ဗျိူင်း ယုတ်မာ

တစ်ခါတုန်းက တောအုပ်တစ်ခုထဲမှာ ကြာမျိုး(၅)ပါးနဲ့ ပြည့်စုံတဲ့ ရေအိုင်ကြီး တစ်အိုင် ရှိသတဲ့။ အဲဒီ ရေအိုင်ကြီးထဲမှာ ငါး၊ လိပ်၊ပုဇွန်၊ ဂ ဏန်း၊ ဖား၊ ငါးရှဉ့် စတဲ့ ရေသတ္တဝါမျိုးစုံဟာ မိသားစုတွေလို စုပေါင်းညီညာစွာ နေထိုင်ကြတယ်။ ရေအိုင်ကြီးပတ်လည်မှာ သစ်ပင်တွေ အုပ်ဆိုင်းနေပြီး အရိပ်အာဝါသ ကောင်းတာကြောင့် ကျေးငှက်တွေလည်း လာရောက်နေထိုင်ကြတာပေါ့။ရေအိုင်ကြီးဟာ မိုးရာသီမှာ ရေတွေအပြည့်နဲ့ လှပတင့်တယ်နေပေမယ့် နွေရာသီကို ရောက်တဲ့အခါမှာတော့ ရေတွေ နည်းလွန်းတာကြောင့် ကြာပန်းတွေနဲ့ ရေသတ္တဝါတွေ နွမ်းနယ်ကြရတယ်။ အဲဒါကြောင့် ရေအိုင်ကြီးထဲမှာ နေထိုင်ကြတဲ့ ငါး၊ လိပ်၊ ပုဇွန်၊ ဂဏန်း၊ ဖား၊ ငါးရှဉ့် စတဲ့ ရေသတ္တဝါတွေဟာ မိုးမကုန်မီ ရေအိုင်ကြီးထဲမှာ ရေလျော့လာတဲ့အခါ အနီးအနား မြောင်းတွေထဲက ရေတွေကို ရေအိုင်ကြီးထဲကို သွင်းယူကြတယ်။ အဲဒီလို ရေသွင်းလိုက်တဲ့အခါ နွေရာသီတစ်လျှောက်လုံး ရေခမ်းခြောက်မယ့်ဘေးကို ပူစရာမလိုတော့ဘဲ အေးချမ်းစွာ နေထိုင်ခွင့်ရကြတယ်။ရေအိုင်ကြီးထဲကို အနီးအနား မြောင်းတွေထဲက ရေသွင်းယူကြတဲ့အခါ ဂဏန်းတွေက မြောင်းတူး၊ ဖားတွေ လိပ်တွေက မြေတွေ ယက်ထုတ်၊ငါး ပုဇွန် ငါးရှဉ့်တွေက ရေအိုင်ကြီးထဲမှာ ရေတွေကြာရှည်ခံအောင် နှုန်းတွေတူး ဂဏန်းတွေ ဖားတွေ လိပ်တွေတူးပြီး ရေ၀င်လာတဲ့မြောင်းတွေရေစီးရေလာပိုကောင်းအောင် ရေအောက်ကနေ မြေသားတွေကို နှုန်းမြေအဖြစ် ပျော့ပြောင်းအောင်တူးကြရင်း တက်ညီလက်ညီ လုပ်ဆောင်ကြတယ်။အဲဒီလို စုပေါင်းညီညွတ်စွာနေထိုင်ကြတဲ့ ငါး၊ လိပ်၊ ပုဇွန်၊ ဂဏန်း၊ ဖား၊ ငါးရှဉ့် စတဲ့ မိသားစုဘဝလေးကို သစ်ပင်ပေါ်က ဗျိုင်းက ကြည့်ရင်း စဉ်းစားတယ်။“ အင်း ဒီရေအိုင်ကြီးထဲမှာ ရေများနေရင် ငါ့အတွက် စားရေးသောက်ရေးအဆင်မပြေဘူး။ ဒီကောင်တွေ ညီညွတ်နေသ၍ ဒီရေအိုင်ကြီးထဲမှာ ရေပြည့်နေမှာပဲ။ ဒီကောင်တွေ မညီညွတ်တဲ့ တစ်နေ့ ဒီရေအိုင်ကြီး ရေခမ်းမယ်။ ဒီရေအိုင်ကြီး ရေခမ်းရင် ငါး၊ ပုဇွန်၊ ဖား၊ ငါးရှဉ့် တစ်နေ့တစ်မျိုး မရိုးနိုင်အောင် စားရမယ်။ ဒီကောင်တွေ မညီညွတ်အောင် သွေးထိုးနည်းတွေစဉ်းစားစမ်း စဉ်းစားစမ်း .. ”ဒီလိုနဲ့ မိုးနှောင်းပိုင်း ရေအိုင်ထဲမှာ ရေလျော့လို့ ရေသွင်းတဲ့ အချိန်ကိုရောက်လာပါတော့တယ်။ဂဏန်းတွေက လက်မတွေ ၀င့်ကာ ၀င့်ကာ မြေ တူးဖို့ ရေအိုင်ပေါ်ကိုတက်လာကြသလို လိပ်တွေလည်း ဂဏန်းတွေတူးမယ့် မြောင်းတွေထဲက မြေကို ယက်ဖို့ ရေအိုင်ပေါ်ကို တက်လာကြတယ်။ အဲဒီလိုတက်လာတဲ့အချိန်မှာ အကြံသမား ဗျိုင်းက ဂဏန်းတွေနဲ့ လိပ်တွေကို ..“ ခင်ဗျားတို့ကသာ အပင်ပန်းခံ မြောင်းတူးပြီး ရေသွင်းဖို့ လုပ်နေကြတာ ရေအိုင်ထဲမှာ ကြည့်စမ်း ငါးတွေ ဖားတွေ ပုဇွန်တွေ ငါးရှဉ့်တွေကတော့အေးစေးပဲ ပျော်လို့ မြူးလို့ ကစားလို့။ ခင် ဗျားတို့ရှာတဲ့ ရေကို အဲကောင်တွေက ဘာမှမလုပ်ပဲ ဖြုန်းနေတာ ”အဲဒီလိုပြောတဲ့အခါ ဂဏန်းတွေနဲ့ လိပ်တွေက ရေအိုင်ထဲမှာ ပျော်မြူးနေတဲ့ ငါးတွေ ဖားတွေ ပုဇွန်တွေ ငါးရှဉ့်တွေကို ကြည့်ရင်း တွေဝေသွားတယ်။ ပြီးတော့ ဗျိုင်းရဲ့စကားကို ဘာမှ ခွန်းတုန့်မပြန်ကြဘဲ ရေမြောင်းတူးဖို့ ထွက်လာကြတယ်။ဂဏန်းတွေက ရှေ့ကတူး လိပ်တွေက နောက်က မြေတွေယက်ထုတ်ရင်း ရေမြောင်းကို တူးကြတယ်။ အဲဒီတူးနေတဲ့အချိန် ဂဏန်းတွေ အတော်ဝေးတဲ့နေရာရောက်သွားတဲ့အခါ လိပ်တွေကို ဗျိုင်းက သွေးထိုးစကားဆိုပြန်တယ်။

“ အို လိပ်အပေါင်းတို့ ခင်ဗျားတို့ လိပ်ဆိုတာ ရေမရှိလည်း အသက်ရှင်နေနိုင်တာပဲ။ ဘာလို့သူများအတွက် မြောင်းတူးပေးနေမလဲ။ ကြည့်စမ်းပါဦး ဂဏန်းတွေတူးသွားလိုက်တာ မြေပေါ် တုတ်ချောင်းနဲ့ စည်းဆွဲသလောက်ရှိတယ် နက်အောင်လည်းမတူးဘူး ခင်ဗျားတို့ လိပ်တွေ ပိုပင်ပန်းအောင် ဂဏန်းတွေ ဂဏန်းပါး ဝနေကြတာ ”အဲဒီလို ဗျိုင်းကပြောတဲ့အခါ လိပ်တွေက တွေဝေသွားပေမယ့် ဘာမှ ခွန်းတုံ့မပြန်ဘဲ မြောင်းကိုပဲ ဆက်တူးနေကြတယ်။တစ်ဖန် ဗျိုင်းလည်း ရေကန်ကို ပြန်လာပြီး ငါးတွေ ဖားတွေ ပုဇွန်တွေ ငါးရှဉ့်တွေကို သွေးထိုးစကားဆိုပြန်တယ်။“ အို ငါးတို့ ဖားတို့ ပုဇွန်တို့ ငါးရှဉ့်တို့ ခင်ဗျားတို့ကသာ ရေအိုင်ကြီး ထာ၀ရတည်တံ့ရေးလုပ်ဆောင်နေကြတာ ဂဏန်းတွေ လိပ်တွေကတော့ ကုန်းပေါ်မှာ ပျော်ပါးနေကြတယ် ခုထိရေတွေ ရောက်မလာသေးဘူး မလား ခင်ဗျားတို့ ကုန်းပေါ်တက်ကြည့်လို့ မရနိုင်မှန်းသိလို့ သက်သက်ပညာပြနေတာ ကျွန်တော်လေ့လာပြီးပြီ ဒီနေ့ရေမရောက်နိုင်ဘူး ခင်ဗျားတို့ လုပ်သမျှ မောလိမ့်မယ်။ ”အဲဒီလို ဗျိုင်းကပြောတဲ့အခါ ငါးတွေ ဖားတွေ ပုဇွန်တွေ ငါးရှဉ့်တွေ တွေဝေသွားပေမယ့် လုပ်စရာရှိတာကိုသာ ဆက်လုပ်နေကြတယ်။ဒီလိုနဲ့ ညနေ့စောင်းအချိန်ရောက်လာတဲ့အခါ ဂဏန်းတွေ လိပ်တွေ ရေမြောင်းဖောက်ပြီး ပြန်လာကြသလို ရေမြောင်းနှင့်အတူ ရေတွေပါ ရေအိုင်ထဲကို စီး၀င်လာတယ်။ရေတွေ စီး၀င်လာလို့ ငါးတွေ လိပ်တွေ ပုဇွန်တွေ ဂဏန်းတွေ ဖားတွေ ငါးရှဉ့်တွေစတဲ့ ရေသတ္တဝါမျိုးစုံဟာ မြူးတူးပျော်ပါးစွာ အောင် ပွဲခံကြတယ်။ ဒါပေမယ့် ရေတွေဟာ ခဏသာ စီး၀င်ပြီး လုံး၀ ရပ်တန့်သွားတယ်။ ရေမလာတာကို စောင့်ကြည့်နေကြပေမယ့် ည မှောင်ချိန်ကိုသာ ရောက်လာတယ် ရေကတော့ လုံး၀မလာတော့ပါဘူး။ အဲဒီအခါမှာ ငါးတွေ လိပ်တွေ ပုဇွန်တွေ ဂဏန်းတွေ ဖားတွေ ငါးရှဉ့်တွေဟာ ဗျိုင်းရဲ့စကားကို ယုံစားရင်း တစ်ကောင်နဲ့တစ်ကောင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်လှန်အပြစ်တွေ ဆိုကြပါတော့တယ်။“ မင်းတို့ ဂဏန်းတွေ မြောင်းတူးတာ အသုံးမကျတာ ”“ မင်းတို့ လိပ်တွေ မြေကို အသေချာ ယက်မထုတ်လို့ ”“ မင်းတို့ ငါးတွေက ဘာမှမလုပ်ပဲ ကန်ထဲမှာနေပြီး လာဆရာမလုပ်နဲ့ ”ရေအိုင်ထဲက ငါးတွေ လိပ်တွေ ပုဇွန်တွေ ဂဏန်းတွေ ဖားတွေ ငါးရှဉ့်တွေဟာ အဓိကအရင်းအမြစ်ဖြစ်တဲ့ ရေမလာခြင်းအကြောင်း ရေမြောင်းကို မစီစစ်ကြဘဲ တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် အပြစ်ဖွဲ့ကာ မညီညွတ်ကြရင်း ရေအိုင်ထဲကို ရေမသွင်းဖြစ်ကြတော့ပါဘူး။ အဖြစ်မှန်ကတော့ ဂဏန်းတွေနဲ့ လိပ်တွေ မြောင်းတူးပြီး ပြန်လာချိန်မှာ အကြံသမားဗျိုင်းက ရေမလာအောင် မြောင်းကို လမ်းတစ်၀က်က ပိတ်ထားလိုက်တာ ဖြစ်ပါတော့တယ်။ဒီလိုနဲ့ ညီညွတ်ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကနေ ကိုယ့်အဖွဲ့နဲ့ကိုယ့် ကိုယ့်အုပ်စုနဲ့ကိုယ် ကွဲပြားသွားကြပြီး သာယာလှတဲ့ ရေအိုင်ကြီးဟာလည်း ရေတွေခြောက်ခမ်းလာကာ အား လုံးဗျိုင်းရဲ့အစာဖြစ်သွားရှာသတဲ့ကွယ်။ ပုံပြင်လေးကတော့ဒါပါပဲ။မိသားစုတွေထဲမှာ သူစိမ်းသူတွေ ပတ်သက်လာတဲ့အခါ ဘေးစကားတွေကို ယုံစားလာကြပြီး ကိုယ့်အုပ်စု ကိုယ့်အဖွဲ့ ကိုယ်စီ ကိုယ်စီ ကွဲပြားလာတတ်ကြပါတယ်။ ကျတော်တို့ လူပတ်ဝန်းကျင်မှာလည်း ဗျိူင်းလိုလူတွေရှိတက်ကြသမို့ သတိထားဆင်ခြင်နိုင်ကြစေချင်သော ဆန္ဒဖြင့် ပြန်လည်မျှဝေခြင်းသက်သက် သာ..။

Credit – မူရင်း

[zawgyi]

တစ္ခါတုန္းက ေတာအုပ္တစ္ခုထဲမွာ ၾကာမ်ိဳး(၅)ပါးနဲ႔ ျပည့္စုံတဲ့ ေရအိုင္ႀကီး တစ္အိုင္ ရွိသတဲ့။ အဲဒီ ေရအိုင္ႀကီးထဲမွာ ငါး၊ လိပ္၊ပုဇြန္၊ ဂ ဏန္း၊ ဖား၊ ငါးရွဥ့္ စတဲ့ ေရသတၱဝါမ်ိဳးစုံဟာ မိသားစုေတြလို စုေပါင္းညီညာစြာ ေနထိုင္ၾကတယ္။ ေရအိုင္ႀကီးပတ္လည္မွာ သစ္ပင္ေတြ အုပ္ဆိုင္းေနၿပီး အရိပ္အာဝါသ ေကာင္းတာေၾကာင့္ ေက်းငွက္ေတြလည္း လာေရာက္ေနထိုင္ၾကတာေပါ့။ေရအိုင္ႀကီးဟာ မိုးရာသီမွာ ေရေတြအျပည့္နဲ႔ လွပတင့္တယ္ေနေပမယ့္ ေႏြရာသီကို ေရာက္တဲ့အခါမွာေတာ့ ေရေတြ နည္းလြန္းတာေၾကာင့္ ၾကာပန္းေတြနဲ႔ ေရသတၱဝါေတြ ႏြမ္းနယ္ၾကရတယ္။ အဲဒါေၾကာင့္ ေရအိုင္ႀကီးထဲမွာ ေနထိုင္ၾကတဲ့ ငါး၊ လိပ္၊ ပုဇြန္၊ ဂဏန္း၊ ဖား၊ ငါးရွဥ့္ စတဲ့ ေရသတၱဝါေတြဟာ မိုးမကုန္မီ ေရအိုင္ႀကီးထဲမွာ ေရေလ်ာ့လာတဲ့အခါ အနီးအနား ေျမာင္းေတြထဲက ေရေတြကို ေရအိုင္ႀကီးထဲကို သြင္းယူၾကတယ္။ အဲဒီလို ေရသြင္းလိုက္တဲ့အခါ ေႏြရာသီတစ္ေလွ်ာက္လုံး ေရခမ္းေျခာက္မယ့္ေဘးကို ပူစရာမလိုေတာ့ဘဲ ေအးခ်မ္းစြာ ေနထိုင္ခြင့္ရၾကတယ္။ေရအိုင္ႀကီးထဲကို အနီးအနား ေျမာင္းေတြထဲက ေရသြင္းယူၾကတဲ့အခါ ဂဏန္းေတြက ေျမာင္းတူး၊ ဖားေတြ လိပ္ေတြက ေျမေတြ ယက္ထုတ္၊ငါး ပုဇြန္ ငါးရွဥ့္ေတြက ေရအိုင္ႀကီးထဲမွာ ေရေတြၾကာရွည္ခံေအာင္ ႏႈန္းေတြတူး ဂဏန္းေတြ ဖားေတြ လိပ္ေတြတူးၿပီး ေရ၀င္လာတဲ့ေျမာင္းေတြေရစီးေရလာပိုေကာင္းေအာင္ ေရေအာက္ကေန ေျမသားေတြကို ႏႈန္းေျမအျဖစ္ ေပ်ာ့ေျပာင္းေအာင္တူးၾကရင္း တက္ညီလက္ညီ လုပ္ေဆာင္ၾကတယ္။အဲဒီလို စုေပါင္းညီၫြတ္စြာေနထိုင္ၾကတဲ့ ငါး၊ လိပ္၊ ပုဇြန္၊ ဂဏန္း၊ ဖား၊ ငါးရွဥ့္ စတဲ့ မိသားစုဘဝေလးကို သစ္ပင္ေပၚက ဗ်ိဳင္းက ၾကည့္ရင္း စဥ္းစားတယ္။“ အင္း ဒီေရအိုင္ႀကီးထဲမွာ ေရမ်ားေနရင္ ငါ့အတြက္ စားေရးေသာက္ေရးအဆင္မေျပဘူး။ ဒီေကာင္ေတြ ညီၫြတ္ေနသ၍ ဒီေရအိုင္ႀကီးထဲမွာ ေရျပည့္ေနမွာပဲ။ ဒီေကာင္ေတြ မညီၫြတ္တဲ့ တစ္ေန႔ ဒီေရအိုင္ႀကီး ေရခမ္းမယ္။ ဒီေရအိုင္ႀကီး ေရခမ္းရင္ ငါး၊ ပုဇြန္၊ ဖား၊ ငါးရွဥ့္ တစ္ေန႔တစ္မ်ိဳး မ႐ိုးႏိုင္ေအာင္ စားရမယ္။ ဒီေကာင္ေတြ မညီၫြတ္ေအာင္ ေသြးထိုးနည္းေတြစဥ္းစားစမ္း စဥ္းစားစမ္း .. ”ဒီလိုနဲ႔ မိုးေႏွာင္းပိုင္း ေရအိုင္ထဲမွာ ေရေလ်ာ့လို႔ ေရသြင္းတဲ့ အခ်ိန္ကိုေရာက္လာပါေတာ့တယ္။ဂဏန္းေတြက လက္မေတြ ၀င့္ကာ ၀င့္ကာ ေျမ တူးဖို႔ ေရအိုင္ေပၚကိုတက္လာၾကသလို လိပ္ေတြလည္း ဂဏန္းေတြတူးမယ့္ ေျမာင္းေတြထဲက ေျမကို ယက္ဖို႔ ေရအိုင္ေပၚကို တက္လာၾကတယ္။ အဲဒီလိုတက္လာတဲ့အခ်ိန္မွာ အႀကံသမား ဗ်ိဳင္းက ဂဏန္းေတြနဲ႔ လိပ္ေတြကို ..“ ခင္ဗ်ားတို႔ကသာ အပင္ပန္းခံ ေျမာင္းတူးၿပီး ေရသြင္းဖို႔ လုပ္ေနၾကတာ ေရအိုင္ထဲမွာ ၾကည့္စမ္း ငါးေတြ ဖားေတြ ပုဇြန္ေတြ ငါးရွဥ့္ေတြကေတာ့ေအးေစးပဲ ေပ်ာ္လို႔ ျမဴးလို႔ ကစားလို႔။ ခင္ ဗ်ားတို႔ရွာတဲ့ ေရကို အဲေကာင္ေတြက ဘာမွမလုပ္ပဲ ျဖဳန္းေနတာ ”အဲဒီလိုေျပာတဲ့အခါ ဂဏန္းေတြနဲ႔ လိပ္ေတြက ေရအိုင္ထဲမွာ ေပ်ာ္ျမဴးေနတဲ့ ငါးေတြ ဖားေတြ ပုဇြန္ေတြ ငါးရွဥ့္ေတြကို ၾကည့္ရင္း ေတြေဝသြားတယ္။ ၿပီးေတာ့ ဗ်ိဳင္းရဲ႕စကားကို ဘာမွ ခြန္းတုန္႔မျပန္ၾကဘဲ ေရေျမာင္းတူးဖို႔ ထြက္လာၾကတယ္။ဂဏန္းေတြက ေရွ႕ကတူး လိပ္ေတြက ေနာက္က ေျမေတြယက္ထုတ္ရင္း ေရေျမာင္းကို တူးၾကတယ္။ အဲဒီတူးေနတဲ့အခ်ိန္ ဂဏန္းေတြ အေတာ္ေဝးတဲ့ေနရာေရာက္သြားတဲ့အခါ လိပ္ေတြကို ဗ်ိဳင္းက ေသြးထိုးစကားဆိုျပန္တယ္။“ အို လိပ္အေပါင္းတို႔ ခင္ဗ်ားတို႔ လိပ္ဆိုတာ ေရမရွိလည္း အသက္ရွင္ေနႏိုင္တာပဲ။ ဘာလို႔သူမ်ားအတြက္ ေျမာင္းတူးေပးေနမလဲ။ ၾကည့္စမ္းပါဦး ဂဏန္းေတြတူးသြားလိုက္တာ ေျမေပၚ တုတ္ေခ်ာင္းနဲ႔ စည္းဆြဲသေလာက္ရွိတယ္ နက္ေအာင္လည္းမတူးဘူး ခင္ဗ်ားတို႔ လိပ္ေတြ ပိုပင္ပန္းေအာင္ ဂဏန္းေတြ ဂဏန္းပါး ဝေနၾကတာ ”အဲဒီလို ဗ်ိဳင္းကေျပာတဲ့အခါ လိပ္ေတြက ေတြေဝသြားေပမယ့္ ဘာမွ ခြန္းတုံ႔မျပန္ဘဲ ေျမာင္းကိုပဲ ဆက္တူးေနၾကတယ္။တစ္ဖန္ ဗ်ိဳင္းလည္း ေရကန္ကို ျပန္လာၿပီး ငါးေတြ ဖားေတြ ပုဇြန္ေတြ ငါးရွဥ့္ေတြကို ေသြးထိုးစကားဆိုျပန္တယ္။“ အို ငါးတို႔ ဖားတို႔ ပုဇြန္တို႔ ငါးရွဥ့္တို႔ ခင္ဗ်ားတို႔ကသာ ေရအိုင္ႀကီး ထာ၀ရတည္တံ့ေရးလုပ္ေဆာင္ေနၾကတာ ဂဏန္းေတြ လိပ္ေတြကေတာ့ ကုန္းေပၚမွာ ေပ်ာ္ပါးေနၾကတယ္ ခုထိေရေတြ ေရာက္မလာေသးဘူး မလား ခင္ဗ်ားတို႔ ကုန္းေပၚတက္ၾကည့္လို႔ မရႏိုင္မွန္းသိလို႔ သက္သက္ပညာျပေနတာ ကြၽန္ေတာ္ေလ့လာၿပီးၿပီ ဒီေန႔ေရမေရာက္ႏိုင္ဘူး ခင္ဗ်ားတို႔ လုပ္သမွ် ေမာလိမ့္မယ္။ ”အဲဒီလို ဗ်ိဳင္းကေျပာတဲ့အခါ ငါးေတြ ဖားေတြ ပုဇြန္ေတြ ငါးရွဥ့္ေတြ ေတြေဝသြားေပမယ့္ လုပ္စရာရွိတာကိုသာ ဆက္လုပ္ေနၾကတယ္။ဒီလိုနဲ႔ ညေန႔ေစာင္းအခ်ိန္ေရာက္လာတဲ့အခါ ဂဏန္းေတြ လိပ္ေတြ ေရေျမာင္းေဖာက္ၿပီး ျပန္လာၾကသလို ေရေျမာင္းႏွင့္အတူ ေရေတြပါ ေရအိုင္ထဲကို စီး၀င္လာတယ္။ေရေတြ စီး၀င္လာလို႔ ငါးေတြ လိပ္ေတြ ပုဇြန္ေတြ ဂဏန္းေတြ ဖားေတြ ငါးရွဥ့္ေတြစတဲ့ ေရသတၱဝါမ်ိဳးစုံဟာ ျမဴးတူးေပ်ာ္ပါးစြာ ေအာင္ ပြဲခံၾကတယ္။ ဒါေပမယ့္ ေရေတြဟာ ခဏသာ စီး၀င္ၿပီး လုံး၀ ရပ္တန္႔သြားတယ္။ ေရမလာတာကို ေစာင့္ၾကည့္ေနၾကေပမယ့္ ည ေမွာင္ခ်ိန္ကိုသာ ေရာက္လာတယ္ ေရကေတာ့ လုံး၀မလာေတာ့ပါဘူး။ အဲဒီအခါမွာ ငါးေတြ လိပ္ေတြ ပုဇြန္ေတြ ဂဏန္းေတြ ဖားေတြ ငါးရွဥ့္ေတြဟာ ဗ်ိဳင္းရဲ႕စကားကို ယုံစားရင္း တစ္ေကာင္နဲ႔တစ္ေကာင္ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ အျပန္လွန္အျပစ္ေတြ ဆိုၾကပါေတာ့တယ္။“ မင္းတို႔ ဂဏန္းေတြ ေျမာင္းတူးတာ အသုံးမက်တာ ”“ မင္းတို႔ လိပ္ေတြ ေျမကို အေသခ်ာ ယက္မထုတ္လို႔ ”“ မင္းတို႔ ငါးေတြက ဘာမွမလုပ္ပဲ ကန္ထဲမွာေနၿပီး လာဆရာမလုပ္နဲ႔ ”ေရအိုင္ထဲက ငါးေတြ လိပ္ေတြ ပုဇြန္ေတြ ဂဏန္းေတြ ဖားေတြ ငါးရွဥ့္ေတြဟာ အဓိကအရင္းအျမစ္ျဖစ္တဲ့ ေရမလာျခင္းအေၾကာင္း ေရေျမာင္းကို မစီစစ္ၾကဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ အျပန္အလွန္ အျပစ္ဖြဲ႕ကာ မညီၫြတ္ၾကရင္း ေရအိုင္ထဲကို ေရမသြင္းျဖစ္ၾကေတာ့ပါဘူး။ အျဖစ္မွန္ကေတာ့ ဂဏန္းေတြနဲ႔ လိပ္ေတြ ေျမာင္းတူးၿပီး ျပန္လာခ်ိန္မွာ အႀကံသမားဗ်ိဳင္းက ေရမလာေအာင္ ေျမာင္းကို လမ္းတစ္၀က္က ပိတ္ထားလိုက္တာ ျဖစ္ပါေတာ့တယ္။ဒီလိုနဲ႔ ညီၫြတ္ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကေန ကိုယ့္အဖြဲ႕နဲ႔ကိုယ့္ ကိုယ့္အုပ္စုနဲ႔ကိုယ္ ကြဲျပားသြားၾကၿပီး သာယာလွတဲ့ ေရအိုင္ႀကီးဟာလည္း ေရေတြေျခာက္ခမ္းလာကာ အား လုံးဗ်ိဳင္းရဲ႕အစာျဖစ္သြားရွာသတဲ့ကြယ္။ ပုံျပင္ေလးကေတာ့ဒါပါပဲ။မိသားစုေတြထဲမွာ သူစိမ္းသူေတြ ပတ္သက္လာတဲ့အခါ ေဘးစကားေတြကို ယုံစားလာၾကၿပီး ကိုယ့္အုပ္စု ကိုယ့္အဖြဲ႕ ကိုယ္စီ ကိုယ္စီ ကြဲျပားလာတတ္ၾကပါတယ္။ က်ေတာ္တို႔ လူပတ္ဝန္းက်င္မွာလည္း ဗ်ိဴင္းလိုလူေတြရွိတက္ၾကသမို႔ သတိထားဆင္ျခင္ႏိုင္ၾကေစခ်င္ေသာ ဆႏၵျဖင့္ ျပန္လည္မွ်ေဝျခင္းသက္သက္ သာ..။