မနက်ဖြန်ဆိုတာ သေချာလား

စစ်သူကြီး အဘိပါရက အိမ်တွင် ဆွမ်းကပ်နေသည်။ သံဃာတော်များပင့်ဖိတ်ပြီး ဆွမ်းများ ကပ်လှူခြင်းဖြစ် သည်။ ထို့နောက် ရေစက်ချ တရား နာသည်။ အမျှဝေသည်။ သာဓုခေါ်ကြသည်။သံဃာတော်များ ကိစ္စပြီးသဖြင့် ကျောင်းကိုပြန်ကြွတော့မည်။ စစ်သူကြီးက အိမ်ပေါက်ဝသို့ သံဃာတော်များ အားပို့ဆောင်ပြီး လက်အုပ်လေးချီထားသည်။ထိုအချိန်တွင် သူတောင်းစားတစ်ယောက်က စစ်သူကြီးနားကပ်ပြီး“ထမင်းလေးတစ်ဆုပ်လောက် စွန့်ကြဲပါခင်ဗျာ”စစ်သူကြီးက မျက်နှာတစ်ချက်မဲ့လိုက်သည်။ မင်္ဂလာယူနေချိန်တွင် မင်္ဂလာမရှိဟု စိတ်ထဲတွင်တွေးလိုက် သည်။ ထို့နောက်“တို့များ အလှူလုပ်နေတယ်… စိတ်ကြည်နူးနေချိန်မှာ အနှောင့်အယှက်မပေးပါနဲ့ကွယ် … မနက်ဖြန်မှလာခဲ့”သူတောင်းစားက နောက်ဆုတ်သွားသည်။ လမ်းမပေါ်တွင် ဆရာတော်က ရပ်နေသည်။ ကျန်ကိုယ်တော်များ ဆက်ကြွသွားသည်။ ဆရာတော်တစ်ပါးတည်း ရပ်နေခြင်းဖြစ်သည်။ စစ်သူကြီးက “အရှင်ဘုရား … ဘာများ မပြည့်စုံလို့ပါလဲဘုရား”“ပြည့်စုံပါတယ် ဒကာကြီး”သို့သော် ဆရာတော်ကဆက်ပြီးမကြွ“ဒကာကြီး”“အမိန့်ရှိတော်မူပါဘုရား”“ဒကာကြီးက စစ်ပွဲတွေကို နိုင်အောင်တိုက်လာနိုင်ခဲ့သ လား”“မှန်လှပါဘုရား”“ဒကာကြီးလိုလူ ဇမ္ဗူမှာ မရှိလောက်ဘူး”“အဘယ်ကြောင့်ပါလဲဘုရား”

“တိုက်ပွဲပေါင်းများစွာ… လူပေါင်းများစွာ အသက်တွေကို နိုင်အောင်တိုက်ရုံမကဘဲ ဒကာကြီးက အချိန်ဆိုတဲ့ အရာကိုပါ နိုင်အောင်တိုက်နိုင်သူဖြစ်လို့ အချိန်အောင်နိုင်သူလို့ ကြွေးကြော်သင့်တယ် မထင်ဘူးလား”“တပည့်တော် မရှင်းပါဘုရား… အဘယ်ကြောင့် တပည့်တော်က အချိန်ကို အောင်နိုင်သူ ဖြစ်ရမှာလဲဘုရား”“ဒကာကြီး… စောစောက သူတောင်းစားကို ဒကာကြီး ဘယ်လို ပြောလိုက်သလဲ”“မနက်ဖြန်မှ လာခဲ့လို့ ပြောလိုက်ပါတယ်ဘုရား”“ဒကာကြီးက အဲဒီ သူတောင်းစားကို မနက်ဖြန်အထိ အသက်ရှင်နေလိမ့်မယ်လို့ သိထားလား။ ဒါမှမဟုတ် ဒကာကြီး ကိုယ်တိုင်ကရော မနက်ဖြန်အထိ အသက်ရှင်နေလိမ့်မယ်လို့ မှတ်နေသလား”စစ်သူကြီး အဘိပါရက မြေပြင်ပေါ် ဒူးထောက်ကာ ထိုင်မိလျက်သားဖြစ်သွားသည်။“မနက်ဖြန်မှာ ဒကာကြီးရော… သူတောင်းစားပါ အသက်ရှင်နေလိမ့်မယ်လို့ ဒကာကြီးက သိလှချည်လား။ ဆန့်သောလက် မကွေးမီ… ကွေးသောလက်မဆန့်မီ အသက်ဝိညာဉ်ဆိုတာ ချုပ်ငြိမ်းတတ်တာပဲ။ ဒါပေမဲ့ ဒကာကြီးကတော့ မနက်ဖြန်အတွက် အပိုင်ကိုတွက်ထားတယ်။ မနက်ဖြန်ဆိုတာ အမှန်တကယ် ရှိနေလိမ့် မယ်လို့ ဒကာကြီး ယုံသလား”အဘိပါရက နှုတ်ဆိတ်နေသည်။“ဒကာကြီး မနက်ဖြန်ဆိုတာ ဒကာကြီးအတွက် ကျိန်းသေရင် ကြေညာလိုက်ပါ။ မနက်ဖြန် ငါ သူတောင်းစားကို ထမင်းတစ်ဆုပ်ပေးမယ်လို့ ကြွေးကြော်လိုက်ပါ။ ဒကာကြီးကုသိုလ်အတွက် ဘုန်းကြီး သာဓုခေါ်ချင်လို့ပါ”စစ်သူကြီး အဘိပါရက မျက်လုံးတွေကိုမှိတ်ထားပြီး ကြည်ညိုသဒ္ဓါပွားနေမိသည်။“တပည့်တော် ပြုဖွယ်ကိစ္စမှန်သမျှ ယခုပင် ပြုပါတော့မည်ဘုရား” သူကပြောပြောဆိုဆို မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဆရာတော်ကတော့ တစ်လှမ်းချင်း ကြွသွားသည်မှာ အဝေးကိုပင် ရောက်နေပြီ။

လေးစားစွာဖြင့် Credit – ဆရာ တင်ညွန့်

[zawgyi]

စစ္သူႀကီး အဘိပါရက အိမ္တြင္ ဆြမ္းကပ္ေနသည္။ သံဃာေတာ္မ်ားပင့္ဖိတ္ၿပီး ဆြမ္းမ်ား ကပ္လႉျခင္းျဖစ္ သည္။ ထို႔ေနာက္ ေရစက္ခ် တရား နာသည္။ အမွ်ေဝသည္။ သာဓုေခၚၾကသည္။သံဃာေတာ္မ်ား ကိစၥၿပီးသျဖင့္ ေက်ာင္းကိုျပန္ႂကြေတာ့မည္။ စစ္သူႀကီးက အိမ္ေပါက္ဝသို႔ သံဃာေတာ္မ်ား အားပို႔ေဆာင္ၿပီး လက္အုပ္ေလးခ်ီထားသည္။ထိုအခ်ိန္တြင္ သူေတာင္းစားတစ္ေယာက္က စစ္သူႀကီးနားကပ္ၿပီး“ထမင္းေလးတစ္ဆုပ္ေလာက္ စြန္႔ႀကဲပါခင္ဗ်ာ”စစ္သူႀကီးက မ်က္ႏွာတစ္ခ်က္မဲ့လိုက္သည္။ မဂၤလာယူေနခ်ိန္တြင္ မဂၤလာမရွိဟု စိတ္ထဲတြင္ေတြးလိုက္ သည္။ ထို႔ေနာက္“တို႔မ်ား အလႉလုပ္ေနတယ္… စိတ္ၾကည္ႏူးေနခ်ိန္မွာ အေႏွာင့္အယွက္မေပးပါနဲ႔ကြယ္ … မနက္ျဖန္မွလာခဲ့”သူေတာင္းစားက ေနာက္ဆုတ္သြားသည္။ လမ္းမေပၚတြင္ ဆရာေတာ္က ရပ္ေနသည္။ က်န္ကိုယ္ေတာ္မ်ား ဆက္ႂကြသြားသည္။ ဆရာေတာ္တစ္ပါးတည္း ရပ္ေနျခင္းျဖစ္သည္။ စစ္သူႀကီးက “အရွင္ဘုရား … ဘာမ်ား မျပည့္စုံလို႔ပါလဲဘုရား”“ျပည့္စုံပါတယ္ ဒကာႀကီး”သို႔ေသာ္ ဆရာေတာ္ကဆက္ၿပီးမႂကြ“ဒကာႀကီး”“အမိန္႔ရွိေတာ္မူပါဘုရား”“ဒကာႀကီးက စစ္ပြဲေတြကို ႏိုင္ေအာင္တိုက္လာႏိုင္ခဲ့သလား”“မွန္လွပါဘုရား”“ဒကာႀကီးလိုလူ ဇမၺဴမွာ မရွိေလာက္ဘူး”“အဘယ္ေၾကာင့္ပါလဲဘုရား”“တိုက္ပြဲေပါင္းမ်ားစြာ… လူေပါင္းမ်ားစြာ အသက္ေတြကို ႏိုင္ေအာင္တိုက္႐ုံမကဘဲ ဒကာႀကီးက အခ်ိန္ဆိုတဲ့ အရာကိုပါ ႏိုင္ေအာင္တိုက္ႏိုင္သူျဖစ္လို႔ အခ်ိန္ေအာင္ႏိုင္သူလို႔ ေႂကြးေၾကာ္သင့္တယ္ မထင္ဘူးလား”“တပည့္ေတာ္ မရွင္းပါဘုရား… အဘယ္ေၾကာင့္ တပည့္ေတာ္က အခ်ိန္ကို ေအာင္ႏိုင္သူ ျဖစ္ရမွာလဲဘုရား”“ဒကာႀကီး… ေစာေစာက သူေတာင္းစားကို ဒကာႀကီး ဘယ္လို ေျပာလိုက္သလဲ”“မနက္ျဖန္မွ လာခဲ့လို႔ ေျပာလိုက္ပါတယ္ဘုရား”“ဒကာႀကီးက အဲဒီ သူေတာင္းစားကို မနက္ျဖန္အထိ အသက္ရွင္ေနလိမ့္မယ္လို႔ သိထားလား။ ဒါမွမဟုတ္ ဒကာႀကီး ကိုယ္တိုင္ကေရာ မနက္ျဖန္အထိ အသက္ရွင္ေနလိမ့္မယ္လို႔ မွတ္ေနသလား”စစ္သူႀကီး အဘိပါရက ေျမျပင္ေပၚ ဒူးေထာက္ကာ ထိုင္မိလ်က္သားျဖစ္သြားသည္။“မနက္ျဖန္မွာ ဒကာႀကီးေရာ… သူေတာင္းစားပါ အသက္ရွင္ေနလိမ့္မယ္လို႔ ဒကာႀကီးက သိလွခ်ည္လား။ ဆန္႔ေသာလက္ မေကြးမီ… ေကြးေသာလက္မဆန္႔မီ အသက္ဝိညာဥ္ဆိုတာ ခ်ဳပ္ၿငိမ္းတတ္တာပဲ။ ဒါေပမဲ့ ဒကာႀကီးကေတာ့ မနက္ျဖန္အတြက္ အပိုင္ကိုတြက္ထားတယ္။ မနက္ျဖန္ဆိုတာ အမွန္တကယ္ ရွိေနလိမ့္ မယ္လို႔ ဒကာႀကီး ယုံသလား”အဘိပါရက ႏႈတ္ဆိတ္ေနသည္။“ဒကာႀကီး မနက္ျဖန္ဆိုတာ ဒကာႀကီးအတြက္ က်ိန္းေသရင္ ေၾကညာလိုက္ပါ။ မနက္ျဖန္ ငါ သူေတာင္းစားကို ထမင္းတစ္ဆုပ္ေပးမယ္လို႔ ေႂကြးေၾကာ္လိုက္ပါ။ ဒကာႀကီးကုသိုလ္အတြက္ ဘုန္းႀကီး သာဓုေခၚခ်င္လို႔ပါ”စစ္သူႀကီး အဘိပါရက မ်က္လုံးေတြကိုမွိတ္ထားၿပီး ၾကည္ညိဳသဒၶါပြားေနမိသည္။“တပည့္ေတာ္ ျပဳဖြယ္ကိစၥမွန္သမွ် ယခုပင္ ျပဳပါေတာ့မည္ဘုရား” သူကေျပာေျပာဆိုဆို မ်က္လုံးဖြင့္ၾကည့္လိုက္သည္။ ဆရာေတာ္ကေတာ့ တစ္လွမ္းခ်င္း ႂကြသြားသည္မွာ အေဝးကိုပင္ ေရာက္ေနၿပီ။