မိန်းမဟူသမျှ ဖန်..တန်တန် ပါပဲ ပုဏ္ဏားကြီးရယ်…

တစ်ခါက ပုဏ္ဏားကြီးက နန်းတော်ထဲ အခစားဝင်ရင်း ရှင်ဘုရင်နဲ့ အလွန်တရာ ရင်းနှီးသူဖြစ်တာကြောင့် အတွင်းဆောင်ထဲကို ရှင်ဘုရင်နဲ့ တွေ့ဖို့ဝင်လာခဲ့တယ်။ရှင်ဘုရင်နဲ့ မတွေ့ပဲ ရှင်ဘုရင်ရဲ့ မိဖုရား စက်တော်ခေါ် နေတာ တွေ့လိုက်ရတယ် လုံချည်က လျှော့တော့တော့နဲ့ ဆိုတော့တပ်မက် ဖွယ် အာရုံကို မြင်တွေ့သွားတယ်။ပုဏ္ဏားကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက် သွားခဲ့တယ် မိဖုရားကြီးကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ ပုဏ္ဏားကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ်။ အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲမလုံ မလဲ ဖြစ်ရင်း မိဖုရားကြီး ကျန်နေခဲ့တယ်ပေါ့..နောက်ရက်တွေကျတော့ ပုဏ္ဏားကြီး နန်းတော်မဝင်တော့ဘူး ပုဏ္ဏားကြီး နေမကောင်းလို့ အခစား မဝင်နိုင်ကြောင်း ရှင်ဘုရင်ကို လျှောက်တင်ထားကြောင်းလည်း သတင်းစကားကြားလိုက်ရတော့.. မိဖုရားကြီးက စဉ်းစားတယ် ဟိုတစ်နေ့က ကိစ္စနဲ့ ပက်သက် နေသလားပေါ့ ပုဏ္ဏားကြီးက ပညာတော်တယ် အတွေ့အကြုံများ တယ် တိုင်း ပြည်အတွက် အားကိုးရလို့ ဘုရင်ကြီးကလည်း အားထားနေရတယ်။ပုဏ္ဏားကြီးကလည်း ဟိုတစ်နေ့က မြင်ခဲ့ရတဲ့ မိဖုရားရဲ့ နေရောင် မခတဲ့ လျှို့ဝှက်သော အလှကို မျက်စိထဲကကို မထွက်ဘူး ခက်တာ က ရှင်ဘုရင်ရဲ့ မိဖုရား ရှင်ဘုရင်ကိုသတ် ပလ္လင်ပေါ်တက်နိုင်မှအလို ဆန္ဒ ပြည့်ဝရမယ့် အဖြစ်ရင်ထဲဖြစ်တဲ့ ဝေဒနာကို ကျိတ်ခံစားရင်း စားလို့လည်းမရ အိပ်လို့လည်းမရ ကြံမရ စည်မရ ဖြစ်နေတုန်း နန်းတွင်း အ စေခံ တစ်ယောက်က မိဖုရားအလှဒေဝီက ပုဏ္ဏားဆီကို အခစားဝင်စေ အမိန့်တော် ချွေလိုက်သတဲ့ ။ အိုး… ရင်တွေ တလှပ်လှပ် ဘဝင်မှာ လေဟပ်သလို မြင်ချင် စိတ်နဲ့ သိချင်စိတ်က မစားနိုင် မသောက်နိုင်နဲ့ အိပ်ယာထဲလဲနေတဲ့ ပုဏ္ဏား ဆေးကောင်းစားလိုက်သလို ငေါက်ကနဲထ နန်းတော်ကို ကြွပြီပေါ့။နန်းတော်လည်း ရောက်ရော မိဖုရားကြီးက အပြုံးလေးနဲ့ ကြိုဆိုရင်း ပုဏ္ဏာကြီး နေမကောင်းဘူးဆိုလို့ မေးလိုက်တော့..”မှန်လှပါဘုရား… အိပ်လို့လည်း မပျော် စားလို့လည်းမရ ရင်ထဲမှာ တမ်းတနေတာက ဘာလိုလို ညာလိုလိုနဲ့ ဘာကိုမှ အလိုမကျ ဖြစ်နေရပါတယ်ဘုရား”…လို့လူကြီးကြူနည်းနဲ့ စကားလမ်းခင်းကြူသံလေးနဲ့ လျှောက်တင် တာပေါ့လေ။မိဖုရားကြီးကလည်း “သြော်… ပုဏ္ဏားကြီးရယ် ကျမကလည်း ဒါကို သိလို့ ပုဏ္ဏားကြီးအတွက် ဆေးကောင်းသုံးခွက် ဖော်စပ် ပေးထားပါတယ်”လို့ အပြုံးလေးနဲ့ ပြောလိုက်ရင်း ရှေ့မှာတင်ထားတဲ့ ဆေးခွက်ကို လက်ကမ်းပေးလိုက်တော့ ကိုရွှေပုဏ္ဏားက ဘာပြောကောင်းမလည်း တစ်ကျိုက်တည်းပေါ့ မော့ချပြစ်လိုက် တယ်။

ဘာမှ မေးမနေတော့ဘူး ချစ်သူတိုက်တဲ့ ဆေးလေ ကောင်းမှ ကောင်းပေါ့..မိဖုရားက နောက်တစ်ခွက် ကမ်းပေးလိုက်ပြန်တယ် ပုဏ္ဏားက လည်း မော့ချပြစ်လိုက်တာပဲ ဒီတခွက်ကျတော့ ဆေးအရသာကို နည်းနည်း ခံစားမိသွားတယ်..ဒုတိယခွက်ကုန်သွားတော့ မိဖုရားက တတိ ယမြောက် ဆေးခွက်ကို ကမ်းပေးပြန်တယ် ပုဏ္ဏားက နည်းနည်းတွန့်လာပြီ ဆေးခွက်ကို သေချာ ကြည့်နေတယ်။မိဖုရားက “သောက်လိုက် ပါ ပုဏ္ဏားကြီးရယ် အားရှိသွားပြီး ရောဂါ ပျောက်တာပေါ့”လို့ ချိုချိုလေး ပြောလိုက်တော့ မော့ချ လိုက်ပြန်တယ် ဒီတစ်ခါတော့ ပုဏ္ဏားက မိဖုရားကို သေချာ ပြန်ကြည့်တယ်..နောက် စဉ်းစားနေတယ် ဘာလည်းပေါ့။ မိဖုရားကလည်း ဒါကို ရိပ်မိတော့ ပုဏ္ဏားကြီး ၁။ပထမ ခွက်က ဘာခွက်လည်းလို့ မေးလိုက်တော့ ကြေးခွက်ပါဘုရားတဲ့..ဘာအရသာရှိလည်းဆိုတော့ဖန်တန်တန်နဲ့ပါ ဘုရားတဲ့..၂။ ဒုတိယခွက်က ဘာခွက်လည်း ပုဏ္ဏားကြီးဆိုတော့ ငွေခွက်ပါဘုရားတဲ့ဘာအရသာ ရှိပါသလည်းဆိုတော့ ဖန်တန်တန်ပါပဲ ဘုရား…တဲ့၃။ တတိယခွက်ကကော ဘာခွက်လည်း ပုဏ္ဏားကြီးဆိုတော့ ရွှေခွက်ပါဘုရား…တဲ့ဘာအရသာများ ရှိသလည်းဆိုတော့ဖန်တန်တန်ပါပဲဘုရား…တဲ့..ပုဏ္ဏားကြီးက မိဖုရားရဲ့ အမေးကို ဖြေနေရင်းနဲ့ စဉ်းစားမိလာတယ် သြော်… အပေါ်ယံ ခွက်ကသာ ပြောင်းပေမယ့် အထဲက အရသာ က မပြောင်းဘူးဆိုတာ မိဖု ရားက ပြောချင်နေတာပဲ။ဘာကြောင့် ပြောချင်နေတာလည်းလို့ ထပ်စဉ်းစားတော့ မိဖုရားကို စွဲလှမ်းနစ်သက်မိတဲ့ အတွက်ကြောင့်ပဲ။မိဖု ရားအဆောင် အယောင်တွေနဲ့ ဆိုတော့ ရွှေခွက်နဲ့တူတယ်။အိမ်က ပုဏ္ဏမက ပုဏ္ဏား အဆောင်အယောင်နဲ့ဆိုတော့ ငွေခွက်နဲ့တူတယ်။အရ သာကတော့ ဖန်တန်တန်ကြီးပါပဲပေါ့ ဒါကို မိဖုရားက ပြောချင်တာပဲဆိုပြီး သဘောပေါက်သွားတယ်။မှန်လှပါ သဘောပေါက်ပါပြီ မိဖုရားကြီးမိဖုရားကြီးက ပညာရှိပါ ပေတယ်လို့ ချီးမွှန်းလိုက်တယ်။မိဖုရားကြီးကလည်း ပုဏ္ဏားကြီးကလည်း ပညာရှိပါပေတယ်လို့ ပြန်ပြောလိုက် တယ်။ဒီတော့မှ ပုဏ္ဏားကြီးလည်း စိတ်ရောဂါတွေ ပျောက်ပြီး ပုံမှန်အတိုင်းပဲ စားနိုင် အိပ်နိုင် အလုပ် လုပ်နိုင်သွားပါတော့တယ်။ဒီလိုနားလည်မယ်ဆိုရင်တော့အိမ်ထောင်ဖက်အပေါ် သစ္စာဖေါက်စရာ မလိုတော့ဘူးပေါ့..အားလုံးက ဖန်တန်တန်ပဲလေ။ကိုးကား – မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏အခြေပြုပဌာန်းတရားတော် စာအုပ်မှ အာရုံအကြောင်း ရှင်းပြပုံ ဥပမာကို မှီငြမ်းပါသည်။

Credit မူရင်း

[zawgyi]

တစ္ခါက ပုဏၰားႀကီးက နန္းေတာ္ထဲ အခစားဝင္ရင္း ရွင္ဘုရင္နဲ႔ အလြန္တရာ ရင္းႏွီးသူျဖစ္တာေၾကာင့္ အတြင္းေဆာင္ထဲကို ရွင္ဘုရင္နဲ႔ ေတြ႕ဖို႔ဝင္လာခဲ့တယ္။ရွင္ဘုရင္နဲ႔ မေတြ႕ပဲ ရွင္ဘုရင္ရဲ႕ မိဖုရား စက္ေတာ္ေခၚ ေနတာ ေတြ႕လိုက္ရတယ္ လုံခ်ည္က ေလွ်ာ့ေတာ့ေတာ့နဲ႔ ဆိုေတာ့တပ္မက္ ဖြယ္ အာ႐ုံကို ျမင္ေတြ႕သြားတယ္။ပုဏၰားႀကီးလည္း ဆက္ေနလို႔ မသင့္ေတာ္တာနဲ႔ ျပန္ထြက္ သြားခဲ့တယ္ မိဖုရားႀကီးကလည္း ေျခသံၾကားလို႔ လန႔္ႏိုးလာၿပီး တံခါးေပါက္ကို လွမ္းၾကည့္လိုက္ေတာ့ ပုဏၰားႀကီးရဲ႕ ေက်ာျပင္ကို ေတြ႕လိုက္ရတယ္။ အဝတ္အစားကို ျပန္ျပင္ဝတ္ရင္း စိတ္ထဲမလုံ မလဲ ျဖစ္ရင္း မိဖုရားႀကီး က်န္ေနခဲ့တယ္ေပါ့..ေနာက္ရက္ေတြက်ေတာ့ ပုဏၰားႀကီး နန္းေတာ္မဝင္ေတာ့ဘူး ပုဏၰားႀကီး ေနမေကာင္းလို႔ အခစား မဝင္ႏိုင္ေၾကာင္း ရွင္ဘုရင္ကို ေလွ်ာက္တင္ထားေၾကာင္းလည္း သတင္းစကားၾကားလိုက္ရေတာ့.. မိဖုရားႀကီးက စဥ္းစားတယ္ ဟိုတစ္ေန႔က ကိစၥနဲ႔ ပက္သက္ ေနသလားေပါ့ ပုဏၰားႀကီးက ပညာေတာ္တယ္ အေတြ႕အႀကဳံမ်ား တယ္ တိုင္း ျပည္အတြက္ အားကိုးရလို႔ ဘုရင္ႀကီးကလည္း အားထားေနရတယ္။ပုဏၰားႀကီးကလည္း ဟိုတစ္ေန႔က ျမင္ခဲ့ရတဲ့ မိဖုရားရဲ႕ ေနေရာင္ မခတဲ့ လွ်ိဳ႕ဝွက္ေသာ အလွကို မ်က္စိထဲကကို မထြက္ဘူး ခက္တာ က ရွင္ဘုရင္ရဲ႕ မိဖုရား ရွင္ဘုရင္ကိုသတ္ ပလႅင္ေပၚတက္ႏိုင္မွအလို ဆႏၵ ျပည့္ဝရမယ့္ အျဖစ္ရင္ထဲျဖစ္တဲ့ ေဝဒနာကို က်ိတ္ခံစားရင္း စားလို႔လည္းမရ အိပ္လို႔လည္းမရ ႀကံမရ စည္မရ ျဖစ္ေနတုန္း နန္းတြင္း အ ေစခံ တစ္ေယာက္က မိဖုရားအလွေဒဝီက ပုဏၰားဆီကို အခစားဝင္ေစ အမိန႔္ေတာ္ ေခြၽလိုက္သတဲ့ ။ အိုး… ရင္ေတြ တလွပ္လွပ္ ဘဝင္မွာ ေလဟပ္သလို ျမင္ခ်င္ စိတ္နဲ႔ သိခ်င္စိတ္က မစားႏိုင္ မေသာက္ႏိုင္နဲ႔ အိပ္ယာထဲလဲေနတဲ့ ပုဏၰား ေဆးေကာင္းစားလိုက္သလို ေငါက္ကနဲထ နန္းေတာ္ကို ႂကြၿပီေပါ့။နန္းေတာ္လည္း ေရာက္ေရာ မိဖုရားႀကီးက အၿပဳံးေလးနဲ႔ ႀကိဳဆိုရင္း ပုဏၰာႀကီး ေနမေကာင္းဘူးဆိုလို႔ ေမးလိုက္ေတာ့..”မွန္လွပါဘုရား… အိပ္လို႔လည္း မေပ်ာ္ စားလို႔လည္းမရ ရင္ထဲမွာ တမ္းတေနတာက ဘာလိုလို ညာလိုလိုနဲ႔ ဘာကိုမွ အလိုမက် ျဖစ္ေနရပါတယ္ဘုရား”…လို႔လူႀကီးၾကဴနည္းနဲ႔ စကားလမ္းခင္းၾကဴသံေလးနဲ႔ ေလွ်ာက္တင္ တာေပါ့ေလ။မိဖုရားႀကီးကလည္း “ေၾသာ္… ပုဏၰားႀကီးရယ္ က်မကလည္း ဒါကို သိလို႔ ပုဏၰားႀကီးအတြက္ ေဆးေကာင္းသုံးခြက္ ေဖာ္စပ္ ေပးထားပါတယ္”လို႔ အၿပဳံးေလးနဲ႔ ေျပာလိုက္ရင္း ေရွ႕မွာတင္ထားတဲ့ ေဆးခြက္ကို လက္ကမ္းေပးလိုက္ေတာ့ ကိုေ႐ႊပုဏၰားက ဘာေျပာေကာင္းမလည္း တစ္က်ိဳက္တည္းေပါ့ ေမာ့ခ်ျပစ္လိုက္ တယ္။ဘာမွ ေမးမေနေတာ့ဘူး ခ်စ္သူတိုက္တဲ့ ေဆးေလ ေကာင္းမွ ေကာင္းေပါ့..မိဖုရားက ေနာက္တစ္ခြက္ ကမ္းေပးလိုက္ျပန္တယ္ ပုဏၰားက လည္း ေမာ့ခ်ျပစ္လိုက္တာပဲ ဒီတခြက္က်ေတာ့ ေဆးအရသာကို နည္းနည္း ခံစားမိသြားတယ္..ဒုတိယခြက္ကုန္သြားေတာ့ မိဖုရားက တတိ ယေျမာက္ ေဆးခြက္ကို ကမ္းေပးျပန္တယ္ ပုဏၰားက နည္းနည္းတြန႔္လာၿပီ ေဆးခြက္ကို ေသခ်ာ ၾကည့္ေနတယ္။မိဖုရားက “ေသာက္လိုက္ ပါ ပုဏၰားႀကီးရယ္ အားရွိသြားၿပီး ေရာဂါ ေပ်ာက္တာေပါ့”လို႔ ခ်ိဳခ်ိဳေလး ေျပာလိုက္ေတာ့ ေမာ့ခ် လိုက္ျပန္တယ္ ဒီတစ္ခါေတာ့ ပုဏၰားက မိဖုရားကို ေသခ်ာ ျပန္ၾကည့္တယ္..ေနာက္ စဥ္းစားေနတယ္ ဘာလည္းေပါ့။ မိဖုရားကလည္း ဒါကို ရိပ္မိေတာ့ ပုဏၰားႀကီး ၁။ပထမ ခြက္က ဘာခြက္လည္းလို႔ ေမးလိုက္ေတာ့ ေၾကးခြက္ပါဘုရားတဲ့..ဘာအရသာရွိလည္းဆိုေတာ့ဖန္တန္တန္နဲ႔ပါ ဘုရားတဲ့..၂။ ဒုတိယခြက္က ဘာခြက္လည္း ပုဏၰားႀကီးဆိုေတာ့ ေငြခြက္ပါဘုရားတဲ့ဘာအရသာ ရွိပါသလည္းဆိုေတာ့ ဖန္တန္တန္ပါပဲ ဘုရား…တဲ့၃။ တတိယခြက္ကေကာ ဘာခြက္လည္း ပုဏၰားႀကီးဆိုေတာ့ ေ႐ႊခြက္ပါဘုရား…တဲ့ဘာအရသာမ်ား ရွိသလည္းဆိုေတာ့ဖန္တန္တန္ပါပဲဘုရား…တဲ့..ပုဏၰားႀကီးက မိဖုရားရဲ႕ အေမးကို ေျဖေနရင္းနဲ႔ စဥ္းစားမိလာတယ္ ေၾသာ္… အေပၚယံ ခြက္ကသာ ေျပာင္းေပမယ့္ အထဲက အရသာ က မေျပာင္းဘူးဆိုတာ မိဖု ရားက ေျပာခ်င္ေနတာပဲ။ဘာေၾကာင့္ ေျပာခ်င္ေနတာလည္းလို႔ ထပ္စဥ္းစားေတာ့ မိဖုရားကို စြဲလွမ္းနစ္သက္မိတဲ့ အတြက္ေၾကာင့္ပဲ။မိဖု ရားအေဆာင္ အေယာင္ေတြနဲ႔ ဆိုေတာ့ ေ႐ႊခြက္နဲ႔တူတယ္။အိမ္က ပုဏၰမက ပုဏၰား အေဆာင္အေယာင္နဲ႔ဆိုေတာ့ ေငြခြက္နဲ႔တူတယ္။အရ သာကေတာ့ ဖန္တန္တန္ႀကီးပါပဲေပါ့ ဒါကို မိဖုရားက ေျပာခ်င္တာပဲဆိုၿပီး သေဘာေပါက္သြားတယ္။မွန္လွပါ သေဘာေပါက္ပါၿပီ မိဖုရားႀကီးမိဖုရားႀကီးက ပညာရွိပါ ေပတယ္လို႔ ခ်ီးမႊန္းလိုက္တယ္။မိဖုရားႀကီးကလည္း ပုဏၰားႀကီးကလည္း ပညာရွိပါေပတယ္လို႔ ျပန္ေျပာလိုက္ တယ္။ဒီေတာ့မွ ပုဏၰားႀကီးလည္း စိတ္ေရာဂါေတြ ေပ်ာက္ၿပီး ပုံမွန္အတိုင္းပဲ စားႏိုင္ အိပ္ႏိုင္ အလုပ္ လုပ္ႏိုင္သြားပါေတာ့တယ္။ဒီလိုနားလည္မယ္ဆိုရင္ေတာ့အိမ္ေထာင္ဖက္အေပၚ သစၥာေဖါက္စရာ မလိုေတာ့ဘူးေပါ့..အားလုံးက ဖန္တန္တန္ပဲေလ။ကိုးကား – မဟာဂႏၶာ႐ုံဆရာေတာ္ဘုရားႀကီး၏အေျချပဳပဌာန္းတရားေတာ္ စာအုပ္မွ အာ႐ုံအေၾကာင္း ရွင္းျပပုံ ဥပမာကို မွီျငမ္းပါသည္။