ငှက်တစ်ကောင်နှင့် ကျောက်စရစ်ခဲများ

တစ်ခါက ငှက်တစ်ကောင်ရှိတယ်။ လေထဲမှာ ပျံသန်းပြီး ပိုးကောင်လေးတွေကို ဖမ်းပြီး စားသုံးတယ်။ ဒါပေမယ့် သူမှာ အကျင့်တစ်ခုရှိတယ်။ သူ့ဘဝမှာ တစ်ခုခုဖြစ်လာတိုင်း သူက ကျောက်စရစ်ခဲလေးတစ်လုံးပေါ်မှာ မှတ်ပြီး သယ်ဆောင်ထားလေ့ရှိတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် မှတ်သားသယ်ဆောင်ထားတယ်။ လွတ်လပ်စွာ သွားလာပျံသန်းနေတာဖြစ်လို့ ကျောက်စရစ်လေးတွေကို မချန်ထားခဲ့ပဲ အမြဲ ကိုယ်နဲ့မကွာ ဆောင်ထားတယ်။နေ့တိုင်း သူ့ရဲ့ ကျောက်စရစ်ခဲလေးတွေကို သေချာခွဲထားပါတယ်။ ပျော်စရာ ကျောက်စ ရစ်ခဲလေးတွေ၊ ဝမ်းနည်းစရာ ကျောက်စရစ်ခဲတွေ စသဖြင့် ခွဲသိမ်းထားပါတယ်။ အစပိုင်းတွေမှာတော့ ငှက်လေးက လွတ်လပ်စွာပျံသန်းနိုင်ပါတယ်။

အချိန်ကြာလာတာနဲ့ အမျှ ကျောက်စရစ်လေးတွေများလာပြီး ငှက်က အမြင့်ကို မပျံနိုင်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ လုံးဝ မပျံသန်းနိုင်ပဲ မြေပေါ်မှာပဲ နေရပါတော့တယ်။ဒါပေမယ့် ငှက်ကလေးက သူ့ရဲ့ အဖိုးတန်လှတဲ့ မှတ်တမ်းကျောက်စရစ်ခဲတွေကို စွန့်ပစ်ဖို့ လုံးဝ မစိတ်ကူးခဲ့ပါဘူး။ နောက်ဆုံးတော့ ငှက်လေးက ဆာလောင်မှုနဲ့ သေဆုံးသွားပါတယ်။ ငှက်လေးသေသွားတော့ ကျန်ရစ်ခဲ့တာတာက တန်ဖိုးမရှိတဲ့ ကျောက်စရစ်ခဲတွေပဲဖြစ်ပါတယ်။ တစ်ခါ တစ်ရံမှာ ကျွန်တော်တို့တစ်တွေဟာလည်း ပိုပြီး မြင့်မြင့်ပျံသန်းဖို့အတွက်ဆိုရင် ဆုတ်ကိုင်ထားတဲ့ တစ်ချိူ့သောအရာတွေကို စွန့်လွှတ်သင့်ရင် စွန့်လွှတ်တတ်ဖို့ လိုပါလိမ့်မယ်။

Credit – မူရင်း

[zawgyi]

တစ္ခါက ငွက္တစ္ေကာင္ရွိတယ္။ ေလထဲမွာ ပ်ံသန္းၿပီး ပိုးေကာင္ေလးေတြကို ဖမ္းၿပီး စားသုံးတယ္။ ဒါေပမယ့္ သူမွာ အက်င့္တစ္ခုရွိတယ္။ သူ႔ဘဝမွာ တစ္ခုခုျဖစ္လာတိုင္း သူက ေက်ာက္စရစ္ခဲေလးတစ္လုံးေပၚမွာ မွတ္ၿပီး သယ္ေဆာင္ထားေလ့ရွိတယ္။ ေကာင္းတာပဲျဖစ္ျဖစ္၊ မေကာင္းတာပဲျဖစ္ျဖစ္ မွတ္သားသယ္ေဆာင္ထားတယ္။ လြတ္လပ္စြာ သြားလာပ်ံသန္းေနတာျဖစ္လို႔ ေက်ာက္စရစ္ေလးေတြကို မခ်န္ထားခဲ့ပဲ အၿမဲ ကိုယ္နဲ႔မကြာ ေဆာင္ထားတယ္။ေန႔တိုင္း သူ႔ရဲ႕ ေက်ာက္စရစ္ခဲေလးေတြကို ေသခ်ာခြဲထားပါတယ္။ ေပ်ာ္စရာ ေက်ာက္စ ရစ္ခဲေလးေတြ၊ ဝမ္းနည္းစရာ ေက်ာက္စရစ္ခဲေတြ စသျဖင့္ ခြဲသိမ္းထားပါတယ္။ အစပိုင္းေတြမွာေတာ့ ငွက္ေလးက လြတ္လပ္စြာပ်ံသန္းႏိုင္ပါတယ္။အခ်ိန္ၾကာလာတာနဲ႔ အမွ် ေက်ာက္စရစ္ေလးေတြမ်ားလာၿပီး ငွက္က အျမင့္ကို မပ်ံႏိုင္ေတာ့ပါဘူး။ တျဖည္းျဖည္းနဲ႔ လုံးဝ မပ်ံသန္းႏိုင္ပဲ ေျမေပၚမွာပဲ ေနရပါေတာ့တယ္။ဒါေပမယ့္ ငွက္ကေလးက သူ႔ရဲ႕ အဖိုးတန္လွတဲ့ မွတ္တမ္းေက်ာက္စရစ္ခဲေတြကို စြန႔္ပစ္ဖို႔ လုံးဝ မစိတ္ကူးခဲ့ပါဘူး။ ေနာက္ဆုံးေတာ့ ငွက္ေလးက ဆာေလာင္မႈနဲ႔ ေသဆုံးသြားပါတယ္။ ငွက္ေလးေသသြားေတာ့ က်န္ရစ္ခဲ့တာတာက တန္ဖိုးမရွိတဲ့ ေက်ာက္စရစ္ခဲေတြပဲျဖစ္ပါတယ္။ တစ္ခါ တစ္ရံမွာ ကြၽန္ေတာ္တို႔တစ္ေတြဟာလည္း ပိုၿပီး ျမင့္ျမင့္ပ်ံသန္းဖို႔အတြက္ဆိုရင္ ဆုတ္ကိုင္ထားတဲ့ တစ္ခ်ိဴ႕ေသာအရာေတြကို စြန႔္လႊတ္သင့္ရင္ စြန႔္လႊတ္တတ္ဖို႔ လိုပါလိမ့္မယ္။