တစ်ခါက သူဌေးကြီး၊ ကုန်သည်နှင့် ပညာရှိတို့ သူငယ်ချင်းသုံးဦး ရှိလေတယ်။ သူတို့သုံးဦးတွင် သားတစ်ယောက်စီရှိပြီး သားသုံးယောက်တို့သည်လည်း မိတ်ဆွေ သူငယ်ချင်းတွေဖြစ်ကြတယ်။သားသုံးယောက်တို့ဟာ ယောင်္ကျားတို့တတ်အပ်သော ပညာတို့အလုံးစုံ သင်ယူတတ်မြောက် အရွယ်ရောက်သော်လည်း အပျော်အပါး အစားအသောက်တို့တွင်သာ မွေ့လျော်ပျော်ပါးရင်း အချိန်ကုန်လွန်နေတော့ ဖခင် ဖြစ်သူတို့ဟာ နေ့စဥ်ဆူပူကြိမ်းမောင်လေတော့တယ်။ဒါန့ သူငယ်ချင်းသုံးယောက်လည်း အိမ်ပေါ်ကဆင်းပြီး ထွက်ပြေးကြဖို့ တိုင်ပင်ကာ သုံးယောက်အတူ ထွက်ပြေးကြလေတော့တယ်။ မြို့ရွာတွေမှာ ပျော်ပါးစားသောက်ကြရင်း ပါလာတဲ့ ငွေကြေးအသပြာကုန်တဲ့အခါ သူဌေးကြီးရဲ့သားက ငွေရှိတဲ့အခါ ကိစ္စတော်တော်များများ ပြီးမြောက်အောင်မြင်တာဖြစ်တဲ့အတွက် ပတ္တမြားတောင်ကိုသွားလို့ ပတ္တမြားတူးဖို့ဆိုသတဲ့။ ကျန်သူတို့ကလည်း သဘောတူကာ ပတ္တမြားတောင်သို့ ခရီးဆက်ကြပါတော့တယ်။ဒီလိုနဲ့ ပတ္တမြားတောင်ကို ရောက်တဲ့အခါ သုံးယောက်နေရာခွဲ၍ ပတ္တမြားရှာကြရာ ကံကောင်းထောက်မစွာ ပတ္တမြားတစ်လုံးစီ ရရှိလာတော့တယ်။ထိုအခါ မိမိနေရပ်သို့ပြန်ရန် စီစဥ်တိုင် ပင်တဲ့အခါ လမ်းခရီး၌ ပတ္တမြားတောင်မှ ပတ္တမြားတူပြန်လာသူတို့ ထံမှ ခိုးဆိုးလုယက် သတ်ဖြတ်လေ့ရှိသော လူဆိုးလူမိုက်တို့ရန်ကြောင့် ပတ္တမြားတွေကို ဝမ်းထဲသို့ မျိုချ၍ သယ်ဆောင်ရန် အကြံရကာ ထမင်းဖြူနှင့်ရော၍ ဝမ်းအတွင်းမျိုချကြလေတယ်။ထိုအချိန် သူခိုးတစ်ယောက်ဟာ သူတို့သုံးဦး ပတ္တမြားကို မျိုချလိုက်တာတွေ့ပြီး ချဥ်းကပ်ပေါင်းသင်းကာ သူတို့ သုံးဦးအိပ်တဲ့အချိန်ကျမှ ဝမ်းကိုဖောက် ပတ္တ မြားယူမယ် ကြံစီပြီး အသနားခံ လမ်းကြုံလိုက်ပါရစေ တောင်းပန်သတဲ့။ သူတို့သုံးဦးလည်ယ လိုက်ခွင့်ပြုပြီး အပြန်ခရီးဆက်ကြရာ လမ်း ခရီးတစ်နေရာက ရွာတစ်ရွာကို ရောက်ခဲ့လေတယ်။အဲဒီ့ရွာမှာ လူဆိုးခေါင်းဆောင်တစ်ဦးရှိပြီး သူ့ထံတွင် သူစိမ်းလာလျှင် အဖိုးတန်ရတနာပါပါက အော်ဟစ်အသိပေး အချက်ပြတတ်တဲ့ ထူးဆန်းတဲ့ ငှက်ကြီးတစ်ကောင် ရှိလေတယ်။ ထိုငှက်ကြီးရဲ့ အော်မြည်သံ ဘာသာ စကားကိုလည်း လူဆိုးကောင်းဆောင်ကသာ အဓိပ္ပါယ်သိရှိနားလည်တယ်။ သူခိုးအပါအဝင် လူငယ်သုံးယောင်တို့ ရွာထဲဝင်တဲ့အခါ ထိုငှက်ကြီးမှာ အော်မြည်လေတော့တယ်။
ထိုအခါ လူဆိုးက တပည့်လက်သားတို့အား လူစိမ်းတို့ကို ဖမ်းဆီး၍ ခန္ဓါကိုယ်အနှံ့ရှာဖွေစေကာ အဖိုးတန် ရတနာ မတွေ့သောအခါမှ လွှတ်လေတယ်။ တဖန်ငှက်ကြီးသည် အော်မြည်လိုက်ပြန်သတဲ့။ လူဆိုးခေါင်းဆောင်လည်း သူ့ငှက်ကြီးသည် တစ်ခါမှ လွဲမှားဖူးခြင်းမရှိ အချက်ပေး အော်မြည်တတ်ရာ ထိုသူတို့ကို ဖမ်းစေပြန်တယ်။ထိုနောက် ခန္ဓါကိုယ်အနှံ့ ရှာဖွေသော်လည်း တန်ဖိုးရှိသော ရတနာကို မတွေ့ရှိသော အခါ ဒေါသအမျက် ထွက်လေတော့တယ်။ ထို့ကြောင့် ထိုသူလေးယောက်တို့အား နေဝင်ခါနီးအချိန်တွင် ဝမ်းဗိုက်ကို ဖောက်၍ ဝမ်းထဲ၌ ရ တနာကိုရှာဖွေရန် လူငယ်သုံးယောက်နှင့် သူခိုးတို့ရှေ့တွင် ကြိမ်ဝါး ပြောဆိုကာ ချည်နှောင်ထားလိုက်ပါတော့တယ်။ထိုအခါ သူခိုးဖြစ်သူသည် မိမိအပါအဝင် လူငယ်သုံးဦး သေရမည့်အရေးကို တွေးကာ မိမိကိုအရင်သတ်၍ ဝမ်းဗိုက်ကိုခွဲ ရတနာကို ရှာဖွေလို့မတွေ့ရှိပါက ကျန်သုံးဦး လွတ်မြောက်နိုင်ကြောင်းတွေးကာ နေဝင်ချိန်နီး သတ်ဖြတ်ခံရနီးအချိန်တွင် မိမိတို့တွင် အဖိုးတန်ရတနာ တစ်ကယ်မပါရှိကြောင်း သတ် ၍ ဝမ်းဗိုက်ကိုခွဲကာ ရတနာကို ရှာဖွေမည်ဆိုလည်း မိမိ၏ မိတ်ဆွေများကို မိမိရှေ့တွင် အသတ်ခံရတာကို မကြည့်ရက်နိုင်တာကြောင့် မိမိကိုအရင်သတ်၍ ရှာဖွေပါဟု ပြောကြားတယ်။လူဆိုးကောင်းဆောင်လည်း သူခိုးကို အရင်သတ်၍ ဝမ်းဗိုက်ကိုခွဲကာ ရတနာကိုရှာဖွေစေသော်လည်း ရတနာကို မတွေ့ရှိသောကြောင့် သူခိုးပြောသော ရတနာ မပါရှိဘူးဆိုသည်မှာ အမှန်စကားဖြစ်သည်။ ငှက်ကြီးကိုယုံမိ၍ အ ကျိုး မရှိ ရတနာမရဘဲ လူတစ်ယောက်ကို သေစေခဲ့သည်ဆိုပြီး ကျန်လူသုံးယောက်ကို လွှတ်လိုက်လေသည်။ဘဝအခြေအနေအရ အသက်မွေးဝမ်းကြောင်း အလုပ်အမျိုးမျိုးနဲ့ ကျင်လည်လုပ်ကိုင်နေကြရပေမယ့် ဒီအကြောင်းအရာလေးထဲကသူခိုးလို အရေးကြုံတဲ့အခါ အသက်အသေခံ ရတာခြင်းအတူတူ ဒုက္ခရောက်တာခြင်းအတူတူ မိမိ မိတ်ဆွေများ သက်သာရာသက်သာကြောင်း ကြံဆ၍ အနစ်နာခံလိုစိတ်ရှိသော သူများ လောကတွင် အများကြီး ရှိသလို မိမိအတွက်သာ ကြည်မြင်သူတွေလည်း အများကြီးရှိတက်ပါတယ်။
မူရင်း Credit
[zawgyi]
တစ္ခါက သူေဌးႀကီး၊ ကုန္သည္ႏွင့္ ပညာရွိတို႔ သူငယ္ခ်င္းသုံးဦး ရွိေလတယ္။ သူတို႔သုံးဦးတြင္ သားတစ္ေယာက္စီရွိၿပီး သားသုံးေယာက္တို႔သည္လည္း မိတ္ေဆြ သူငယ္ခ်င္းေတြျဖစ္ၾကတယ္။သားသုံးေယာက္တို႔ဟာ ေယာက်ၤားတို႔တတ္အပ္ေသာ ပညာတို႔အလုံးစုံ သင္ယူတတ္ေျမာက္ အ႐ြယ္ေရာက္ေသာ္လည္း အေပ်ာ္အပါး အစားအေသာက္တို႔တြင္သာ ေမြ႕ေလ်ာ္ေပ်ာ္ပါးရင္း အခ်ိန္ကုန္လြန္ေနေတာ့ ဖခင္ ျဖစ္သူတို႔ဟာ ေန႔စဥ္ဆူပူႀကိမ္းေမာင္ေလေတာ့တယ္။ဒါန႔ သူငယ္ခ်င္းသုံးေယာက္လည္း အိမ္ေပၚကဆင္းၿပီး ထြက္ေျပးၾကဖို႔ တိုင္ပင္ကာ သုံးေယာက္အတူ ထြက္ေျပးၾကေလေတာ့တယ္။ ၿမိဳ႕႐ြာေတြမွာ ေပ်ာ္ပါးစားေသာက္ၾကရင္း ပါလာတဲ့ ေငြေၾကးအသျပာကုန္တဲ့အခါ သူေဌးႀကီးရဲ႕သားက ေငြရွိတဲ့အခါ ကိစၥေတာ္ေတာ္မ်ားမ်ား ၿပီးေျမာက္ေအာင္ျမင္တာျဖစ္တဲ့အတြက္ ပတၱျမားေတာင္ကိုသြားလို႔ ပတၱျမားတူးဖို႔ဆိုသတဲ့။ က်န္သူတို႔ကလည္း သေဘာတူကာ ပတၱျမားေတာင္သို႔ ခရီးဆက္ၾကပါေတာ့တယ္။ဒီလိုနဲ႔ ပတၱျမားေတာင္ကို ေရာက္တဲ့အခါ သုံးေယာက္ေနရာခြဲ၍ ပတၱျမားရွာၾကရာ ကံေကာင္းေထာက္မစြာ ပတၱျမားတစ္လုံးစီ ရရွိလာေတာ့တယ္။ထိုအခါ မိမိေနရပ္သို႔ျပန္ရန္ စီစဥ္တိုင္ ပင္တဲ့အခါ လမ္းခရီး၌ ပတၱျမားေတာင္မွ ပတၱျမားတူျပန္လာသူတို႔ ထံမွ ခိုးဆိုးလုယက္ သတ္ျဖတ္ေလ့ရွိေသာ လူဆိုးလူမိုက္တို႔ရန္ေၾကာင့္ ပတၱျမားေတြကို ဝမ္းထဲသို႔ မ်ိဳခ်၍ သယ္ေဆာင္ရန္ အႀကံရကာ ထမင္းျဖဴႏွင့္ေရာ၍ ဝမ္းအတြင္းမ်ိဳခ်ၾကေလတယ္။ထိုအခ်ိန္ သူခိုးတစ္ေယာက္ဟာ သူတို႔သုံးဦး ပတၱျမားကို မ်ိဳခ်လိုက္တာေတြ႕ၿပီး ခ်ဥ္းကပ္ေပါင္းသင္းကာ သူတို႔ သုံးဦးအိပ္တဲ့အခ်ိန္က်မွ ဝမ္းကိုေဖာက္ ပတၱ ျမားယူမယ္ ႀကံစီၿပီး အသနားခံ လမ္းႀကဳံလိုက္ပါရေစ ေတာင္းပန္သတဲ့။ သူတို႔သုံးဦးလည္ယ လိုက္ခြင့္ျပဳၿပီး အျပန္ခရီးဆက္ၾကရာ လမ္း ခရီးတစ္ေနရာက ႐ြာတစ္႐ြာကို ေရာက္ခဲ့ေလတယ္။အဲဒီ့႐ြာမွာ လူဆိုးေခါင္းေဆာင္တစ္ဦးရွိၿပီး သူ႔ထံတြင္ သူစိမ္းလာလွ်င္ အဖိုးတန္ရတနာပါပါက ေအာ္ဟစ္အသိေပး အခ်က္ျပတတ္တဲ့ ထူးဆန္းတဲ့ ငွက္ႀကီးတစ္ေကာင္ ရွိေလတယ္။ ထိုငွက္ႀကီးရဲ႕ ေအာ္ျမည္သံ ဘာသာ စကားကိုလည္း လူဆိုးေကာင္းေဆာင္ကသာ အဓိပၸါယ္သိရွိနားလည္တယ္။ သူခိုးအပါအဝင္ လူငယ္သုံးေယာင္တို႔ ႐ြာထဲဝင္တဲ့အခါ ထိုငွက္ႀကီးမွာ ေအာ္ျမည္ေလေတာ့တယ္။ထိုအခါ လူဆိုးက တပည့္လက္သားတို႔အား လူစိမ္းတို႔ကို ဖမ္းဆီး၍ ခႏၶါကိုယ္အႏွံ႔ရွာေဖြေစကာ အဖိုးတန္ ရတနာ မေတြ႕ေသာအခါမွ လႊတ္ေလတယ္။ တဖန္ငွက္ႀကီးသည္ ေအာ္ျမည္လိုက္ျပန္သတဲ့။ လူဆိုးေခါင္းေဆာင္လည္း သူ႔ငွက္ႀကီးသည္ တစ္ခါမွ လြဲမွားဖူးျခင္းမရွိ အခ်က္ေပး ေအာ္ျမည္တတ္ရာ ထိုသူတို႔ကို ဖမ္းေစျပန္တယ္။ထိုေနာက္ ခႏၶါကိုယ္အႏွံ႔ ရွာေဖြေသာ္လည္း တန္ဖိုးရွိေသာ ရတနာကို မေတြ႕ရွိေသာ အခါ ေဒါသအမ်က္ ထြက္ေလေတာ့တယ္။ ထို႔ေၾကာင့္ ထိုသူေလးေယာက္တို႔အား ေနဝင္ခါနီးအခ်ိန္တြင္ ဝမ္းဗိုက္ကို ေဖာက္၍ ဝမ္းထဲ၌ ရ တနာကိုရွာေဖြရန္ လူငယ္သုံးေယာက္ႏွင့္ သူခိုးတို႔ေရွ႕တြင္ ႀကိမ္ဝါး ေျပာဆိုကာ ခ်ည္ေႏွာင္ထားလိုက္ပါေတာ့တယ္။ထိုအခါ သူခိုးျဖစ္သူသည္ မိမိအပါအဝင္ လူငယ္သုံးဦး ေသရမည့္အေရးကို ေတြးကာ မိမိကိုအရင္သတ္၍ ဝမ္းဗိုက္ကိုခြဲ ရတနာကို ရွာေဖြလို႔မေတြ႕ရွိပါက က်န္သုံးဦး လြတ္ေျမာက္ႏိုင္ေၾကာင္းေတြးကာ ေနဝင္ခ်ိန္နီး သတ္ျဖတ္ခံရနီးအခ်ိန္တြင္ မိမိတို႔တြင္ အဖိုးတန္ရတနာ တစ္ကယ္မပါရွိေၾကာင္း သတ္ ၍ ဝမ္းဗိုက္ကိုခြဲကာ ရတနာကို ရွာေဖြမည္ဆိုလည္း မိမိ၏ မိတ္ေဆြမ်ားကို မိမိေရွ႕တြင္ အသတ္ခံရတာကို မၾကည့္ရက္ႏိုင္တာေၾကာင့္ မိမိကိုအရင္သတ္၍ ရွာေဖြပါဟု ေျပာၾကားတယ္။လူဆိုးေကာင္းေဆာင္လည္း သူခိုးကို အရင္သတ္၍ ဝမ္းဗိုက္ကိုခြဲကာ ရတနာကိုရွာေဖြေစေသာ္လည္း ရတနာကို မေတြ႕ရွိေသာေၾကာင့္ သူခိုးေျပာေသာ ရတနာ မပါရွိဘူးဆိုသည္မွာ အမွန္စကားျဖစ္သည္။ ငွက္ႀကီးကိုယုံမိ၍ အ က်ိဳး မရွိ ရတနာမရဘဲ လူတစ္ေယာက္ကို ေသေစခဲ့သည္ဆိုၿပီး က်န္လူသုံးေယာက္ကို လႊတ္လိုက္ေလသည္။ဘဝအေျခအေနအရ အသက္ေမြးဝမ္းေၾကာင္း အလုပ္အမ်ိဳးမ်ိဳးနဲ႔ က်င္လည္လုပ္ကိုင္ေနၾကရေပမယ့္ ဒီအေၾကာင္းအရာေလးထဲကသူခိုးလို အေရးႀကဳံတဲ့အခါ အသက္အေသခံ ရတာျခင္းအတူတူ ဒုကၡေရာက္တာျခင္းအတူတူ မိမိ မိတ္ေဆြမ်ား သက္သာရာသက္သာေၾကာင္း ႀကံဆ၍ အနစ္နာခံလိုစိတ္ရွိေသာ သူမ်ား ေလာကတြင္ အမ်ားႀကီး ရွိသလို မိမိအတြက္သာ ၾကည္ျမင္သူေတြလည္း အမ်ားႀကီးရွိတက္ပါတယ္။