ကိုယ့်အလှည့်ကျ သဘောထားကြီးနိုင်မှာလား..?

တစ်ခါတုန်းက ခြူမင်းဆက်လက်ထက် တရုတ်ပြည်မှာ ဘုရင်ကိုးကွယ်ခံပညာရှိကြီး လောင်ဇူးက သူ့တပည့်တပန်များနဲ့အတူ လူစည်ကားရာ လမ်းဆုံလမ်းခွမှာ မေတ္တာတရားအကြောင်း ဟောပြောနေသတဲ့။အဲ့အချိန်မှာ တရုတ်ပြည်ဟာ အနောက်ဘက်အရပ်က လူရိုင်းတွေရဲ့ ထိုးနှက်လုယက်မှုကို အပြင်းထန် ခံနေရချိန်ဖြစ်လို့ တွန်းလှန်ဖို့ ကြိုးစားနေရချိန်ဖြစ်တယ်။ လောင်ဇူးက လူတွေကို မေတ္တာတရား ထားရမယ်။ နေရာ အသားရောင် လူမျိုးမရွေး သည်းခံရမယ် အတူတူ ဆုတောင်းပတ္ထနာ ပြုကြရမယ် စသဖြင့် ဟောပြောနေတာပေါ့။ အဲ့အချိန်မှာ လောင်ကွန်း ဆိုတဲ့ လူငယ်လေးတစ်ယောက်ရောက်လာပီး လောင်ဇူးကို ဘာမပြောညာမပြော ပါးဆွဲရိုက်သတဲ့။လူတွေရှေ့မှာလဲ ဖြစ် တပည့်တပန်းတွေရှေ့မှာလဲ ဖြစ်တော့ လောင်ဇူးဟာ ရှက်လဲရှက် ဒေါသလဲထွက်ပြီး သူ့တပည့်တွေကို အဲ့ကောင်ကို ဖမ်းပြီးနာနာဆုံးမလိုက်စမ်း လို့ အမိန့်ပေးတယ်။ အဲ့မယ် သူတပည့်တွေက လောင်ကွန်းကို သွေးစသွေးနတွေထွက်လာသည်ထိဝိုင်းဝန်းထိုးကြိတ်ကြတဲ့။

လူတွေလဲ ဝိုင်းဝန်း အုတ်အုတ် ကျက်ကျက် ရောက်လာပြီး ဖြန့်ဖြေကြတယ်။ လွတ်သွားပြီ ဖြစ်တဲ့ လူငယ်လေး လောင်ကွန်းဟာ ပြုံးစစ နဲ့ လောင်ဇူရဲ့စင်မြင့်ပေါ်တက်သွားတယ်။ပြီးတော့ သူက လူတွေကို လှမ်းအော်ပြောတယ်။ဒီမယ် ကိုယ့်လူတို့…လူတွေကလဲ စိတ်ဝင်တစားနဲ့ဝိုင်းမော့ကြည့်ကြတယ်။ ပညာရှိကြီး လောင်ဇူးပြောတဲ့ လူတွေကို မေတ္တာတရား ထားရမယ်။ နေရာ အသားရောင် လူမျိုးမရွေး သည်းခံရမယ် အတူတူ ဆုတောင်းပတ္ထနာပြုကြရမယ် စသဖြင့် ဟောပြောနေတာ မှန်ပါတယ်။ပြောရင်း သူ့ပါးစပ်က ထွက်လာတဲ့ သွေးတွေကို သုတ်တယ်။ ပြီးတော့ သွေးပေနေတဲ့ သူ့လက်ကို မြှောက်ပြရင်း အဲ့ဒါဟာ ကိုယ့်ပါးကိုလာမရိုက်ခင်ထိပါပဲတဲ့။ လူအုပ်ကြီးကလဲ ဝိုင်းပြီးလက် ခုပ်တီးကြတာပေါ့လေ။ သူက လောင်ဇူးဘက်ကိုလည်းလှည့်ပြောလိုက်တယ်။ခင်ဗျားလို လုံခြုံစိတ်ချတဲ့နေရာမှာနေရရင်တော့ ဘယ်သူ့ကိုမဆို မေတ္တာထားဖို့ လွယ်ကူပါတယ်။ ဒါပေမယ့် လူတိုင်းဟာခင်ဗျားလိုမနေရတာ သိထားပါ။ ကိုယ့်အလှည့်ကျသဘောထားကြီးနိုင်ကြပါစေ..။

Credit: ကွန်းဇော်(အညာမြေ)

[zawgyi]

တစ္ခါတုန္းက ျခဴမင္းဆက္လက္ထက္ တ႐ုတ္ျပည္မွာ ဘုရင္ကိုးကြယ္ခံပညာရွိႀကီး ေလာင္ဇူးက သူ႔တပည့္တပန္မ်ားနဲ႔အတူ လူစည္ကားရာ လမ္းဆုံလမ္းခြမွာ ေမတၱာတရားအေၾကာင္း ေဟာေျပာေနသတဲ့။အဲ့အခ်ိန္မွာ တ႐ုတ္ျပည္ဟာ အေနာက္ဘက္အရပ္က လူ႐ိုင္းေတြရဲ႕ ထိုးႏွက္လုယက္မႈကို အျပင္းထန္ ခံေနရခ်ိန္ျဖစ္လို႔ တြန္းလွန္ဖို႔ ႀကိဳးစားေနရခ်ိန္ျဖစ္တယ္။ ေလာင္ဇူးက လူေတြကို ေမတၱာတရား ထားရမယ္။ ေနရာ အသားေရာင္ လူမ်ိဳးမေ႐ြး သည္းခံရမယ္ အတူတူ ဆုေတာင္းပတၳနာ ျပဳၾကရမယ္ စသျဖင့္ ေဟာေျပာေနတာေပါ့။ အဲ့အခ်ိန္မွာ ေလာင္ကြန္း ဆိုတဲ့ လူငယ္ေလးတစ္ေယာက္ေရာက္လာပီး ေလာင္ဇူးကို ဘာမေျပာညာမေျပာ ပါးဆြဲ႐ိုက္သတဲ့။လူေတြေရွ႕မွာလဲ ျဖစ္ တပည့္တပန္းေတြေရွ႕မွာလဲ ျဖစ္ေတာ့ ေလာင္ဇူးဟာ ရွက္လဲရွက္ ေဒါသလဲထြက္ၿပီး သူ႔တပည့္ေတြကို အဲ့ေကာင္ကို ဖမ္းၿပီးနာနာဆုံးမလိုက္စမ္း လို႔ အမိန႔္ေပးတယ္။ အဲ့မယ္ သူတပည့္ေတြက ေလာင္ကြန္းကို ေသြးစေသြးနေတြထြက္လာသည္ထိဝိုင္းဝန္းထိုးႀကိတ္ၾကတဲ့။လူေတြလဲ ဝိုင္းဝန္း အုတ္အုတ္ က်က္က်က္ ေရာက္လာၿပီး ျဖန႔္ေျဖၾကတယ္။ လြတ္သြားၿပီ ျဖစ္တဲ့ လူငယ္ေလး ေလာင္ကြန္းဟာ ၿပဳံးစစ နဲ႔ ေလာင္ဇူရဲ႕စင္ျမင့္ေပၚတက္သြားတယ္။ၿပီးေတာ့ သူက လူေတြကို လွမ္းေအာ္ေျပာတယ္။ဒီမယ္ ကိုယ့္လူတို႔…လူေတြကလဲ စိတ္ဝင္တစားနဲ႔ဝိုင္းေမာ့ၾကည့္ၾကတယ္။ ပညာရွိႀကီး ေလာင္ဇူးေျပာတဲ့ လူေတြကို ေမတၱာတရား ထားရမယ္။ ေနရာ အသားေရာင္ လူမ်ိဳးမေ႐ြး သည္းခံရမယ္ အတူတူ ဆုေတာင္းပတၳနာျပဳၾကရမယ္ စသျဖင့္ ေဟာေျပာေနတာ မွန္ပါတယ္။ေျပာရင္း သူ႔ပါးစပ္က ထြက္လာတဲ့ ေသြးေတြကို သုတ္တယ္။ ၿပီးေတာ့ ေသြးေပေနတဲ့ သူ႔လက္ကို ေျမႇာက္ျပရင္း အဲ့ဒါဟာ ကိုယ့္ပါးကိုလာမ႐ိုက္ခင္ထိပါပဲတဲ့။ လူအုပ္ႀကီးကလဲ ဝိုင္းၿပီးလက္ ခုပ္တီးၾကတာေပါ့ေလ။ သူက ေလာင္ဇူးဘက္ကိုလည္းလွည့္ေျပာလိုက္တယ္။ခင္ဗ်ားလို လုံၿခဳံစိတ္ခ်တဲ့ေနရာမွာေနရရင္ေတာ့ ဘယ္သူ႔ကိုမဆို ေမတၱာထားဖို႔ လြယ္ကူပါတယ္။ ဒါေပမယ့္ လူတိုင္းဟာခင္ဗ်ားလိုမေနရတာ သိထားပါ။ ကိုယ့္အလွည့္က်သေဘာထားႀကီးႏိုင္ၾကပါေစ..။