အမြင်ခြင်းတူပေမယ့် အတွေးခြင်းမတူနိုင်

သစ်တုံးတစ်တုံးကိုတွေ့မြင်ရတာချင်းအတူတူပေမယ့်တွေးခေါ်ပုံချင်းက မတူကြဘူး။ ထင်းခွေ သမားက “အိမ်အတွက် တစ်ပတ်စာလောက်ထင်းတွေ လုံလုံလောက်လောက်ရပြီ” လို့တွေး တယ်။ လက်သမားက “အိမ်ဆောက်ဖို့အတွက် သစ်ကောင်းကောင်းတော့ တွေ့ပြီ” လို့တွေး တယ်။ ပန်းပုဆရာက “လှပတဲ့ နတ်သမီးပုံကို ထုဆစ်နိုင်တော့မယ်” လို့တွေးတယ်။ သူတို့တွေ ဘယ်လိုပဲမြင်မြင် သစ်တုံးကတော့ ဘာမှပြန်မပြောပါဘူး။ အသုံးပြုသူရဲ့ လက်ထဲကို အသာတ ကြည် လိုက်သွားမှာပါပဲ။ အထက်ပါ လူ(၃)ဦးလိုပါပဲ… မိမိတို့ရဲ့ဘဝမှာ တွေ့ ကြုံ ရင်ဆိုင်နေရတဲ့ အရာမှန်သမျှဟာ ကောင်းသည်လည်းမဟုတ်သလို ဆိုးသည်လည်း မဟုတ်ပါဘူး။ ကောင်း လား/ ဆိုးလား ဆိုတာ မိမိရဲ့ စိတ်နေသဘောထား(attitude) အပေါ်သာ မူတည်ပါတယ်။

ဆိုပါတော့… ပြဿနာတွေ အခက်အခဲတွေ အမှုအခင်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့အချိန်မှာ “ငါ့ ဘဝက ဆိုးလိုက်တာ” ဆိုပြီး စိတ်ဓါတ်ကျနေမလား? ဒါမှမဟုတ် “လောကမှာ ငါ့ထက်ဆိုး တာ တွေ အများကြီးပဲ”ဆိုပြီး ဖြေသိမ့်မလား? ဘဝမှာ ကံအကြောင်းမလှလို့ လဲကျသွားတဲ့အခါ “ငါ တော့ ဘဝပျက်ပါပြီ”လို့ တွေးနေမယ့်အစား ကိုယ့်ထက်ဆိုးတဲ့ ဘဝတွေကို ငဲ့ကြည့်ပြီး မိမိ ကိုယ် ကို နှစ်သိမ့်ရမှာပါ။ ပျော်ရွှင်ချင်လည်း ကိုယ့်စိတ်ပဲမပျော်ရွှင်ချင်လည်း ကိုယ့်စိတ်ပဲ မဟုတ်လား။ ကိုယ်ကြုံတွေ့ရတဲ့ အခြေအနေ/အနေအထားပေါ်မှာ ကိုယ်ဘယ်လို တွေးမိလိုက်သလဲ ဆိုတဲ့ အချက်ကလူလူချင်း ကွာခြားသွားစေတာပဲလေ။ အဓိက ပြောချင်တဲ့အချက်ကတော့ Attitude ကိုပါ။ -လူလူချင်းတူရင်တောင် အတွေ့အကြံုရှိသူက သာတယ်။ -အတွေ့အကြံုချင်း တူရင် တောင် အရည်အချင်းရှိသူက သာတယ်။ -အရည် အချင်းချင်းတူရင်တောင် စိတ်နေသဘော ထားကောင်း သူက ပိုသာပါတယ်။ မိတ်ဆွေ… အကောင်းဆုံးအတွေးတွေပဲ တွေးပါ။

Credit ; Aung Ko Latt (ရာမညမြေ)

[zawgyi]

သစ္တုံးတစ္တုံးကိုေတြ႕ျမင္ရတာခ်င္းအတူတူေပမယ့္ေတြးေခၚပုံခ်င္းက မတူၾကဘူး။ ထင္းေခြ သမားက “အိမ္အတြက္ တစ္ပတ္စာေလာက္ထင္းေတြ လုံလုံေလာက္ေလာက္ရၿပီ” လို႔ေတြး တယ္။ လက္သမားက “အိမ္ေဆာက္ဖို႔အတြက္ သစ္ေကာင္းေကာင္းေတာ့ ေတြ႕ၿပီ” လို႔ေတြး တယ္။ ပန္းပုဆရာက “လွပတဲ့ နတ္သမီးပုံကို ထုဆစ္ႏိုင္ေတာ့မယ္” လို႔ေတြးတယ္။ သူတို႔ေတြ ဘယ္လိုပဲျမင္ျမင္ သစ္တုံးကေတာ့ ဘာမွျပန္မေျပာပါဘူး။ အသုံးျပဳသူရဲ႕ လက္ထဲကို အသာတ ၾကည္ လိုက္သြားမွာပါပဲ။ အထက္ပါ လူ(၃)ဦးလိုပါပဲ… မိမိတို႔ရဲ႕ဘဝမွာ ေတြ႕ႀကဳံရင္ဆိုင္ေနရတဲ့ အရာမွန္သမွ်ဟာ ေကာင္းသည္လည္းမဟုတ္သလို ဆိုးသည္လည္း မဟုတ္ပါဘူး။ ေကာင္း လား/ ဆိုးလား ဆိုတာ မိမိရဲ႕ စိတ္ေနသေဘာထား(attitude) အေပၚသာ မူတည္ပါတယ္။ဆိုပါေတာ့… ျပႆနာေတြ အခက္အခဲေတြ အမႈအခင္းေတြနဲ႔ ရင္ဆိုင္ေျဖရွင္းရတဲ့အခ်ိန္မွာ “ငါ့ ဘဝက ဆိုးလိုက္တာ” ဆိုၿပီး စိတ္ဓါတ္က်ေနမလား? ဒါမွမဟုတ္ “ေလာကမွာ ငါ့ထက္ဆိုး တာ ေတြ အမ်ားႀကီးပဲ”ဆိုၿပီး ေျဖသိမ့္မလား? ဘဝမွာ ကံအေၾကာင္းမလွလို႔ လဲက်သြားတဲ့အခါ “ငါ ေတာ့ ဘဝပ်က္ပါၿပီ”လို႔ ေတြးေနမယ့္အစား ကိုယ့္ထက္ဆိုးတဲ့ ဘဝေတြကို ငဲ့ၾကည့္ၿပီး မိမိ ကိုယ္ ကို ႏွစ္သိမ့္ရမွာပါ။ ေပ်ာ္႐ႊင္ခ်င္လည္း ကိုယ့္စိတ္ပဲမေပ်ာ္႐ႊင္ခ်င္လည္း ကိုယ့္စိတ္ပဲ မဟုတ္လား။ ကိုယ္ႀကဳံေတြ႕ရတဲ့ အေျခအေန/အေနအထားေပၚမွာ ကိုယ္ဘယ္လို ေတြးမိလိုက္သလဲ ဆိုတဲ့ အခ်က္ကလူလူခ်င္း ကြာျခားသြားေစတာပဲေလ။ အဓိက ေျပာခ်င္တဲ့အခ်က္ကေတာ့ Attitude ကိုပါ။ -လူလူခ်င္းတူရင္ေတာင္ အေတြ႕အႀကံဳရွိသူက သာတယ္။ -အေတြ႕အႀကံဳခ်င္း တူရင္ ေတာင္ အရည္အခ်င္းရွိသူက သာတယ္။ -အရည္အခ်င္းခ်င္းတူရင္ေတာင္ စိတ္ေနသေဘာ ထားေကာင္း သူက ပိုသာပါတယ္။ မိတ္ေဆြ… အေကာင္းဆုံးအေတြးေတြပဲ ေတြးပါ။