ကျေးဇူးသိတက်သော နွားလိမ္မာ

ရှေးအခါတုန်းက ဗာရာဏသီပြည်တွင် သည် နွားမျိုး၌ ဖြစ်ခဲ့၏။ ဘုရားလောင်း နွားငယ်၏ သခင်တို့သည် နွားငယ်လေးကို ငယ်စဉ်ကပင် အမေအို တယောက်ထံ အခကြေးငွေ ပေးပြီး အပ်ထားလေသည်။အမေအိုသည် နွားငယ်ကို သားအရင်း ကဲ့သို့ ချစ်ခင်ပြီး ယာဂု (ဆန်ပြုတ်)၊ ထမင်း စသည်တို့ကို ကျွေး၍ ကောင်းမွန်စွာ မွေးမြူထား၏။ ထိုသို့ မွေးမြူထားသဖြင့် နွားငယ်လေး အရွယ်ရောက် လာသောအခါ အလွန်သန်မာထွား ကျိုင်း၏။ အကျင့်ကောင်းပြီး လိမ္မာသဖြင့် နွားလိမ္မာ ဟုလည်း ခေါ်ကြသည်။ကလေးငယ်တို့က နွားလိမ္မာ၏ ချိုကို ဆွဲ၍ ကစားကြသကဲ့သို့ အမြီးကို ကိုင်၍လည်း ကစားကြ၏။ ကျောပေါ်သို့လည်း တက်စီးကြ၏။ နွားလိမ္မာလေးသည် ရန်မပြုဘဲ သည်းခံကာ ကလေးငယ်တို့နှင့် အတူ ကစား၏။တနေ့သ၌ နွားလိမ္မာလေးက “ငါ့မိခင်သည် ဆင်းရဲ၏၊ ငါ့ကို ခက်ခက်ခဲခဲ ကျွေးမွေး ထားရ၏၊ ငါ့ကို သားအရင်း ကဲ့သို့လည်း ချစ်၏၊ သို့ဖြစ်၍ ငါ အလုပ် လုပ်ပြီး မိခင်ကို ကျေးဇူး ပြန်ဆပ်ရမည်” ဟု စဉ်းစားမိ ၏။ ထိုနေ့မှ စ၍ အမေအိုကို ကျေးဇူးဆပ်နိုင်မည့် အခွင့်အလမ်းကို စောင့်မျှော် နေလေ၏။တနေ့သ၌ လှည်းကုန်သည် တဦးသည် လှည်းငါးရာဖြင့် ကုန်သွယ်လာရင်း ဗွက်ထနေသော ရေဆိပ်တခုသို့ ရောက်လာလေ၏။ ကုန်သည်၏ နွားတို့သည် ထိုဗွက်ထ နေသော ရေဆိပ်မှ လှည်းများ ကို ဆွဲမတင်နိုင် ကြပေ။ ထိုအခါ ကုန်သည်သည် လှည်းများကို ဆွဲတင်ရန် နွားရှာ ထွက်လာခဲ့၏။ကုန်သည်သည် နွားလက္ခဏာ ကျမ်းကို ကျွမ်းကျင်သူ ဖြစ်သောကြောင့် နွားလိမ္မာကို မြင်သောအခါ သူ၏ လှည်းများကို ဆွဲနိုင်လိမ့်မည်ဟု သိလိုက်၏။ ထို့နောက် ကုန်သည်သည် “ဤနွားကို မည်သူ ပိုင်သနည်း၊ ငါ၏ လှည်းများကို ဆွဲခိုင်းချင်ပါသည်” ဟု နွားကျောင်းသား တို့ကို မေးမြန်း စုံစမ်းလေသည်။

“ဤနွား၏ ပိုင်ရှင်သည် ဤနေရာ၌ မရှိပါ၊ ယူပြီး ခိုင်းနိုင်ပါသည်” ဟု နွားကျောင်းသားတို့က ပြန်ပြောသဖြင့် ကုန်သည်သည် နွားလိမ္မာအား နဖားကြိုးထိုးကာ ဆွဲခေါ်လေသည်။ နွားလိမ္မာက”ဤလှည်းကုန်သည်သည် ငါ့ကို ငွေမည်မျှ ပေးမည်ဟု မပြောသေး၊ ငွေပေးမှ ငါလိုက်မည်” ဟု ကြံစည်ပြီး မလှုပ်ဘဲ နေလိုက်သည်။ကုန်သည်လည်း နွား၏ အလိုကို သိသောအခါ “သင်သည် လှည်းတို့ကို ဆွဲပေးလျှင် လှည်းတစီးကို နှစ်ကျပ်နှုန်းဖြင့် လှည်းငါးရာအတွက် ငွေတထောင် ပေးပါမည်” ဟု ပြောမှသာ နွားလိမ္မာသည် လှည်းများဆီသို့ လိုက်သွားပြီးလျှင် လှည်းတို့ကို တစီးမကျန် ဆွဲတင်ပေးလေ၏။လှည်းများ အားလုံး ဆွဲတင် ပြီးသွားသောအခါ ကုန်သည်က ငွေငါးရာ ကိုသာ ထုပ်ပြီး နားလိမ္မာ၏ လည်၌ ချည်ထားပေး လိုက်သည်။ ထိုအခါ နွားလိမ္မာက”ဤသူသည် ငါ့ကို ပြောထားသည့် အတိုင်း အဖိုးအခ ပြည့်အောင် မပေးသေးဘူး။ ထို့ကြောင့် သူ့ကိုလည်း ငါ သွားခွင့် မပြုနိုင်သေးဘူး” ဟု ကြံကာ လှည်းအုပ်ကြီး၏ ရှေ့၌ ရပ်နေ၏။ကုန်သည်က ဆွဲဖယ်သော်လည်း နွားလိမ္မာက ဖယ်မပေးချေ။ ကုန်သည်လည်း “ဤနွားသည် ငွေမပြည့် သည်ကို သိနေ၏” ဟု သဘောပေါက်ပြီး ငွေတထောင် ပြည့်အောင် ပြန်ဖြည့် ပေးလိုက်၏။ထိုအခါမှ နွားလိမ္မာသည် ငွေတထောင် ထုပ်ကို ယူဆောင်ပြီး အမေအို ထံသို့ ပြန်လာခဲ့၏။ နွားကျောင်း သားတို့လည်း နွားလိမ္မာလေး၏အိမ်သို့ လိုက်လာကြသည်။လမ်း၌ ကလေးငယ်များက “အဘယ် အထုပ်ကို ဆွဲထားသနည်း” ဟု မေးကာ အနားသို့ ကပ်လာကြလျှင် နွားလိမ္မာလေးက အကပ်မခံဘဲ ခြောက်လှန့်ထုတ်၏ ။ နွားလိမ္မာလေးသည် လှည်းငါးရာကို ဆွဲခဲ့ရ သောကြောင့် အလွန်ပင်ပန်းပြီး မျက်စိများလည်း နီနေသည်။ အမေအိုသည် ငွေထုပ်ကို မြင်သောအခါ “ဤငွေကို မည်သည့်နေရာက ရလာသနည်း” ဟု မေးလေ၏။ထိုအခါ နွားကျောင်းသားတို့က အဖြစ်အပျက် အလုံးစုံကို ပြောပြကြ၏။ အမေအိုက “သားငယ် သင်သည် ငွေရှာ၍ အမေ့ကို ပြုစု လုပ်ကျွေး လိုသလော။ အဘယ့်ကြောင့် ဤမျှလောက် ကျေးဇူးသိတတ်၍ ပင်ပန်း ဆင်းရဲခံဘိသနည်း” ဟု ပြော၍ နွားလိမ္မာလေးကို ရေနွေးဖြင့် ရေချိုးပေးကာ အစားကောင်းများ ကျွေးမွေး၏။အမေအိုသည် နွားလိမ္မာလေး စားသောက်နေသည်ကို ကြည့်ပြီး ပီတိ ဖြစ်နေလေ၏။ ဤသို့လျှင် အမေအိုနှင့် နွားလိမ္မာလေးတို့သည် အသက်ထက်ဆုံး အတူတကွ ပျော်ရွှင်စွာ နေထိုင် သွားခဲ့ကြလေသည်။

Credit – Pink Library

[zawgyi]

ေရွးအခါတုန္းက ဗာရာဏသီျပည္တြင္ သည္ ႏြားမ်ိဳး၌ ျဖစ္ခဲ့၏။ ဘုရားေလာင္း ႏြားငယ္၏ သခင္တို႔သည္ ႏြားငယ္ေလးကို ငယ္စဥ္ကပင္ အေမအို တေယာက္ထံ အခေၾကးေငြ ေပးၿပီး အပ္ထားေလသည္။အေမအိုသည္ ႏြားငယ္ကို သားအရင္း ကဲ့သို႔ ခ်စ္ခင္ၿပီး ယာဂု (ဆန္ျပဳတ္)၊ ထမင္း စသည္တို႔ကို ေကြၽး၍ ေကာင္းမြန္စြာ ေမြးျမဴထား၏။ ထိုသို႔ ေမြးျမဴထားသျဖင့္ ႏြားငယ္ေလး အ႐ြယ္ေရာက္ လာေသာအခါ အလြန္သန္မာထြား က်ိဳင္း၏။ အက်င့္ေကာင္းၿပီး လိမၼာသျဖင့္ ႏြားလိမၼာ ဟုလည္း ေခၚၾကသည္။ကေလးငယ္တို႔က ႏြားလိမၼာ၏ ခ်ိဳကို ဆြဲ၍ ကစားၾကသကဲ့သို႔ အၿမီးကို ကိုင္၍လည္း ကစားၾက၏။ ေက်ာေပၚသို႔လည္း တက္စီးၾက၏။ ႏြားလိမၼာေလးသည္ ရန္မျပဳဘဲ သည္းခံကာ ကေလးငယ္တို႔ႏွင့္ အတူ ကစား၏။တေန႔သ၌ ႏြားလိမၼာေလးက “ငါ့မိခင္သည္ ဆင္းရဲ၏၊ ငါ့ကို ခက္ခက္ခဲခဲ ေကြၽးေမြး ထားရ၏၊ ငါ့ကို သားအရင္း ကဲ့သို႔လည္း ခ်စ္၏၊ သို႔ျဖစ္၍ ငါ အလုပ္ လုပ္ၿပီး မိခင္ကို ေက်းဇူး ျပန္ဆပ္ရမည္” ဟု စဥ္းစားမိ ၏။ ထိုေန႔မွ စ၍ အေမအိုကို ေက်းဇူးဆပ္ႏိုင္မည့္ အခြင့္အလမ္းကို ေစာင့္ေမွ်ာ္ ေနေလ၏။တေန႔သ၌ လွည္းကုန္သည္ တဦးသည္ လွည္းငါးရာျဖင့္ ကုန္သြယ္လာရင္း ဗြက္ထေနေသာ ေရဆိပ္တခုသို႔ ေရာက္လာေလ၏။ ကုန္သည္၏ ႏြားတို႔သည္ ထိုဗြက္ထ ေနေသာ ေရဆိပ္မွ လွည္းမ်ား ကို ဆြဲမတင္ႏိုင္ ၾကေပ။ ထိုအခါ ကုန္သည္သည္ လွည္းမ်ားကို ဆြဲတင္ရန္ ႏြားရွာ ထြက္လာခဲ့၏။ကုန္သည္သည္ ႏြားလကၡဏာ က်မ္းကို ကြၽမ္းက်င္သူ ျဖစ္ေသာေၾကာင့္ ႏြားလိမၼာကို ျမင္ေသာအခါ သူ၏ လွည္းမ်ားကို ဆြဲႏိုင္လိမ့္မည္ဟု သိလိုက္၏။ ထို႔ေနာက္ ကုန္သည္သည္ “ဤႏြားကို မည္သူ ပိုင္သနည္း၊ ငါ၏ လွည္းမ်ားကို ဆြဲခိုင္းခ်င္ပါသည္” ဟု ႏြားေက်ာင္းသား တို႔ကို ေမးျမန္း စုံစမ္းေလသည္။“ဤႏြား၏ ပိုင္ရွင္သည္ ဤေနရာ၌ မရွိပါ၊ ယူၿပီး ခိုင္းႏိုင္ပါသည္” ဟု ႏြားေက်ာင္းသားတို႔က ျပန္ေျပာသျဖင့္ ကုန္သည္သည္ ႏြားလိမၼာအား နဖားႀကိဳးထိုးကာ ဆြဲေခၚေလသည္။ ႏြားလိမၼာက”ဤလွည္းကုန္သည္သည္ ငါ့ကို ေငြမည္မွ် ေပးမည္ဟု မေျပာေသး၊ ေငြေပးမွ ငါလိုက္မည္” ဟု ႀကံစည္ၿပီး မလႈပ္ဘဲ ေနလိုက္သည္။ကုန္သည္လည္း ႏြား၏ အလိုကို သိေသာအခါ “သင္သည္ လွည္းတို႔ကို ဆြဲေပးလွ်င္ လွည္းတစီးကို ႏွစ္က်ပ္ႏႈန္းျဖင့္ လွည္းငါးရာအတြက္ ေငြတေထာင္ ေပးပါမည္” ဟု ေျပာမွသာ ႏြားလိမၼာသည္ လွည္းမ်ားဆီသို႔ လိုက္သြားၿပီးလွ်င္ လွည္းတို႔ကို တစီးမက်န္ ဆြဲတင္ေပးေလ၏။လွည္းမ်ား အားလုံး ဆြဲတင္ ၿပီးသြားေသာအခါ ကုန္သည္က ေငြငါးရာ ကိုသာ ထုပ္ၿပီး နားလိမၼာ၏ လည္၌ ခ်ည္ထားေပး လိုက္သည္။ ထိုအခါ ႏြားလိမၼာက”ဤသူသည္ ငါ့ကို ေျပာထားသည့္ အတိုင္း အဖိုးအခ ျပည့္ေအာင္ မေပးေသးဘူး။ ထို႔ေၾကာင့္ သူ႔ကိုလည္း ငါ သြားခြင့္ မျပဳႏိုင္ေသးဘူး” ဟု ႀကံကာ လွည္းအုပ္ႀကီး၏ ေရွ႕၌ ရပ္ေန၏။ကုန္သည္က ဆြဲဖယ္ေသာ္လည္း ႏြားလိမၼာက ဖယ္မေပးေခ်။ ကုန္သည္လည္း “ဤႏြားသည္ ေငြမျပည့္ သည္ကို သိေန၏” ဟု သေဘာေပါက္ၿပီး ေငြတေထာင္ ျပည့္ေအာင္ ျပန္ျဖည့္ ေပးလိုက္၏။ထိုအခါမွ ႏြားလိမၼာသည္ ေငြတေထာင္ ထုပ္ကို ယူေဆာင္ၿပီး အေမအို ထံသို႔ ျပန္လာခဲ့၏။ ႏြားေက်ာင္း သားတို႔လည္း ႏြားလိမၼာေလး၏အိမ္သို႔ လိုက္လာၾကသည္။လမ္း၌ ကေလးငယ္မ်ားက “အဘယ္ အထုပ္ကို ဆြဲထားသနည္း” ဟု ေမးကာ အနားသို႔ ကပ္လာၾကလွ်င္ ႏြားလိမၼာေလးက အကပ္မခံဘဲ ေျခာက္လွန႔္ထုတ္၏ ။ ႏြားလိမၼာေလးသည္ လွည္းငါးရာကို ဆြဲခဲ့ရ ေသာေၾကာင့္ အလြန္ပင္ပန္းၿပီး မ်က္စိမ်ားလည္း နီေနသည္။ အေမအိုသည္ ေငြထုပ္ကို ျမင္ေသာအခါ “ဤေငြကို မည္သည့္ေနရာက ရလာသနည္း” ဟု ေမးေလ၏။ထိုအခါ ႏြားေက်ာင္းသားတို႔က အျဖစ္အပ်က္ အလုံးစုံကို ေျပာျပၾက၏။ အေမအိုက “သားငယ္ သင္သည္ ေငြရွာ၍ အေမ့ကို ျပဳစု လုပ္ေကြၽး လိုသေလာ။ အဘယ့္ေၾကာင့္ ဤမွ်ေလာက္ ေက်းဇူးသိတတ္၍ ပင္ပန္း ဆင္းရဲခံဘိသနည္း” ဟု ေျပာ၍ ႏြားလိမၼာေလးကို ေရေႏြးျဖင့္ ေရခ်ိဳးေပးကာ အစားေကာင္းမ်ား ေကြၽးေမြး၏။အေမအိုသည္ ႏြားလိမၼာေလး စားေသာက္ေနသည္ကို ၾကည့္ၿပီး ပီတိ ျဖစ္ေနေလ၏။ ဤသို႔လွ်င္ အေမအိုႏွင့္ ႏြားလိမၼာေလးတို႔သည္ အသက္ထက္ဆုံး အတူတကြ ေပ်ာ္႐ႊင္စြာ ေနထိုင္ သြားခဲ့ၾကေလသည္။