လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့…

တစ်ခါတုန်းကပေါ့..။ရွာတစ်ရွာမှာ လယ်သမားမိသားစုတစ်စုရှိတယ်။မနက်အချိန်ဆို အဖေဖြစ်သူနဲ့သားဖြစ်သူဟာ လယ်ထဲဆင်းတယ်။အမေဖြစ်သူကတော့ နေ့လယ်ထမင်းထုပ်ပို့ဖို့ချက်ပြုတ်ပြင်ဆင်တာနဲ့ အဝတ်တွေဖွတ်ရတာနဲ့ မနက်ပိုင်းတော့ တစ်မိသားစုလုံးအလုပ်ကိုယ်စီနဲ့ပေါ့။လယ်ထဲမဆင်းတဲ့ရက်တွေမှာတော့ အဖေဖြစ်သူနဲ့သားဖြစ်သူဟာ ရွာပြင်ဘက်က ထင်းရှူးတောကြီးမှာ ထင်းသွား ခုတ်ကြလေ့ရှိတယ်။ တစ်နေ့ သားအဖနှစ်ယောက် ထင်းခုတ်ဖို့တောတက်သွားကြတယ်။အမေဖြစ်သူကတော့ အိမ်မှာပဲထုံးစံအတိုင်း ချက်ပြုတ်လျှော်ဖွတ်ပေါ့..။သားအဖနှစ်ယောက်တောတက်လာလိုက်တာ ပင်ပန်းတာနဲ့ ကြာကန်တစ်ကန်နားမှာ နားကြတယ်။နေကလဲ စောင်းနေပြီပေါ့။ဒါနဲ့ ကြာကန်ကရေနဲ့ပဲ ခြေ၊လက်ဆေးပြီး ကိုယ်လက်သန့်ရှင်းလိုက်ပြီး ခဏထိုင်နားနေလိုက်ကြတယ်။အဲ့ဒီအချိန်မှာ ဖားတစ်ကောင်ဟာ ကြာရွက်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး ”ဥုံအွမ် ဥုံအွမ်”အော်နေတာပေါ့။

တဆက်တည်း ဗျိုင်းတစ်ကောင်ရောက်ချလာပြီး ဖားကိုနှုတ်သီးနဲ့အပေါ်ကောက်မြှောက်လိုက်ပြီး သူ့ရဲ့နှုတ်သီးရှည်ရှည်ကြီးကိုဟကာ ဖားကျအလာကိုစောင့်နေတယ်။ဖားက ပါးစပ်ထဲတော့ကျလာပါရဲ့။ဒါပေမယ့် ဖားခေါင်းပိုင်းကပဲ ဗျိုင်းပါးစပ်ထဲဝင်နေပြီး ဖားရဲ့လက်နှစ်ဖက် ကတော့ ဗျိုင်းရဲ့လည်ပင်းကိုဖျစ်ညှစ်ထားလို့ပေါ့..။သားအဖနှစ်ယောက်လုံးဟာ အဲ့ဒီအခြင်းအရာကို စိတ်ဝင်တစားနဲ့စောင့်ကြည့်နေကြတယ်။ဖားကပဲ ဗျိုင်းကိုသတ်နိုင်မလား။ ဗျိုင်းကပဲ ဖားကိုမျိုနိုင်မလားပေါ့။ တဆက်တည်းမှာပဲ သားအဖနှစ်ယောက်လုံးရဲ့ခေါင်းထဲကိုအတွေးတစ်ခုဝင်လာတယ်။ “ဘဝဆိုတာက ထွက်သက်မတိုင်မီအချိန်ထိတော့ အရှုံးပေးစရာမလိုဘူးဆိုတာကိုပေါ့။ ဖားကပဲဗျိုင်းကို သတ်နိုင်မလား။ဗျိုင်းကရောဖားကို မျိုနိုင်မလားဆိုတာတော့ စာဖတ်သူကိုယ်တိုင်သာ ဆုံးဖြတ်လိုက်ပါ။ဘာလို့ဆို ဖားရဲ့လက်ဖျစ်အားကြောင့် ဗျိုင်းဟာအသက်ရှူကြပ်ပြီးသေသွားနိုင်သလို ဗျိုင်းဟာသူ့ရဲ့လက်သည်းတွေနဲ့ ဖားရဲ့လက်တွေကို ခြစ်ချလိုက်ပြီး မျိုချနိုင်လိုက်တာလဲ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဘယ်တော့မှအရှူံးပေးစရာမလိုပါ။

Credit သော်တာဟန်

[zawgyi]

တစ္ခါတုန္းကေပါ့..။႐ြာတစ္႐ြာမွာ လယ္သမားမိသားစုတစ္စုရွိတယ္။မနက္အခ်ိန္ဆို အေဖျဖစ္သူနဲ႔သားျဖစ္သူဟာ လယ္ထဲဆင္းတယ္။အေမျဖစ္သူကေတာ့ ေန႔လယ္ထမင္းထုပ္ပို႔ဖို႔ခ်က္ျပဳတ္ျပင္ဆင္တာနဲ႔ အဝတ္ေတြဖြတ္ရတာနဲ႔ မနက္ပိုင္းေတာ့ တစ္မိသားစုလုံးအလုပ္ကိုယ္စီနဲ႔ေပါ့။လယ္ထဲမဆင္းတဲ့ရက္ေတြမွာေတာ့ အေဖျဖစ္သူနဲ႔သားျဖစ္သူဟာ ႐ြာျပင္ဘက္က ထင္းရႉးေတာႀကီးမွာ ထင္းသြား ခုတ္ၾကေလ့ရွိတယ္။ တစ္ေန႔ သားအဖႏွစ္ေယာက္ ထင္းခုတ္ဖို႔ေတာတက္သြားၾကတယ္။အေမျဖစ္သူကေတာ့ အိမ္မွာပဲထုံးစံအတိုင္း ခ်က္ျပဳတ္ေလွ်ာ္ဖြတ္ေပါ့..။သားအဖႏွစ္ေယာက္ေတာတက္လာလိုက္တာ ပင္ပန္းတာနဲ႔ ၾကာကန္တစ္ကန္နားမွာ နားၾကတယ္။ေနကလဲ ေစာင္းေနၿပီေပါ့။ဒါနဲ႔ ၾကာကန္ကေရနဲ႔ပဲ ေျခ၊လက္ေဆးၿပီး ကိုယ္လက္သန္႔ရွင္းလိုက္ၿပီး ခဏထိုင္နားေနလိုက္ၾကတယ္။အဲ့ဒီအခ်ိန္မွာ ဖားတစ္ေကာင္ဟာ ၾကာ႐ြက္ေပၚမွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး ”ဥဳံအြမ္ ဥဳံအြမ္”ေအာ္ေနတာေပါ့။တဆက္တည္း ဗ်ိဳင္းတစ္ေကာင္ေရာက္ခ်လာၿပီး ဖားကိုႏႈတ္သီးနဲ႔အေပၚေကာက္ေျမႇာက္လိုက္ၿပီး သူ႔ရဲ႕ႏႈတ္သီးရွည္ရွည္ႀကီးကိုဟကာ ဖားက်အလာကိုေစာင့္ေနတယ္။ဖားက ပါးစပ္ထဲေတာ့က်လာပါရဲ႕။ဒါေပမယ့္ ဖားေခါင္းပိုင္းကပဲ ဗ်ိဳင္းပါးစပ္ထဲဝင္ေနၿပီး ဖားရဲ႕လက္ႏွစ္ဖက္ ကေတာ့ ဗ်ိဳင္းရဲ႕လည္ပင္းကိုဖ်စ္ညႇစ္ထားလို႔ေပါ့..။သားအဖႏွစ္ေယာက္လုံးဟာ အဲ့ဒီအျခင္းအရာကို စိတ္ဝင္တစားနဲ႔ေစာင့္ၾကည့္ေနၾကတယ္။ဖားကပဲ ဗ်ိဳင္းကိုသတ္ႏိုင္မလား။ ဗ်ိဳင္းကပဲ ဖားကိုမ်ိဳႏိုင္မလားေပါ့။ တဆက္တည္းမွာပဲ သားအဖႏွစ္ေယာက္လုံးရဲ႕ေခါင္းထဲကိုအေတြးတစ္ခုဝင္လာတယ္။ “ဘဝဆိုတာက ထြက္သက္မတိုင္မီအခ်ိန္ထိေတာ့ အရႈံးေပးစရာမလိုဘူးဆိုတာကိုေပါ့။ ဖားကပဲဗ်ိဳင္းကို သတ္ႏိုင္မလား။ဗ်ိဳင္းကေရာဖားကို မ်ိဳႏိုင္မလားဆိုတာေတာ့ စာဖတ္သူကိုယ္တိုင္သာ ဆုံးျဖတ္လိုက္ပါ။ဘာလို႔ဆို ဖားရဲ႕လက္ဖ်စ္အားေၾကာင့္ ဗ်ိဳင္းဟာအသက္ရႉၾကပ္ၿပီးေသသြားႏိုင္သလို ဗ်ိဳင္းဟာသူ႔ရဲ႕လက္သည္းေတြနဲ႔ ဖားရဲ႕လက္ေတြကို ျခစ္ခ်လိုက္ၿပီး မ်ိဳခ်ႏိုင္လိုက္တာလဲ ျဖစ္ေကာင္းျဖစ္သြားႏိုင္ပါတယ္။ ဘယ္ေတာ့မွအရႉံးေပးစရာမလိုပါ။