“ပြိုင်သင့်မှ ပြိုင်ပါ”

မြေခွေး တစ်ကောင်ဟာ ကေသရာဇာ ခြင်္သေ့ကြီးဆီ ရောက်လာပြီး “သတ္တိရှိရင် မင်းနဲ့ ငါ အားပြိုင်ရအောင်” ဆိုပြီး စိန်ခေါ်လိုက်တယ်။မြေခွေး စိန်ခေါ်တာကို ခြင်္သေ့ကြီးကလုံးဝ ဂရုမစိုက်ပဲ မသိသလို နေလိုက်တယ်။အဲဒီတော့ မြေခွေးက “ဟား..ဟား… မင်းဟာ သရဲဘောကြောင်တဲ့အကောင် သတ္တိမရှိတဲ့ အကောင်။မင်း ငါ့ကို တုန်နေအောင် ကြောက်တယ်ဆိုပြီး တစ်တောလုံးသိအောင် ငါ လျှောက်ပြောလိုက်မယ်” လို့ ခြိမ်းခြောက်လိုက်ပါသတဲ့။အဲ့ဒီလို ပြောလိုက်တဲ့အခါမှာခြင်္သေ့ကြီး က မြေခွေးကို သေချာကြည့်ပြီး”ငါ့ကို အများက ငကြောက်လို့ ပြောချင် ပြောကြပါစေကွာ။ မင်းလို နိမ့်ကျတဲ့ မြေခွေး လို အကောင်မျိုးနဲ့တောင်တုပပြီး ရန်ပြိုင်ဖြစ်တတ်တဲ့ အကောင်ပါလားဆိုပြီးအများက အထင်သေးကြမှာကိုတော့ ငါ မခံနိုင်ဘူး”လို့ ပြန်ပြောလိုက်သတဲ့။

ဒီပုံပြင်လေးက ကျွန်တော်တို့ကိုပေးတဲ့ သင်ခန်းစာက လူတိုင်းက ကျွန်တော်တို့ ယှဉ်ပြိုင်မှုနဲ့ မထိုက်တန်သလို သွားပုပ်လေလွင့် စကားလုံးတိုင်းကိုလည်း လိုက်ပြီး တုံ့ပြန်ဖြေရှင်းနေဖို့ မလိုပါဘူး။ကိုယ့်အလုပ်ကိုယ်လုပ်နေသူတွေကသာ နောက်ဆုံးမှာ အောင်မြင်မှုတွေနဲ့ပျော်ရွှင်စွာ ဘဝဖြတ်သန်းရမှာဖြစ်ပြီး ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ လူတကာနဲ့ လိုက်ပြိုင်နေသူကသာ နောက်ဆုံးမှာ ရှုံးနိမ့်မှုတွေနဲ့ တလောကလုံးကို ပြစ်တင်ဝေဖန်ရင်း ဇာတ်သိမ်းသွားကြရမှာပါ။လူ့ဘဝကတိုတိုလေးပါ။ သူများနဲ့လိုက်ပြိုင်ပြီး အချိန်ကုန်မခံကြပါနဲ့။ ကိုယ့်အလုပ်ကိုကိုယ်အာရုံစိုက်ရင်း မနေ့ကကိုယ်ထက် ဒီနေ့ကိုယ် ပိုသာအောင် ပိုတိုးတက်အောင်ပဲ ပြိုင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Credit ; မူရင်း

[zawgyi]

ေျမေခြး တစ္ေကာင္ဟာ ေကသရာဇာ ျခေသၤ့ႀကီးဆီ ေရာက္လာၿပီး “သတၱိရွိရင္ မင္းနဲ႔ ငါ အားၿပိဳင္ရေအာင္” ဆိုၿပီး စိန္ေခၚလိုက္တယ္။ေျမေခြး စိန္ေခၚတာကို ျခေသၤ့ႀကီးကလုံးဝ ဂ႐ုမစိုက္ပဲ မသိသလို ေနလိုက္တယ္။အဲဒီေတာ့ ေျမေခြးက “ဟား..ဟား… မင္းဟာ သရဲေဘာေၾကာင္တဲ့အေကာင္ သတၱိမရွိတဲ့ အေကာင္။မင္း ငါ့ကို တုန္ေနေအာင္ ေၾကာက္တယ္ဆိုၿပီး တစ္ေတာလုံးသိေအာင္ ငါ ေလွ်ာက္ေျပာလိုက္မယ္” လို႔ ၿခိမ္းေျခာက္လိုက္ပါသတဲ့။အဲ့ဒီလို ေျပာလိုက္တဲ့အခါမွာျခေသၤ့ႀကီး က ေျမေခြးကို ေသခ်ာၾကည့္ၿပီး”ငါ့ကို အမ်ားက ငေၾကာက္လို႔ ေျပာခ်င္ ေျပာၾကပါေစကြာ။ မင္းလို နိမ့္က်တဲ့ ေျမေခြး လို အေကာင္မ်ိဳးနဲ႔ေတာင္တုပၿပီး ရန္ၿပိဳင္ျဖစ္တတ္တဲ့ အေကာင္ပါလားဆိုၿပီးအမ်ားက အထင္ေသးၾကမွာကိုေတာ့ ငါ မခံႏိုင္ဘူး”လို႔ ျပန္ေျပာလိုက္သတဲ့။ဒီပုံျပင္ေလးက ကြၽန္ေတာ္တို႔ကိုေပးတဲ့ သင္ခန္းစာက လူတိုင္းက ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္မႈနဲ႔ မထိုက္တန္သလို သြားပုပ္ေလလြင့္ စကားလုံးတိုင္းကိုလည္း လိုက္ၿပီး တုံ႔ျပန္ေျဖရွင္းေနဖို႔ မလိုပါဘူး။ကိုယ့္အလုပ္ကိုယ္လုပ္ေနသူေတြကသာ ေနာက္ဆုံးမွာ ေအာင္ျမင္မႈေတြနဲ႔ေပ်ာ္႐ႊင္စြာ ဘဝျဖတ္သန္းရမွာျဖစ္ၿပီး ကိုယ့္အလုပ္ကိုယ္မလုပ္ပဲ လူတကာနဲ႔ လိုက္ၿပိဳင္ေနသူကသာ ေနာက္ဆုံးမွာ ရႈံးနိမ့္မႈေတြနဲ႔ တေလာကလုံးကို ျပစ္တင္ေဝဖန္ရင္း ဇာတ္သိမ္းသြားၾကရမွာပါ။လူ႔ဘဝကတိုတိုေလးပါ။ သူမ်ားနဲ႔လိုက္ၿပိဳင္ၿပီး အခ်ိန္ကုန္မခံၾကပါနဲ႔။ ကိုယ့္အလုပ္ကိုကိုယ္အာ႐ုံစိုက္ရင္း မေန႔ကကိုယ္ထက္ ဒီေန႔ကိုယ္ ပိုသာေအာင္ ပိုတိုးတက္ေအာင္ပဲ ၿပိဳင္ၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။