မြွေပွေးလို စိတ်မျိူး မမွေးနှင့်..

တချို့က ပြောသေးတယ်။ “ငါက မဟုတ်မခံကွ၊ မဟုတ်လို့ကတော့ ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ကိုယ့် လာ မထိနဲ့၊ လာ ထိလို့ကတော့ ယင် ကောင် တောင် အလွတ် မခံဘူး၊ ငါက မြွေပွေးကွ’’ ဆိုပြီး ဂုဏ်ယူပြီး ပြောတတ်ကြတယ်။ အဲဒါ မာနပဲ။ဖားအံနယ်က ရွာသားတစ်ယောက်၊ သူက မြွေဖမ်း အလွန် ကျွမ်းကျင်တယ်။ ဒါပေမဲ့ ခြေထောက် တစ်ဖက်က မသန်ရှာဘူး။ မြွေဖမ်းတဲ့နေရာမှာတော့ ဆရာတစ်ဆူပဲ။ တစ်ညကို ၂-ကောင် ၃- ကောင်လောက် ရတယ်တဲ့။ သူဖမ်းလိုက်ရင်လည်း မြွေပွေးပဲ။ သွားရောင်းရင် တစ်ကောင်ကို တစ်သောင်း လောက် ရသတဲ့။သူ့ကို လူငယ်လေးတစ်ယောက်က ‘‘ဖထီးက တစ်ညကို မြွေနှစ်ကောင်သုံးကောင် ရအောင် ဖမ်းနိုင်တယ်ဆို၊ သိပ်တော်တယ်ဗျာ၊ ဖမ်းလိုက်ရင်လည်း မြွေပွေးချည်းပဲ” လို့ ပြောလိုက်တယ်။”ငါက ခြေ ထောက် မသန် တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင် ဘူး။ အဲဒီကောင် တွေက လူ တွေ့ရင် ထွက်ပြေးတာကိုး။ ဒါ ကြောင့် ငါက မြွေ ပွေးပဲဖမ်းတယ်’’။” အော် ဟုတ်ပီ”။” မြွေ ပွေးကျတော့ လူ တွေ့ရင် မပြေးဘူး၊ ငါ့ထိရင် ကိုက်မယ်ဆိုပြီး ငြိမ် နေတာ၊ လာမထိနဲ့ သေသွားမယ် ဆိုတဲ့ပုံစံမျိုးပေါ့၊ သူ့ကိုမထိသေးရင် ဘာမှ မလုပ်ဘူး။

ဒီတော့ သူ့ဦးခေါင်းနားကို မှိန်းနဲ့ အသာလေးကပ်ပြီး ဦးခေါင်းကို မှိန်းနှင့် တခါထဲ ထိုးချလိုက် တယ်၊ ဒီကောင် မလှုပ်နိုင်တော့ဘူး၊ မိတာပဲ” ။ “အော် .. ဖထီးက လက်သွက်တော့ ရတာပေါ့ဗျာ”။ ‘‘ လူလေးရေ .. လက်သွက်လို့ မဟုတ်ဘူးကွ၊ မြွေထဲမှာ မြွေ ပွေးက ဖမ်းလို့အလွယ်ဆုံးပဲ၊ အဆိပ်ရှိတယ် ဆိုပြီး မာန်တက်နေတာကိုး၊ ဒီတော့ မပြေးဘူးလေ၊ မပြေးတော့ မှိန်းစာမိသွားတာပေါ့ကွာ” တဲ့။ကရင်ကြီး ပြောစ ကား မှတ်သားစရာ အလွန်ထိမိတယ်။ သူ့အတွေ့အကြုံ သူ့ဘဝထဲက ရလာတဲ့ ဒဿနတစ်ခုလဲ ဖြစ်ပါတယ်။” မြွေပွေးဟာ ငါ့မှာ အဆိပ်ရှိတယ်ဆိုပြီး မာန်တက်နေတာကိုး၊ ဒါကြောင့် မှိန်းစာမိသွားတာ” တဲ့။ ဒါကြောင့် ဟိုနားစွာကျယ်စွာကျယ်, ဒီနား စွာကျယ်စွာကျယ် လုပ်သူမှန်သမျှ လူ့မြွေပွေးလို့ မှတ်လိုက်ပါ။လူ့စိတ်ကလည်း ခက်တယ်။ နယ်ပယ်တစ်ခုခုမှာ အောင်မြင်မှု ရလာပြီဆိုရင် မာန်တက်တတ်တယ်။ ဒီတော့ ဘယ်လိုအခြေအနေပဲ ရောက်ရောက် အတ္တမာန မဖြစ်အောင် သတိပြုရမယ်။ ဒါကြောင့် သတိပေးချင်တာက “မြွေပွေးလို မကျင့်ကြပါနဲ့..။

Credit – မူရင်း

[zawgyi]

တခ်ိဳ႕က ေျပာေသးတယ္။ “ငါက မဟုတ္မခံကြ၊ မဟုတ္လို႔ကေတာ့ ခြင့္လႊတ္မွာ မဟုတ္ဘူး၊ ကိုယ့္ လာ မထိနဲ႔၊ လာ ထိလို႔ကေတာ့ ယင္ ေကာင္ ေတာင္ အလြတ္ မခံဘူး၊ ငါက ေႁမြေပြးကြ’’ ဆိုၿပီး ဂုဏ္ယူၿပီး ေျပာတတ္ၾကတယ္။ အဲဒါ မာနပဲ။ဖားအံနယ္က ႐ြာသားတစ္ေယာက္၊ သူက ေႁမြဖမ္း အလြန္ ကြၽမ္းက်င္တယ္။ ဒါေပမဲ့ ေျခေထာက္ တစ္ဖက္က မသန္ရွာဘူး။ ေႁမြဖမ္းတဲ့ေနရာမွာေတာ့ ဆရာတစ္ဆူပဲ။ တစ္ညကို ၂-ေကာင္ ၃- ေကာင္ေလာက္ ရတယ္တဲ့။ သူဖမ္းလိုက္ရင္လည္း ေႁမြေပြးပဲ။ သြားေရာင္းရင္ တစ္ေကာင္ကို တစ္ေသာင္း ေလာက္ ရသတဲ့။သူ႔ကို လူငယ္ေလးတစ္ေယာက္က ‘‘ဖထီးက တစ္ညကို ေႁမြႏွစ္ေကာင္သုံးေကာင္ ရေအာင္ ဖမ္းႏိုင္တယ္ဆို၊ သိပ္ေတာ္တယ္ဗ်ာ၊ ဖမ္းလိုက္ရင္လည္း ေႁမြေပြးခ်ည္းပဲ” လို႔ ေျပာလိုက္တယ္။”ငါက ေျခ ေထာက္ မသန္ ေတာ့ လင္းေႁမြတို႔ ေရေႁမြတို႔ကို မဖမ္းႏိုင္ ဘူး။ အဲဒီေကာင္ ေတြက လူ ေတြ႕ရင္ ထြက္ေျပးတာကိုး။ ဒါ ေၾကာင့္ ငါက ေႁမြ ေပြးပဲဖမ္းတယ္’’။” ေအာ္ ဟုတ္ပီ”။” ေႁမြ ေပြးက်ေတာ့ လူ ေတြ႕ရင္ မေျပးဘူး၊ ငါ့ထိရင္ ကိုက္မယ္ဆိုၿပီး ၿငိမ္ ေနတာ၊ လာမထိနဲ႔ ေသသြားမယ္ ဆိုတဲ့ပုံစံမ်ိဳးေပါ့၊ သူ႔ကိုမထိေသးရင္ ဘာမွ မလုပ္ဘူး။ဒီေတာ့ သူ႔ဦးေခါင္းနားကို မွိန္းနဲ႔ အသာေလးကပ္ၿပီး ဦးေခါင္းကို မွိန္းႏွင့္ တခါထဲ ထိုးခ်လိုက္ တယ္၊ ဒီေကာင္ မလႈပ္ႏိုင္ေတာ့ဘူး၊ မိတာပဲ” ။ “ေအာ္ .. ဖထီးက လက္သြက္ေတာ့ ရတာေပါ့ဗ်ာ”။ ‘‘ လူေလးေရ .. လက္သြက္လို႔ မဟုတ္ဘူးကြ၊ ေႁမြထဲမွာ ေႁမြ ေပြးက ဖမ္းလို႔အလြယ္ဆုံးပဲ၊ အဆိပ္ရွိတယ္ ဆိုၿပီး မာန္တက္ေနတာကိုး၊ ဒီေတာ့ မေျပးဘူးေလ၊ မေျပးေတာ့ မွိန္းစာမိသြားတာေပါ့ကြာ” တဲ့။ကရင္ႀကီး ေျပာစ ကား မွတ္သားစရာ အလြန္ထိမိတယ္။ သူ႔အေတြ႕အႀကဳံ သူ႔ဘဝထဲက ရလာတဲ့ ဒႆနတစ္ခုလဲ ျဖစ္ပါတယ္။” ေႁမြေပြးဟာ ငါ့မွာ အဆိပ္ရွိတယ္ဆိုၿပီး မာန္တက္ေနတာကိုး၊ ဒါေၾကာင့္ မွိန္းစာမိသြားတာ” တဲ့။ ဒါေၾကာင့္ ဟိုနားစြာက်ယ္စြာက်ယ္, ဒီနား စြာက်ယ္စြာက်ယ္ လုပ္သူမွန္သမွ် လူ႔ေႁမြေပြးလို႔ မွတ္လိုက္ပါ။လူ႔စိတ္ကလည္း ခက္တယ္။ နယ္ပယ္တစ္ခုခုမွာ ေအာင္ျမင္မႈ ရလာၿပီဆိုရင္ မာန္တက္တတ္တယ္။ ဒီေတာ့ ဘယ္လိုအေျခအေနပဲ ေရာက္ေရာက္ အတၱမာန မျဖစ္ေအာင္ သတိျပဳရမယ္။ ဒါေၾကာင့္ သတိေပးခ်င္တာက “ေႁမြေပြးလို မက်င့္ၾကပါနဲ႔..။