လိုတရ ခရုသင်း နှင့် စဉ်းလဲသော သူဌေး

တစ်ခါတုန်းက မြို့တစ်မြို့မှာ လယ်သမားတစ်ယောက်ရှိသတဲ့။ သူ့ခမျာ မှာ သူဌေးစဉ်းလဲတစ်ယောက်က ညှဉ်းဆဲသဖြင့် အလွန် ဒုက္ခ ရောက် ရရှာ သည်။ သူ့လယ်က စပါးအထွက် ကောင်းကောင်း ညံ့ညံ့၊ သူ့မှာတော့ ဆင်းရဲတွင်းက မထွက်။ သူဌေးစဉ်းလဲမှာသာ တစ်နေ့ တခြား စီးပွားတက် သည်။ နောက်ဆုံး သူ့ အိတ်ထဲမှာ တစ်ပြားတစ်ချပ်မျှ မကျန်အောင် မွဲသွားသောအခါ လယ်သမားသည် သူဌေးဆီသို့ သွား၍ ဤသို့မေးသည်။“သူဌေးကြီး၊ ကျောက်ခဲကို ဆီကြိတ်လို့ မရပါဘူး၊ အခုလဲ ကျုပ်မှာ ဘာမှ မရှိလို့ ခင်ဗျား ကျုပ်ဆီက ဘာမှ ရနိုင်တော့မှာ မဟုတ်ပါဘူး။ သည်တော့ သူဌေး ဖြစ်နိုင်တဲ့နည်းများရှိရင် ပြောမပြနိုင်ဘူးလား”ဟု မေး သည်။ ။“အို မိတ်ဆွေရယ်၊ စီးပွားချမ်း သာကို ရာမနတ်က ပေးတာပေါ့။ ရာမနတ် ဆီမှာ သွားတောင်းပါလာ”ဟု သူဌေးက ပြန်ပြောလိုက်သည်။ထိုအခါ လယ်သမားသည် အိမ်ပြန် သွား၍ ခရီးသွားရင်း စားရအောင် မသိုးမုန့်သုံးခု လုပ်ပြီးလျှင် ရာမနတ်ကိုရှာရန် ခရီးထွက်သွားလေသည်။ပထမ သူသည် ပုဏ္ဏားတစ်ယောက် ကိုတွေ့၍ မုန့်တစ်ခုပေးပြီးလျှင် ရာမနတ် နေရာအရပ်ကို လမ်းပြရန် မေးသည်။ သို့သော် ပုဏ္ဏားသည်မုန့်ကိုသာ ယူပြီးလျှင် စကား တစ်ခွန်းမျှ ပြန်မပြောဘဲ ထွက်သွားသည်။ နောက် သူသည် ယောဂီတစ်ဦးကိုတွေ့၍ မုန့်တစ်ခုပေးပြီးလျှင် ရာမနတ် နေရာအရပ်ကို လမ်းပြရန်မေးပြန်သည်။ ယောဂီကလည်း ဘာမျှ ပြန်မပြော။ နောက်ဆုံး သစ်တစ်ပင်ရင်းတွင် ထိုင်နေသော ဆင် ရဲသားတစ်ယောက်ကို တွေ့၍ သနားသဖြင့် ကျန်သေးသော မသိုးမုန့်ကို ပေးပြီးလျှင် စကားစမြည် ပြောရင်း ဆင်းရဲသား အနားတွင် သူ ထိုင်လိုက်သည်။ “မိတ် ဆွေ၊ ဘယ် ကိုသွားမလို့လဲ”ဟု ဆင်းရဲသားက မေးသည်။“ဪ၊ ကျုပ်ခရီးက အတော်ရှည်ပါတယ်၊ ရာမနတ်ကို ရှာချင်လို့ အိမ်က ထွက်လာတာပဲ၊ ရာမနတ်ရှိတဲ့ အရပ်ကိုများ မိတ်ဆွေ သိပါ သလာ”ဟု လယ်သမားက သိလိုသိငြား မေးလိုက်သည်။“အို၊ သိပါသော်ကောဗျာ၊ ရာမနတ်ဆိုတာ တခြားမဟုတ်ဘူး။ ကျုပ်ပဲဗျ၊ ကျုပ်ကို ဘာဖြစ်လို့ ရှာချင်ရတာလဲ”ဟု ဆင်းရဲသားက ပြုံး၍ ပြန်ဖြေသည်။ထိုအခါ လယ်သမားက သူ့အဖြစ်အပျက်ကို အကုန်လုံး ပြောပြသည်။ ရာမနတ်လည်း လယ်သမားကို အလွန်သနားသဖြင့် ခရုသင်းတစ်ခုကို ပေးပြီးလျှင် သက်ပြန် မှုတ်နည်းကို သင်ပေးပြီးနောက် ဤသို့မှာသည်။“ကဲ၊ မှတ်ထား၊ ကျုပ်ပြောမယ်၊ မိတ်ဆွေ တစ်ခုခုကိုလိုချင်ရင် စိတ်ထဲက တောင့်တလိုက်ပြီး ခရုသင်းကို သက်ပြန် ခုနစ်ကြိမ်မှုတ်လိုက်၊ လိုတာကို ရလိမ့်မယ်၊ ဒါပေမယ့် သူဌေးစဉ်းလဲကိုတော့ သတိထား၊ စဉ်းလဲတဲ့လူကို နတ်တွေ သိကြားတွေလဲ မတတ်နိုင်ဘူး”ဟု မှာလိုက်သည်။လယ်သမားသည် ဝမ်းသာအားရနှင့် အိမ်ပြန်သွားသည်။ သူ ဝမ်းသာ အားရနှင့် တပြုံးပြုံးတရွှင်ရွှင် ဖြစ်လာသည်ကို သူဌေးစဉ်းလဲက ချက်ချင်း သတိထားမိသည်။ “သည်လယ်သမား တော့ အခုလိုတရွှင်ရွှင် တပြုံးပြုံးဖြစ်နေတာကိုထောက်ရင် တစ်ခုခု ကော်ပေါက်တိုးလာပြီ ထင်တယ်”လို့ တွေလိုက်သည်။ ထို့ကြောင့် သူဌေးသည် လယ်သမားအိမ်သို့ သွားပြီးလျှင် လယ်သမား ကော်ပေါက်တိုးလာပုံကို သိပြီ ယောင်ဆောင်၍ လှည့်ကာ ပတ်ကာ ပြောလေရာ လူရိုးကြီး လယ်သမားလည်း အဖြစ်အ ပျက်အလုံးစုံကို ထုတ်ပြောမိတော့သည်။ ကံကောင်းထောက်မ၍ ခရုသင်းကို သက်ပြန်မှုတ် ရမည့်အကြောင်းကိုကား မပြောမိဘဲ မေ့သွားလေသည်။

သို့သော် သူဌေးစဉ်းလဲသည် ထိုခရုသင်းကို တစ်နည်းနည်း နှင့် အရယူမည်ဟု အကြံထုတ်နေသဖြင့် အလစ်ကြုံသောအခါ တစ်ညတွင် ခရု သင်းကို ခိုးယူလိုက်သည်။ ခရုသင်းကိုရသောအခါ သူသည် ဗိုက်ကြီး ပေါက်ကွဲသွားတော့မတတ် အမျိုးမျိုး မှုတ်ကြည့်သည်။ သို့သော် လည်း မှုတ်နည်း မမှန်သဖြင့် အကျိုးမထူးသောကြောင့် နောက်ဆုံးတွင် လက်လျှော့ လိုက်ရသည်။ သို့ဖြင့် တစ်နေ့သောအခါ သူဌေးစဉ်းလဲသည် လယ်သမား ထံသို့သွား၍ ဤသို့ ပြောသည်။“မိတ်ဆွေ လယ်သမား၊ ခင်ဗျားရဲ့ ခရုသင်းဟာ ကျုပ်ဆီမှာရှိတယ်။ ဒါပေမယ့် ကျုပ် အ သုံးပြုလို့မရဘူး၊ ခရုသင်းဟာ ခင်ဗျားဆီမှာ မရှိတော့ ခင်ဗျားလဲ အသုံးမပြုနိုင်ဘူး၊ သည်တော့ ခင်ဗျားလဲ အကျိုးမရှိဘူး၊ ကျုပ်လဲ အကျိုးမရှိဘူးပေါ့၊ ကဲ၊ နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိရအောင် ခင်ဗျား ကျုပ်စကားကို နားထောင်ပါ၊ ကျုပ်က ခင်ဗျားကို ခရုသင်းပြန်ပေးမယ်။ ခင် ဗျား သုံးချင်သလိုသုံး၊ ဒါပေမယ့် ခရုသင်းက ခင်ဗျားကို ဆုတစ်ခု ပေးရင် ကျုပ်ကို နှစ်ခုပေးအောင် ဆောင်ရွက်ပေးပါ့မယ်လို့ ခင်ဗျား ကတိပေး ရမယ်၊ ဟုတ်ပလား”ဟု နားချ ပြောဆိုလေသည်။“အို၊ တစ်သက်မပေးဘူး၊ အရင်ကလဲ ခင်ဗျား သည်လိုနဲ့ ကျုပ်ကို မွဲပြာ ကျအောင် လုပ် ခဲ့ပြီ”ဟု လယ်သမားက ပြန်ပြောသောအခါ သူဌေးစဉ်းလဲက“သည်လိုလဲ မဟုတ်ဘူးလေ၊ အခုတစ်ခါတော့ ခင်ဗျားလဲ ဝေစုရမှာပဲ မ ဟုတ်လား၊ ခင်ဗျား လိုချင်တာကို ရနေရင် ကျုပ် သူဌေးဖြစ်နေတော့ကော ဘာဖြစ်သေးသလဲဗျ” ဟု ဆက်လက် နားချပြန်သည်။ထိုသို့ နား ချဖန်များသောအခါ လယ်သမားသည် သဘောတူလိုက် ရတော့သည်။ ထိုနေ့မှစ၍ လယ်သမားသည် မိမိလိုချင်သည်ကိုတောင့်တ၍ ခရု သင်းကို မှုတ်လျှင် သူက တစ်ခုရ၍ သူဌေးက နှစ်ခုရလေတော့သည်။ လယ်သမားလည်း မခံချိမခံသာနှင့် မိမိလိုချင်သည်ကို ရနေပါသော် လည်း မပျော်ရွှင်နိုင်ရှာပေ။မကြာခင်ပင် နွေရာသီသို့ ရောက်လျှင် နေအလွန်ပူသဖြင့် လယ်သမား ၏ စပါးပင်များ ညှိုးလာသည်။ ထို့ကြောင့် ရေတွင်းကို တောင့်တကာ ခရုသင်းကို မှုတ်သည်။ လယ်သမားက ရေတွင်းတစ်တွင်းရသည်။ သူဌေး စဉ်းလဲက နှစ်တွင်း ရသည်။ လယ် သမားမှာ အထူးပင် မခံချိ မခံသာ ဖြစ်လာသည်။ ထို့ကြောင့် သူသည် ခရုသင်းကိုကိုင်ကာ သက်ပြန်ခုနစ်ချက် မှုတ်လိုက်ပြန်ပြီးလျှင် “အို ရာမ နတ်မင်း၊ ကျွန်ုပ်သည် မျက်စိတစ်ဖက်ကန်းသောသူ ဖြစ်ရပါလို၏”ဟု ဆုတောင်းလိုက်သည်။ သူ၏ မျက်စိတစ်လုံး ကွယ်သွားသည်။ သူဌေး စဉ်းလဲ၏ မျက်စိနှစ်လုံးလည်း ကွယ်သွားသည်။ ထိုအခါ သူဌေး စဉ်းလဲသည် ရေတွင်းနှစ်ခု ကြားတွင်စမ်း၍ သွားရာ ရေတွင်း တစ်ခုထဲသို့ လိမ့်ကျပြီးလျှင် သေလေတော့၏။တစ်သက်လုံး သူဌေးစဉ်းလဲ၏ ညှဉ်းဆဲခြင်းကို ခံလာရရှာသော လယ် သမားသည် နောက်ဆုံး၌ သူဌေးစဉ်းလဲပေါ်တွင် အနိုင်ရလိုက်သည်။ သို့သော်လည်း မျက်စိတစ်လုံးကား အဆုံးခံလိုက်ရသေးသတည်း။

Credit မူရင်း

[zawgyi]

တစ္ခါတုန္းက ၿမိဳ႕တစ္ၿမိဳ႕မွာ လယ္သမားတစ္ေယာက္ရွိသတဲ့။ သူ႔ခမ်ာ မွာ သူေဌးစဥ္းလဲတစ္ေယာက္က ညႇဥ္းဆဲသျဖင့္ အလြန္ ဒုကၡ ေရာက္ ရရွာ သည္။ သူ႔လယ္က စပါးအထြက္ ေကာင္းေကာင္း ညံ့ညံ့၊ သူ႔မွာေတာ့ ဆင္းရဲတြင္းက မထြက္။ သူေဌးစဥ္းလဲမွာသာ တစ္ေန႔ တျခား စီးပြားတက္ သည္။ ေနာက္ဆုံး သူ႔ အိတ္ထဲမွာ တစ္ျပားတစ္ခ်ပ္မွ် မက်န္ေအာင္ မြဲသြားေသာအခါ လယ္သမားသည္ သူေဌးဆီသို႔ သြား၍ ဤသို႔ေမးသည္။“သူေဌးႀကီး၊ ေက်ာက္ခဲကို ဆီႀကိတ္လို႔ မရပါဘူး၊ အခုလဲ က်ဳပ္မွာ ဘာမွ မရွိလို႔ ခင္ဗ်ား က်ဳပ္ဆီက ဘာမွ ရႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ သည္ေတာ့ သူေဌး ျဖစ္ႏိုင္တဲ့နည္းမ်ားရွိရင္ ေျပာမျပႏိုင္ဘူးလား”ဟု ေမး သည္။ ။“အို မိတ္ေဆြရယ္၊ စီးပြားခ်မ္း သာကို ရာမနတ္က ေပးတာေပါ့။ ရာမနတ္ ဆီမွာ သြားေတာင္းပါလာ”ဟု သူေဌးက ျပန္ေျပာလိုက္သည္။ထိုအခါ လယ္သမားသည္ အိမ္ျပန္ သြား၍ ခရီးသြားရင္း စားရေအာင္ မသိုးမုန႔္သုံးခု လုပ္ၿပီးလွ်င္ ရာမနတ္ကိုရွာရန္ ခရီးထြက္သြားေလသည္။ပထမ သူသည္ ပုဏၰားတစ္ေယာက္ ကိုေတြ႕၍ မုန႔္တစ္ခုေပးၿပီးလွ်င္ ရာမနတ္ ေနရာအရပ္ကို လမ္းျပရန္ ေမးသည္။ သို႔ေသာ္ ပုဏၰားသည္မုန႔္ကိုသာ ယူၿပီးလွ်င္ စကား တစ္ခြန္းမွ် ျပန္မေျပာဘဲ ထြက္သြားသည္။ ေနာက္ သူသည္ ေယာဂီတစ္ဦးကိုေတြ႕၍ မုန႔္တစ္ခုေပးၿပီးလွ်င္ ရာမနတ္ ေနရာအရပ္ကို လမ္းျပရန္ေမးျပန္သည္။ ေယာဂီကလည္း ဘာမွ် ျပန္မေျပာ။ ေနာက္ဆုံး သစ္တစ္ပင္ရင္းတြင္ ထိုင္ေနေသာ ဆင္ ရဲသားတစ္ေယာက္ကို ေတြ႕၍ သနားသျဖင့္ က်န္ေသးေသာ မသိုးမုန႔္ကို ေပးၿပီးလွ်င္ စကားစျမည္ ေျပာရင္း ဆင္းရဲသား အနားတြင္ သူ ထိုင္လိုက္သည္။ “မိတ္ ေဆြ၊ ဘယ္ ကိုသြားမလို႔လဲ”ဟု ဆင္းရဲသားက ေမးသည္။“ဪ၊ က်ဳပ္ခရီးက အေတာ္ရွည္ပါတယ္၊ ရာမနတ္ကို ရွာခ်င္လို႔ အိမ္က ထြက္လာတာပဲ၊ ရာမနတ္ရွိတဲ့ အရပ္ကိုမ်ား မိတ္ေဆြ သိပါ သလာ”ဟု လယ္သမားက သိလိုသိျငား ေမးလိုက္သည္။“အို၊ သိပါေသာ္ေကာဗ်ာ၊ ရာမနတ္ဆိုတာ တျခားမဟုတ္ဘူး။ က်ဳပ္ပဲဗ်၊ က်ဳပ္ကို ဘာျဖစ္လို႔ ရွာခ်င္ရတာလဲ”ဟု ဆင္းရဲသားက ၿပဳံး၍ ျပန္ေျဖသည္။ထိုအခါ လယ္သမားက သူ႔အျဖစ္အပ်က္ကို အကုန္လုံး ေျပာျပသည္။ ရာမနတ္လည္း လယ္သမားကို အလြန္သနားသျဖင့္ ခ႐ုသင္းတစ္ခုကို ေပးၿပီးလွ်င္ သက္ျပန္ မႈတ္နည္းကို သင္ေပးၿပီးေနာက္ ဤသို႔မွာသည္။“ကဲ၊ မွတ္ထား၊ က်ဳပ္ေျပာမယ္၊ မိတ္ေဆြ တစ္ခုခုကိုလိုခ်င္ရင္ စိတ္ထဲက ေတာင့္တလိုက္ၿပီး ခ႐ုသင္းကို သက္ျပန္ ခုနစ္ႀကိမ္မႈတ္လိုက္၊ လိုတာကို ရလိမ့္မယ္၊ ဒါေပမယ့္ သူေဌးစဥ္းလဲကိုေတာ့ သတိထား၊ စဥ္းလဲတဲ့လူကို နတ္ေတြ သိၾကားေတြလဲ မတတ္ႏိုင္ဘူး”ဟု မွာလိုက္သည္။လယ္သမားသည္ ဝမ္းသာအားရႏွင့္ အိမ္ျပန္သြားသည္။ သူ ဝမ္းသာ အားရႏွင့္ တၿပဳံးၿပဳံးတ႐ႊင္႐ႊင္ ျဖစ္လာသည္ကို သူေဌးစဥ္းလဲက ခ်က္ခ်င္း သတိထားမိသည္။ “သည္လယ္သမား ေတာ့ အခုလိုတ႐ႊင္႐ႊင္ တၿပဳံးၿပဳံးျဖစ္ေနတာကိုေထာက္ရင္ တစ္ခုခု ေကာ္ေပါက္တိုးလာၿပီ ထင္တယ္”လို႔ ေတြလိုက္သည္။ ထို႔ေၾကာင့္ သူေဌးသည္ လယ္သမားအိမ္သို႔ သြားၿပီးလွ်င္ လယ္သမား ေကာ္ေပါက္တိုးလာပုံကို သိၿပီ ေယာင္ေဆာင္၍ လွည့္ကာ ပတ္ကာ ေျပာေလရာ လူ႐ိုးႀကီး လယ္သမားလည္း အျဖစ္အ ပ်က္အလုံးစုံကို ထုတ္ေျပာမိေတာ့သည္။ ကံေကာင္းေထာက္မ၍ ခ႐ုသင္းကို သက္ျပန္မႈတ္ ရမည့္အေၾကာင္းကိုကား မေျပာမိဘဲ ေမ့သြားေလသည္။သို႔ေသာ္ သူေဌးစဥ္းလဲသည္ ထိုခ႐ုသင္းကို တစ္နည္းနည္း ႏွင့္ အရယူမည္ဟု အႀကံထုတ္ေနသျဖင့္ အလစ္ႀကဳံေသာအခါ တစ္ညတြင္ ခ႐ု သင္းကို ခိုးယူလိုက္သည္။ ခ႐ုသင္းကိုရေသာအခါ သူသည္ ဗိုက္ႀကီး ေပါက္ကြဲသြားေတာ့မတတ္ အမ်ိဳးမ်ိဳး မႈတ္ၾကည့္သည္။ သို႔ေသာ္ လည္း မႈတ္နည္း မမွန္သျဖင့္ အက်ိဳးမထူးေသာေၾကာင့္ ေနာက္ဆုံးတြင္ လက္ေလွ်ာ့ လိုက္ရသည္။ သို႔ျဖင့္ တစ္ေန႔ေသာအခါ သူေဌးစဥ္းလဲသည္ လယ္သမား ထံသို႔သြား၍ ဤသို႔ ေျပာသည္။“မိတ္ေဆြ လယ္သမား၊ ခင္ဗ်ားရဲ႕ ခ႐ုသင္းဟာ က်ဳပ္ဆီမွာရွိတယ္။ ဒါေပမယ့္ က်ဳပ္ အ သုံးျပဳလို႔မရဘူး၊ ခ႐ုသင္းဟာ ခင္ဗ်ားဆီမွာ မရွိေတာ့ ခင္ဗ်ားလဲ အသုံးမျပဳႏိုင္ဘူး၊ သည္ေတာ့ ခင္ဗ်ားလဲ အက်ိဳးမရွိဘူး၊ က်ဳပ္လဲ အက်ိဳးမရွိဘူးေပါ့၊ ကဲ၊ ႏွစ္ဦးႏွစ္ဖက္စလုံး အက်ိဳးရွိရေအာင္ ခင္ဗ်ား က်ဳပ္စကားကို နားေထာင္ပါ၊ က်ဳပ္က ခင္ဗ်ားကို ခ႐ုသင္းျပန္ေပးမယ္။ ခင္ ဗ်ား သုံးခ်င္သလိုသုံး၊ ဒါေပမယ့္ ခ႐ုသင္းက ခင္ဗ်ားကို ဆုတစ္ခု ေပးရင္ က်ဳပ္ကို ႏွစ္ခုေပးေအာင္ ေဆာင္႐ြက္ေပးပါ့မယ္လို႔ ခင္ဗ်ား ကတိေပး ရမယ္၊ ဟုတ္ပလား”ဟု နားခ် ေျပာဆိုေလသည္။“အို၊ တစ္သက္မေပးဘူး၊ အရင္ကလဲ ခင္ဗ်ား သည္လိုနဲ႔ က်ဳပ္ကို မြဲျပာ က်ေအာင္ လုပ္ ခဲ့ၿပီ”ဟု လယ္သမားက ျပန္ေျပာေသာအခါ သူေဌးစဥ္းလဲက“သည္လိုလဲ မဟုတ္ဘူးေလ၊ အခုတစ္ခါေတာ့ ခင္ဗ်ားလဲ ေဝစုရမွာပဲ မ ဟုတ္လား၊ ခင္ဗ်ား လိုခ်င္တာကို ရေနရင္ က်ဳပ္ သူေဌးျဖစ္ေနေတာ့ေကာ ဘာျဖစ္ေသးသလဲဗ်” ဟု ဆက္လက္ နားခ်ျပန္သည္။ထိုသို႔ နား ခ်ဖန္မ်ားေသာအခါ လယ္သမားသည္ သေဘာတူလိုက္ ရေတာ့သည္။ ထိုေန႔မွစ၍ လယ္သမားသည္ မိမိလိုခ်င္သည္ကိုေတာင့္တ၍ ခ႐ု သင္းကို မႈတ္လွ်င္ သူက တစ္ခုရ၍ သူေဌးက ႏွစ္ခုရေလေတာ့သည္။ လယ္သမားလည္း မခံခ်ိမခံသာႏွင့္ မိမိလိုခ်င္သည္ကို ရေနပါေသာ္ လည္း မေပ်ာ္႐ႊင္ႏိုင္ရွာေပ။မၾကာခင္ပင္ ေႏြရာသီသို႔ ေရာက္လွ်င္ ေနအလြန္ပူသျဖင့္ လယ္သမား ၏ စပါးပင္မ်ား ညႇိဳးလာသည္။ ထို႔ေၾကာင့္ ေရတြင္းကို ေတာင့္တကာ ခ႐ုသင္းကို မႈတ္သည္။ လယ္သမားက ေရတြင္းတစ္တြင္းရသည္။ သူေဌး စဥ္းလဲက ႏွစ္တြင္း ရသည္။ လယ္ သမားမွာ အထူးပင္ မခံခ်ိ မခံသာ ျဖစ္လာသည္။ ထို႔ေၾကာင့္ သူသည္ ခ႐ုသင္းကိုကိုင္ကာ သက္ျပန္ခုနစ္ခ်က္ မႈတ္လိုက္ျပန္ၿပီးလွ်င္ “အို ရာမ နတ္မင္း၊ ကြၽႏ္ုပ္သည္ မ်က္စိတစ္ဖက္ကန္းေသာသူ ျဖစ္ရပါလို၏”ဟု ဆုေတာင္းလိုက္သည္။ သူ၏ မ်က္စိတစ္လုံး ကြယ္သြားသည္။ သူေဌး စဥ္းလဲ၏ မ်က္စိႏွစ္လုံးလည္း ကြယ္သြားသည္။ ထိုအခါ သူေဌး စဥ္းလဲသည္ ေရတြင္းႏွစ္ခု ၾကားတြင္စမ္း၍ သြားရာ ေရတြင္း တစ္ခုထဲသို႔ လိမ့္က်ၿပီးလွ်င္ ေသေလေတာ့၏။တစ္သက္လုံး သူေဌးစဥ္းလဲ၏ ညႇဥ္းဆဲျခင္းကို ခံလာရရွာေသာ လယ္ သမားသည္ ေနာက္ဆုံး၌ သူေဌးစဥ္းလဲေပၚတြင္ အႏိုင္ရလိုက္သည္။ သို႔ေသာ္လည္း မ်က္စိတစ္လုံးကား အဆုံးခံလိုက္ရေသးသတည္း။