Hazard Light (စုံမီး) ကို ဘယ်အချိန်တွေမှာ အသုံးပြုရမလဲ..?

ကားမောင်းတဲ့အခါ တချို့ ကားဆရာများဟာ လမ်းစုံလမ်းခွတွေမှာ တည့်တည့်သွားမည်ဆိုပါက စုံမီး (ခေါ်) Hazard Light ကို ပြသလေ့ရှိပါတယ်။ ဒါက အမှတ်မှားလေ့ရှိတဲ့ အလေ့အကျင့် တစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့မျိုး မမှားရအောင် စုံမီး (ခေါ်) Hazard Light ကိုမှန်ကန်စွာ အသုံးပြုနည်းအား ဖော်ပြပေးလိုက်ပါတယ်။နိုင်ငံတကာ စံနှုန်းများအရ လမ်းဆုံ လမ်းခွများ၌ဖြစ်စေ၊ ကုန်းတက်၊ ကုန်းဆင်းများ၌ဖြစ်စေ၊ တည့်တည့် မောင်းနှင်မည့် ကားများသည် မည်သည့် အချက်ပြကိုမျှ ပြရန် မလိုအပ်ပါ။ Hazard Light ကို အောက်ပါ အ ခြေအနေများ၌သာ ဖွင့်၍ မောင်းနှင် ကြရမည် ဖြစ်သည်။

(၁) လမ်းမပေါ်၌ ကားပျက်နေစဉ်။ (၂) ခေတ္တရပ်၍ ပစ္စည်းတင်/ချ ပြုလုပ်နေစဉ်။ (၃) ကားဘီးပေါက်၍ လဲလှယ်ရန် Jack ဖြင့်ထောက်မထားစဉ်။(၄) စက်ပျက်နေသော ကားကို ဆွဲခေါ်လာစဉ်။ (၅) တစ်ဖက်ပိတ်လမ်း၏ အဆုံး၌ ရပ်ထားစဉ်။ (၆) ချောက်ကမ်းပါးနှင့် နီးကပ်သော နေရာ၌ ရပ်နားထားစဉ်။ (၇) အန္တရာယ်ဇုန်အနီး၌ ရပ်ထားစဉ်။ (၈) အရေးပေါ် ထိခိုက်ဒဏ်ရာ ရထားသူကို ကူညီတင်ဆောင်လာစဉ်။ (၉) မီးငြိမ်းသတ်ရန် မောင်းနှင်လာစဉ်။ (၁၀) မီးလောင်ပေါက်ကွဲနိုင်သော ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်။ (၁၁) တိရစ္ဆာန်များ တင် ဆောင်မောင်းနှင်လာစဉ်။ (၁၂) ထုထည် ကြီးမားကျယ်ပြန့်သော စက်ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်။ (၁၃) ယန္တရားများ လုပ်ငန်းဆောင်ရွက်နေစဉ်။ (၁၄) အုပ်စုအလိုက် ယာဉ်တန်းဖြင့် မောင်းနှင်လာစဉ်။ (၁၅) ဘေးအန္တရယ် ကျရောက်နေသော နေရာအနီးမှဖြတ်၍ ဖြည်းညှင်းစွာ မောင်းနှင်နေစဉ်။ (၁၆) လုံခြုံရေးအခြေအနေအရ အရေးကြီးပုဂ္ဂိုလ်၏ ယာဉ်ကို စောင့်ရှောက် လိုက်ပါမောင်းနှင်လာသည့် အခြေအနေများတွင်သာ အသုံးပြုရမည် ဖြစ်ပါသည်။

Credit – CAR THADIN SONE

[zawgyi]

ကားေမာင္းတဲ့အခါ တခ်ိဳ႕ ကားဆရာမ်ားဟာ လမ္းစုံလမ္းခြေတြမွာ တည့္တည့္သြားမည္ဆိုပါက စုံမီး (ေခၚ) Hazard Light ကို ျပသေလ့ရွိပါတယ္။ ဒါက အမွတ္မွားေလ့ရွိတဲ့ အေလ့အက်င့္ တစ္ခုေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ထိုကဲ့သို႔မ်ိဳး မမွားရေအာင္ စုံမီး (ေခၚ) Hazard Light ကိုမွန္ကန္စြာ အသုံးျပဳနည္းအား ေဖာ္ျပေပးလိုက္ပါတယ္။ႏိုင္ငံတကာ စံႏႈန္းမ်ားအရ လမ္းဆုံ လမ္းခြမ်ား၌ျဖစ္ေစ၊ ကုန္းတက္၊ ကုန္းဆင္းမ်ား၌ျဖစ္ေစ၊ တည့္တည့္ ေမာင္းႏွင္မည့္ ကားမ်ားသည္ မည္သည့္ အခ်က္ျပကိုမွ် ျပရန္ မလိုအပ္ပါ။ Hazard Light ကို ေအာက္ပါ အ ေျခအေနမ်ား၌သာ ဖြင့္၍ ေမာင္းႏွင္ ၾကရမည္ ျဖစ္သည္။(၁) လမ္းမေပၚ၌ ကားပ်က္ေနစဥ္။ (၂) ေခတၱရပ္၍ ပစၥည္းတင္/ခ် ျပဳလုပ္ေနစဥ္။ (၃) ကားဘီးေပါက္၍ လဲလွယ္ရန္ Jack ျဖင့္ေထာက္မထားစဥ္။(၄) စက္ပ်က္ေနေသာ ကားကို ဆြဲေခၚလာစဥ္။ (၅) တစ္ဖက္ပိတ္လမ္း၏ အဆုံး၌ ရပ္ထားစဥ္။ (၆) ေခ်ာက္ကမ္းပါးႏွင့္ နီးကပ္ေသာ ေနရာ၌ ရပ္နားထားစဥ္။ (၇) အႏၲရာယ္ဇုန္အနီး၌ ရပ္ထားစဥ္။ (၈) အေရးေပၚ ထိခိုက္ဒဏ္ရာ ရထားသူကို ကူညီတင္ေဆာင္လာစဥ္။ (၉) မီးၿငိမ္းသတ္ရန္ ေမာင္းႏွင္လာစဥ္။ (၁၀) မီးေလာင္ေပါက္ကြဲႏိုင္ေသာ ပစၥည္းမ်ား တင္ေဆာင္ေမာင္းႏွင္လာစဥ္။ (၁၁) တိရစာၦန္မ်ား တင္ ေဆာင္ေမာင္းႏွင္လာစဥ္။ (၁၂) ထုထည္ ႀကီးမားက်ယ္ျပန႔္ေသာ စက္ပစၥည္းမ်ား တင္ေဆာင္ေမာင္းႏွင္လာစဥ္။ (၁၃) ယႏၲရားမ်ား လုပ္ငန္းေဆာင္႐ြက္ေနစဥ္။ (၁၄) အုပ္စုအလိုက္ ယာဥ္တန္းျဖင့္ ေမာင္းႏွင္လာစဥ္။ (၁၅) ေဘးအႏၲရယ္ က်ေရာက္ေနေသာ ေနရာအနီးမွျဖတ္၍ ျဖည္းညႇင္းစြာ ေမာင္းႏွင္ေနစဥ္။ (၁၆) လုံၿခဳံေရးအေျခအေနအရ အေရးႀကီးပုဂၢိဳလ္၏ ယာဥ္ကို ေစာင့္ေရွာက္ လိုက္ပါေမာင္းႏွင္လာသည့္ အေျခအေနမ်ားတြင္သာ အသုံးျပဳရမည္ ျဖစ္ပါသည္။