ႀကီးဟာ ပညာရွိအမတ္ႀကီးနဲ႔ ႏွစ္ေယာက္တည္းေတာကစားထြက္လာတယ္တဲ့။ ဘုရင္ႀကီးဟာ ေတာလိုက္ရင္းနဲ႔ အမွတ္မထင္ သူ႔လက္မတစ္ေခ်ာင္းျပတ္သြားခဲ့တယ္။အဲဒီအခါမွာ ဘုရင္ႀကီးက “အမတ္ႀကီးေရ က်ဳပ္လက္မေတာ့ျပတ္သြားၿပီ။ နိမိတ္မေကာင္းဘူးထင္တယ္” လို႔ေျပာသတဲ့။အဲ့လိုေျပာတဲ့အခါမွာလဲ အမတ္ႀကီးက “မပူပါနဲ႔ဘုရား ေကာင္းဖို႔အတြက္ျဖစ္လာတာပါ”ဆိုၿပီး ထုံးစံအတိုင္းျပန္ေလွ်ာက္တာေပါ့။ဒါနဲ႔ ဘုရင္ႀကီးလည္း “တယ္..ဒီေလာက္လက္မတစ္ေခ်ာင္းျပတ္သြားတာေတာင္ ေကာင္းဖို႔အတြက္ ျပတ္တယ္ျဖစ္ရေသး.. ကဲကြာ..” ဆိုၿပီး အမတ္ႀကီးကိုျမင္းေပၚကေန ကန္ခ်ခဲ့တာ အမတ္ႀကီးခမ်ာ ေခ်ာက္ထဲျပဳတ္က်က်န္ရစ္ခဲ့သတဲ့။ ဒီလိုနဲ႔ ဘုရင္ႀကီးဟာ ေတာဆက္ထြက္လာရင္း လူ႐ိုင္းတစ္စုရဲ႕ဖမ္းဆီးမႈကိုခံလိုက္ရတယ္။အဲ့လူ႐ိုင္းေတြက ဘုရင္ႀကီးကို ယာဇ္ပူေဇာ္ဖို႔စီစဥ္ၾကသတဲ့။ဒါေပမယ့္ ယာဇ္ပူေဇာ္ခါနီးမွာ လူ႐ိုင္းေတြက ဘုရင္ႀကီးကို ေသခ်ာၾကည့္ၿပီး ျပန္လႊတ္ေပးလိုက္တယ္။ဘာလို႔လဲဆိုေတာ့ ဘုရင္ႀကီးက လက္မတစ္ေခ်ာင္းျပတ္ၿပီး အဂၤါမစုံလို႔ ယာဇ္ပူေဇာ္လို႔မရဘူးတဲ့။ ဒါေၾကာင့္လူ႐ိုင္းေတြက ျပန္လႊတ္ေပးလိုက္တာ။ ဘုရင္ႀကီးခမ်ာ ဝမ္း သာအားရ ျပန္လာတာေပါ့။ဘုရင္ႀကီးလည္း အသက္ေဘးကလြတ္ေတာ့မွ “ေၾသာ္ ငါ့လက္မျပတ္တုန္းက ပညာရွိအမတ္ႀကီးက ေကာင္းဖို႔အတြက္ျဖစ္လာတာပါဘုရားလို႔ေလွ်ာက္တင္တာ တယ္မွန္ပါလား”ဆိုၿပီး ေတြးမိတယ္တဲ့။ဒါနဲ႔ဘုရင္ႀကီးလည္း ပညာရွိအမတ္ႀကီးကို ကန္ခ်ခဲ့တာကို ေနာင္တေတြရၿပီး ရဲမက္ေတြကို ျပန္ရွာခိုင္းလိုက္တယ္။အမတ္ႀကီးလည္း ကံေကာင္းေထာက္မၿပီး ေခ်ာက္ထဲက်တာမေသဘဲ ဘုရင္ႀကီးဆီ ျပန္လိုက္လာတယ္တဲ့။အမတ္ႀကီးကိုေတြ႕ေတာ့ ဘုရင္ႀကီးက “အမတ္ႀကီးကို က်ဳပ္ေတာင္းပန္ပါတယ္။”ဆိုၿပီးသူႀကဳံခဲ့ရတာေတြကို ရွင္းျပတာေပါ့။အဲဒီအခါ အမတ္ႀကီးကလည္း “ဘုရင္ႀကီး ကန္ခ်ခဲ့တာကို ေတာင္းပန္စရာ မလိုပါဘူး။ “ေကာင္းဖို႔အတြက္ ျဖစ္လာတာပါဘုရား ” ဆိုၿပီး ျပန္ေလွ်ာက္သတဲ့။ဘုရင္ႀကီးက “လုပ္ျပန္ၿပီအမတ္ႀကီးငါကိုယ္ ေတာ္ သင့္ကို ကန္ခ်ခဲ့တာ ဘာေကာင္းတာတုန္း”လို႔ ေမးတာေပါ့။အမတ္ႀကီးကလည္း “ဘုရင္ႀကီးသာ ကန္မခ်ခဲ့ဘဲ ဘုရင္ႀကီးနဲ႔တူတူ ေတာကစားဆက္ထြက္ရင္ လူ႐ိုင္းေတြဖမ္းမိၿပီး လက္မ မျပတ္ဘဲအဂၤါစုံလို႔ ယာဇ္ပူေဇာ္ခံရမွာ ကြၽန္ေတာ္မ်ိဳးပါဘုရား” လို႔ ျပန္ေလွ်ာက္တင္လိုက္တယ္တဲ့။ဒါေၾကာင့္တစ္ခုခုမေကာင္းတာနဲ႔ႀကဳံတိုင္း ငါကံမ်ားဆိုးေနသလားဆိုၿပီး စိုးရိမ္ထိတ္လန႔္ဝမ္းနည္းမေနပါနဲ႔..။